Thursday, June 21, 2012

ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မှ ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ မြန်မာအစိုးရ ရဲစခန်းတစ်ခုကို ၁၇ ရက် တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ သုံးဦး ကြည်ဆံထိမှန်သွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ၁၀ ဦးကျော်ရှိသည့် ၎င်းရဲစခန်းတွင် တိုက်ခိုက်ဖြိုဖျက်စဉ် ရဲသား ၃ ဦးကို ကျည်ဆံ ထိမှန်ခဲ့သော်လည်း သေဆုံးမှုကိုမူ မသိရသေးကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

၎င်းရဲစခန်းကို တိုက်ခိုက်ဖျက်စီးခဲ့သည့်အကြောင်းနှင့်ပက်သက်၍ တပ်မဟာ (၄) အရာရှိက “ရဲစခန်းကို ဖြိုချဖျက်စီးရတာက ရဲတွေနဲ့ မူးယစ်တွေပေါင်းပြီး ကျနော်တို့ အမျိုးသားတွေကို အမြစ်ပျက်စေတဲ့ အတွက်ဖြစ်တယ်။ ကျနော်တို့ရဲ့အမှု ပြဿနာတွေကို အရေးမလုပ်ပေးဘူး။ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတယ်။ တချို့တွေကိုတော့ ကချင်တွေ၊ ကချင်လူငယ်များကို ဘိန်းစားပြီးသေဆုံးစေတဲ့ အစီအစဉ်နဲ့ ဘိန်းတွေရောင်းခိုင်းတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နေ့ ၁၈ ရက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃၆)သည် အင်အားတိုးချဲ့လာသော မြန်မာအစိုးရ စစ်တပ်ကား ၂ စီးကို နမ်ဝူးတွင် တိုက်ခိုက်ခဲ့က်ရာ အစိုးရစစ်သား ၁၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ရှိကြောင်း KIA အရာရှိပြောသည်။

၎င်း မြန်မာတပ်ယာဉ်တန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၃)တပ် နှင့် ခလရ (၄၅) တပ်များဖြစ်ကြောင်း သိရသည်။

ယခုအချိန်မြန်မာတပ်များသည် နမ်တောင်နှင့် မုံဘော်တွင် တပ်စစ်အား၂၀၀ နီးပါးနှင့် ထိုးစစ်ဆင်နေကြောင်း ဆက်လက်သိရသည်။

၎င်းယာဉ်တန်းများနှင့်တိုက်ခိုက်စဉ်တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ၀င် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်းသိရသည်။

နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသော်လည်း တဖက်တွင် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်နေဆဲဖြစ်သည်။

By KNG

ဘကြီးသက်
Unknown at 3:45 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.