Wednesday, June 13, 2012

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း(၃)


နောက်တစ်ခု သဘောပေါက်စေချင်တာက ဘူးသီးတောင်၊ မောင်တောနယ်စပ်က တဘက်ကနေ ဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ မြန်မာပြည်တွင်းမှာ ဘိုးဘွားမိဘ လက်ထက်ကတည်းနေလို့ ပေါက်ဖွား ကြီးပြင်းလာတဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်သူတွေ ဟိန္ဒူဘာသာဝင်တွေ ဆစ်ခ်တွေ ပန်ချာဘီနဲ့ ဂေါ်ရခါးတွေဟာ မတူညီကြပါဘူး။ ပြည်တွင်းက ကုလားအမျိုးသားတွေဟာ မြန်မာပြည်ကို မြန်မာတွေအတိုင်းပဲ ချစ်ကြတယ်။ မြန်မာစိတ်ရှိတယ်။ မြန်မာလို တွေးခေါ်ကြတယ်။ ပြည်ပမှာဆိုရင် တစ်ခြားနိုင်ငံသားတွေနဲ့ မြန်မာတွေ တစ်ခုခုချိတ်စောင်းမိရင် မြန်မာဆိုတဲ့အသိနဲ့ မြန်မာဘက်ကနေ ပါတဲ့သူတွေပါ။ အစွန်းရောက် ဘာသာရေး အတွေးအခေါ်ရှိသူ တချို့ကတော့ ချွင်းချက်ပါပဲ။ မူဆလင်တွေကတော့ ဘာသာရေးသာ တူညီတယ် လူမျိုးမတူဘူး ဆိုတာလည်း သတိပြုမိစေချင်ပါတယ်။


ကိုမြအေး ထောက်ပြ ပြောဆိုခဲ့တာကလည်း အတော်ကောင်းပါတယ်။ အမှန်ပါပဲ။ ပြည်တွင်းက မူဆလင်အမျိုးသားများ သတိပြုသင့်ပါတယ်။ အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေးလို ဖန်တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ်တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့ အစွန်းရောက်တဲ့သူများ ရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင်အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေးကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။

ရိုဟင်ဂျာအစား ဘင်္ဂလီလူမျိုး ဒါမှမဟုတ် ဘင်္ဂလီကုလားမျိုးလို့ သုံးသင့်တာကလွဲလို့ လေးစားလောက်တဲ့ ပြတ်သားတဲ့ အတွေးနဲ့အပြော ဖြစ်ပါတယ်။ တချို့မြန်မာတွေတောင်မှ ဒီလိုမပြတ်သားပဲ အီးယောင်ဝါးလုပ်ပြီး ပြောနေကြတာပါ။ ဘင်္ဂလီအရေးဖြစ်ပြီး မူဆလင်ဘာသာရေး မဟုတ်ပါဘူး။ ဘင်္ဂလီကိစ္စဟာ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီးမှ ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကိစ္စတစ်ခုပါ။ ဘင်္ဂလီတွေဟာ မူဆလင်ဘာသာရေးကို ဘန်းပြပြီး ပြည်တွင်းက အစွန်းရောက် မူဆလင်တချို့နဲ့ အဆက်အစပ် လုပ်လာတဲ့သဘော တွေ့နေရပါတယ်။ ဘာသာရေးဆက်စပ်မူလုပ်ပြီး ညီအစ်ကိုဖွဲ့လို့ လူမျိုးရေးကို ကျူးကျော်လာချင်တဲ့ သဘောပါ။ ရခိုင်နယ်စပ် အရေးကိစ္စတွေမှာ အစိုးရရဲ့ပေါ်လစီဟာ ပြတ်သားမူမရှိပဲ မှားယွင်းနေခဲ့ပါတယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး ဖြစ်နေပြီး ရခိုင်တိုင်းရင်းသားတွေအပေါ် တချို့သော အစိုးရအဖွဲ့ဝင်တွေဟာ သဘောထား မမှန်ခဲ့တာတွေဟာလည်း အမှားတွေပါပဲ။

တကယ်တော့ ပြည်မပြည်တွင်းနေ မူဆလင်အမျိုးသားတွေနဲ့ ဘင်္ဂလီတွေ ချိတ်ဆက်ပေးခဲ့ကြတဲ့အထဲမှာ  တပ်မတော်လူမိုက်ကြီး ဗိုလ်မောင်ဦးတောင် ပါပါတယ်။ ဒါတွေကို ဒီနေ့ဦးသိန်းစိန်အစိုးရအဖွဲ့ အီးယောင်ဝါး လုပ်မနေပဲ တိကျပြတ်သားတဲ့ ဥပဒေပြဌာန်းမူတွေ၊ ကာကွယ်စောင့်ရှောက်မူတွေ ဥပဒေစိုးမိုးမူ ရှိစေရေး ဆောင်ရွက်မူတွေ နယ်စပ်လုံခြုံရေး ဆောင်ရွက်မူတွေကို လုပ်ကြဖို့သင့်ပါတယ်။ ဥပဒေစိုးမိုးရေးမှာ ဒေသအခြေစိုက် တပ်ရင်းတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးဖို့ ဘူးသီးတောင်၊ မောင်တောဒေသအတွက် လိုအပ်နေပါတယ်။


တဆက်တည်းမှာ ပြည်တွင်းမှာရှိတဲ့ မူဆလင်ဘာသာဝင်များကို အသိပေးချင်တာကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွန်းမရောက်ဖို့နဲ့ ဘာသာရေးအရ သွေးထိုးမူကို လက်မခံဖို့ပဲ ဖြစ်ပါတယ်။ အစွန်းမရောက်သရွေ့ ထိပါးမစော်ကားသရွေ့ မိမိတို့ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်တာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေကို စတင် မစော်ကားခဲ့ဖူးပါဘူး။ ပြဿနာရှိခဲ့ရင်တောင် မေ့မေ့ပျောက်ပျောက် ထားခဲ့ကြတယ်ဆိုတာ မြန်မာအကြောင်း နားလည်တဲ့သူတိုင်း သိကြပါတယ်။ ပြဿနာကို စချင်တာက အစွန်းရောက် မူဆလင် တချို့တော့ ရှိနေပါတယ်။ မြန်မာမကို ယူနိုင်ရင် ငွေထောက်ပံ့မယ် တစ်ပြည်လုံး မူဆလင်ဖြစ်ရမယ် စသဖြင့် လုပ်နေတာတွေ၊ အဓမ္မ ဘာသာထဲ ဝင်ခိုင်းတာတွေ အခြားဘာသာဝင်တွေရဲ့ ကိုးကွယ်ရာကို နင်းခိုင်းပြီးမှ ဘာသာရေး သွပ်သွင်းမှုတွေ လုပ်တာမျိုးတွေဟာ ကိုယ်တွေ့ရော အခြား အထောက်အထားတွေရော ရှိနေပါတယ်။ ဆရာဦးဆန်းလွင်ကိုယ်တိုင် ဟောပြောပြထားတွေကိုလည်း နားထောင်ဖတ်ရှု နိုင်ပါတယ်။ ဒီတော့ ဘာသာရေးအရရော လူမျိုးရေးအရရော အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေချင်ရင် အစွန်းရောက်မူဆလင်များကို အခြား မူဆလင်ဘာသာဝင်များ အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းသင့်ပါတယ်။ အရှင်ဝီရသူကလည်း ဒီလို တိုက်တွန်းထားခဲ့ပါတယ်။ ထို့ကြောင့် မူဆလင်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသော အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံ့ရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။

တကယ်တော့ ဘင်္ဂလီတွေဟာ ပြည်တွင်းမှာသာ မဟုတ်ပဲ ပြည်ပမှာတောင် ရိုဟင်ဂျာလူမျိုး မြန်မာတိုင်းရင်းသားဆိုပြီး လိမ်လည်နေတာပါ။ မြန်မာစိတ်ရှိတဲ့ မြန်မာမူဆလင် မိတ်ဆွေတွေက လက်မခံကြောင်း၊ မိမိတို့နဲ့ လူမျိုးမတူကြောင်း ပြောပြရှာပါတယ်။ တချို့ကျတော့လည်း ဘာသာတူတာကို အကြောင်းပြုလို့ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်လျှောက်ရာမှာ ရန်ကုန်မြို့တွင်း နေထိုင် မွေးဖွားကြီးပြင်းခဲ့ပါလျက် ရိုဟင်ဂျာပါဆိုပြီး ဒုက္ခသည်ယောင်ဆောင်တဲ့သူ တချို့တော့ ချွင်းချက်ပါ။ အဲဒီတော့ ဖေါ်ပြခဲ့တဲ့ အချက်အလက်များကို ပြန်ပြီးစုစည်း နိဂုံးချုပ်ရရင် ဘင်္ဂလီပြဿနာသည် ယခင်ကပင် ဖြစ်ပေါ်ဖို့ တည်ရှိနေသော အကြောင်းများကြောင့်၎င်း၊ လတ်တလော ဘီဘီစီပြဿနာကောင်နှင့် လူမဆန်စွာ မုဒိန်းကျင့် လူသတ်မူတို့ကြောင့်၎င်း ဖြစ်ပေါ်လာခဲ့ရာ ဖြစ်ပါတယ်။ အစိုးရကို၎င်း၊ အဖွဲ့အစည်းတစ်ခုခုကို၎င်း စနစ်တကျ ပြဿနာဖန်တီးနေတာပါလို့ ရေးနေ ပြောနေတာတွေ၊ အာအက်ဖ်အေက လန်ကျုတ်လုပ် ဗျူးတာတွေကသာ ပြဿနာကြီးထွားလာဖို့ ဖန်တီးနေခြင်းနဲ့ ပြည်သူလူထုကို အထင်အမြင်မှားစေဖို့ အာရုံလမ်းလွှဲဖို့ လုပ်နေတာတွေဖြစ်ကြောင်း နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ ယခုပြဿနာဟာ မူလရှိထားတဲ့ ဘင်္ဂလီလူမျိုး ပြဿနာအပေါ် အခြေခံနေပါတယ်။ မူဆလင်ဘာသာဝင်တွေ ဖြစ်သော်လည်း မူဆလင် ဘာသာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်တွင်းက မူဆလင်တွေကို ဘာသာရေးတူညီမူနဲ့ ဆွဲသွင်းနိုင်သလို ပြည်တွင်းက မူဆလင်အစွန်းရောက်များကလည်း ပါဝင်ပတ်သက်လာနိုင်တဲ့အတွက် ပြည်တွင်းက မူဆလင်ခေါင်းဆောင်ပိုင်းက ကိုမြအေးနည်းတူ ဝိုင်းဝန်း ထိန်းသိမ်းကြရပါလိမ့်မယ်။


ပြည်တွင်းမှာ ဘာသာတရားအားလုံး ဘယ်ဘာသာတရားကိုမျှ ထိပါးပုတ်ခတ် စော်ကားတာတွေမလုပ်ပဲ ညီညွတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့ အဆုံးအမပေးရန် ဘာသာရေးခေါင်းဆောင်တိုင်းမှာ တာဝန်ရှိပါတယ်။ မီဒီယာတွေ အနေနဲ့လည်း မလိုလားအပ်တဲ့ အင်တာဗျူးတွေ ဆောင်းပါးတွေ ပါဝင်မလာစေရေးအတွက် စီစီစစ်စစ် လုပ်ကြသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတခါ ပြည်သူလူထုကို လိမ်လည် လှည့်ဖျားလာသူတွေဟာ မီဒီယာတချို့ဖြစ်လို့ပါပဲ။ နိဂုံးချုပ်မှာ အထူး တိုက်တွန်းချင်တာကတော့ နှစ်ချက်ရှိပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးအလေးပေး ဆောင်ရွက်ဖို့ပါ။ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ရှိပြီး စည်းလုံးလို့ အင်အားတောင့်တင်းနေရင် ဘယ်တရုတ်နိုင်ငံ ကုလားနိုင်ငံကိုမှ ကြောက်နေဒူးထောက်နေဖို့ အကြောင်းမရှိပါဘူး။ တိုင်းရင်းသားများရဲ့ ယုံကြည်မူကို မတည်ဆောင်နိုင်တဲ့ ဗိုလ်သန်းရွှေရဲ့ အားနည်းချက်တွေ အမှားတွေကိုလည်း လက်ရှိမှာ အမြန်ဆုံး ပြုပြင်စေလိုပါတယ်။ နောက်တချက်ကတော့ အစ္စလာမ်ဘာသာ ဘာသာရေးခေါင်းဆောင်များကလည်း  ဘင်္ဂလီအရေးကိစ္စသည် ဘာသာအရေးမဟုတ်ပဲ ဘင်္ဂလီလူမျိုးရေးသာဖြစ်ကြောင်းကို ပြည်တွင်းနေမူဆလင်တို့အား အသိပေးထားရန်နှင့် ကိုမြအေးလို ပြတ်ပြတ်သားသား ထုတ်ဖေါ်ကြေညာ ရပ်တည်ပေးဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
http://www.photayokeking.org
ဘကြီးသက်
Unknown at 11:29 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း(၂ )



မောင်တောမြို့ ပဋိပက္ခအတွင်း ဘင်္ဂလီလူမျိုးများ



ပြန်ပြီးဆက်ရရင် ဘင်္ဂလီတွေဟာ စကတည်းကယဉ်သကို ဆိုသလို မူဂျာဟစ်သောင်းကျန်းသူ၊ ကုလားဆိုး သောင်းကျန်းသူတွေအဖြစ်နဲ့ ဒေသခံရခိုင်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုကာ နယ်မြေသိမ်းဖို့ လုပ်လာခဲ့ကြတဲ့အတွက်  တပ်မတော်က စစ်ကြောင်းတွေက ဝင်ရောက် ရှင်းလင်းခဲ့ကြရပါတယ်။ နောက်ပိုင်းမှာလည်း သူတို့ဟာ ဘင်္ဂလီမူဆလင် ဒေသတစ်ခု ထူထောင်ဖို့ကို ရည်ရွယ်လှုပ်ရှားခဲ့ပါတယ်။ နိုင်ငံရေးအရသော်၎င်း၊ စစ်ရေးအရသော်၎င်း မူဂျာဟစ်များ၊ ယခု အယ်လ်ကိုင်ဒါများနဲ့ ချိတ်ဆက် စစ်သင်တန်းတွေတက်လို့ ပြင်ဆင်ထားခဲ့ကြပါတယ်။ အတိတ်ကဆိုရင် ၁၉၄၂ သမိုင်းကြောင်း၊ ၁၉၈၈ သမိုင်းကြောင်းတွေ များစွာ ရှိခဲ့ပါတယ်။ ဘင်္ဂလီတွေက ရခိုင်တိုင်းရင်းသားတွေကို တိုက်ခိုက် သတ်ဖြတ်ခဲ့တာတွေပါ။

၁၉၉၂ မှာတောင်မှ လူ (၁၅၀၀) ကျော် (မြန်မာစစ်တပ် တပ်ရင်းတစ်ခုမှာ ဖွဲ့စည်းပုံအပြည့်ဆိုရင် ၇၈၃ ယောက် ဝန်းကျင်ရှိခဲ့တာပါ) လှေနဲ့ကူးလာပြီး ကြိုတင်ဝှက်ထားတဲ့ လက်နက် ခဲယမ်းတွေ ကားခုနှစ်စီးကျော်ကျော်နဲ့ လူလက်နက်ဖွဲ့စည်းမှု မပြုနိုင်ခင်လေးမှာ လက်မတင်လေး တားဆီးရှင်းလင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဘင်္ဂလီအမာခံများဟာ မောင်တော၊ ဘူးသီးတောင်မှာ အများကြီး ခိုအောင်းနေခဲ့ကြပါတယ်။ တကယ်လို့ ဘင်္ဂလီတွေဟာ ဖွဲ့စည်းပုံ လုပ်ပြီးသွားရင်တော့ မောင်တော ဘူးသီးတောင်ဒေသဟာ သွေးချောင်းစီးပြီး သူတို့လက်အောက် ကျရောက်သွားခဲ့နိုင်ပါတယ်။

ဒါတွေက တကယ်ဖြစ်ခဲ့တာပါ။ ကျောက်ပန်းနုရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာ ဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲ သိမ်းမိပါတယ်၊ လက်နက်တွေ အများကြီးလို့ ဒေသခံတွေဆီက သိခဲ့ရပါတယ်။ သူတို့နဲ့ လက်နက်နဲ့သာ တွဲမိလိုက်ရင် မလွယ်ပါဘူး။ အဲဒီတုန်းက ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ မီဒီယာတွေက အရမ်းအော်ခဲ့ကြပါတယ်။ ဘီဘီစီ၊ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ။ ဒေသခံတွေရဲ့ ပြောစကားအရတော့  မြန်မာဘက်ကမ်းမှာ ရှိနေခဲ့တဲ့ အမာခံတွေ အများစုကိုပါ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီတုန်းကစပြီး  နစကတပ်ဆိုတာကို စတင်ဖွဲ့စည်းပြီး သူတို့ကို ထိန်းချုပ်ခဲ့တာလို့ သိရပါတယ်။
(ဒေါက်တာဇာနည် ပြောကြားချက်) ။ ယခုထက်ထိ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ဒီနယ်မြေကို သိမ်းပိုက်နိုင်ရန် အစီအစဉ်ချထားမှုက အခိုင်အမာ ရှိနှင့်နေပြီးသားပါ။ ဒါဟာ လှုံ့ဆော်နေတာ မဟုတ်ပဲ ရခိုင်တိုင်းရင်းသားများနဲ့တကွ မြန်မာပြည်သူလူထု တစ်ရပ်လုံးက မျက်စိကိုဖွင့် နားကိုစွင့်ပြီး အထူးသတိပြုထားနိုင်ဖို့ ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် လူသားချင်းစာနာပါဆိုတဲ့ နိုင်ငံရေးလိုလို စကားတွေဟာ ဒီလိုဘင်္ဂလီ အဖျက်သမားတွေကို နှိမ်နင်းရာမှာ အနှောက်အယှက်များစွာ ဖြစ်စေပါတယ်။ ပြည်“မ”နေ မြန်မာနိုင်ငံရေးသမား ဆိုသူတွေကိုယ်တိုင် ကောင်းကောင်း သဘောမပေါက်ကြတာပါ။  ဒီနယ်မြေကိုလည်း မရောက်ဖူးဘူး၊ ဒီသမိုင်းကိုလည်း မလေ့လာဖူးဘဲ စာဖတ်ပြီး ပြောနေကြသလိုပါပဲ။ တကယ်က မြန်မာတိုင်းရင်းသားတွေဟာ စိတ်ရင်းစေတနာကောင်းပြီး ယဉ်ကျေးပြီးသားပါ။ ဒါကို ဘင်္ဂလီပြဿနာဖြစ်မှ ဆရာကြီး ဆရာမကြီးလေသံတွေနဲ့ ဆောင်းပါးတွေရေးကြ အသံတွေဗျူးပေးကြနဲ့ ကိုရွှေတို့ အတော်အလုပ်များကြပါတယ်။ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုစာမျိုးနဲ့ ဆရာကြီး  လုပ်ထားတာကို တွေ့နိုင်ပါတယ်။



(ပထမ ရာဇဝတ်မှုဖြစ်စဉ် (အဓမ္မ သားမယားပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှု) မှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေရဲ့ လူမျိုး၊ ဘာသာမတူမှုကို အသားပေးပြောဆို သွေးထိုးလှုံ့ဆော်စည်းရုံးပြီး အရက်၊ မူးယစ်ဆေးဝါး တိုက်ကျွေး သွေးဆောင်ခံခဲ့ရတဲ့ အသိပညာ အခြေခံနည်း လူတချို့လည်း ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် စတင် အစီအစဉ်ချ၊ လမ်းကြောင်းပေးတာကတော့ အစိုးရ (သို့) အစိုးရထောက်ခံသူ အဖွဲ့အစည်းတစ်ခုခုရဲ့ ဦးဆောင်မှု၊ ပါဝင်ပတ်သက်မှုဆိုတာ ဖြစ်စဉ်ကိုလေ့လာရင် ထင်ရှားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ လူနည်းစု လူမျိုးခြား၊ ဘာသာခြားတွေကို အဆင့်တန်းရှိရှိ ခေါ်ဝေါ်ပြောဆိုသုံးနှုန်းမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။ မြန်မာ - ခရစ်ယာန်၊ မြန်မာ - မွတ်ဆလင်၊ မြန်မာ - ဟိန္ဒူ၊ မြန်မာ - တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ - အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား) စသည်ဖြင့် ယဉ်ကျေးစွာ တစ်ဦးချင်း စံနမူပြု သုံးစွဲခြင်းဖြင့်) ငြိမ်းချမ်းအေး ဆိုသူပါ။ သူဟာ ရှင်မဖြူကျွန်းကိစ္စ၊ ရေပြင်ပိုင်နက်ကိစ္စတွေမှာလည်း အခံဘက် အပေးဘက်ကနေ ဗမာတွေဟာ အာသံ၊ မဏိပူရအရေးမှာ ဝင်စွက်ဖက်တယ်ဆိုတာမျိုး၊ မဟာဗန္ဓုလဟာ ဗြိတိသျှပိုင် စိန့်မာတင်ကျွန်းပေါ်ကို လူမိုက်ဆန်ဆန် တက်ရောက် တိုက်ခိုက်သိမ်းပိုက်တာ ဆိုတာမျိုးနဲ့ မြန်မာစိတ်ဓါတ်ကို ရိုက်ချိုးခဲ့သူပါ။ မြန်မာစစ်စစ်တစ်ယောက်မှ ဟုတ်ပါရဲ့လားလို့ သံသယ၀င်မိပါတယ်။



ရှင်းရှင်းလေး တွေးကြည့်လိုက်ကြပါ။ မြန်မာတွေဟာ သည်းခံစိတ်နဲ့ ယဉ်ကျေးသိမ်မွေ့ စိတ်ကောင်းရှိလို့  မြန်မာပြည်ဖွား တရုတ်ကုလားတွေ ကောင်းကောင်းမွန်မွန်နဲ့ သူတို့ကိုယ်ပိုင်စီးပွားရေးနဲ့ အေးအေးချမ်းချမ်း မြန်မာမြေပေါ်မှာ ရပ်တည် နေထိုင်နိုင်ကြတာပေါ့ခင်ဗျာ။ ဒါပေမယ့် အမျိုး၊ ဘာသာ၊ သာသနာကို ထိခိုက် စော်ကားလာချိန်မျိုးမှာ တရားဥပဒေစိုးမိုးမှုကလည်း ချက်ခြင်းတုန့်ပြန် မပေးနိုင်တဲ့အခါ အဆင်သင့်သလို လက်တုန့်ပြန်နေကြတာ အမျိုးချစ်စိတ်ရှိသူတွေရဲ့ သဘာဝပါပဲ။ မူဆလင်ဘာသာဝင် အစ္စလာမ် ဘာသာဝင်လို့ ရှိပေမယ့် မူဆလင်လူမျိုးရယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ အဆင်ပြေအောင် ခေါ်လိုက်တဲ့သဘောပါ။ အဲဒီတော့ ရှေးကတည်းက နှိမ်တာမဟုတ်ပဲ ကုလားဖြူ၊ ကုလားမဲ ခေါ်လာကြတယ်။ မိစ္ဆာဒိဌိလူမျိုးလို့ ခေါ်နေတာကနေတောင် ပြောင်းလဲခေါ်လာခဲ့ကြတယ်။ ပဝေသဏီက ခေါ်လာတော့ နှုတ်ကျိုးနေပြီဗျာ။ ခင်မင်တဲ့ သူငယ်ချင်းတွေကိုတောင် ချစ်ရင်လည်းကုလားလို့ခေါ် ဒေါသထွက်ရင်လည်း ကုလားလို့ခေါ်တာပါ။ ဆရာက အခုမှ တရုတ်ကိုတော့ မြန်မာတရုတ်လို့ပြောပြီး ကုလားကျတော့ မြန်မာအိန္ဒိယ မြန်မာမူဆလင်၊ မြန်မာဟိန္ဒူတဲ့။ မြန်မာခရစ်ယာန်တဲ့။ မရှိပါဘူး။ တိုင်းရင်းသားအားလုံးက မြန်မာတွေပါ။ လူမျိုးစုကို ခွဲခြားသိချင်ရင်သာ ဥပမာ - ကချင်လူမျိုး ကိုးကွယ်ရာက ဗုဒ္ဓဘာသာ (သို့) ခရစ်ယာန်။ ကရင်လူမျိုး ကိုးကွယ်တာက ဗုဒ္ဓဘာသာ (သို့) ခရစ်ယာန်ပေါ့ဗျာ။ ရှင်းနေတာကို ရှုပ်အောင် ဝင်လုပ်နေတယ်။ နိုင်ငံခြား ရောက်နေကြသူတွေဆိုရင်တော့ ခေါ်ရတာ အဆင်ပြေမယ်။



မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက သဘောထားထုတ်ပြန်ကြေညာချက်မှာ ကျောက်နီမော်က ရခိုင်အမျိုးသမီးလေးကို လည်လှီးသတ်ဖြတ်ကာ မုဒိန်းကျင့်သတ်မူအတွက် ရှုံ့ချတယ်ဆိုတာ မပါဝင်ထားတာဟာလည်း စဉ်းစားစရာပါ။ ဒီလို လည်လှီးသတ်တာနဲ့ ပတ်သက်လို့ ဗဟုသုတ ပြောပြပါဦးမယ်။

[#]သားပေါ်မည့်သူဟာ မွတ်ဆလင်တစ်ဦးဖြစ်ပြီး စိတ်ပုံမှန်ရှိ စိတ်ကျန်းမာသူ။ (စိတ်ပေါ့သွတ်သူမဟုတ်ရ)[/#]
[#]သားပေါ်မည့် သတ္တဝါသည် တရားတော်နှင့် ညီညွတ်ရမည်။ (ဝက် တောဝက် ခွေး မြွေ မျောက် ကျား ခြသေ့င်္ ဝက်ဝံ ကြွက် ကင်းခြေများ ကင်းမြီးကောက် ဖား မိချောင်း ပရွက်ဆိတ် ပျား သန်း ယင်ကောင် လောက် မြည်း လား အဆိပ်ရှိ သတ္တဝါများ မဟုတ်ရ)၊[/#]
[#]သားပေါ်မည့် သတ္တဝါသည် အရှင် (သို့) အသက်ရှင်နေရမည်။[/#]
[#]သားပေါ်တိုင်း နှုတ်မှ ဘစ်စမီလာဟ် အလ္လာဟ်အရှင် နာမတော်ကို အောက်မေ့ရွတ်ဆို ပူဇော်သည်နှင့် သားပေါ်ခြင်း အမူပြုရမည်။[/#]
[#]သားသတ်ရန် ကိရိယာသည် ချွန်ထက်ပြတ်ရှသော ပစ္စည်းမျိုးဖြစ်ပြီး သတ်နေစဉ်အတွင်း သတ်သည့်ကိရိယာသည် သတ္တဝါနှင့်ကင်းကွာခြင်း  မရှိစေရ (အကြိမ်ကြိမ် ခုတ်ထစ် သတ်ဖြတ်ခြင်း  မဟုတ်ပဲ ကြိတ်လှီးခြင်း)[/#]
[#]သားသတ်ရာတွင် အသတ်ခံသတ္တဝါ၏ လည်မျိုတဝိုက်ရှိ လေပြွန်၊ အစာရေစာမျိုလမ်းကြောင်း၊ ပင်မသွေးကြောနှင့် သွေးပြန်ကြောများကိုပါ တပါတည်း ပိုင်းဖြတ်စေရမည်။ တဲ့….ခင်ဗျ။ လည်လှီးအသတ်ခံရမည့် သတ္တဝါဟာ အနှီစာရေးသူ ငြိမ်းချမ်းအေးသာ ဖြစ်နေရင် ဘယ်လို ခံစားနေမလည်းဆိုတာ ခဏဝင်စဉ်းစားဖို့ပါ။[/#]

ဒါတွေ တင်ပြရေးသားနေတာဟာ လှုံ့ဆော်ခြင်း၊ စော်ကားခြင်း၊ မုန်းတီးခြင်းများ အလျဉ်းမပါရှိပါ။ အဖြစ်မှန်အတိုင်း မြန်မာတိုင်းရင်းသားတွေ သိရှိနားလည် သဘောပေါက်စေရေးကိုသာ ရည်ရွယ်ပါတယ်။

အပိုင်း (၃) ကိုဆက်ဖတ်ပါရန်

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘကြီးသက်
Unknown at 11:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း(၁)


ယနေ့မီဒီယာတွေမှာ ဘင်္ဂလီကိစ္စနဲ့ ပတ်သက်ပြီး အချို့ဆောင်းပါးများ၊ သတင်းများဟာ မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုအတွက် အဆိပ်အတောက်တွေ ဖြစ်နေတာ တွေ့ရတဲ့အတွက် တာဝန်သိရင် တာဝန်ရှိတယ်ဆိုသလို ရေးသား တင်ပြလိုက်ရပါတယ်။ စာရေးသားသူအချို့ဟာ ကမြောက်ကခြောက် မဟုတ်ကြပါဘူး။ နိုင်ငံခြားနေ ပညာတတ်ဆိုသူတွေ ပါဝင်ပါတယ်။ စာဖတ်ပရိသတ်အချို့ရဲ့ ကွန်မင့်တွေကိုကြည့်တော့ အကျိုးရှိတဲ့စာပေမျိုး၊ ဗဟုသုတများတဲ့စာမျိုးကို များများဖတ်ပုံမျိုး မတွေ့ရသလို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်တိုင်းထွာပြီး ယုံကြည်လက်ခံတာမျိုးကိုလည်း ကောင်းစွာ မတွေ့ရပဲ ပညာတတ်တွေ ရေးတာပဲဆိုတဲ့ အသိသက်သက်နဲ့ လုံးထွေးအီးယောင်ဝါးလုပ်ပြီး လက်ခံနေကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါး ခေါင်းစဉ်ကိုရေးတော့ ရင်းနှီးတဲ့ ကျွန်တော့်မိတ်ဆွေတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တာပဲ ရေးပါလို့ ပြောကြပါတယ်။ အမှန်တော့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမူရေး၊ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမူ အစရှိသည်ဖြင့် အကုန်လုံး အကျုးံဝင် ဆက်စပ်နေတာပါ။ တစ်ခုခုမှာ ပြဿနာဝင်နေပြီဆိုရင် နိုင်ငံရေး အုပ်ချုပ်ရေးကိုပဲ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် တနည်းတဖုံ အကြောင်းအကျိုး ဆက်စပ်နေတာကိုထောက်ပြီး အကြောင်းအရာ ရှုထောင့်အမျိုးမျိုးကနေ ရေးသားတင်ပြနေခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ပင် တရားမ၀င် ခိုးကူးဝင်ရောက်တဲ့ ဘင်္ဂလီများကို ထိုင်းရဲများမှ ဖမ်းဆီးထားပုံ


ယခုလတ်တလော အကြောင်းအရာတစ်ခုကို ကြားထိုးတင်ပြချင်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့ နယ်မြေမှာ ရခိုင်နဲ့ဘင်္ဂလီတွေအကြား ပြဿနာတွေ ဖြစ်ပွားနေပါတယ်။ ဒါဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့ အကြောင်းအကျိုး ဆက်နွယ်မှု (causes and affects) တစ်ခုပါ။ ပြန်ခွဲရင် လတ်တလောအကြောင်းရင်း (immediate causes) နဲ့ နောက်ခံအကြောင်းတရားများ (root causes) ဆိုတာကို တွေ့ကြရမှာပါ။ မီဒီယာတွေမှာ အီးယောင်ဝါး ရေးနေကြတာမျိုး ဗိုလ်ကျော်ဆန်းနဲ့ ဦးအောင်သောင်းတို့လို လူဆိုးလူကြမ်းတွေနဲ့ မပတ်သက်သလို အစိုးရရဲ့ နိုင်ငံရေးအာရုံပြောင်းဖို့ လှည့်ကွက် လုံးဝမပါပါဘူး။ အခြေခံက ရခိုင်တိုင်းရင်းသူတစ်ဦးကို မုဒိမ်းကျင့် လူသတ်တဲ့ကိစ္စကနေ ပြဿနာစလာတာကိုပဲ  စံနစ်တကျ အဖွဲ့တစ်ခုက ဖန်တီးနေတာလိုလို အာအက်ဖ်အေရဲ့ လေသံတွေ၊ တရုတ်ဗမာ အဓိကရုဏ်းမျိုး ဖေါ်ပြပြီး သက်သေထူနေတဲ့သူတွေ၊ အိညက်ညက် နိုင်ငံရေးလေသံမျိုးနဲ့  ပြတ်ပြတ်သားသား သဘောထားကို မပြောရဲသလိုလိုလူတွေ၊ လူသားချင်း စာနာထောက်ထားသလိုလို လူ့အခွင့်အရေးကိုပဲ အရမ်းလေးစားသူတွေလိုလို ငြိမ်းချမ်းရေး လိုလားနေသူတွေလိုလို စတဲ့လိုလိုသမားတွေ တတ်ယောင်ကားတွေလည်း အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။



တချိန်က လှေစီးပြီး စီးပွားရေးသွားလုပ်ဖို့ ဘင်္ဂလားကနေထွက်ခွာရင်း ထိုင်းရေတပ်က ဖမ်းမိတော့ ရိုဟင်ဂျာကို လူသားချင်းစာနာပါဆိုတဲ့ နိုင်ငံရေးသမားလိုလို ဆောင်းပါးသမားလိုလို နိုင်ငံခြားနေ အချို့သော အမျိုးသား အမျိုးသမီးတွေ (မြန်မာစစ်စစ်တော့ ဟုတ်ဟန်မတူပါ) လည်း ရှိကြပါသေးတယ်။  ၁၉၉၀ ခုလောက်ကဆိုရင် နဝတကို ဆဲဖို့လောက်သာတွေးနေတဲ့ နိုင်ငံရေးအမြင် မရှိသူတွေက ရခိုင်ပြည်နယ်မှာ စစ်တပ်တွေဖွင့်တော့ ရန်သူမရှိတဲ့ရခိုင်မှာ ဘာလို့ စစ်တပ်တွေ အများကြီးဖွင့်ရတာလည်းလို့ လက်ညှိုးထိုး ဖွခဲ့ကြပါတယ်။ တကယ်တော့ တိုင်းရင်းသားရခိုင်နယ်မြေမှာ မမြင်ရတဲ့ ရန်သူတွေရော မြင်ရတဲ့ ရန်သူတွေရော ရှိနေခဲ့ကြပါတယ်။ အဲဒါကို အရင်ဆုံး သဘောပေါက်နေခဲ့ကြသူတွေမှာ ဘင်္ဂလားရော အနောက်နိုင်ငံကြီး အချို့ရော အာရှကနိုင်ငံအချို့ရော ပါဝင်သလို လှုပ်ရှားမူတွေလည်း ရှိနေခဲ့ကြပါတယ်။ NGO တွေ UNHCR တွေ ဆိုတာဟာလည်း ရခိုင်တိုင်းရင်းသားများအတွက် မဟုတ်ပဲ မယောင်ရာဆီလူးပြီး လူသားချင်းစာနာမှု အစီအစဉ် ခေါင်းစဉ်ပြကာ ဘင်္ဂါလီ ကျေးရွာများအတွက် ကယ်တင်စောင့်ရှောက်ခဲ့တဲ့ လုပ်ငန်းလိုမျိုး ကြံစည်လှုပ်ရှား နေခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။


ပြဿနာဖြစ်ပွားရခြင်းရဲ့ လတ်တလော အကြောင်းအရာကိုကြည့်ရင် နံပါတ်တစ်က - မြန်မာနိုင်ငံမြေပုံ ရခိုင်တိုင်းရင်းသား နယ်မြေနေရာမှာ ဘင်္ဂလီတွေရဲ့ပုံကို ထည့်ပြီး ဝါဒဖြန့်ပေးခဲ့တဲ့ ဘီဘီစီ အသံလွှင့်ဌာနရဲ့ လှုံ့ဆော်မူ၊ နံပါတ်နှစ်က - ရခိုင်အမျိုးသမီး မသီတာထွေး အသက် (၂၇) နှစ်ကို မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးသုံးဦးက မုဒိန်းကျင့်ပြီး လည်ပင်းကိုလှီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။ နံပါတ်တစ်ဖြစ်စဉ်ကိုကြည့်ရင် ဘီဘီစီဟာ မြန်မာနိုင်ငံအပေါ် သွေးထိုးလှုံ့ဆော်မူပြုရာမှာ ကြိုတင်မျှော်တွေးနိုင်ပြီး ထိရောက်အောင် ဆောင်ရွက်တဲ့ နေရာမှာ သိပ်ထူးချွန်နေတာ တွေ့ရပါတယ်။


နယ်စပ်ဒေသဆိုတာ နှစ်ဘက်ကူးလူး ဆက်ဆံမူများ ရှိနေပြီး ရေကြည်ရာမြက်နုရာဘက်ကို ပြောင်းရွှေ့အခြေချတတ်တာ သဘာဝပါ။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ ဘင်္ဂလီတွေ ကူးဝင်နေထိုင်နေကြတယ်ဆိုတာ ကလေးသိခွေးသိ သိနိုင်တဲ့အချက်ပါ။ ဘင်္ဂလားဒေသဟာ သမိုင်းအရ ခရစ်တော်မပေါ်မှီကာလ ဓည၀တီခေတ် မင်းဆက်များ၊ ရခိုင်မင်းများပိုင်ဆိုင်သော ဒေသဖြစ်ခဲ့ပြီး ၁၆ ရာစုအကုန်လောက်မှာ မဂိုမူဆလင်ဘုရင်များ လက်အောက် ကျရောက်ခဲ့ရပါတယ်။ ဗုဒ္ဓဘာသာထွန်းကားရာ နယ်မြေတစ်ခု ဖြစ်ခဲ့သော်လည်း ထိုအချိန်ကစပြီး မူစလင်ဘာသာ နေရာယူခဲ့ပါတယ်။ ရခိုင်လူမျိုးများဟာလည်း စစ်တကောင်းတောင်တန်းများ တဝိုက်မှာ ခိုအောင်းနေခဲ့ကြပြီး အဝကျွန်းများရှိရာဒေသ နတ်မြစ်ရဲ့ တဘက်ကမ်း ဘူးသီးတောင်၊ မောင်တောနယ်စပ်တွေမှာ နေထိုင်ခဲ့ကြပါတယ်။ မြန်မာဘုရင်လက်ထက် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကို စောင့်ရှောက်ရတဲ့ ဗြိတိသျှစစ်တပ်တို့ မတိုက်ခိုက်ခင် အချိန်ထိ နတ်မြစ်တလျောက် ရှင်မဖြူကျွန်း အပါအဝင်မှာ ရခိုင်တိုင်းရင်းသားတို့ နေထိုင်လာခဲ့ကြပြီး အင်္ဂလိပ်က ရခိုင်ကို သိမ်းပိုက်ချိန်ကစလို့ ဘင်္ဂလီတွေ စတင် ဝင်ရောက်လာခဲ့ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က သိမ်းပိုက်ထားချိန်မှာတော့ ဘူးသီးတောင် မောင်တောနယ်စပ်ကနေ ဘင်္ဂလီတွေ အများအပြား လှိမ့်ဝင်လာခဲ့ကြလို့ မြန်မာပြည်ဘုရင်ခံကတောင် တားဆီးယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။


အိန္ဒိယက မြန်မာနိုင်ငံထက်စောပြီး လွတ်လပ်ရေးရချိန်မှာ ဘင်္ဂလားဒေသဟာ အိန္ဒိယ၊ ပါကစ္စတန် လက်အောက်ခံဖြစ်ခဲ့ပြီး နောက်တော့ အရှေ့ပါကစ္စတန်ကို ပုန်ကန် ခွဲထွက်လာခဲ့ကြပါတယ်။ ရှင်မဖြူကျွန်းဟာလည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရကတည်းက ဘင်္ဂလားလက်ထဲ ပါသွားခဲ့ပါတယ်။ ပါကစ္စတန်နဲ့အိန္ဒိယ ခွဲချိန်မှာ ဘင်္ဂလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်ကိုတောင် ပါကစ္စတန်နယ်မြေထဲထည့်ဖို့ လှုပ်ရှားခဲ့ဖူးပါတယ်။ နောက်ပိုင်း အများအပြား ထပ်မံခိုးဝင်လာခဲ့ကြတာကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ၀မ်းတင်လက်ထက်တွင် နဂါးမင်းစစ်ဆင်ရေးနဲ့ တားဆီးခဲ့ရာမှာ ဘင်္ဂလားဘက် ပြန်ပြေးသွားတဲ့ဘင်္ဂလီတွေကို ကုလသမဂ္ဂအစီအစဉ်နဲ့ ပြန်ပြေးသွားတဲ့ အရေအတွက်ထက် ပိုမိုပြီး လက်ခံပေးခဲ့ရပြန်ပါတယ်။ http://bdcburma.wordpress.com/ မှာ အခြေအနေကို လေ့လာကြည့်ရူနိုင်ပါတယ်။  ဦးနေဝင်း လက်ထက်မှာပါ။ သို့သော်လည်း ဝင်လာမစဲ တသဲသဲရှိနေခဲ့ပြီး ပြည်မထဲက ရန်ကုန်အထိ ဝင်လာနိုင်ခဲ့ကြတာ ကိုယ်တွေ့မို့ စာရေးသူတောင် လန့်သွားခဲ့မိပါတယ်။ မှတ်ပုံတင်လည်းမရှိ မြန်မာ စကားလည်း တစ်လုံးမှ မတတ်သူတွေဖြစ်ပြီး အချိန်ကာလအားဖြင့် ရန်ကုန်မှာ စစ်တပ်နဲ့နယက တယက မယက ရယကတို့က  ကိုယ့်မိဘပြည်သူလူထုကို ကောင်းကောင်းကြီး နှိပ်စက်နေတဲ့ အချိန်ထဲမှာပါ။ (ဧည့်စာရင်းကို မြန်မာချင်း ခြင်ထောင်လှန်စစ်ပြီး အရံမီးသတ်နဲ့ အလိုတော်ရိ ရပ်ကွက်လူကြီးဆိုသူတွေက မူးရူးအနိုင်ကျင့်နေချိန်မှာပါ။)
ဆက်လက်ဖော်ပြပါမည်
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဘကြီးသက်
Unknown at 11:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၁၃-၀၆-၂၀၁၂ ရခိုင် သတင်းများ



ယမန်နေ့ ညနေ ၅ နာရီ ခန့်က စစ်တွေမြို့ အရှေ့ဘက်ရှိ ပေါက်တောမြို့ အကွက် အမှတ်၃ တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိကြောင်းသိရသည်။ ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားသဖြင့် ရခိုင်တိုင်းရင်းသားများက ခုခံကာကွယ်ရာမှ ထိုသို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် အနည်းဆုံး လူ ၄ ဦးခန့် သေဆုံးကြောင်း သိရှိရသည်။

ယနေ့ ကြေးမုံသတင်းစာပါ သတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်း လတ်တလော အကြမ်းဖက်ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်နေ့မှ ၁၁ရက် နေ့အတွင်း လူနေအိမ် ၁၆၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ ထို့အပြင် လူ ၂၁ဦးသေဆုံးခဲ့ပြီး ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား သည်။

လတ်တလော မတည်မငြိမ်ဖြစ်နေသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရေပြင်နယ်နမိတ် ဖြတ်ကျော်ဝင်ရောက်လာသူများကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်မခံဘဲ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။
ယမန်နေ့က ထိုသို့ဝင်ရောက်လာသူများ၏ စက်လှေသုံးစင်းကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြန်မောင်းထုတ်ခဲ့သည်။ ထို့အပြင် အခြား စက်လှေ ၁၁ စင်းကိုလည်း ကမ်းကပ်ခွင့်မပေးဘဲ ပြန်မောင်းထုတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားသည်။


ရခိုင်ပြည်နယ်အတွင်လတ်တလောရုန်း
ရင်းဆန်ခတ်ဖြစ်ပွားမှု့များကြောင့်ဇွန်လ၈ရက်မှ ၁၁ရက်အတွင်းလူ၂၁ဦးသေဆုံးခဲ့ေ ကြာင်းယနေ့(ဇွန်၁၃)ထုတ်နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။ အဆိုပါအကြမ်းဖက်မှု့များကြောင လူ၂၁ဦးလည်းဒဏ်ရာရရှိခဲ့ကြောင်းဖ်ာပြထားသည်။ အိမ်၁၆၆၂လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ် ၁၈စီး ဆိုင်ခန်းခြောက်ခန်း၊ထော်လာဂျီသုံးစီး၊စက်ဘီးကိုးစီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

နောက်ဆုံးရရှိသော သတင်းများအရ NGO အဖွဲ့အစည်းတချို့မှ ပုဂ္ဂိုလ်တချို့ ပါဝင်ပတ်သတ်မှုရှိနေပြီး စစ်တွေ AZG အဖွဲ့မှ ဘင်္ဂါလီလူမျိုး ဦးကျော်လှအောင်အား အယ်လ်ကိုင်ဒါများနှင့် ဆက်သွယ်ထားသော စာရွက်စာတမ်းများနှင့်အတူ ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက
ဖမ်းဆီးရမိခဲ့ သဖြင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း အမှတ်(၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက 7Day News သို့ပြောသည်။

စစ်တွေမြို့ပေါ်တွင် မီးရှို့မှုများပြုလုပ်နေသော ဘင်္ဂါလီလူမျိုးများ ရှိနေပြီး စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်ကို မီးရှို့ကာ ပင်လယ်အတွင်း ထွက်ပြေးရန်
ကြိုးစားသော ဘင်္ဂါလီလူမျိုးတစ်ဦးကို လက်ရဖမ်းဆီးရမိကာ အမှတ်(၁) ရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။


မောင်တောမြို့တွင်ဖြစ်ပွားနေသော
မတည်ငြိမ်မှု့များကြောင့် တက္ကသိုလ် ၀င်တန်းအောင်စာရင်းများကို ယနေ့အထိထုတ်ပြန်ကြေငြာခြင်းမ ရှိသေးကြောင်း မောင်တောမြို့မှ 7Day News သတင်းထောက်က သတင်းပေး ပို့သည် ။ မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ၉ ရက်က အောင်စာရင်းများထုတ်ပြန်ခဲ့သော်လည်း ထိုအချိန် တွင် မောင်တာ၌မတည်ငြိမ်မှု့များဖြစ်နေသဖြင့် အောင်စာရင်းထုတ်ပြန် ကြေငြာနိုင်ခြင်းမရှိဘဲ အောင်စာရင်းသိလိုသူများမှာ စစ်တွေနှင့်ရန်ကုန်မြို့ ရှိ ဆွေမျိုး၊မိတ်ဆွေများထံ ဆက်သွယ်စုံစမ်းနေကြရကြောင်းသိရသည်။

မောင်တောမြို့ ယနေ့ အခြေအနေသည် ညနေ ၄နာရီ ၅၀ မိနစ်အချိန်အထိ တည်ငြိမ်အေးဆေးလျက်ရှိပြီး မိုများလည်း ရွာသွန်းနေကြောင်းနှင့် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာလုံလောက်မှု မရှိသည့် အခြေအနေကို ကြုံတွေ့နေရကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 9:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာ ပြဿနာဟာ …ဘယ်လောက်ကြီးမားနိုင်ပါသလဲ

 မေသင်္ကြန်ဟိန် (မြစ်မခ) ဇွန် ၁၃၊ ရန်ုကုန်မြို့။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ အခြေအနေ

ဇွန်လ ၁၃၊ ၂၀၁၂

ယနေ့ နံနက် ၈နာရီခွဲ ၀န်းကျင်ခန့်အချိန်မှစပြီး စစ်တွေမြို့တွင်းတွင် လူငါးဦးစသော လူစုလူဝေးဖြင့် အပြင်မထွက်ရဟူသော အမိန့်ကို စစ်တပ်မှ ထုတ်ပြန်ခဲ့ကြောင်း စစ်တွေမြို့ခံ မြစ်မခ သတင်းထောက်ကသတင်းပို့ပေးပါတယ်။

ဒါ့အပြင် စစ်တွေမြို့ပေါ်က မွတ်ဆလင်တွေကို တနေရာတည်းမှာစုထားပြီး လုံထိန်းဝိုင်းထားတယ်၊ စောင့်ကြည့်နေတယ်လို့လည်း မွတ်ဆလင်ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့က ဒေသခံမွတ်စလင်တဦးကို ဖုန်းဆက်မေးမြန်းတော့ လက်ရှိအခြေအနေကို သူက ခုလိုပြောဆိုတယ်။

`ဗလီမှာ ရေသွားခပ်ရတယ်၊ ရေမရတာ ၁၀ ရက်ရှိပြီ၊ မီးကတော့ မနေ့ကစဖြတ်တယ်။ ဆန်ကိုတော့ စစ်တပ်နဲ့ ရန်ကုန်က အလှူရှင်တွေက ပေးတယ်၊ လူမှုရေးအသင်းတွေဆီက ရတယ်၊စားဝတ်နေရေးကတော့ အခက်အခဲရှိနေပြီ၊ အိမ်ပြင်ကို တယောက်ချင်းစီပဲ ထွက်လို့ရတော့တယ်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်`ဟု အဆိုပါ မြန်မာ-မွတ်ဆလင်က ပြောပါတယ်။

ယနေ့မှာတော့ နေ့လည် ၁နာရီ ၀န်းကျင်ထိ လက်ရှိအခြေအနေအရ စစ်တွေမြို့တွင်းတွင် ငြိမ်သက်လျက်ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။


ဇွန်လ ၁၂၊ ၂၀၁၂

မနက် (ဇွန်လ ၁၂) ရက်နေ့ ၁၀ နာရီမှာ စစ်တွေကို ဖုန်းခေါ်ပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသား ကုန်သည်တယောက်ဆီကို ဖုန်းဝင်သွားခဲ့တယ်။ သူ့အသံက တုန်နေတယ်။ ပြီးတော့  စကားလုံးတွေက မကွဲဘူး။

`ခုပဲ ဓည၀တီရပ်ကွက်က ဘုန်းကြီးကျောင်းကို ဘင်္ဂလီတွေ မီးရှို့နေပြီ၊ သူတို့က လူအင်အားများတော့ ဒီက လူတွေ မနိုင်တော့ဘူး၊ ကျနော်လည်း ` ..ဆိုတဲ့ အသံနဲ့အတူ လူအော်သံတွေကြားပြီးစကားမဆုံးခင်မှာပဲ ဖုန်းလိုင်းပြတ်သွားတယ်။

ဖုန်းပြန်ခေါ်ပေမဲ့ ဖုန်းမကိုင်တော့ဘူး။ ဖုန်းမကိုင်လေ ကျမအနေနဲ့ စိတ်ပူမိလေပါပဲ၊ ရှိသမျှ စစ်တွေ ဖုန်းတွေကို တလုံးပြီး တလုံးခေါ်နေမိတယ်။ ခဏကြာတော့ စစ်တွေမြို့မှာ နေထိုင်တဲ့ ဗမာရှေ့နေတဦးဆီကို ဖုန်းဝင်သွားတယ်။

`ဒီမှာက လုံထိန်းရဲကလည်း ခြောက်လှန့်တဲ့ သဘောပဲ ပစ်နေတယ်။ ခုချိန်ထိတော့ တပ်ကလုံးဝ မပစ်ဘူး ။ မီးရှို့တာကတော့ နှစ်ဖက်စလုံးက ရှို့နေကြတာပဲ။ လုံထိန်းတွေက ၀င်ရှို့တာမျိုးလည်း မရှိပါဘူး။ ရိုဟင်ဂျာတွေကတော့ ရခိုင်တွေထက် လူအင်အားပိုများတယ်၊ သူတို့က အုပ်စုအင်အားတောင့်တယ်၊ လုံထိန်းတွေကိုတော့ ကြောက်ပုံမရဘူး`` လို့ ပြောတယ်။

နာရီဝက်လောက် ကြာတော့ မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက်က စစ်တွေကနေ ဖုန်းဆက်လာခဲ့တယ်။သူ့အသံကလည်းေ လာလော လောလောနဲ့ပါပဲ။

`နာဇီရပ်ကွက်ကို ဘင်္ဂလီတွေ ၀ိုင်းထားတယ် အမ၊ သူတို့ဘက်က လူ ၁ သောင်းလောက်ရှိတယ်၊ ဒါးတွေ ဒုတ်တွေရော သေနပ်တွေလည်း ပါတယ်။  ဒီမှာရခိုင်နဲ့ ရဲ ၂ ထောင်လောက်က ခုခံနေရတယ်၊ ကျနော်လည်း ပြေးနေရတယ်၊ ခုပဲ ရခိုင်တယောက်အသတ်ခံရတယ်လို့ ကြားတယ်။ လူလတ်ပိုင်းပဲ…ကျနော် ဆက်ပို့ပေးပါမယ်`

အဲလို ပဲ ပြောပြီး ဖုန်းချသွားပြန်တယ်။ စစ်တွေမှာ ဇွန်လ ၁၀ ရက်နေ့ နေ့ခင်းပိုင်းကတည်းက အင်တာနက် မရတော့ဘူး၊ စစ်တွေမှာနေထိုင်တဲ့မြစ်မခသတင်းထောက်က ဖုန်းနဲ့ပဲ သတင်းပို့ပေးနေတယ်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့  အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်(၄)မြို့နယ်မှာ ဒုက္ခသည်ပေါင်း တစ်သောင်းကျော်ရှိပြီး စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေကြောင်းဒဏ်ရာရရှိသူများ အတွက် အရေးပေါ်ဆေးဝါး အကူအညီလိုအပ်နေတယ်လို့လည်း သတင်းထောက်က လှမ်းပြီးသတင်းပို့ပေးတယ်။

 “အကူအညီကတော့ လိုအပ်နေတာပဲ ဘာလို့လဲဆိုတော့ နေရာတော်တော်များများမှာ ဒုက္ခသည်တွေ အများကြီးပဲ၊ တစ်သောင်းကျော် လာက်တော့ရှိတယ် ကျွန်တော်တို့ သွားကူညီပေးတာတဲ့ နေရာပေါင်း (၂၇)ခုလောက်ရှိတယ် လာပြီးကူညီပေးနေတာလည်း ရှိတယ်၊ မလုံလောက်ဘူးပေါ့ ဆေးဝါးလည်းလိုတယ် ထိခိုက် ဒဏ်ရာရတဲ့လူတွေလည်း ရှိနေတယ် “ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးက လက်ရှိအခြေအနေကို ပြောပါတယ်။

လက်ရှိ အခြေအနေအရ ဒဏ်ရာရရှိသူ ရခိုင်တိုင်းရင်းသားများရှိသလို၊ ဘင်္ဂါလီများမှာလည်း ရှိကြောင်း သိရပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို မေးမြန်းရင် ရခိုင်ဘက်က ထိခိုက်ဒဏ်ရာရသူ ပိုများကြောင်း ဖြေသလို၊ ဘင်္ဂါလီဘက်ကလည်း သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူ ပိုများတယ်လို့ ဖြေတာပါပဲ။

နှစ်ဘက်စလုံး အပြန်အလှန်ဖြစ်နေကြတဲ့အတွက် ထိခိုက်ဦးရေနဲ့ သေဆုံးဦးရေကိုလည်း အတည်ပြုလို့မရသေးပါဘူး။
ဒုက္ခသည်အရေအတွက်ကိုတော့ ရခိုင်တိုးတက်ရေးပါတီက ခုလို အတည်ပြုပေးပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မြေဗောဓိဓမ္မရိပ်သာတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည်ဦးရေမှာ (၅၅၇)ဦး ၊အလိုတော်ပြည့်   ပရဟိကျောင်း(၂၄၇ )ဦး၊ ဗဟိုကျောင်းတွင်(၇၀)ဦး နှင့် (၄)မိုင်ရဲတပ်ရင်း(၂) တွင် (၃၀၀၀)ဦးရေ ၊ စုစုပေါင်း မောင်တောမြို့နယ်တွင် ဒုက္ခသည်ဦးရေ (၇၀၀၀) ဝန်းကျင်ရှိပြီး ၊ စစ်တွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် ပညာသင်ကျောင်းများတွင် ၄၉၀၀ (လေးထောင့်ကိုးရာ )ဦးရေရှိကာ၊ ဘူးသီးတောင်မြို့နယ် ရှိ အ.လ.က ကျောင်းတွင်(၁၃၀၀)ဦးခန့်ရှိကြောင်းနှင့် ရသေ့တောင်မြို့နယ်တွင် ဒုက္ခသည် (၂၀၀၀)၀န်းကျင် ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပြုစုထားသော စာရင်းများအရ သိရပါတယ်။

ဘူးသီးတောင်၊ မောင်းတောမှာလည်း
လက်ရှိအခြေအနေမှာတော့ ဘူးသီးတောင်၊မောင်တေားဒေသတွေမှာ အကြမ်းဖက်မှုတွေအနေနဲ့ ငြိမ်သက်သွားကြောင်းကိုလည်း သတင်းစကားများအရ ကြားရပါတယ်။


ရခိုင်ပြည်နယ်မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာတွေမှာ  ဇွန်လ ၈ ရက်နေ့မွန်းလွဲပိုင်းမှစတင်ပြီး ဘဂါင်္လီရိုဟင်ဂျာများက လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့တဲ့ အတွက်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနက အမိန့်အမှတ် ၁/ ၂၀၁၂ဖြင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

 ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက မောင်တောမြို့မှာ ဘဂါင်္လီရိုဟင်ဂျာထောင်ဂဏန်းခန့်ကှိမြို့မပရိယတ္တိစာသင်တိုက်ကိုဖျက်ဆီးခြင်းနဲ့ မာင်တောမြို့နယ် အတွင်းရှိ ကျေးရွာတွေမှာ လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်ခိုခန်း စသည်တို့ကို  မီးရှို့ဖျက်ဆီးခြင်း၊  ရန်ပြုသတ်ဖြတ်ခြင်းများ  ဖြစ်ပေါ်ခဲ့ကြောင်း၊  ထိုကဲ့သို့  ဆူပူအကြမ်းဖက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေသည့်အတွက် ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ် တို့တွင် ညမထွက်ရ အမိန့်(ပုဒ်မ ၁၄၄)ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ပြဿနာရဲ့ အစ

အဆိုပါကိစ္စရပ်များဖြစ်ပေါ်ခဲ့ရခြင်းအစမှာ မေလ(၂၈)ရက်နေ့တွင် မသီတာထွေးအသတ်ခံခဲ့ရခြင်းမှ စတင်ခဲ့ပြီး ဂျမာအတ်(၁၀) ဦးအားသတ်ဖြတ်ခဲ့ခြင်းပေါ်မူတည်၍ အဆိုပါ ပြဿနာများဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

 ဇွန်လ ၈ ရက်နေ့မွန်းလွဲပိုင်းတွင် မောင်းတောမြို့၌ ဘင်္ဂလီ ရိုဟင်ဂျာ ထောင်ဂဏန်းခန့်က မြို့မ ပရဟိတ စာသင်တိုက်အား ဖျက်ဆီး ခဲ့ရာမှ   ရခိုင် ရိုဟင်ဂျာ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ အကြမ်းဖျင်းသိထားခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကို ကိုယ်တိုင် မျက်စိနဲ့ မမြင်ရပေမဲ့ စစ်တွေမြို့က ရခိုင်ပြည်နယ် သတင်းထောက် ပေးပို့တဲ့ သတင်းတွေနဲ့ အခြား မီဒီယာတွေမှာတက်နေတဲ့သတင်းတွေမှာတော့ ရခိုင်ပြည်နယ်က အခြေအနေက ဆိုးတာတွေ့ရပါတယ်။

ဘင်္ဂလီတွေ ဘာကြောင့် ဒီလောက်ထိ အကြမ်းဖက်ကြသလဲ၊ ရခိုင်တိုင်းရင်းသားတွေကို သတ်ပြ၊ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေ မီးရှို့ကြသလဲ ဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ မနေ့က ကြားရတဲ့ သတင်းတွေမှာလည်း ဘင်္ဂလီတွေဘက်က လက်နက်ကြီးနဲ့တောင် ပစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာလည်း ကြားရတယ်။

အခြားမိတ်ဆွေတယောက်ကလည်း ကျမကို အီးမေးလှမ်းပြီး ပို့တယ်၊ အခုဖြစ်နေတဲ့ ဒေသမှာနေတဲ့ ဘင်္ဂလီတွေကို ရိုဟင်၈ျာလို့ ခေါ်တယ်၊ သူတို့ကလည်း မြန်မာပြည်မှာ နှစ်ပေါင်းများစွာကြာအောင်နေလာခဲ့တဲ့သူတွေဖြစ်တယ်၊ ဒီလိုအခြေအနေမှာ အစိုးရနဲ့ ရခိုင်နဲ့ ပေါင်းပြီး သူတို့မွတ်ဆလင်တွေကို အစားဖြတ်တာတွေ၊ ရေဖြတ်တာတွေ လုပ်နေတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဘူး၊ ထွက်ရင် လုံထိန်းက ပစ်တယ်လို့ ပြောပါတယ်။ သူ့မိတ်ဆွေ မိသားစုက အေးအေးချမ်းချမ်းနေတဲ့သူတွေပါ မွတ်ဆလင်တွေဖြစ်ပေမဲ့ အကြမ်းဖက်မှုတွေ မရှိပါဘူးလို့လည်း သူက စာထဲမှာ အာမခံပြီး ရေးသားပေးပို့လာပါတယ်။

သတင်းဘယ်လို ရေးသားထုတ်ပြန်နေကြသလဲ

နိုင်ငံတကာမီဒီယာတွေမှာတော့ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနဲ့ မွတ်စ္စလင် ဘာသာရေး ပဋိပက္ခအသွင်နဲ့ ရေးသားနေတာ တွေ့ရတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုကနေ ထုတ်ဝေတဲ့ သည်နေရှင်းမှာတောင် ထိုင်းသတင်းထောက်က တကယ့်မြန်မာပြည်ရဲ့ အဖြစ်မှန်ဖြစ်တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေထက် ဘင်္ဂလီတွေကို ရခိုင်နဲ့လုံထိန်းတွေက နှိမ်နင်းနေတဲ့သဘောမျိုးပဲ ဖော်ပြနေကြတယ်လို့လည်း မိတ်ဆွေတယောက်က ဖုန်းဆက်ပါတယ်။

ပြည်ပ မီဒီယာတွေအနေနဲ့ ပြည်တွင်းက ရခိုင်ဒေသကိုသွားရောက်ပြီး သတင်းမယူနိုင်ကြတဲ့အတွက် သတင်းတွေ လွဲနေတာဖြစ်လိမ့်မယ်လို့လည်း ယူဆမိကြောင်း မိတ်ဆွေက ပြောတယ်။

ပြည်တွင်း ဂျာနယ်တွေနဲ့ ပြည်တွင်းက သတင်းမီဒီယာတွေကတော့ ရခိုင်ပြည်နယ်မှာ သတင်းထောက်တွေ ရှိကြတယ်။ ရခိုင်သတင်းထောက်မရှိတဲ့သတင်းဌာနတွေကလည်း သတင်းထောက်တွေကို စေလွှတ်ကြတယ်၊ ဒါ့အပြင် အချိန်ပြည့် ၂၄နာရီ နီပါး တယ်လီဖုန်းတွေနဲ့ သတင်းယူကြပြီး အချိန်နဲ့အမျှ ရေးသားနေကြတယ်။

လူမှုရေးကွန်ယက်လို့ ပြောတဲ့ facebook နဲ့ ကိုယ်ပိုင် ဘလော့တွေ ပေါ်မှာတော့  ရခိုင်ပြည်နယ်အခြေအနေကို အမြင် သုံးမျိုးနဲ့ ရေးသားနေကြတာ တွေ့ရပါတယ်။ အမြင်တမျိုးကတော့ ဒါဟာ အစိုးရဘက်က ဆင်တဲ့ ထောင်ချောက်လို့ ပြောပြီးရေးသားနေတယ်။

နောက်အမြင်တမျိုးကတော့ ရခိုင်-ဘင်္ဂလီ ပြဿနာဟာရဲ့ နောက်မှာ ရိုဟင်ဂျာတွေ ရှိတယ်၊ မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြပ်အတည်းဖြစ်စေရုံသာမက၊ ရိုဟင်ဂျာတွေအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအထိ တောင်းဆိုဖို့ စီမံကိန်းဖြစ်တယ်ဆိုတာကို အချက်အလက်တွေနဲ့ ရေးသားထားတာတွေ့ရပါတယ်။

နောက်တမျိုးကတော့ မြန်မာမွတ်စ္စလင်တွေကို ရခိုင်နဲ့အစိုးရပေါင်းပြီး အစုလိုက်အပြုံလိုက်သတ်နေပြီ၊ ရခိုင်နဲ့ မွတ်စလင် ပြဿနာမှာ အစိုးရဘက်က ရခိုင်ဘက်ကို လိုက်တယ်၊ မွတ်စလင်တွေကို သတ်ပစ်တယ်ဆိုပြီး ရေးသားနေကြတယ်။

ကျမအနေနဲ့ကတော့ အမြင် ၃ မျိုးစလုံးရေးသားကြတာတွေကို ဖတ်ပါတယ်။ စဉ်းလည်း စဉ်းစားကြည့်ပါတယ်။
အချက်အလက်တွေနဲ့ သမိုင်းနောက်ခံအကြောင်းရင်းတွေပေါ်မှာ အရင်းခံပြီးစဉ်းစားကြည့်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် စဉ်းရတောမယ့်အနေအထား ဖြစ်နေတယ်လို့လည်း ယူဆမိတယ်။

စဉ်းစားကြည့်မယ်ဆိုရင် သမိုင်းနဲ့နောက်ခံအကြောင်းအရာတွေကိုလည်း မသိရင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်မှာ မဟုတ်ဘူးလို့လည်း နားလည်မိပါတယ်။

တကယ်တော့ ရိုဟင်ဂျာ ခေါ်၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ကျမတို့ မြန်မာတိုင်းရင်းသားတွေတော့ မဟုတ်ကြပါဘူး။ သမိုင်းမှတ်တမ်းတွေထဲမှာလည်း ရိုဟင်ဂျာတွေကို တိုင်းရင်းသားတွေထဲမှာ ထည့်မထားဘူး ဆိုတာကိုတော့ ကျမ အနေနဲ့ သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။

ရခိုင်ပြည်နယ် သမိုင်းကြောင်း

ရခိုင်ပြည်နယ်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဓည၀တီ(စစ်တွေခရိုင်) ၊ ရမ္မ၀တီ(ကျောက်ဖြူခရိုင်)နှင့် မေဃ၀တီ(မာန်အောင်ခရိုင်) စသည့် ၀တီလေးရပ်နှင့် ပေါင်းစည်း အပ်သော ရခိုင်ပြည်နယ်မှာ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဟူ၍ ခေတ်လေးခေတ် ထွန်းကားခဲ့တာ တွေ့ရပါတယ်။

သမိုင်းသုတေသနဦးစီးဋ္ဌာနရဲ့ ရခိုင်သမိုင်း မှတ်တမ်းများအရ ဓည၀တီခေတ်သည် ဘီစီ ၃၃၅၂မှ အေဒီ ၃၂၇ အထိ ရှည်ကြာခဲ့ပြီး ခေတ်ဦးရခိုင်တွင် တည်ထောင်ခဲ့သော ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ခေတ်များတွင် ကိုးကွယ်သော ဘာသာမှာ ဟိန္ဒူ ဘာသာနှင့် ဗုဒ္ဓဘာသာတို့ဖြစ်သည်ကို တွေ့ရပါတယ်။

အေဒီ ၁၄၃၀ မှ ရခိုင်ကို ဗဒုံမင်း တိုက်ခိုက်သိမ်းပိုက်တဲ့ အေဒီ ၁၇၈၄ အထိ မည်သူမျှ မွတ်ဆလင်များ မဟုတ်ခဲ့ကြောင်း၊ ရခိုင်တွင် ဘုရင် ၄၈ ဦးနန်းတက်ခဲ့ရာ ၉ဦးသာ မွတ်ဆလင်အမည်ဖြင့် ဒင်္ဂါးသွန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ၉ဦးသည် စစ်တ ကောင်းကို သိမ်းပိုက်အောင်နိုင်ခဲ့သည့် ဘုရင်များဖြစ်သဖြင့် လက်အောက်ခံဒေသတွင် ရှိသည့် ပြည်သူတို့၏ ကြည်ညိုမှု ရရှိ အောင် ဆောင်ရွက်ခြင်းသာ ဖြစ်နိုင်ကြောင်း သမိုင်းသုတေသနဦးစီးဌာနရဲ့ မော်ကွန်းမှာ တွေ့မြင်ရပါတယ်။

 ရခိုင်ဘုရင်လက်ထက်က ရှိစဉ်က သုံ့ပန်းအဖြစ် ဖမ်းဆောင်ခေါ်ယူလာသော မွတ်ဆလင်တွေကို လယ်ယာလုပ်ငန်းတွေမှာ လည်းကောင်း၊ အခြားအမှုထမ်းလုပ်ငန်းများမှာ လည်းကောင်း ပါဝင်ခဲ့ကြပါတယ်။

ဘင်္ဂေါနယ်မှ အခြေချနေထိုင်လာတဲ့ မွတ်ဆလင်တွေကို ရခိုင်ဒေသတွင်း ၁၅ရာစုတွင် စတင်ရောက်ရှိ လာခဲ့ကြောင်း သမိုင်းသုတေသနဌာန၊ မော်ကွန်းအထောအထားများအရ သိရပါတယ်။

ဗြိတိသျှကိုလိုနီခေတ် ဘင်္ဂါလီမွတ်ဆလင် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာခဲ့ခြင်း

တကယ်တော့ ကျမတို့ တိုင်းပြည်ထဲကို ဘင်္ဂါလီမွတ်ဆလင်တွေ စတင်ရောက်ရှိလာခဲ့တာက ကိုလိုနီခေတ်မှာဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရပါတယ်။

၁၇၈၅ ခုနှစ်တွင်ဗဒုံမင်းက ရခိုင်ပဒေသရာဇ်နယ်ကို သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်တို့ သိမ်းပိုက်ထားတဲ့ ဘင်္ဂါနယ်နဲ့ဆက်စပ်လာရာမှာ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးမှာ တင်းမာမှုဖြစ်ပေါ်ပြီးနောက် ၁၈၂၄ တွင် ရှင်မဖြူကျွန်းကို အကြောင်းပြုပြီး အင်္ဂလိပ်- မြန်မာ ပထမစစ်ဖြစ်ပွားခဲ့ရာ ရန္တပိုစာချုပ်ဖြင့် စစ်ရပ်စဲခဲ့ရတယ်၊

အဆိုပါစာချုပ်အရ ရခိုင်နဲ့တနသာင်္ရီက အင်္ဂလိပ် တို့လက်အောက်သို့ ရောက်သွားခဲ့ပြီး ရခိုင်ြပြည်နယ်က  အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဘင်္ဂလားနယ်များနဲ့ တစ်ပေါင်းတည်းတည်ရှိလာခဲ့ကြောင်း သိရပါတယ်။

၁၈၃၉ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီး ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ပြီး၊ ထိုဥပဒေအရ ချမှတ်ထားနဲ့ နယ်မြေအမြောက်အများအတွက် အလုပ်သမားများအနေနဲ့ စစ်တကောင်းမှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများ အများအပြားဝင်ရောက်လာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ထိုမှ စပြီး ဘင်္ဂါနယ်မှ  မွတ်ဆလင်များ နှစ်စဉ်တိုးလာရခြင်းက  ဒေသခံရခိုင်တို့အတွက် နောင်ကာလတွင် အန္တရာယ်ကြီး ဖြစ်လာစေနိုင်တယ်လို့ ဗြိတိသျှအာဏာပိုင်တို့က ယခင်ကပင် သတိပေးခဲ့သည်ကိုလည်း  သမိုင်းသုတေသနဌာနက မှတ်တမ်းများအရ တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်တို့ အခြေအနေ

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ရာ နိုင်ငံတော်အား ဖဆပလ အစိုးရက အုပ်ချုပ်ခဲ့ တယ်၊ ထိုကာလ ရခိုင်တွင်(ရတည) အဖွဲ့က ရခိုင်ပြည်နယ် ရရှိရေးကို  အကြောင်းပြု၍ စည်းရုံးလှုပ်ရှားနေပြီး၊ လွတ်လပ်ရေး မရမီကပင် ဖွဲ့စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့က လွတ်လပ်ရေးရပြီးနောက် ပိုမိုအင်အားတောင့်တင်းလာခဲ့တာကို သမိုင်းမှတ်တမ်းအရ သိရပါတယ်။

၁၉၄၈ မှာ မွတ်ဆလင်လွတ်မြောက်ရေးအဖွဲ့ညီလာခံကို မောင်းတော့မြို့နယ်၊ ကရဗျင်ရွာမှာ ကျင်းပစဉ် အဖွဲ့အမည်ကို မူဂျာဟစ်လို့  တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ရဲ့ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal ဖြစ်ပြီး လက်ထောက်မှာ ဟူစိန်ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ တောင်းဆိုချက်ထဲမှာ  ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင် တို့၏ National Home အဖြစ်သတ်မှတ်ပေးရန်၊ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန်၊ စသည့်အချက်များပါဝင်ကြောင်း သမိုင်းမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။

မူဂျာဟစ်

မူဂျာဟစ်ပြဿနာကတော့ လောလောဆယ်အားဖြင့် ဒုတိယကမ္ဘာစစ်ကြီး၏ ဆိုးမွေတစ်ရပ်ဖြစ်သော်လည်း အတိတ်အားဖြင့် ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမွတ်ဆလင်များ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာခြင်းမှ မြစ်ဖျားခံခဲ့ကြောင်း တွေ့ရပါတယ်။ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေသများသို့ မွတ်ဆလင်ဘာသာဝင် စစ်တကောင်း ဘင်္ဂါလီများ အတားအဆီးမရှိ ၀င်ရောက်လာခြင်းမှ စတင်ခဲ့ပါတယ်။

မူဂျာဟစ်အဖွဲ့များဖြစ်သော အဒူဇော်လီအဖွဲ့၊ ဘီအေဇော်ဖောအဖွဲ့၊ ဇာဖော်အဖွဲ့တို့အား ပူးပေါင်းစေခဲ့ပြီး ၎င်းအဖွဲ့ရဲ အမည်ကို ရိုဟင်ဂျာအမည် ထည့်သွင်းအသုံးပြုကာ “ ရိုဟင်ဂျာ အမျိုးသားလွတ်မြောက်ရေးပါတီ” လနို့ဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။

၎င်းပါတီက ရခိုင်ပါတီများဖြစ်သော ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ရမလ)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ရကပ) တို့ကို ညီညွတ်ရေး ကမ်းလှမ်းခဲ့ကြသည်။ ဆွေးနွေးမှု ပြုလုပ်ရာတွင် (ရမလ)က တစ်ပါတီဖြစ်မြောက်ရေးအတွက် တင်ပြသော်လည်း (ရကပ)က တပ်ပေါင်းစုဖြစ်ရေးတင်ပြခဲ့ပါတယ်။ အဆိုပါ ရိုဟင်ဂျာပါတီက အောက်ပါ အချက်များကို တောင်းဆိုခဲ့ပါတယ်။

 ရိုဟင်ဂျာပါတီက ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရန်၊
ဘူးသီးတောင်၊ မောင်တောနယ်ကို ရိုဟင်ဂျာဒေသအဖြစ် အသိအမှတ်ပြုရန်၊ ရခိုင်ပြည်နယ်လွတ်မြောက်သည့်အခါ အုပ်ချုပ်ရေးတွင် ရခိုင် ၆၀% ၊ ကုလား ၄၀%၊ ပါဝင်ရန်၊အမှန်တကယ်အားဖြင့် ၎င်းအချက်များသည် စစ်ပြီးစ အလယ်သံကျော် မွတ်ဆလင် ညီလာခံက ချမှတ်ထားသော အခြေခံအချက်များကို ဆက်လက်အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်။ (ရကပ)က ထိုတောင်းဆိုချက်များကို လောလောဆယ် သဘောတူညီမှု မပေးနိုင်သော်လည်း တဖြည်းဖြည်းညှိနှိုင်းသွားမည်ဟု ပြန်ကြားခဲ့သည်။ သို့သော် အင်အားချိနဲ့နေသော အဖွဲ့များဖြစ်သဖြင့် ရိုဟင်ဂျာအဖွဲ့၏ တောင်းဆိုချက်အချို့ကို လိုက်လျောခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့မှာ  ရိုဟင်ဂျာပါတီသည် ရိုဟင်ဂျာ(ဘင်္ဂါလီ)၏ တစ်ခုတည်းပါတီ ဖြစ်ကြောင်း သိရသည်။- ထို့ကြောင့် ကုလားအများအပြားရှိသော မောင်တော၊ဘူးသီးတောင်အနောက်ဘက် တောင်ရင်းပိုင်းသည်လည်းကောင်းဘူးသီးတောင်မြို့နယ် ညောင်ချောင်းနှင့် ညောင်ချောင်းအထက်ပိုင်းသည်လည်းကောင်း၊ ရိုဟင်ဂျာ(ကုလားများ) နယ်မြေဖြစ်သည်။-  ပူးတွဲစစ်ကော်မတီ၏ အကြီးအကဲသည် စစ်အင်အားများသော ရိုဟင်ဂျာပါတီမှ ဖြစ်ရမည် ဟူသော အချက်များဖြစ်သည်။ ` ဟု၎င်းတို့ဘက်မှ  တောင်းဆိုခဲ့ကြောင်း မူဂျာဟစ်အလင်းဝင်ခြင်း မှတ်တမ်းတွင် တွေ့မြင်ရပါတယ်။


ရိုဟင်ဂျာပေါ်လာခြင်း

အင်္ဂလိပ်တို့ ရခိုင်ဒေသကို သိမ်းပိုက်ချိန်ထိ ရိုဟင်ဂျာမပေါ်သေးပါဘူး။ ကိုလိုနီခေတ်သမိုင်းရေးသားခဲ့သော ဆရာတွေမှာလည်း အဆိုပါ အသုံးအနှုန်းမရှိသေးကြောင်း အတည်ပြုပြောဆိုကြပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက ၁၉၄၇-ဒုတိယကမ္ဘာစစ်အတွင်းမှာသာ ပေါ်ပေါက်လာတဲ့ အသုံးအနှုန်းဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာ ခေတ်ပညာတတ်ဘင်္ဂလီများက  သမိုင်းကို ဖန်တီးယူပြီး ရိုဟင်ဂျာကို တိုင်းရင်းသားဖြစ်အောင် ဖန်တီးရေးသားခဲ့တယ်လို့ သမိုင်းသုတေသနဦးစီးဋ္ဌာနက မော်ကွန်းဌာနစုရဲ့ မှတ်တမ်းများအရသိရပါတယ်။

မောင်းတောမြို့နယ် ဖြစ်စဉ်သမိုင်းရဲ့ ဖော်ပြချက်မှာတော့ ရိုဟင်ဂျာဟူသောစကားကို အလံနီကွန်မြူနစ်များက မူဂျာဟစ် သူပုန်များအတွက် ထွင်ပေးခဲ့သော အမည်ဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်ပိုင်းများက အလံနီများနှင့်မူဂျာဟစ်များက ယာယီမဟာမိတ်ဖွဲ့ထားပြီး ဖဆပလအစိုးရကို တိုက်ခိုက်နေသော အချိန်လည်းဖြစ်ကြောင်းသိရပါတယ်။

ဘူးသီးတောင် ပါလီမန်အမတ် အဒူဂေါ်ဖော်(ဂဖါး)က ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၁ရက်နေ့ ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်၊ ပထန်နှင့် အာရပ်တို့ သွေးနှောရာမှ ဖြစ်ပေါ်လာသော လူမျိုးသည် ရိုဟင်ဂျာလူမျိုးဖြစ်သည်ဟုလည်းကောင်း၊ ရခိုင်၊ ဘင်္ဂါလီ၊ အူရဒူ၊ ပါရှန်၊ အာရဘီစကားများကို ရောနှော၍ ဖြစ်ပေါ်လာသော စကားသည် ရိုဟင်ဂျာ စကားဖြစ်ကြောင်း တင်ပြခဲ့သည်ဟု  သမိုင်းမှတ်တမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဘင်္ဂါလီတို့အနေဖြင့် ဂျာဟင်ဂျာဟု သမိုင်းအထောက်ထားများဖြင့် ခေါ်ဆိုနေသော်လည်း ရိုဟင်၈ျာလူမျိုးဟုပြောဆိုနေကြသော်လည်း ၁၉၄၇ ခုနှစ်ထိ မည်သည့်သမိုင်းအထောက်အထားတွင်မှ ပါဝင်ခဲ့ခြင်း မရှိသည်ကို တွေ့ရကြောင်း ရခိုင်သမိုင်းသုတေသနအသင်းမှ သိရှိရပါတယ်။

၁၉၆၂ နောက်ပိုင်း အခြေအနေ

ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာယူပြီးချိန် ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထပ်တွင်  ဘင်္ဂါလီတို့၏ နိုင်ငံရေးလှုပ်ရှားမှုသည် ခေတ္တငုတ်လျှိုးသွားခဲ့ပါတယ်။၁၉၇၄ တွင် ဘီအေဇော်ဖောအဖွဲ့ တပ်မတော်ထိုးစစ်ကြောင့် ပြိုကွဲသွားပြီး ဘူးသီးတောင်၊ မောင်တောရှိ မူဂျာဟစ်သူပုန်တို့ကလည်း တစ်ဖက်နိုင်ငံများသို့ ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

အဆိုပါ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင်လည်း ရခိုပြည်နယ်က မွတ်ဆလင်များတောင်းဆိုချက်ကို ဖယ်ရှားခဲ့ပြီး ဘူးသီးတောင်၊မောင်းတောမြိုကနယ်ရှိ စစ်တကောင်းသား မွတ်ဆလင်တွေကို ပါတီ၊ကောင်စီအာဧာရအဖွဲ့အစည်းတွင် ပါဝင်ခွင့်ကိုလည်း ကန့်သတ်ထားခဲ့တယ်လို့  မောင်းတောမြို့နယ် ဖြစ်စဉ်သမိုင်း ၄၉၊ ၅၁ မှတ်တမ်းအရ သိရပါတယ်။

သို့ပေမဲ့ အဆိုပါဒေသတွေမှာ မွတ်ဆလင်ဦးရေကတော့ တိုးမြဲတိုးနေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဆက်လျက် ဖော်ပြပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)


ဘကြီးသက်
Unknown at 9:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူမုန်းလည်းအမုန်းခံမယ်

ဒီရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်တဲ့အကြောင်း တိုင်းသိ ပြည်သိ ၊ကမ္ဘာသိ ဖြစ်အောင်ထုတ်ဖေါ် ပြောကြားခြင်းမရှိတဲ့အတွက် ဝေဖန်သံတွေအတော်လေး ထွက်နေပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေဘက်ကလည်း "အမေဟာ နိုင်ငံရေး အမြင်ကျယ်တယ် " ၊ " တနေ့ ဒီ့ထက်ကောင်းတဲ့စကားတွေ ပြောပါလိမ့်မယ် " ဆိုပြီး ခုခံရေးသားနေတဲ့သူတွေလည်း အနည်းအကျဉ်းဆိုသလိုရှိနေပါတယ် ၊ ဒီလိုဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး သူ့ဘက်က ကာကွယ်ရေးနေတဲ့သူကိုယ်တိုင် ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူးဆိုတာ လက်ခံနေတဲ့အကြောင်း သူတို့ရဲ့စာတွေမှာ အထင်းသားပေါ်နေပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် တနေ့ ပြောလာလိမ့်နိုး မျှော်လင့်ချက်တွေ နဲ့ ခုခံရေးသားနေတာသာဖြစ်ကြောင်း တွေ့ရပါတယ် ။

ဒီ ၂ ဘက်မှာ ဒေါက်တာဆိတ်ဖွားဟာ ကန့်ကွက်တဲ့ဘက်ကနေပါတယ် ၊ ကန့်လည်းကန့်ကွက်ပါတယ် ၊ ဘာလို့ကန့်ကွက်တာလည်းလို့ မေးရင် ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပဲ ပြန်ပြောရမှာပါဘဲ ၊ ပြည်သူ့အသံကိုနားထောင်ရမယ် ဘာညာပြောပြီးတော့ အရေးရယ်အကြောင်းရယ်လဲကျရော ဒီလောက်ကျယ်တဲ့ ပြည်သူ့အသံကို နားမထောင်လို့ပါ လို့ ပြောရမှာပါဘဲ ။

ပြည်သူ့အသံဟာ အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်ရင် နားထောင်ပစ်လိုက်မယ် ၊ ပြည်သူ့အသံဟာ အစိုးရနဲ့ တစ်ဘက်တည်းဖြစ်ရင် ရူးချင်ယောင်ဆောင်မယ် တော့ လာမလုပ်နဲ့လေ.....၊ ပြည်သူတွေဟာ အရူးတွေမဟုတ်ပါဘူး ၊နလပိန်းတုန်းတွေ မဟုတ်ပါဘူး ။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသားမဟုတ်ပါဘူး လို့ဘာလို့ အသံမထွက်ရဲတာလည်းဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာမှာ ရုရှား ၊ တရုတ် ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့  အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု ဆိုပြီး နိုင်ငံရေး ၊ စစ်ရေး အုပ်စုကြီး ၂ စုမှာ အနောက်အုပ်စုက ထောက်ခံသူဖြစ်တယ် ဆိုတာ အရှိတရားဖြစ်တယ် ၊ ဒါဆိုရင် ဒီအနောက်အုပ်စုရဲ့ ထိပ်တန်းဦးဆောင်သူနိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ အင်္ဂလန်ဟာ ရိုဟင်ဂျာကို ဘယ်လိုသဘောထားလည်းကြည့်ရအောင်ပါ ။

အင်္ဂလန်ရဲ့ အစိုးရအာဘော်လို့ ဆိုနိုင်တဲ့  BBC သတင်းဌာနဟာ ဒီ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားထဲ ခဏခဏ ဆွဲသွင်းနေတာ အားလုံးသိပြီးသားမို့ စာရှည်မှာစိုးလို့မရေးတော့ပါဘူး ၊ ဒါပေမယ့် လူသိနည်းတာလေးတစ်ခု တင်ပြချင်ပါတယ် ၊ ဒီလင့်ကလေးကို နှိပ်လိုက်ရင် အမေရိကန်အစိုးရရဲ့ တရားဝင် ၀က်ဘ်ဆိုဒ် U.S. Department of State ဟာ ဒီအောက်ကပုံအတိုင်းတက်လာပါလိမ့်မယ် ။

 


ဒီစာမျက်နှာရဲ့ အလယ်လောက်က People ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာပြည်မှာနေကြတဲ့အဓိက လူမျိုးစုကြီးတွေထဲမှာ ဗမာ ၊ ရှမ်း ၊ ကရင် ၊ ရိုဟင်ဂျာ ၊ ရခိုင် ၊ ကချင် ၊ ချင်း နဲ့ မွန် ဆိုပြီး ဖေါ်ပြထားတာကို ခုလိုတွေ့ရပါတယ် ။

 


ဒါကိုသိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုအစဉ်တစိုက်ထောက်ခံနေတဲ့ နိုင်ငံတွေရဲ့ အယူအဆကို ဆန့်ကျင်ပြီးမပြောရဲတာပါ ၊ ဒီလိုသိသိကြီးနဲ့  "အမေဟာ နိုင်ငံရေးအမြင်ကျယ်တယ် " ဘာညာဆိုတဲ့ဘက်မှာ မရပ်နိုင်ပါဘူး ၊ ရှင်းရှင်းလေးပါဘဲ ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေကိုမလွန်ဆန်နိုင်တဲ့အကြောင်း ထင်ထင်ရှားရှား  နောက်ဥပမာတစ်ခုရှိသေးတယ် ၊ ဒါကဘာလဲဆိုတော့ Myanmar ကို Burma , Burma လုပ်နေတဲ့ ကိစ္စဖြစ်တယ် ၊ ဒီ Burma ဆိုတဲ့ အမည်ဟာ အင်္ဂလိပ်တွေက မြန်မာပြည်ကို သူတို့ခေါ်တတ်သလို ၊ ခေါ်ချင်သလို ခေါ်တဲ့အမည်ဖြစ်တယ် ၊ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက်မှာ Myanmar လို့တရားဝင် ပြင်တယ် ၊ ဒါကို အနောက်အုပ်စုနိုင်ငံတွေက အဲဒီတုန်းကစစ်အစိုးရကို မထောက်ခံတဲ့သဘော ၊ ဆန့်ကျင်တဲ့သဘောနဲ့ Burma လို့ဆက်ခေါ်တယ် ၊ မြန်မာနိုင်ငံရဲ့တရားဝင်အမည်ဟာ ကုလသမဂ္ဂမှာ  Myanmar ပါလို့ဘယ်လောက်ပြောပြောမပြင်ဘူး ၊ ခုထိလည်းမပြင်ဘူး ၊ ဒီလိုသူတို့မပြင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ခမျာမလည်း  ပြင်ပြီး မပြောရဲရှာဘူး မယုံရင်ကြည့်နေ ဟိုနိုင်ငံတွေကပြောင်းခေါ်တဲ့နေ့ သူလည်းပြောင်းခေါ်လိမ့်မယ် ။

ဒါကိုပဲသူက ၀န်မခံဘူး VOA နဲ့ တွေ့ဆုံခန်းတစ်ခုမှာ " ဒီလို Burma ကနေ Myanmar လို့ပြောင်းလဲ ခေါ်ဝေါ်တာကို ပြည်သူ့ဆန္ဒမပါဘဲ လုပ်တာဖြစ်လို့ သူမအနေနဲ့လက်မခံနိုင် ပါဘူး " လို့ ပြောပြန်တယ် ၊ ဒါဆိုရင် ဆိတ်ဖွားလည်းမေးတတ်တယ် ၊ အင်္ဂလိပ်က Burma လိုကခေါ်တုန်းက ပြည်သူ့ဆန္ဒခံပြီးတော့ ခေါ်သွားတာလား ၊ ဒီလိုပဲ သူခေါ်တတ်သလို ခေါ်သွားတာမဟုတ်ဘူးလား ။

ဒီလိုပြောရင် သူ့ဟာသူ Burma လို့ရှိနေတာကို ဘာလို့ ရှည်ပြီးတော့ Myanmar လို့သွားပြောင်းတာလည်းလို့ မေးစရာရှိတယ် ၊ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်လူမျိုးအမည်တွေကို  ကျူးကျော် သိမ်းပိုက်သူများက သူတို့ နားလည်သလို အသံ ထွက်ခဲ့၊ ရေးခဲ့ကြတဲ့ ပြဿနာဟာ ကိုလိုနီ ဖြစ်ခဲ့ဘူးတဲ့ နိုင်ငံတိုင်း ကြုံခဲ့တဲ့ ပြဿနာ ဖြစ်တယ်။ လွတ်လပ်ရေး ရကာစ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်နိုင်တာ မရှိပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာတော့ ကိုလိုနီဘ၀ကနေ လွတ်လပ်ရေး ရလာတဲ့ နိုင်ငံအတော် များများဟာ မိမိတို့ အမည်များကို မိမိတို့ဒေသိယ အသံထွက် အတိုင်း ရေးကြ၊ ပြောကြ ပြင်ခဲ့ကြပါတယ် ။

ဒီလိုပြင်လိုက်လို့လည်း တရုတ်မှာ Peking က Beijing ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ နိုင်ငံအမည် စာလုံးပေါင်းကို မပြောင်းပေမယ့် မြို့အမည်တွေကို ပြောင်းတယ်  Bombay ကနေ Mumbai ၊ Calcutta ကနေ Kolkata ဖြစ်လာခဲ့ပါတယ်။ သီဟိုကတော့ အင်္ဂလိပ်ခေါ်တဲ့ Ceylon ကနေ မူလအမည်ဖြစ်တဲ့ Lanka ကို အမှီပြုပြီး Sri Lanka လို့ ပြောင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်မျိုးကို တခြားကိုလိုနီဖြစ်ဘူးတဲ့ နိုင်ငံတွေမှာလည်း တွေ့နိုင်တာပါဘဲ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး ။ 

 ရိုးရိုးလေး စဉ်းစားကြည့် ရအောင်ပါ  မြန်မာဆိုတဲ့ စကားလုံးကို အရင်က အင်္ဂလိပ်လို သတ်မှတ်ထားတာ မရှိဘူးဆိုပါစို့၊ အဲဒါဆိုရင် ကျွန်တော့်တို့က မြန်မာဆိုတဲ့ စကားကို အင်္ဂလိပ်လိုရေးရင် ဒီအသံထွက်ကို ဘယ်လို စာလုံးပေါင်း ပြမလဲ။ Myanmar လို့ ရေးပြမလား Burma လို့ ပေါင်းပြမှာလား။ ဒီလိုပဲ ရန်ကုန်ကို Yangon လို့ ရေးပြမလား Rangoon လို့ ရေးမလား၊ဒါရိုးရိုးလေးပါ....။


ဒါကိုပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဗမာမကြီး ပါးစပ်က Burma , Burma နဲ့လုပ်နေတာ သူများတွေတော့မသိဘူး ကျွန်တော်တော့ ဆဲသလိုနာတယ် ၊ ခုလည်း သွားပါလိမ့်ဦးမယ် ဥရောပနိုင်ငံတွေကို  ပြောပါလိမ့်ဦးမယ်  မျက်နှာလိုမျက်နှာရ Burma , Burma နဲ့ ၊ခေတ်စကားနဲ့ပြောရရင်တော်တော်အောက်တယ် ၊ လူငယ်တွေပြောသလိုပြောရရင် ရေရေလည်လည် ပဲ့တယ်ဗျာ ။

လူထုကထောက်ခံတယ်ဆိုတာ ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ထင်လို့ အရောင်အ၀ါတောက်ပအောင်လုပ်နိုင်မယ်ထင်လို့ ထောက်ခံတာ ၊ အားကိုးလို့ထောက်ခံတာ ကိုယ့်နိုင်ငံ နာမည်လေးခေါ်တာတောင် သူများမျက်နှာ ညိုမှာစိုးလို့မခေါ်ရဲတဲ့ သူကို ဘာလို့ထောက်ခံရမှာလည်း ၊ ဒီရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ပါဘူးဆိုတာကို မထောက်ခံတဲ့သူလက်ထဲကို တိုင်းပြည်ကိုဘာလို့ ပုံအပ်ရမှာလည်း၊ ပုံအပ်လိုက်ရင် လူသားချင်းစာနာနေတာနဲ့ ကုလားပြည်ဖြစ်သွားမှာပေါ့ ။

ဒီိလိုရေးတာ ဒေါ်စုကိုမုန်းခြင်းချစ်ခြင်းနဲ့ ဘာမှမဆိုင်ဘူး ၊ သူ့ကိုမုန်းခြင်းချစ်ခြင်းဟာ ကျွန်တော့်ကို ဘာမှ အကျိုးမဖြစ်ထွန်းစေဘူး ၊တိုင်းပြည်ကိုချစ်လို့ လူမျိုးကိုချစ်လို့ရေးတာ  ဒီလိုရေးတော့ မောင်ဆိတ်ဖွား မင်းကိုဒေါ်စုကို ထောက်ခံတဲ့ သူတွေက မုန်းမှာမသိဘူးလားလို့မေးရင် သိတာပေါ့လို့ ဖြေရမှာပါဘဲ ဒါဆိုဘာလို့ရေးလဲလို့ဆက်မေးရင် ရေးမယ့်သူမရှိလို့ရေးတာ  ဒေါ်စုကိုအားကိုးတကြီးနဲ့ထောက်ခံနေတဲ့သူတွေကို ချစ်လွန်းလို့ အမုန်းခံပြီးရေးတာပါဗျာ...... မုန်းချင်ရင်လည်း မုန်းလိုက်ကြပါတော့ ။

ဒေါက်တာဆိတ်ဖွား

ဘကြီးသက်
Unknown at 8:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေမြို့ အင်ဘာလာရွာ မီးရှို့ အကြမ်းဖက်မှု မြင်ကွင်း (သတင်း-ဓါတ်ပုံများ)


အင်ဘာလာရွာမှ ဓားဒဏ်ရာရထားတဲ့ ရခိုင်အမျိုးသားတဦး
ယနေ့ ၁၂-၆-၂၀၁၂နေ့ နေ့လည် ၃း၀၀ နာရီအချိန်ခန့် စစ်တွေမြို့ပေါ် အင်ဘာလာဘင်္ဂါလီရွာမှ ဘင်္ဂါလီများသည် မိမိနေအိမ်များအားကိုယ်တိုင်မီးရှို့လုပ်ကြံထွက်ပြေးရာ အဆိုပါ မီးသည် ကျောင်းကြီးလမ်းဖက်နှင့် ကုန်တန်းရွာဖက်သို့အရှိန်အဟုန်ပြင်းထန်စွာဖြင့်
ချင်းပျံလမ်းတစ်လျှောက် ဆက်လက်လောင်ကျွမ်းနေခဲ့သည်။

ကုန်တမ်းရပ်ကွက်တွင်။ ကုန်တန်းရပ်ကွက်သူရပ်ကွက်သားများမှ မီးလောင်ကျွမ်းမှုကို တားဆီးကာကွယ်နေစဉ်တွင် ဘင်္ဂါလီများနှင့် ရပ်ကွက်နေ ရခိုင်များအဓိကရုဏ်း လည်းတပြိုင်တည်းဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်တွင် ရဲတပ်ဖွဲ့မှရောက်ရှိလာပြီး ဗလာကျည်များနှင့် သေနပ်ဖေါက်ခြင်း၊ မိုးပေါ်သို့သေနပ်ဖြင့်ခြိမ်းခြောက်ထောင်ပစ်ခြင်းများပြုလုပ်ကာလူအုပ်စုကိုဖြိုခွင်းခဲ့သည်။

အင်ဘာလာရွာမှ ဒဏ်ရာရထားသူတဦး
ထိုစဉ်တွင် ပြည်သူ့ရဲတပ်ဖွဲ့ အမှန်တကယ် ကျည်များ သေနပ်ပစ်ခြင်းမဟုတ်သည်ကို
နားလည်ထားသည့် ဘင်္ဂါလီကုလားများမှ ကြီးမားသောလူအုပ်စုဖြင်း တဟုန်ထိုးဝင်ရောက် အကြမ်းဖက်တိုက်ခိုက်စဉ် ပြည်သူ့ရဲတပ်ဖွဲ့မှ ရင်ဆိုင်မှုမပြုလုပ်ရဲတော့ဘဲ တပ်နောက်ဆုတ်ခဲ့သည်။

 နောက်ဆုတ်နေစဉ်အတွင်း ရခိုင် ၁၀-ဦးမှာဒဏ်ရာရရှိပြီး ကုန်တန်းရပ်ကွက်နေဒေါ်မချေ၏
ခင်ပွန်းမှာ ဘယ်ဖက်ပခုံးနောက်ကျောဖက် တွင်ဓါးခုတ်ဒါဏ်ရာနှစ်ချက်ဖြင့် ပြင်းထန်းစွာ
ဒါဏ်ရာရှိခဲ့သည်။

 ယခုအခါ ပြည်သူ့ဆေးရုံတွင်အရေးပေါ်ဌာနသို့ ပို့ဆောင်ထားလျှက်ရှိပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။ ရခိုင်နေအိမ် ၈၀-ခန့်နှင့် ဘင်္ဂါလီကုလားအိမ်ခြေ ၁၀၀-ခန့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရကြောင်း စစ်တွေမြို့ ခံတဦးက Myanmar News Now ကို သတင်းပေး ပို့ ထားပါသည်။

အင်ဘာလာရွာ မီးရှို့ အကြမ်းဖက်မှု မြင်ကွင်း ဓါတ်ပုံများ







ဘကြီးသက်
Unknown at 8:16 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

စွန့်သွားတော့ ရိုဟင်ဂျာ

သီချင်းလေးနားထောင်ပေးကြပါ
စွန့်သွားတော့ ရိုဟင်ဂျာတဲ့ တော်တော်လေးကောင်းတယ်လို့မပြောပါဘူး
မိမိဘာသာနားထောင်လိုက်ကြနော် ဘကြီးသက်လည်း ME ကနေရလို့မျှဝေပေးလိုက်တာပါ။

ဘကြီးသက်
Unknown at 7:59 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ငွေကြေးဖောင်းပွမှု စိုးရိမ်ဖို့မလိုကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြား




ငွေစက္ကူတစ်သောင်းတန်တွေကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ဗဟိုဘဏ်ကနေ ဘဏ်တွေကတစ်ဆင့် ဖြန့်ဝေသုံးစွဲစေမယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ငွေပေးချေမှု ကိစ္စရပ်တွေမှာ ငွေစက္ကူကိုင်တွယ်ရတာ နည်းစေဖို့နဲ့ သယ်ယူရတာ လွယ်ကူဖို့ ရည်ရွယ်ထုတ်လုပ်တာမို့ တစ်သောင်းတန် ထုတ်ဝေတာကြောင့် ငွေကြေးဖောင်းပွမှာ စိုးရိမ်ဖို့ မလိုကြောင်း သိရပါတယ်။ ဦးမောင်မောင်ဝင်းက “ကျပ်ငါးထောင်တန်တွေ ထုတ်တုန်းကလဲ ငွေကြေးဖောင်းပွမှု မရှိခဲ့ဘူး။ ထုတ်နေကျ ပမာဏအတိုင်းကို ငွေတန်ဖိုး ကျစ်လျစ်အောင် ထုတ်တာ၊ ငွေကြေးဖောင်းပွတာက ဒါနဲ့တိုက်ရိုက် မသက်ဆိုင်ဘူး” လို့ ပြောပါတယ်။ ငွေကြေးဖောင်းပွစေတဲ့ အကြောင်းတွေက စရိတ်တွေကြီးတာ၊ ဝယ်လိုအားတွေ တက်တာနဲ့ ကုန်ဈေးနှုန်း ကြီးမြှင့်တာတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်။ ကျပ်တစ်သောင်းတန် ထုတ်လုပ်မယ့်အရေအတွက်ကို ကျပ်ငါးထောင်တန် ထုတ်တုန်းကလိုပဲ ကျစ်ကျစ်လျစ်လျစ် ထုတ်ဝေမယ်ဖြစ်ကြောင်းသိရှိရသည်။


ဘကြီးသက်
Unknown at 7:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လျှပ်စစ်ဓါတ်အားသုံးစွဲခြင်းအဆင်မပြေမှုရှိပါကဆက်သွယ်ရမည့်ဖုန်းနံပါတ်များ






လျှပ်စစ်ဓါတ်အားသုံးစွဲမှု အချိန်ပြည့်ရရှိရန် ဆောင်ရွက်လျက်ရှိပြီး အဆင်မပြေမှုများရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ရုပ်သံလိုင်းအချို့မှ တစ်ဆင့်ထုတ်ပြန် ကြေညာသည်။ လက်ရှိအုပ်စုသုံးစုခွဲ၍ အလှည့်ကျမီးပေးစနစ်ဖြင့် ဓါတ်အား ဖြန့်ဖြူးလျက်ရှိကြောင်း၊ အများပြည်သူလျှပ်စစ်သုံးစွဲမှုနှင့် ပတ်သက်၍ အဆင်မပြေမှုများရှိပါက

ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အား ပေးရေးအဖွဲ့ ဥက္ကဋ္ဌ ၊
ဖုန်း ၀၉-၅၀၅၅၉၇၁၊ ၀၉-၈၆၃၇၄၀၃၊

ဒုတိယဥက္ကဋ္ဌ၊ ဖုန်း -၀၉-၅၁၀၀၉၁၆၊ ၀၉-၈၆၀၀၆၉၇

အတွင်းရေးမှူးဖုန်း -၀၉-၅၁၀၀၉၁၇၊ ၀၉-၈၆၀၀၆၉၈၊

အင်ဂျင်နီယာချုပ်ဖုန်း
-၀၉-၅၀၅၅၉၇၂၊ ၀၉-၈၆၀၀၁၃၆

သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း
ထုတ်ပြန်ကြေညာထားသည်။ ၎င်းအပြင်

ဒုတိယအင်ဂျင်နီယာချုပ် (ဓါတ်အားဖြန့်ဖြူးရေး)
၀၉-၈၆၀၀၂၈၈ နှင့် လက်ထောက်အင်ဂျင်နီယာချုပ် (ဓါတ်အားဖြန့်ဖြူးရေး)
၀၉-၈၆၃၇၂၆၉သို့

ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ
ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့်
ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများသို့လည်း ဆက်သွယ်မေးမြန်းနိုင်ရန်
ဖုန်းနံပါတ်များကို ထုတ်ပြန်ထားသည်။ ၎င်းတို့မှာ

ခရိုင်အုပ်ချုပ်ရေးမှူး
(အရှေ့) ၀၉-၅၀၅၅၉၇၆၊ ၀၉-၈၆၀၀၆၉၂၊

ခရိုင်အုပ်ချုပ်ရေးမှူး (အနောက်)
၀၉-၅၀၅၅၉၇၅၊ ၀၉-၈၆၀၀၆၉၃၊

ခရိုင်အုပ်ချုပ်ရေးမှူး (တောင်)

၀၉-၅၀၅၅၉၇၄၊
၀၉-၈၆၀၀၆၉၄၊

ခရိုင်အုပ်ချုပ်ရေးမှူး (မြောက်)

၀၉-၅၀၁၄၆၈၁၊ ၀၉-၈၆၀၀၆၉၅

သို့ ဆက်သွယ်မေးမြန်နိုင်သည်။

ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးများမှာ
ခရိုင်လျှပ်စစ်အင်ဂျင်နီယာ (အရှေ့)

၀၉-၈၆၀၀၉၈၅၊

ခရိုင်လျှပ်စစ်အင်ဂျင်နီယာ (အနောက်)

၀၉-၈၆၀၀၉၈၆၊

ခရိုင်လျှပ်စစ် အင်ဂျင်နီယာ (တောင်)

၀၉-၈၆၀၀၉၈၇၊


ခရိုင်လျှပ်စစ်အင်ဂျင်နီယာ (မြောက်)

၀၉-၈၆၀၀၇၅၅

နှင့်

ရုံးချုပ်တာဝန်မှူး
၀၁-၂၁၅၀၄၀၊ ၀၁-၂၂၉၁၄၄

တို့ ဖြစ်ကြောင်း ရုပ်သံလိုင်းအချို့မှ ကြေညာချက်အရ သိရသည်။ လက်ရှိနိုင်ငံတော်အနှံ့လျှပ်စစ်မီးများ အမြန်ရရှိရေးနိုင်ငံတော်
အစိုးရနှင့် အတူ ပြည်တွင်းပြည်ပ ပုဂ္ဂလိက များလည်း ပါဝင်ရင်းနှီးနိုင်ရန် ပုဂ္ဂလိက လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးခြင်းအား ဖိတ်ခေါ်ထားကြောင်း၂၀၁၂
ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 7:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.