Wednesday, June 13, 2012

ငွေကြေးဖောင်းပွမှု စိုးရိမ်ဖို့မလိုကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြား




ငွေစက္ကူတစ်သောင်းတန်တွေကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ဗဟိုဘဏ်ကနေ ဘဏ်တွေကတစ်ဆင့် ဖြန့်ဝေသုံးစွဲစေမယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ငွေပေးချေမှု ကိစ္စရပ်တွေမှာ ငွေစက္ကူကိုင်တွယ်ရတာ နည်းစေဖို့နဲ့ သယ်ယူရတာ လွယ်ကူဖို့ ရည်ရွယ်ထုတ်လုပ်တာမို့ တစ်သောင်းတန် ထုတ်ဝေတာကြောင့် ငွေကြေးဖောင်းပွမှာ စိုးရိမ်ဖို့ မလိုကြောင်း သိရပါတယ်။ ဦးမောင်မောင်ဝင်းက “ကျပ်ငါးထောင်တန်တွေ ထုတ်တုန်းကလဲ ငွေကြေးဖောင်းပွမှု မရှိခဲ့ဘူး။ ထုတ်နေကျ ပမာဏအတိုင်းကို ငွေတန်ဖိုး ကျစ်လျစ်အောင် ထုတ်တာ၊ ငွေကြေးဖောင်းပွတာက ဒါနဲ့တိုက်ရိုက် မသက်ဆိုင်ဘူး” လို့ ပြောပါတယ်။ ငွေကြေးဖောင်းပွစေတဲ့ အကြောင်းတွေက စရိတ်တွေကြီးတာ၊ ဝယ်လိုအားတွေ တက်တာနဲ့ ကုန်ဈေးနှုန်း ကြီးမြှင့်တာတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်။ ကျပ်တစ်သောင်းတန် ထုတ်လုပ်မယ့်အရေအတွက်ကို ကျပ်ငါးထောင်တန် ထုတ်တုန်းကလိုပဲ ကျစ်ကျစ်လျစ်လျစ် ထုတ်ဝေမယ်ဖြစ်ကြောင်းသိရှိရသည်။


ဘကြီးသက်
Unknown at 7:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.