Thursday, June 21, 2012

ပြည်တွင်း လုပ် လိင်ဖျော်ဖြေရေး ဗီဒီယို ဈေးကွက် ကျယ်ပြန့် လာ

thinzarwintkyawvcd

ယခင် က ကဲ့ သို့  နိုင်ငံခြား မှ ၀င်ရောက် လာသည့် ညစ်ညမ်း ခွေ များ မဟုတ် ပဲ ပြည်တွင်း ရှိ
မြန်မာ လူမျိုး များ ဖြင့် သရုပ်ဆောင် ထား သည့် ညစ်ညမ်း ခွေ ဈေး ကွက် သည် ပို မို ကျယ်ပြန့် 
လာ ပြီး ရန်ကုန် ၊ မန္တလေး နှင့် အချို့  မြို့  များ တွင် ပေါ်ပေါ် ထင်ထင် နီးပါး ဖြင့် ရောင်းချ နေကြ
သည် ဟု FNG မှ စုံစမ်း သိရှိ ရသည်။

ယခင် က ဟုမ်းမိတ် ဟု ခေါ် သည့် လက်တည့် စမ်း မှတ်တမ်း ရိုက် ကူး မှု မှ တစ် ဆင့် နောက် ပိုင်း
တွင် ၊ နောက်ပိုင်း တွင် ပို ပြီးကျွမ်းကျင် မှု ရှိ သည့် အရည် အချင်း မှီ ဗီဒီယို ထုတ် လုပ် မှု အဆင့်
သို့  ကူး ပြောင်း ရောက် ရှိ ကြောင်း ညစ်ညမ်း အခွေ တစ်ခု ကို ကြည့် ခဲ့ ဖူးသူ တစ်ဦး က ပြော
သည်။

အရင် က က ဟန်ဒီကမ် လို ကင်မရာ လေး နဲ့  လက်တည့် စမ်း တာ ပေါ့ ဗျာ။ အခု က သေသေချာ
ချာ ရိုက်လာ ကြတယ်။ Lighting ပေးတာ တို့  ၊ မိတ်ကပ် တို့   အပါအ၀င် ပေါ့ ၊ ဒါရိုက်တာ နဲ့ 
သေချာ စနစ် တကျ ရိုက် ကူး ပုံ ပဲ ဟု ပြည်တွင်း ဖြစ် ညစ်ညမ်း အခွေ နှင့် ပတ် သက် ပြီး ရန်ကုန်
မှ ဇာတ် ပို့  သရုပ် ဆောင် တစ်ဦး က ပြောသည်။

ဇာတ် လမ်း ရိုက် ကူး မှု တွင် လည်း ယခင် က က သ မရိုး ကျ ဖြစ်သည့် အမျိးသား နှင့် အမျိုးသမီး
နှစ်ဦး တည်း ကာမ ဆက်စပ် မှု ကို သာ ပြ သသော်လည်း ၊ လတ်တလော ရေပန်း စား နေသည့်
ဗီဒီယို များ တွင် အနောက် နိုင်ငံ မှ  Porn ဇာတ်လမ်း များ ကဲ့ သို့  သမရိုး ကျ မဟုတ် သည့် နည်း
များ ပါ ရိုက်ကူး လာ ကြသည် ဟု ဆိုသည်။

” ကောင်မလေး တစ် ယောက် လောက် နဲ့  ကောင်လေး ငါး ယောက် လောက် တို့  ၊ အုပ်စု
လိုက် တို့  ၊ သေချသေချာ ကျ ကျ န န သရုပ်ဆောင်ထား ကြတာ ဟု ဆိုသည်။

အချို့  ပြည်တွင်း ဖြစ် လိင်ဖျော်ဖြေရေး ဗီဒီယို များ တွင် မော်ဒယ်(လ) သရုပ်ဆောင် အဖြစ် ထင်ရှား ခြင်းမရှိ
သည့် အမျိုး သမီး ငယ် အချို့ လည်း ပါဝင် သရုပ်ဆောင်ထား သည်။

ဧပြီ လ က မြန်မာ သင်္ကြန် ပွဲ တော် ကာလာ အတွင်း သရုပ်ဆောင် သင်ဇာ ၀င့် ကျော် ၏ ဖက်ရှင် ဓာတ်ပုံ
ကို အယ်(လ)ဘမ် ကာဗာ အဖြစ် လုပ်ထား သည့် ပြည်တွင်း ဖြစ် ညစ်ညမ်း ဗီဒီယို မှာ ဈေး ကွက် တွင်
လူကြိုက် အများ ဆုံး ဖြစ်နေသည် ဟု သိရသည်။

အနောက် နိုင်ငံ များ နှင့် ဂျပန် နိုင်ငံ အပါ အ၀င် အိမ်နီး ချင်း နိုင်ငံ များ ဉ် Porn Business Industries
မှာ တရားဝင် အခိုင် အမာ ရှိ ပြီး နာမည် ကျော် Porn Star များ မှာ လုပ်ခ လစာ မြင့် မား စွာ ရရှိ ကြသည်။

မြန်မာ လိင်ဖျော်ဖြေရေး ဗီဒီယို ဈေး ကွက် မှာ အနာဂတ် တွင် ပိုမို ကြီး မား လာ နိုင် သည်ဟု  မြန်မာ ဗီဒီယို
ဒါရိုက်တာ တစ်ဦး က ဆိုသည်။



ဘကြီးသက်
Unknown at 3:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မှ ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ မြန်မာအစိုးရ ရဲစခန်းတစ်ခုကို ၁၇ ရက် တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ သုံးဦး ကြည်ဆံထိမှန်သွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ၁၀ ဦးကျော်ရှိသည့် ၎င်းရဲစခန်းတွင် တိုက်ခိုက်ဖြိုဖျက်စဉ် ရဲသား ၃ ဦးကို ကျည်ဆံ ထိမှန်ခဲ့သော်လည်း သေဆုံးမှုကိုမူ မသိရသေးကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

၎င်းရဲစခန်းကို တိုက်ခိုက်ဖျက်စီးခဲ့သည့်အကြောင်းနှင့်ပက်သက်၍ တပ်မဟာ (၄) အရာရှိက “ရဲစခန်းကို ဖြိုချဖျက်စီးရတာက ရဲတွေနဲ့ မူးယစ်တွေပေါင်းပြီး ကျနော်တို့ အမျိုးသားတွေကို အမြစ်ပျက်စေတဲ့ အတွက်ဖြစ်တယ်။ ကျနော်တို့ရဲ့အမှု ပြဿနာတွေကို အရေးမလုပ်ပေးဘူး။ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတယ်။ တချို့တွေကိုတော့ ကချင်တွေ၊ ကချင်လူငယ်များကို ဘိန်းစားပြီးသေဆုံးစေတဲ့ အစီအစဉ်နဲ့ ဘိန်းတွေရောင်းခိုင်းတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နေ့ ၁၈ ရက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃၆)သည် အင်အားတိုးချဲ့လာသော မြန်မာအစိုးရ စစ်တပ်ကား ၂ စီးကို နမ်ဝူးတွင် တိုက်ခိုက်ခဲ့က်ရာ အစိုးရစစ်သား ၁၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ရှိကြောင်း KIA အရာရှိပြောသည်။

၎င်း မြန်မာတပ်ယာဉ်တန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၃)တပ် နှင့် ခလရ (၄၅) တပ်များဖြစ်ကြောင်း သိရသည်။

ယခုအချိန်မြန်မာတပ်များသည် နမ်တောင်နှင့် မုံဘော်တွင် တပ်စစ်အား၂၀၀ နီးပါးနှင့် ထိုးစစ်ဆင်နေကြောင်း ဆက်လက်သိရသည်။

၎င်းယာဉ်တန်းများနှင့်တိုက်ခိုက်စဉ်တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ၀င် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်းသိရသည်။

နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသော်လည်း တဖက်တွင် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်နေဆဲဖြစ်သည်။

By KNG

ဘကြီးသက်
Unknown at 3:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့လက်ခုပ်သံ


မြန်မာသာမက
ကမ္ဘာအရပ်ရပ်က တီးလိုက်တဲ့
မြည်ဟီးတဲ့လက်ခုပ်သံ
ကောင်းကင်ဘ၀ဂ်ထိညံ…။

ဤလက်ခုပ်သံသည်
အမှန်တရားကိုလိုက် အမှန်းတရားကိုကြိုက်
အမှန်တရားနှင့်ပျော်ပိုက်သူကို
အင်တိုက်အားတိုက် တီးလိုက်တဲ့လက်ခုပ်သံ…။

ဤလက်ခုပ်သံသည်
ဒေါ်စု၏ပြည်သူပြည်သား လူအများပေါ်
ထားရှိတဲ့မေတ္တာ စေတနာတရားကို
အားပေးဂုဏ်ပြုလိုက်တဲ့လက်ခုပ်သံ…။

ဤလက်ခုပ်သံသည်
ဒေါ်စု၏ကြိုးစားအားထုတ်မှု
ပြဿနာအစုစုကို အံတုနိုင်တဲ့ဇွဲလုံ့လ
စွန့်လွှတ်နိုင်လှတဲ့ ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်လိုက်တဲ့ လက်ခုပ်သံ…။

ဤလက်ခုပ်သံသည်
လူ့အခွင့်ရေးနှင့် ဒီမိုကရေစီရရှိရေးကို
တလေးတစား ငြိမ်းချမ်းရေးနည်းများနှင့်
အရောက်သွားမည့်ဒေါ်စုကို
အလေးပြုလိုက်သည့်လက်ခုပ်သံ….။

အလီလီ အမယ်မယ် အဓိပ္ပါယ်ကြွယ်သည့်
ဝင့်ထယ်သောလက်ခုပ်သံသည်
ဧကန်အဟုတ် မြန်မာ၏ဂုဏ်ပုဒ်ကို
ကမ္ဘာအားဖေါ်ထုတ်လိုက်သည့်
လက်ခုပ်သံပါတကား…။

တက္ကသိုလ်ဘုန်းကြွယ် (ဇွန် ၂၀ ၂၀၁၂)








Oxford တက္ကသိုလ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ( ပါရဂူဘွဲ့ ) ချီးမြင့်စဉ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသော မိန့်ခွန်း ရုပ်သံ။

http://htwduwintinfoundation.blogspot.jp/2012/06/blog-post_21.html ဒီလင့်မှာလည်းကြည့်လို့ ရပါတယ်။

ဘကြီးသက်
Unknown at 3:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပိုက်ဆံမက်ရွှေမြန်မာ မမများ၊ညီမများ ဒါလေးကိုတော့ဖတ်ကြပါ






မြန်မာပြည်တွင် အစ္စလန်ဘာသာပြန့်ပွားရန် များစွာအလားလာရှိသည်။ အစ္စလန်သာသနာများစွာတိုးတက် စေရန် အလွယ်ကူဆုံးနှင့် အသေချာဆုံးသောနည်းမှာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို သိမ်းပိုက်ရန် ဖြစ်သည်။ အလုပ်အကိုင်အဆင်မပြေသော မူဆလင်ဘာသာဝင်တို့သည် မြန်မာပြည်သို့သွားကာ အသက်မွေးဝမ်းကျောင်းပြုပြီးလျှင် မြန်မာအမျိုးသမီးများကိုယူခြင်းဖြင့် အစ္စလန်ဘာသာဝင်ပြန့်ပွားစေရန် အားထုတ်သင့်သည်။ မြန်မာမများတွင် ကိုယ်ကျင့်တရားနည်းပြီး စောင့်စည်းမှုမရှိသောကြောင့် သိမ်းပိုက်ခြင်းဖြင့် သေချာလွယ်ကူသော အစ္စလန်သာသနာပြုနည်းကို သုံးရန်သင့်ပေသည်။
အို……. အစ္စလန်ဘာသာဝင်အပေါင်းသူတော်ကောင်းအပေါင်းတို့ ကျွန်ုပ်တို့လူမျိုးများ အားလုံးအတွက် မြန်မာနိုင်ငံသည် အဆိပ်ပင်ဖြစ်ခဲ့ချေပြီ။ တတ်နိုင်သလောက်ခြေကုတ်ယူထားရပေမည်။ သည့်အတွက်ကြောင့် ကျွန်ုပ်တို့လူမျိုးများအာလုံး စည်းလုံးကြရမည်။ သွေးစည်းကြရမည်။ ကျွန်ုပ်တို့သည် သည်နိုင်ငံမှအပြီးအပိုင် ထွက်ခွာသွားရသည့်တိုင်အောင် ကျွန်ုပ်တို့၏ သွေးသားများသည် သည်နိုင်ငံတွင်ကျန်ရစ်ခဲ့ရမည်။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့သည် အချိန်မရွေးငွေပေးလျှင်ရသော ပြည်တန်ဆာမများကဲ့သို့ဖြစ်နေပြီး ကျွန်ုပ်တို့အားလုံး လှုပ်ရှားဖို့အကောင်းဆုံးအချိန် ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့အား သင်တို့၏နှလုံးသားဖြင့်၎င်း ၊ငွေအားဖြင့်၎င်း မြူဆွယ်သိမ်းသွင်းရပေမည်။ အဓိကအချက်မှာ သူတို့၏ကိုယ်ထဲတွင် ကျွန်ုပ်တို့၏သွေးသားများကျန်ရစ်နေဖို့ပင်ဖြစ်ပေသည်။ သင်တို့၏ ကြိုးစားသမျှအမြတ်ကား ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်၏ ရင်တွင်းသို့ မိမိ၏သွေးသားဝင်ရောက်ကိန်းအောင်းသွားအေင် လုပ်နိုင်သူအား ဗလီမှ ကူပံ့ငွေ(၅၀၀၀)ဆုအဖြစ်လက်ဖွဲ့ပေးမည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်အမျိုးသမီး လေးယောက်၏ကိုယ်တွင်းသို့ သင်တို့၏သွေးသားများသွင်းနိုင်ခဲ့ပါက ဗလီမှလစဉ်(၁၀၀၀)ပေးသွားပါမည်။ဘွဲ့ရဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်က ဆုငွေ(၂၀၀၀၀)၊ အစိုးရအရာရှိသမီးဖြစ်ပါက ဆုငွေ(၂၀၀၀၀)၊ အစိုးရအရာရှိသမီးဖြစ်သည့်အပြင် ဘွဲ့ရပညာတတ်ဖြစ်ပါက ဆုငွေ(၅၀၀၀၀)တိတိကို ဆုအဖြစ် လက်ဖွဲ့ပေးမည်။
လူကိုလူဖြင့် ပျိုးရန် သင်တို့အားလုံး အထူးသတိပြုရမည်။သည်လို သိမ်းသွင်းနိုင်မှသာ အစ္စလန်ဘာသာသည် မြန်မာနိုင်ငံတွင် အဓွန့်ရှည်ကြာမည်ဖြစ်ပါသည်။ ငွေကြေးထောက်ပံ့မှုအတွက်သင်တို့ဘာမှပူစရာမရှိပါ။ အစ္စလန်ဘာသာဝင်ဖြစ်သော မူဂျာရစ်အစိုးရမှနှစ်စဉ် တစ်နှစ်လျှင် မြန်မာနိုင်ငံအတွက်စတာလင်ပေါင် တစ်သန်းကို ကျွန်ုပ်တို ကလက်ဝယ်သို့ပေးနေပါသည်။
(သင်တို့အောင်မြင်မှုအတွက် အလိုရှိပါလျှင် ဗလီများနှင့် အမြန်ဆုံးဆက်သွယ်ပါ။)
(မိုဟာမက်အလီစပက်)
(နှစ်၂၀အတွင်းံတွဲမြို့သည်မူဆလင်ဘာသာဝင်များသာဖြစ်ရမည်။ဗလီမှမူဆလင်လူငယ်များအားဖြန့်ဝေသည်။ )

Myanmar Express

ဘကြီးသက်
Unknown at 3:43 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂုဏ်ယူစရာ မြန်မာ့တပ်မတော် စစ်ဗိုလ်ကြီးများ

စစ်ဗိုလ်ကြီးတွေအကြောင်း ဒီလိုရေးဘို့ တော်တော်လေး စဉ်းစားရပါတယ် မရေးချင်ပါဘူး။ အမှန်ပြောရရင် ကိုယ့်တပ်မတော်ဘဲ နစ်နာပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ကြီးတွေရဲ့ အစွမ်းအစဟာ ပြောပလောက်အောင် ဘာမှ မရှိဘူး ဆိုတာ နှစ်ပေါင်းများစွာ ပြောခွင့်လဲမရှိ၊ ရေးခွင့်လဲမရှိ၊ ကြားလေ့ ကြားထမရှိတော့ တပ်မတော်သားမပီသသူ တချို့က အဟုတ်မှတ် မိုက်သွေးနားထင်ရောက်ပြီး လက်ထဲမှာ ရာထူးအာဏာရှိတုန်း ပြည်သူတွေကို စော်ကား လွန်းလာတာ တွေ့ရပါတယ်၊ အခုနောက်ပိုင်း ပိုပိုဆိုးလာတာက စစ်ရူးရူးပြီး ပြည်သူတွေကို ''ဘာမှလာပြောမနေနဲ့ ဒီကုလားမအဖွဲ့ကို ဘယ်တော့မှ အာဏာမအပ်ဘူးကွ'' တို့ ''နောင်မှ ဒူးထောက် မတောင်းပန်နဲ့ စီးထားတဲ့ စစ်ဘိနပ်နဲ့ မျက်နှာကို ဖြတ်ကန်ပြစ်မယ်'' လို့ကြိမ်းတဲ့ စစ်ဗိုလ်ကကြိမ်း၊ ကျော်မကောင်း ကြားမကောင်းဗျာ ကိုယ့်ပြည်သူကို ဒီလိုကြိမ်းတာမျိုး ဘယ်သူမှ လက်ခံမှာလဲ။ ဒီလိုစစ်ကြောင်တွေ စစ်ဗိုလ်မပီသသူတွေ မြန်မာ့ တပ်မတော်ထဲမှာ တွေ့ရဖန်များလာလို့ သင်းတို့လေးတွေ ကိုယ့်အကြောင်း ကိုယ်သိအောင် ကျွန်တော်ဒီစာကို မရေးချင်ဘဲ ရေးပါတယ်။ ဆေးက နဲနဲတော့ခါးမှာပါ။


စစ်ဗိုလ်ကြီးတွေ အနာဂါတ်နိုင်ငံတော်ကို နိုင်ငံရေးဦးဆောင်ချင်တယ်သာ အတင်းလုပ်နေတာ မှန်တာပြောရရင် သူတို့မှာ မြန်မာနိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ အရည်အခြင်းမရှိပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ ထူးထူး ချားချား တိုက်ရည်ခိုက်ရည်နဲ့ အရည်အခြင်းလဲ ပြောပလောက်အောင် မတွေ့မိပါဘူး။ သာမန်ပါဘဲ။ တကယ်တန်း စစ်ပွဲကြီးကြီးမားမား တိုက်လာခဲ့တာရှိရင် ပြစမ်းပါ၊ မရှိပါဘူး။ ကိုယ့်ထက် လက်နက်လူသူ အင်အား များရင် ရှုံးခဲ့တာပါဘဲ၊ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးကော ရလားဆိုတော့လည်း မေးစရာတောင် မလိုပါဘူး။ ကုလသမဂ္ဂ ကတောင် ဝင်ပါနေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ခဏခဏဖြစ်နေတဲ့ ပြည်တွင်းမငြိမ်မသက် ဆန္ဒပြပွဲတွေ၊ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေရတာတွေက စစ်အစိုးရဘာလဲဆိုတာ သက်သေခံနေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကော ရသလားဆိုတော့လဲ မရပါဘူး။ တိုင်းရင်းသားတွေ မပြောရဲလို့ ငြိမ်နေကြတာပါ၊ တိုင်းရင်းသားတွေကို ကြောက်အောင် လုပ်ထားနိုင်ပါတယ်၊ ဒါဟာ စည်းလုံးညီညွတ်နေတာ မဟုတ်ပါဘူး။ စစ်ဗိုလ်တွေလုပ်လို့ ဗမာကိုပိုလို့တောင် အထင်သေးသွားပါပြီ။ သူတို့ဘက်က ကြည့်တော့လည်း ဗမာကို ခွင့်လွှတ်စရာ အထင်ကြီးစရာအကြောင်း ကောင်းကွက်တစ်ခုမှ မရှိပါ၊ ဗမာကဗိုလ်ကျထားတာလဲ ကမ်းကုန်နေပါပြီ။ တိုင်းရင်းသား မပြောနဲ့ကိုယ်ဟာကိုလဲ တပ်တွင်းစည်းလုံးညီညွတ်မှုမရှိဘဲ အချင်းချင်းခဏခဏကွဲလို့ ပြည်သူတွေ နစ်နာရပေါင်း မနဲတော့ပါဘူး။ ဒီအကြောင်းတွေ မပြောချင်လို့ မပြောရဲလို့ ကြည့်နေရတာပါ။

တောင်ငူခေတ်မှာကထဲက တပင်ရွှေထီးနဲ့ ဘုရင့်နောင်ဟာ ပြည်ကိုသိမ်းတော့ ဆယ့်တစ်နှစ်သား ပြည်ဘုရင်လေးရဲ့ ရှေ့မှာ ရင်ခွင်ပိုက်ဘုရင်မ လုပ်နေတဲ့ သူ့အမေကို တောင်ငူတတပ်လုံးက မုဒိန်းကျင့် ကိုယ်လုံးတီးချွတ် လည်ပင်း ကြိုးနဲ့ ဆွဲပြီး တစ်မြို့လုံးကို လှည့်စေပါတယ်၊ ပြီးမှ သားအမိနှစ်ယောက်လုံးကို ဧရာဝတီမြစ်ထဲမှာ ရေနှစ်သတ် တာပါ။ ပြည်ဆိုတာ မြန်မာစစ်စစ်ပါ၊ ဒါလား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မြန်မာချင်း နှလုံးနာစရာ ကောင်းအောင် ရက်ရက်စက်စက် လုပ်ခဲ့တာလေ၊ သမိုင်းမှာ ဖျောက်ထားပေမဲ့ မှတ်တမ်းတွေ ရှိပါသေးတယ်၊ ရှာဖတ်ကြည့်ပါ။
ဘုရင့်နောင်တို့ ဆင်ဖြူရှင်တို့ ယိုးဒယားကို နိုင်ခဲ့တယ်ဆိုတာလည်း ဗမာက အနောက်နိုင်ငံတွေနဲ့ နီးလို့ သူတို့ဆီက အရင်ရတဲ့ အမြှောက်နဲ့ သေနတ်လက်နက် အင်အားမှာသာလို့ပါ၊ အဲဒီခေတ်မှာ ယိုးဒယားက ဒါတွေ မသုံးနိုင် သေးတော့ စစ်ရှုံးရတာပေါ့။ နောက်ပိုင်း ယိုးဒယားက အမြှောက်တွေ သေနတ်တွေ မြန်မာနဲ့ တန်းတူသုံးလာ နိုင်တော့ မြန်မာတွေစစ်ရှုံးပြီး အလောင်းကောက်ပြန်ရတာ အကြိမ်ကြိမ်ပါ။ အပြန်မှာ ယိုးဒယားက မြန်မာပြည်ထဲ မုတ္တမမြို့အထိ လိုက်တိုက်တာတောင် ခံရပါတယ်။ ဒီအကြောင်းတွေလဲ မြန်မာရာဇဝင်မှာ တပ်မတော် သိက္ခာကျမှာ စိုးလို့ ဖျောက်ထားခဲ့ပါတယ်။

ကုန်းဘောင်ခေတ်မှာ တောထဲတောင်ထဲက လူအင်အားမရှိတဲ့ အာသံနဲ့ မဏိပူရကိုနိုင်လို့၊ လက်နက် အင်အား မယှဉ်နိုင်တဲ့ ယိုးဒယားကိုနိုင်လို့ သွေးနားထင်ရောက်နေတဲ့ မြန်မာရှင်ဘုရင်တွေဟာ ကိုယ့်ထက်လက်နက်သာတဲ့ ဗြိတိသျှအင်္ဂလိပ်နဲ့ တိုက်တော့ ဝက်ဝက်ကွဲရှုံးခဲ့ပါတယ်။ လူနှစ်ထောင်လောက် သင်္ဘောနဲ့ လာတိုက်တဲ့ အင်္ဂလိပ်ကို ရှုံးရတာ နာပါတယ်၊ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲတစ်ခုဘဲ ရန်ကုန်မှာ သုံးပါးဝန်တပ်တွေက ဟုတ်ဟုတ်ငြားငြား ခံတိုက်နိုင်တာပါ။ စစ်ကူလွှတ်လိုက်တဲ့ စစ်သူကြီးမဟာဗန္ဓုလသာ အသေခံသွားရတာ၊ ရှင်ဘုရင့်ညီတော် သာယာဝတီအိမ်ရှေ့မင်းသားက ရန်ကုန်စစ်မြေပြင်အထိ မလိုက်ဘဲ စစ်နဲ့ဝေးတဲ့ ဟင်္သတမှာ ရှောင်နေခဲ့ပါတယ်။ မဟာဗန္ဓုလကျဆုံးတော့ မဟာဗန္ဓုလရဲ့ညီငယ်ဟာ သာယာဝတီမင်းသားလို အရှင်သခင်တွေ အတွက် ရဲမက် တော်တွေ အသေခံပြီး စစ်မတိုက်ပေးချင်တော့လို့လားတော့ မသိဘူး ရဲမက်တစ်ထောင်ကျော်နဲ့ အင်္ဂလိပ်ဘက်ကို ထွက်ပြေးခိုဝင်သွားပါတယ်။ ဒါနဲ့ မြန်မာဘက်က ပထမစစ် အရှုံးပေးလိုက်ရတယ်လို့ ဖတ်ဘူးပါတယ်။

ဒုတိယစစ်ပွဲကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကိုမိုဒိုလင်းဘတ်က သင်္ဘောအုပ်စုနဲ့ ရမ်းချင်တိုင်း ရမ်းနေတာကို မြန်မာတပ်တွေ ဘာမှမခုခံမကာကွယ်နိုင်ဘဲ ရပ်ကြည့်နေရတာပါ၊ သတ္တိရှိရှိခံတိုက်မဲ့သူလဲ မယ်မယ်ရရ မရှိတော့ ပါဘူး။ နေပြည်တော်မှာ ပုဂံမင်းနန်းကျပြီး မင်းပြောင်းမင်းလွဲဖြစ်တယ်လဲဆိုရော စစ်ဗိုလ်ကြီးတွေ အားလုံး နောက်တက်တဲ့ မင်းတုန်းမင်းဆီ သူ့ထက်ငါအရင်ဦးအောင် ပြေးသစ္စာခံ ဖူးမျှော်ကြတာ စစ်တိုက်မဲ့သူတောင် မရှိတော့လို့ မြင်းခြံရောက်နေတဲ့ အင်္ဂလိပ်တွေတောင် အံ့အားသင့်သွားရပါတယ်၊ ဒီစစ်ပွဲလဲ အင်္ဂလန်လွှတ်တော်က ကိုမိုဒိုလင်းဘတ်ကို အရမ်းမလုပ်ပါနဲ့ဆိုပြီး စစ်ရပ်ခိုင်းလို့ သူ့ဖါသူ အတိုက်ရပ်သွားတာပါ။

နောက်ဆုံး တတိယစစ်ပွဲကတော့ သိသလောက် နှစ်ပါတ်အတွင်း အင်္ဂလိပ်တွေ နေပြည်တော်ကို ရောက်လာပါတယ်၊ မယ်မယ်ရရခုခံတာ မင်းလှခံတပ်ဘဲရှိပါတယ်။ မြင်းခြံမှာ မြန်မာရေတပ်ဗိုလ်ချုပ် လှေသင်း အတွင်းဝန်က စစ်ရှုံးတာကိုညာပြီး အင်္ဂလိပ်တပ်တွေကို ချေမှုန်းလိုက်ပြီလို့ သီပေါဘုရင်ကို လိမ်သတင်းပို့ပြီး တပ်ကိုပြစ်ပြီး ထွက်ပြေးသွားပါတယ်။ ရှင်ဘုရင်ခမျာ အလိမ်မိတာမသိဘဲ ဝမ်းသာလွန်းလို့ နေပြည်တော်မှာ အောင်ပွဲတွေခံ စစ်မြေပြင်ကို အဖိုးတန်ဂုဏ်ပြု ဆုဖလားတွေ၊ ဆုတံဆိပ်တွေ လှည်းတစီးတိုက် ပို့လိုက်မိပါ သေးတယ်။ လက်ခံမဲ့လူမရှိလို့ မြင်းလှည်းကြီးက တဝဲလယ်လယ်ဖြစ်နေတာ အင်္ဂလိပ်က ဖမ်းမိသွားပြီး အဖိုးတန်ပစ္စည်းတွေ ရသွားပါတယ်။ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် ရွှေလှံဘိုခေါ်တဲ့ မင်းလက်ဝါးကြီးက တောင်ငူ အင်္ဂလိပ်စစ်တပ်မှာ အလုပ်ကြမ်းသမားဝင်လုပ်ပြီး ရုပ်ဖျက်ပုန်းနေပါတယ်။ သီပေါဘုရင် ပါတော်မူသွားတာတောင် မသိဘဲ ဆက်အလုပ်လုပ် နေပါသေးတယ်။ ဒီအကြောင်းမှတ်တမ်းတွေ အများကြီး ရှိပါသေးတယ်။ မြန်မာ့တပ်မတော် သိက္ခာကျရှက်စရာ ကောင်းလွန်းလို့ အစိုးရအဆက်ဆက် ဆွေးနွေးရေးသားခွင့်မပေးဘဲ ဖျောက်ထားတာတွေပါ။ သမိုင်းဆရာတွေကလဲ ကိုယ့်မြန်မာတပ်တွေ အလွယ်နဲ့ အင်္ဂလိပ်ကို စစ်ရှုံးခဲ့ရတာ၊ ခေါင်းဆောင်တွေ ညံ့တာတွေကို သိပ်အရှက်မကွဲရအောင် ကင်းဝန်မင်းကြီးဦးကောင်းက အင်္ဂလိပ်နဲ့ပေါင်းပြီး မခုခံရ ခုခံရင် သူပုန်ဆိုလို့ စစ်မတိုက်လိုက်ရတာ နာသကွာဆိုပြီး လုပ်ပေးနေတာပါ။ အမှန်တော့ လူတိုင်းသိပါတယ်၊ အဲဒီအမိန့်ထွက်လာတော့ စစ်ကတိုက်ပြီးလို့ ရှုံးနေပါပြီ၊ အင်္ဂလိပ်တွေ အမရပူရ ရောက်နေပြီဘဲ၊ သီပေါဘုရင်က လက်နက်ချပါမယ်ဆိုတော့ အင်္ဂလိပ်က ဒါဖြင့် မြန်မာတပ်တွေ မခုခံရဘူး၊ သေနတ်သံတချက် ထွက်တာနဲ့ သီပေါဘုရင်ကို သေဒဏ်ပေး ကွပ်မျက်မယ်ဆိုလို့ အင်္ဂလိပ်ကိုမခုခံရ ခုခံရင်သူပုန်ဆိုပြီး ဦးကောင်းကဘုရင့် ကိုယ်စား အမိန့်ထုတ်တာပါ။ လက်နက်ချလို့ ထုတ်တဲ့အမိန့်ပါ။ နောက်တစ်နေ့မှာ အင်္ဂလိပ်တွေက သီပေါဘုရင် ကိုဖမ်း နန်းတော်ကို သိမ်းတာပါဘဲ။

သတ္တိခဲဆိုတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး တိုင်တားမင်းကြီးဦးဖိုးကလဲ အင်္ဂလိပ်ကဖမ်းပြီး ကုလားပြည်ပို့မယ် လုပ်တော့ သူ့ကိုမသတ်ပါနဲ့လို့ ပျာပျာသလဲနဲ့ တောင်းပန်ရှာပါတယ်။ ဆွေတော်မျိုးတော်တွေကို နို့စို့ကလေးတောင် မချန်ဘဲဒါးထက်ခဲ့တဲ့ မိဘုရားစုဘုရားလတ်လဲ စိတ်ထက်တယ်သာဆိုတယ် အင်္ဂလိပ်သင်္ဘောတွေ ရောက်လာပြီ ဆိုတော့ အပျိုတော်တွေရှေ့မှာ ရာဇအိနြေ္ဒမငဲ့နိုင်တော့ဘဲ မြေကြီးပေါ် လူးလှိမ့်ငိုပါသတဲ့၊ သီပေါဘုရင်ကတော့ ဒူးတွေတုန်ပြီး သင်္ဘောပေါ်မတက်နိုင်လို့ ကုလားစစ်သားက ဆွဲတင်ရပါတယ်။ သမိုင်းဆရာတွေ မျိုးချစ်စိတ်နဲ့ ဖုံးဖိရေးကြတာကတော့ မြန်မာတွေ တောက်တစ်ခေါက်ခေါက်နဲ့ပေါ့။ တကယ်တန်း သိသလောက် သူတို့အတွက် ဟုတ်တိပတ်တိ ဘယ်သူမှမခုခံကြပါဘူး၊ ဝမ်းတောင်သာကြပါတယ်။

မြန်မာအရပ်သားတွေ အတွက်ကတော့ မြန်မာဘုရင်သီပေါ လက်အောက်က အင်္ဂလိပ် ဝိတိုရီယ ဘုရင်မ လက်အောက် ရောက်ရတာပါဘဲ၊ သက်ဦးဆံပိုင် ဘုရင်စနစ်လက်အောက်က လွတ်ပြီး လွှတ်တော်နဲ့ ဥပဒေနဲ့ နေရတဲ့ခေတ်ကို ရောက်သွားတော့ တိုင်းသူပြည်သားတွေအတွက် နေလို့တောင် ပိုကောင်းလာပါသေးသတဲ့။
နောင် ဂျပန်ခေတ်မှာလည်း မြန်မာတပ်မတော်ဘီအိုင်အေဟာ ဂျပန်တွေလုပ်သမျှ တစ်ချိန်လုံးခေါင်းငုံ့ခံ နေရတာပါ။ မြန်မာသားပျိုသမီးပျိုလေးတွေ ဂျပန်စစ်သားက စော်ကားသမျှ ဂျပန်ခေတ် သုံးနှစ်လုံးဘာမှ ပြန်မပြောပြန် မလုပ်ရဲပါဘူး၊ လုပ်လို့လဲ မရပါဘူး၊ ဂျပန်စစ်တပ်ဆိုတာ တိုက်ပွဲတစ်ပွဲမှာ လူသောင်းနဲ့ချီပြီး သတ်လာတဲ့ အင်မတန် ကြမ်းတဲ့စစ်တပ်ကြီးပါ၊ ရုရှား၊ တရုပ်နဲ့ ပိစိဖိတ်ဒေသတစ်ခုလုံးက တိုင်းပြည်ကြီးတွေ တစ်ခုပြီး တစ်ခု တိုက်သိမ်း လာတဲ့ အင်မတန်မာတဲ့ တပ်တွေပါ။ မြန်မာဘီအိုင်အေ တပ်လူနှစ်ထောင်ကျော်ဟာ ဂျပန်တနေ့သတ်စာတောင် မရှိပါဘူး။ ဘီအိုင်အေဟာ ဂျပန်စစ်ရှုံးလို့ လက်နက်ချခါနီးမှ ဂျပန်တော်လှန်ရေးဆိုပြီး ထတော်လှန်ရဲတာပါ။ အဲဒီအချိန်မှာ အန္ဒိယဘက်က အမေရိကန်မဟာမိတ်တပ်ကြီး ပြန်ဝင်လာတာ ပျဉ်းမနားရောက်နေပါပြီ။ အဓိပတိ ဒေါက်တာဘမော်နဲ့ ဗိုလ်မှူးကြီးဗထူး ကောင်းမှုကြောင့်သာ မြန်မာ့ခေါင်းဆောင်တွေ ခေါင်းနဲ့ကိုယ် မြဲနေတာပါ။ နို့မို့အကုန် ဂျပန်သတ်တာ ခံရမှာပါ။

ဂျပန်တော်လှန်ရေးဆိုတာလဲ မဟာမိတ်တပ်တွေကို စစ်ရှုံးပြီး ဒါဏ်ရာဘလပွ ပတ်တီးစတဖွေးဖွေးနဲ့ စုပ်ပြတ်သတ်ပြီး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့တဲ့ ဂျပန်ထီး ဂျပန်မတွေ စစ်တောင်းမြစ်ထဲမှာ ဖောင်နဲ့ စုံပြေးလာတာကို ညဘက်လရောင်အောက်မှာ မြစ်ကမ်းပေါ်ကချောင်းပြီး သေနတ်နဲ့ ပြစ်တာကို ဂျပန်တော်လှန်ရေး ကြီးဆိုပြီး အကြီးအကြယ် လုပ်နေကြတာပါ။

စစ်ဗိုလ်ကြီးတွေ ဂုဏ်ယူပြောပြောနေတဲ့ တရုပ်ဖြူ(ချန်ကေရှိတ်)ကျူးကျော်မှုဆိုတာလည်း မော်စီတုန်းကွန်မြူနစ် တွေက တိုက်လို့စစ်ရှုံးပြီး ခွေးပြေးဝက်ပြေးပြေးလာတဲ့ တရုပ်ဖြူစစ်ပြေးတွေပါ။ နောက်ဆုံးချန်ကေရှိတ် အစိုးရတပ်နဲ့ မိသားစုတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ ပြေးစရာမြေမရှိတော့လို့ လက်နက်ငယ် ပါသလောက်လေးနဲ့ မြန်မာ ပိုင်နက်ထဲ ဝင်ပြေးလာကြတာပါ။ မြန်မာပြည်ကို ကျူးကျော်ဘို့ အစကထဲက စိတ်မဝင်စားပါဘူး။ မြို့ပေါ်နေတဲ့ အစိုးရ ဘဝကနေ တောထဲတောင်ထဲဝင်ပြေးရလို့ သူတို့စိတ်ဓါတ်က သုညရောက်အောင် ကျနေပါပြီ။ လက်နက် ကြီးကြီး မားမားလဲ မပါလာတော့ပါဘူး၊ လူလွတ်ပြေးကြရတာဆိုတော့ မသယ်နိုင်လို့ ထားခဲ့ရပြီကိုး။ ‘ဒါကို ကိုရွှေဗမာတပ်တွေက လေယဉ်ပျံတွေ အမြှောက်ကြီးတွေနဲ့ သွားဆော်ကြတာပါ၊ နိုင်ငံရေးအရ ညှိကြတော့ ဖေါ်မိုဆာကျွန်းကို ရလိုက်ပြီး နောက်ဆုံးသူတို့ ထွက်သွားကြပါတယ်။ ဗမာတပ်က အတိုက်ကောင်းလို့ မဟုတ်ရ ပေါင်ဗျာ။

ကွန်မြူနစ်နဲ့ ကရင်သူပုန်ကိစ္စကတော့ အားလုံးသိတဲ့အတိုင်း မြန်မာ့တပ်မတော်ရဲ့ တပ်တွင်းပြိုကွဲမှုကြီးပါ။ ပြည်သူက သက်သက်မြေစာပင် ဖြစ်တာပါ။ ပဲခူးရိုးမတောထဲ မျှစ်ပြုတ်စားပြီးပြေးနေရတဲ့ ကွန်မြူနစ်တွေကို အမေရိကန်က ကွန်မြူနစ်နှိမ်နင်းရေးအတွက် အလကားရထားတဲ့ လေတပ်ဟယ်လီကော်ပတာတွေနဲ့ ‘ဒီဘက်က လိုက်တိုက်ရတာပါ။ ‘ဒါတောင် ဖြတ်လေးဖြတ်ဆိုပြီး မြစ်ဝကျွန်းပေါ်ဘက်မှာ အကျဉ်းထောင်ပုံစံ အလုပ်စခန်းတွေ ဆောက်ပြီး ပတ်ဝန်းကျင်က အပြစ်မဲ့ရွာသားတွေ ခြောက်လလောက် အကုန်ဖမ်းထည့်ထား လိုက်သေးတယ်။ လုပ်သင့် မလုပ်သင့်မစဉ်းစားဘူး၊ အရှင်မိရင်လည်း ကိုယ့်လူမျိုးချင်း လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက်ချင်းမှ အားမနာ အသားလွတ်သတ်ပြစ်ခဲ့တဲ့ မှတ်တမ်းတွေ အများကြီးရှိပါတယ်။ ကရင်ကမကျေနပ်လို့ သပုန်ထတော့ ထတယ်ပြောသေးတယ်၊ မြောင်းမြဘက်က ကရင်ရွာတွေကို ဂျပန်နဲ့ပေါင်းပြီး ရွာလုံးကျွတ်လူသတ်ပွဲလုပ်တာ ဗမာတွေက စလုပ်ခဲ့တာပါ။ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းကို ပဲခူးရိုးမပေါ်မှာ သတ်တာလည်း ဦးနေဝင်းကခိုင်းလို့ လန်ဘားတင်ဦးက ထောက်လှမ်းရေးရဲဘော်မြကို တောထဲလွှတ်တောခိုခိုင်းပြီး လုပ်ကြံခဲ့တာ၊ ကရင်ခေါင်းဆောင် စောဘဦးကိုလည်း လယ်တဲလေးတစ်လုံးပေါ်မှာ အရှင်ဝိုင်းမိရဲ့သားနဲ့ အသေဝိုင်းပြစ်တာ သားသတ်သမားလို့ နာမည်ကြီးတဲ့ သွားလေသူ ဗိုလ်ချုပ်စိန်လွင်ပါ။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရ လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက် ကိုယ်လူမျိုးချင်း မလုပ်ကောင်းတာတွေ အလွန်အကျွံ လုပ်ခဲ့တာတွေ အများကြီးပါ။ လူနဲစုကရင်နဲ့ ကွန်မြူနစ်ကို နိုင်တဲ့ မြန်မာတပ်မတော်ဟာ အမှန်တော့ အထင်ကြီးစရာ ဘာမှ မရှိပါဘူး။

၁၉၆၂ ဦးနု ပါလီမန်ဒီမိုကရေစီအစိုးရကို ဗိုလ်ချုပ်နေဝင်း စစ်တပ်နဲ့ အာဏာသိမ်းတာလည်း ရှင်းရှင်းပြောရရင် စစ်ဦးစီးချုပ်က နိုင်ငံတော်အစိုးရကို သစ္စာဖောက်တာဘဲ၊ နိုင်ငံရေးအမြင်နဲ့ ကြည့်ရင် လုပ်ဖေါ်ကိုင်ဘက်ခြင်း သစ္စာ စောင့်ရမဲ့အစား နောက်ကြောဓါးနဲ့ ထိုးတာဘဲ၊ နိုင်ငံတော် သစ္စာဖောက်မှုကြီးပါ။ ဗိုလ်ချုပ်နေဝင်းတပည့် ထောက်လှမ်းရေး ဗိုလ်မှူးကြီးလွင်က သီပေါစော်ဘွားကို ၁၉၆၂ခုနှစ် အာဏာသိမ်းတုန်းက ဖမ်းပြီး နောင်ချိုမြို့အဝင် ဂုတ်ထိပ်ကားလမ်းဘေးမှာ သတ်ပစ်တာလဲ ရာဇဝတ်မှုကျူးလွန်တာပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကို ဖမ်းပြီးဥပဒေမဲ့ထောင်ထဲ ငါးနှစ်စီလောက် ထည့်ထားခဲ့တာလဲ သူတို့အမြင်မှာ ဗိုလ်ချုပ်နေဝင်း အာဏာမက်ပြီး မတော်မတရား လုပ်တာပါဘဲ၊ တိုင်းရင်းသားတွေ ဗမာစစ်ဗိုလ်ကို ရွံကြောက်ကြီး ဖြစ်သွားပါပြီ၊ ဘယ်တော့မှယုံမှာ မဟုတ်တော့ပါဘူး၊ ဗမာဘက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပြန်လည် တည်ဆောက်နိုင်မဲ့သူလို့ မျှော်လင့်နိုင်တာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်စုဘဲ လွတ်လွတ် ကင်းကင်း ရှိပါတယ်။

အရေးအခင်းမှာတုန်းကလည်း ဒေါ်စုကို ညစ်ညမ်းပုံတွေဆွဲပြီး ကုလားအုပ်မေ--ိုးမ နင့်လင်နင်ခေါ်ပြီး အင်္ဂလန်ကို အခုပြန်သွားဆိုတဲ့ အောက်လမ်းနည်းကျကျ စာရွက်တွေ တစ်မြို့လုံးမှာလိုက်ကပ်တာ ဗိုလ်ချုပ်နေဝင်းသမီး ဒေါ်ခင်စန္ဒာဝင်းက လုပ်ခိုင်းလို့ တပ်မတော်ထောက်လှမ်းရေးက ဗိုလ်ကြီးစည်သူနဲ့ သက်တင်စိန်တို့ အဖွဲ့လုပ်တာပါ။လူမိသွားလို့ တပ်မတော်ထောက်လှမ်းရေး နာမည်ပျက်၊ စုံထောက်(စောက်ထုံ) အဖွဲ့လို့ ဗိုလ်ချုပ်ခင်ညွန့်ကို သူ့ရဲဘော်တွေက ကွယ်ရာမှာ ခေါ်တာခံရပါတယ်၊ ဒီလူတွေ ထောင်ထဲမှာ ရှိပါသေးတယ်၊ အသေးစိတ် သိချင်ရင် ခေါ်မေးလို့ရပါတယ်။
၁၉၈၉ အရေးအခင်းပြီးကာစ ဘိုကလေးဘက်မှာ ဝင်လာတဲ့ ကရင်သူပုန် ၅ဝ လောက်ကို မိအောင်ဖမ်းရင် ရရဲ့သားနဲ့မဖမ်းဘဲ တစ်ရွာလုံးကိုပိတ်ဆို့ပြီး မလိုအပ်ဘဲ ရက်ရက်စက်စက် လေယဉ်နဲ့ဗုံးကြဲ၊ ရဟတ်ယဉ်ပေါ်က ဒုံးကျည်တွေ စက်သေနတ်တွေနဲ့ ကရင်ရွာသားတွေကို မသေမခြင်း ပြစ်သတ်တာ အဲဒီတုန်းက ဧရာဝတီတိုင်း တိုင်းမှုး ဗိုလ်ချုပ်မြင့်အောင်ပါ။ ရွာသားတွေအပါအဝင် လူ ၃၇ဝ သေတယ်လို့ ဖတ်ရပါတယ်။ ဒီလိုလက်လွတ် စပယ်ကြီးလုပ်တာ ရာဇဝတ်မှု မြောက်ပါတယ်။ တပ်မတော် ဂုဏ်သရေကိုလဲ ထိခိုက်ပါတယ်။ သူများနိုင်ငံမှာ အပြစ်မရှိတဲ့ ကိုယ့်ပြည်သူတစ်ယောက်ကို မထိခိုက်မနစ်နာရအောင် သူတို့တပ်မတော်သားတွေ အနစ်နာခံ၊ အသေခံပြီး စွမ်းစွမ်းတမံ ကာကွယ်တာကို ဂုဏ်ယူနေတဲ့ ခုလိုခေတ်ကြီးထဲမှာ ကျုပ်တို့မြန်မာနအဖက ပြည်သူ တွေရဲ့ အသက်ကို ဖက်ရွက်တရွက်လောက်တောင် တန်ဘိုးမထားဘူးဆိုတာ ပြလိုက်တာလေ။

တခါ ‘ဒီပဲရင်းမှာလည်း ဒေါ်စုနဲ့အဖွဲ့ ကိုယ်ဖါသာကိုယ် ခရီးသွားတာမှာ ပြည်သူတွေက အားရဝမ်းသာ ကြိုဆိုထောက်ခံကြတာလည်း မြင်ရော မနာလိုဖြစ်ပြီး လိုက်နှောက်ယှက်ကြတာလဲ ဗမာစစ်ဗိုလ်ကြီးတွေပါဘဲ။ တိုင်းမှုးဗိုလ်မှုးချုပ်စိုးဝင်းက ဦးဆောင်ပြီး လက်နက်မဲ့အဖွဲ့ကို လူမိုက်ဆန်ဆန် ဝိုင်းရိုက်တာ၊ ဝိုင်းမတရား လုပ်ကြတာပါ။ သူတို့ဟာသူတို့ တရားဘဲဟောဟော လက်ခုပ်ဘဲတီးတီး ကိုယ့်အကြောင်း မပြောရင်ပြီးရော၊ ကိုယ်မကြိုက်ရင် ဝေးဝေးရှောင်နေပေါ့ဗျာ၊ ဒါပေမဲ့မနေနိုင်ဘူး။ တပ်တွေခေါ်လာ၊ အသေအချာ စီစဉ်ပြီး ဒုတ်တွေ ဒါးတွေနဲ့ ကိုယ်တိုင်ဝိုင်းရိုက်ကြတာ။ နအဖစစ်ဗိုလ်ကြီးတွေ သဘောထား သေးသိမ်တာကို တကမ္ဘာလုံးက သိသွားတာဘဲ အဖတ်တင်ပါတယ်။ မလုပ်သင့်ပါဘူး။

၈၈အရေးအခင်းတုန်းကလဲ ငွေစက္ကူကိစ္စကြောင့် ငတ်နေတဲ့ ပြည်သူလူထုက မဆလကိုဖြုတ်ချတာ တပ်မတော်က အနေသာကြီးပါ၊ တပ်မတော်ကို ပြည်သူလူထုက သူတို့ဘက်ပါစေချင်လို့ ပြည်သူ့စစ်သား ဒို့စစ်သား၊ ပြည်သူ့ တပ်မတော် ‘ဒို့တပ်မတော်ဆိုပြီး ထိုင်ရှိခိုးပြီး ဘုရားစင်ပေါ်တင်ထားတာကို မနေတတ်မထိုင်တတ်နဲ့ မဆလဘက်က လက်ဝင်လျှိုတယ်။ ခုတော့ကြည့် မဆလလဲ နာမည်ပျက်ပြီးပြေးရ၊ ကိုယ့်လဲပြည်သူက မေတ္တာတုန်းပြီး နာမည်ပျက်တဲ့ဘဝ ရောက်ရတာ အနှစ်နှစ်ဆယ်လုံး ပြန်မကောင်းနိုင်တော့ဘူး။ ပြည်သူလဲနာ၊ စစ်တပ်လဲနာ အကျိုးမဲ့တဲ့လမ်းကို ရွေးခဲ့တယ်လေ။ ဗိုလ်ချုပ်စောမောင်နဲနဲသာ ဦးဏှောက်ရှိရင် ဒီလိုမဖြစ်ရပေါင်ဗျာ။ ခု၂ဝဝ၇ခုနှစ် စက်တင်ဘာလ အရေးအခင်းမှာလည်း မေတ္တာသုတ်ရွတ်တဲ့ လက်နက်မဲ့ သံဃာတွေကို လုံထိမ်းတွေ၊ စစ်သား တွေနဲ့ ရိုက်နှက်ဖမ်းပြီး သံဃာတု သံဃာယောင်တွေပါ ပြောလိုပြော။ ဂျပန်သတင်းထောက်ကို လူတွေရှေ့ ပစ်သတ်မိပြီးမှ မတော်တဆမှန်တာပါ လိမ်လိုလိမ်နဲ့ ကမ္ဘာမှာ နအဖအစိုးရအစား ပြည်သူတွေ အရှက်ကွဲပါတယ်။

ဘယ်သူခွဲခွဲတို့မကွဲဆိုတဲ့ မြန်မာ့တပ်မတော်ပြိုကွဲတာတွေလဲ သတိထားကြည့်ရင် ခဏခဏတွေ့ရပါတယ်။ ကွန်မြူနစ်သူပုန်ထတာဟာ တရုပ်မော်စီတုန်းကမြှောက်ပေးလို့ ဗမာ့တပ်မတော်ပြိုကွဲတာပါ။ အရပ်သားတွေ သေနတ်ကိုင်ပြီး တောထဲဝင်သွားတာ မဟုတ်ပါဘူး။ တပ်မတော် အစိတ်အပိုင်းတွေ တပ်ရင်းလိုက် တောခိုတာပါ။ ဗိုလ်ဇေယျတို့ ဗိုလ်ရဲထွတ်တို့လို ရဲဘော်သုံးကျိပ်တွေကိုယ်တိုင် တောခိုတာပါ။ ပြည်သူ့အမြင်မှာ တပ်မတော် ပြိုကွဲတာပါဘဲ။ တပ်မတော်ပြိုကွဲ ဆက်ကြေးကောက် လူသတ်လုပ်တာတွေကြောင့် ပြည်သူတွေ မြေဇာပင် ဖြစ်ခဲ့တာပါ။
တော်လှန်ရေးကောင်စီခေတ်က ဗိုလ်မှုးချုပ်အောင်ကြီးအဖွဲ့၊ ဗိုလ်ချုပ်တင်ဖေအဖွဲ့၊ ဗိုလ်မှုးကြီးစောမြင့်အဖွဲ့၊ မဆလခေတ်က တင်ဝင်းညို၊ ခင်ကျော်ညိုအဖွဲ့၊ ထွန်းလင်းသန်းစိန်ကျော်ဇောအဖွဲ့၊ မျက်မှန်တင်ဦး၊ ဘိုနီအဖွဲ့၊ ဒီဘက်ခေတ် ဗိုလ်ချုပ်စောမောင်အဖွဲ့၊ မနေ့တနေ့ကမှဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်မြင့်ဇော်၊ ဗိုလ်ချုပ် သန်းထွန်းတို့ ထောက်လှမ်းရေးအဖွဲ့ ပြုတ်ကုန်၊ ထောင်ကျကုန်တာဟာ တပ်မတော်ပြိုကွဲတာ မဟုတ်ရင် ဘာလဲ၊ အခြင်းခြင်း ရက်ရက်စက်စက် တီးကြတာဘဲ မဟုတ်လား။

ဒါတွေပြောနေတာ တပ်မတော်ကို မုန်းလို့၊ တပ်မတော်သိက္ခာ ချချင်လို့မဟုတ်ပါဘူး။ မတူညီကွဲပြားတဲ့အမြင်တွေ ရှုထောင့်တွေကို ပြောပြတာပါ။ တစ်ခုမှ ကိုယ့်ထွင်လုံးမဟုတ်ပါဘူး။ မှတ်တမ်းမှတ်ရာတွေထဲက ဖတ်ဘူးသမျှ အကြောင်းရင်းတွေပါ။ အားလုံးအမှန်တွေလို့ မပြောလိုပါဘူး၊ ဆင်ခြင်စဉ်းစားလို့ ရပါတယ်။

အခုတော့နအဖက မကြိုက်လဲ ဘာမှမတတ်နိုင်တော့ပါဘူး။ အမှန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းလိုဘဲ မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ နှလုံးသည်းပွတ် ဖြစ်နေပါပြီ၊ လက်တဆုပ်စာလူတစုနဲ့ ဘယ်လိုမှဒေါ်စု မကောင်းကြောင်း သိက္ခာချဝါဒဖြန့်လို့လဲ မရတော့ပါဘူး၊ အသိအမှတ်မပြုချင်လို့လည်း မရပါဘူး၊ မကျေနပ်ရင် ဒေါ်စုမပြောနဲ့ သူ့အဖွဲ့ဝင် တစ်ယောက်လောက်နဲ့ ပြိုင် မဲပုံးထောင် အရွေးခံရဲလားလို့ တစ်လုံး မေးလိုက်တာနဲ့ အဖျားတက်ချင်သလိုလို နေမကောင်းချင်သလိုလိုတွေ ဖြစ်ကုန်တော့တာဘဲ။ ရွေးစရာလမ်းမရှိ ပြည်သူနဲ့ မပူးပေါင်းရင် မိုက်ပြီးရင်းမိုက်ဖို့ဘဲ ရှိတော့တယ်၊ စောစောက ပြောသလို ပြည်သူတွေကို ''ဒို့ကို ဘာမှ လာပြောမနေနဲ့'' ''စစ်ဘိနပ်နဲ့ မျက်နှာကို ဖြတ်ကန်ထည့်လိုက်မယ်'' လို့ မိုက်မိုက်ရိုင်းရိုင်း စကားတွေထပ်ကာတလဲ ပြောနေဘို့ဘဲရှိပါတော့တယ်။ နောက်ပေါက်စစ်ဗိုလ်လေးတွေကိုလည်း မတော်မတဲ့မြှောက်ပေးထားတော့ လူမဖြစ် ဘဲ မဲမဲမြင်ရာ ရန်သူထင်ကိုက်ချင်နေတဲ့ သွေးဆာနေတဲ့ အစွယ်ပေါက်စခွေးလေးတွေဘဲ ဖြစ်လာတာ တွေ့ရတယ်။ ရင့်ကျက်တဲ့ စစ်ဗိုလ်အရည်အခြင်းရှိတဲ့သူ တစ်ယောက်မှမတွေ့သေးဘူး။ အခုနေ တပ်မတော်ကို ပြင်ချင်ပါတယ် ဆိုတာတောင် ပြင်ဘို့ခက်နေပြီနော၊ တပ်မတော်ကော တိုင်းပြည်ကော နာလိုက်တာဗျာ။

စေတနာဖြင့်၊
ကိုဂျူး

http://examplarygardener.blogspot.com/2011/10/blog-post.html မှကူးယူမျှဝေပါသည်။

ဘကြီးသက်
Unknown at 3:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်ကုတ်မြို့၌ အုပ်စုဖွဲ့ရိုက်နှက်မှု ကြောင့် လူ၁၀ဦး သေဆုံးခဲ့မှု စတင်စုံစမ်း



ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ၀ိုင်း ရိုက်နှက် မှုကြောင့် လူ ၁၀ ဦး
သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ မျက်မြင် သက်သေ များအား တွေ့ဆုံ မေးမြန်းမှုများကို အမှတ်(၅)၊ စစ် ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်၊ တောင်ကုတ်တွင် စတင်ပြု လုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား စုံစမ်းရန် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ယနေ့သုံးရက်မြောက်တွေ့ဆုံမေးမြန်းခြင်း များကို ပြုလုပ်လျက်ရှိပြီး လူပေါင်း ၃၀ ကျော်လာရောက်ထွက်ဆိုသွားပြီဖြစ်ကြောင်း ယင်းစုံစမ်းမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။ “လူတွေကို ဟိုဘက်ခေတ်ကလို စစ်ဆေးမှုမျိုးမပြုလုပ်ပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က လာရောက်ဖြေကြားတဲ့လူတွေကို လေးလေးစားစားပြောဆိုဆက် ဆံပါတယ်။ အရပ်သား နား၊ မျက်လုံးနဲ့ ကြည့်ရရင်တော့ ကျေနပ်တယ်လို့ပြောရမယ်”ဟု အခင်းဖြစ်ပွားချိန်တွင် အခြားတစ်မြို့သို့ ရောက်ရှိနေပြီး ယခု ခေါ်ယူမေး မြန်းခံရသည့် တောင်ကုတ်မြို့မှ ရခိုင်အမျိုးသားတစ်ဦးက 7 Day News သို့ပြောသည်။
ယင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်ဆေးရာ တွင်မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊ အုပ်စုဖွဲ့ကျူးလွန်စဉ်ဦးဆောင်သူများ၊ ပြစ်မှုကျူးလွန်သူများ၊ အခင်းမဖြစ်ပွား မီနှင့် ဖြစ်ပွားပြီးနောက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း (သို့) ဆောင်ရွက်နိုင်မှုအခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင် မြင်ယူဆချက်၊ စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံတို့နှင့်အညီစုံစမ်းစစ်ဆေးကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံ တော်သမ္မတထံ တိုက်ရိုက်အစီ ရင်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“မေးမြန်းတာတွေကို မနက် ၇ နာရီလောက်ကနေ ည ၇ နာရီ၊ ၈ နာရီလောက်အထိလုပ်တယ်”ဟု ယမန်နေ့က သွားရောက်ထွက်ဆိုခဲ့သည့် ဒေသခံတစ်ဦးက ပြော သည်။ အခင်းဖြစ်ပွားသည့်နေ့က တောင်ကုတ်-သံတွဲလမ်းခွဆုံရှိ လမ်းညွှန်ဆိုင်းဘုတ်ပေါ်မှ ဖုန်း၊ အမ်ပီဖိုးများဖြင့် ဓာတ်ပုံရိုက်နေသူ များရှိခဲ့ရာ ယင်းဓာတ်ပုံတွင်ပါဝင်သူများနှင့် ရုပ်ဆင်တူသူများကို ရဲမှတစ်ဆင့် ခေါ်ယူကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မေးမြန်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးတစ်ဦးအား ဧည့်နိုင်ငံသား ဘင်္ဂါလီအမျိုးသားသုံးဦးက အဓမ္မပြုကျင့်ကာ ပစ္စည်း လုယက်၊ သတ်ဖြတ်ခဲ့မှုဂယက်ကြောင့် တောင်ကုတ်မြို့တွင် ယင်းသို့ နောက်ဆက်တွဲ မှုခင်းဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ ဆူပူသောင်းကျန်းမှုများ ဆက်လက်ဖြစ်ပွားကာ နိုင်ငံတော်မှ နေ၀င်မီးငြိမ်းအမိန့်သာမက အရေးပေါ်အခြေအနေထုတ်ပြန်ရသည်အထိ ဖြစ်ပေါ် ခဲ့ရသည်။

BY 7DAY NEWS

ဘကြီးသက်
Unknown at 3:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့

မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍ တရားခံ မာမတ်ရော်ဖီး (ခ) လှဝင်း နှင့် လူလု(ခ)ခေါ်ချီး(ခ)မြင့်ဆွေ(အဖြူ) တို့အား  ပုဒ်မ ၃၇၆(မုဒိမ်မှု)၊၃၉၂(လုယက်မှု)၊၃၀၂/၁(၈)(မသေမချင်းသတ်မှူ) တို့ကိုကျူးလွန်သည့်အတွက် ၃၂၀(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

“သူတို့နှစ်ယောက်ကို ကျောက်ဖြူတရားရုံးက သေမိန့်ချလိုက်ပြီး၊ အယူခံဝင်ခွင့် ၇ရက်ပေးထားတယ်။ ဒီနေ့ ကျောက်ဖြူ-စစ်တွေ လေယဉ်ခရီးစဉ်နဲ့ ကျောက်ဖြူကနေ စစ်တွေကို နေ့လည်ဘက် ၂း၃၀ နာရီမှာ ခေါ်ဆောင်သွားပြီ၊ ၇ရက်အတွင်း အယူခံမ၀င်ဘူးဆိုရင်တော့ စစ်တွေမှာဘဲ ကြိုးမိန့်ပေးမယ်ထင်တယ်”ဟု ကျောက်ဖြူ လူငယ်တစ်ဦးမှ ပြောပြသည်။

၎င်းတရားခံ နှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားရန်ရှိသဖြင့် ကျောက်ဖြူ-စစ်တွေ လေယဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များမှာ လိုက်ပါခွင့်မရခဲ့ကြောင်း သိရှိရသည်။ စစ်တွေလေဆိပ်တွင် စစ်ကား ၃စီးဖြင့် လုံခြုံရေးယူထားပြီး၊ လေဆိပ်အတွင်းသို့ မည်သူမှ ၀င်ခွင့်မရကြောင်းလည်း သိရှိရသည်။

by ကိုထွန်းနိုင်-အာရကန်တိုင်းမ်စ်
ဘကြီးသက်
Unknown at 3:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံမဲ့ အကြောင်း

နိုင်ငံမဲ့ (Stateless) ဆိုတာကို အနည်းငယ် ပြောပြလိုပါတယ်။ မြန်မာတွေ ပြည်ပကို ထွက်နေတာ အများကြီးရှိလို့ သိသူတွေလည်း အတော်များများ ရှိကြမှာပါ။

လက်ရှိ နိုင်ငံတကာရဲ့ အနေအထားမှာ ဘယ်သူမဆို အခြားနိုင်ငံတခုကို တရားဝင် ဝင်ရောက်လာပြီး ရက်ကျော် (Overstay) နေထိုင်ရင် (သို့) ခိုးဝင် (Illegal entry) လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ (သူကြိုက်သလို ရေးဆွဲထားတဲ့) လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ရင်ဆိုင်ရပါတယ်။
အဲဒီဥပဒေရဲ့ စီရင်ဆုံးဖြတ်ချက် မတိုင်မီ လ-ဝ-က ဥပဒေဘောင် အတွင်းကပဲ နေထိုင်ရပါတယ်။

အဲဒါကြောင့် အလုပ်လုပ်ခွင့် မရှိတာတို့၊ လက်ထပ်ရင် အသိပေး / ခွင့်တောင်းရတာတို့၊ အခြားနယ်မြေကို ကူးသန်း သွားလာခွင့် မရှိတာတို့၊ ကျောင်းတက်ခွင့် မရတာ၊ ကျန်းမာရေး ခံစားခွင့် မရှိတာ စတဲ့ နိုင်ငံသားတွေ ရတဲ့ အခွင့်အရေးမျိုးတွေ မရနိုင်တာကို လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေဘက်က အရင် နားလည်ထားရမှာ ဖြစ်ပါတယ်။

ဒုက္ခသည် ရက်ဖြူဂျီ (Refugee) အဖြစ် လျှောက်ခွင့် ရှိတာ / မရှိတာ၊ ခံစားခွင့် ပြုတာ / မပြုတာမျိုးကလည်း နိုင်ငံတခုနဲ့တခု မတူကြပါဘူး။ လျှောက်ထားသူတွေကိုလည်း တဦးချင်းမှာ အမှုတခုချင်းအလိုက် (case by case) သီးသန့်စီ အထပ်ထပ် အချိန်ယူ စစ်ဆေးပုံချင်းလည်း မတူပါဘူး။ ဒီလိုကြားကာလတွေမှာ လူ့အခွင့်အရေး ခံစားခွင့်တွေကို နိုင်ငံသားတွေနဲ့ တန်းတူမရတာက လက်ရှိ နိုင်ငံတကာရဲ့ အခြေအနေပါပဲ။

လ-ဝ-က ဥပဒေကို ချိုးဖောက်သူမှန်သမျှ ပြည်နှင်ဒဏ် (Deportation) ပေးခံကြရပါတယ်။ မိခင်နိုင်ငံက လက်မခံလို့၊ ဒါမှမဟုတ် မိခင်နိုင်ငံက နိုင်ငံရေး (သို့) စီးပွားရေး (သို့) အခြားတခုခုအရ ပြန်လည် လက်မခံနိုင်စရာ အကြောင်းရင်းက ခိုင်လုံနေရင်တော့ ပြည်နှင်ဒဏ် ပေးလို့ မရတာကြောင့် လက်ခံပေးနိုင်မယ့် တတိယနိုင်ငံကို စီစဉ်ရပါတယ်။ တတိယနိုင်ငံလည်း မရှိဘူးဆိုရင် ရောက်ရှိရာနိုင်ငံမှာပဲ နိုင်ငံမဲ့ (Stateless) အဖြစ် နေထိုင်ရပါတယ်။ ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိသွားပြီးတာတောင်မှ နိုင်ငံသား မဖြစ်သေးပါဘူး။ ဒါဟာလည်း နိုင်ငံမဲ့ (Stateless) ဖြစ်နေတာ တခုပါပဲ။

လ-ဝ-က ဥပဒေ ပေါ့လျော့ရင် ပြည်ပကနေ တိုင်းတပါးသားတွေ အစုလိုက် အပြုံလိုက် ဝင်လာနိုင်တာ နိုင်ငံတိုင်းက သိလို့ အတတ်နိုင်ဆုံး ကာကွယ်ကြပါတယ်။ နိုင်ငံကို ကာကွယ်ဖို့ ဆိုတဲ့အရေးမှာ ပြည်ပစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာတာကို ခုခံဖို့ တခုတည်း မဟုတ်ပါဘူး။ တရားဝင် လာရောက်ပြီး ရက်ကျော်နေထိုင်တာ၊ တရားမဝင် ခိုးဝင်တာတွေကိုလည်း ကာကွယ်ရပါတယ်။ နိုင်ငံရဲ့ ဝိသေသလက္ခဏာတွေ မပျက်စီးစေရဖို့အပြင် လုံခြုံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ အစစအရာရာကို ကာကွယ်ထားနိုင်ဖို့ အသေးစိတ် တွက်ချက်ပြင်ဆင်ပြီး စီမံရပါတယ်။

ပြည်ပမှ လာရောက်နေထိုင်သူတွေက လ-ဝ-က ဥပဒေ ချိုးဖောက်ထားရင် နိုင်ငံတကာမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းကို ထည့်တွက်လေ့ရှိကြပေမယ့် နိုင်ငံအလိုက် လူ့အခွင့်အရေးကိစ္စတွေမှာ အနိမ့်ဆုံး အဆင့် သတ်မှတ်ပုံချင်း မတူကြပါဘူး။ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှု၊ စာနာမှု၊ မိမိနိုင်ငံရဲ့ တန်ဖိုးကို ထိန်းသိမ်းမှု၊ စိုးရိမ်ကြောင့်ကျစရာ အနေအထားတို့အပေါ်မှာ မူတည်ရုံသာမက လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေရဲ့ ရည်ရွယ်ချက်၊ တန်ဖိုးအနေအထား စတဲ့ အကြောင်းအမျိုးမျိုးတို့အပေါ်မှာလည်း မူတည်ပါတယ်။

ဒါကြောင့် ပြည်ပက လာရောက်ပြီး လ-ဝ-က ဥပဒေ ချိုးဖောက်ထားသူတွေအတွက် လူ့အခွင့်အရေးကိစ္စ တခုတည်းကို ရှေ့တန်းတင်ထားလို့ မရနိုင်ပါဘူး။ ဒုက္ခသည်အဖြစ် လျှောက်ထားရတဲ့ အကြောင်းရင်းတွေကို အမှန်အတိုင်း တင်ပြဖို့၊ ဥပဒေဘောင်ဝင်ဖို့ ဆိုတာတွေကလည်း သိပ်အရေးကြီးပါတယ်။ လူကုန်ကူးတာ (Human-trafficking) တွေကလည်း မဖြစ်မနေ တားဆီးရတဲ့ အရေးကြီး ပြဿနာတခု ဖြစ်နေပါတယ်။ ပြောစရာတွေက များလွန်းလှပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ကိစ္စတွေမှာ သေချာတာကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ခေတ်စနစ်နဲ့အညီ အသင့်တော်ဆုံးဖြစ်အောင် ပြန်လည်စိစစ် ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဝန်ထမ်း အနေအထားကိုလည်း အလားတူ စိစစ်ပြင်ဆင် စီမံထားဖို့ လိုပါလိမ့်မယ်။ နယ်ခြားဒေသတွေကနေ တရားမဝင် ခိုးဝင်လာသူတွေကို တားဆီးဖို့ လိုအပ်ရင် စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေကိုလည်း ခေတ်စနစ်နဲ့အညီ အကောင်းဆုံး ဖြစ်သင့်ပါတယ်။ ဒီလိုပဲ နိုင်ငံသားဖြစ်မှု အပေါ်မှာ တိုင်းပြည်ရှေ့ရေးကို မျှော်တွေး ကြံဆပြီး အမြဲတမ်း အကောင်းဆုံး ဖြစ်နေသင့်ပါတယ်။

လွင်အောင်စိုး
၂၁-၆-၂ဝ၁၂  

ဘကြီးသက်
Unknown at 3:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.