Tuesday, June 5, 2012
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။
... (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
(ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။
(ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။
(ဃ) 2-6-2012 ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခွါလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက ၀ိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။
(င) ထိုသို့ သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။
(စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။
(ဆ) ဤဖြစ်စဉ်တွင် အမှားကို အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန် ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက် လက်တုံ့ပြန်သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။
(ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။ ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။
စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘောကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့် ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင် မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့ မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။
(ဈ) ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။
(ည) ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊ ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊ ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလိုက်ကာ မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည်အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစားရမည် ဖြစ်ပါသည်။
မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ၀ိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံတောင်ပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့)
Email- wirathu2012@gmail.com
ဘကြီးသက်
Unknown at 8:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကမ္ဘောဒီးယီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး
သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး
ဇွန်လ ၅ -၂၀၁၂
မြတ်ညို  (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား
အလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။
မြန်မာအလုပ်သမား တစ်ထောင်ကျော် ခန့် ရှိသည့် အဆိုပါ အလုပ်ရုံတွင်ယမန်နေ့ က
ကမ္ဘောဒီးယားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ရိုက်ကြရာ မြန်မာအလုပ်သမား
၁၀ဦးခန့် ဒါဏ်ရာရရှိသွားပြီး အသက် ၂၃ နှစ်အရွယ် ကိုမိုးမိုးဆိုသူမှာ ယနေ့ နံနက်ပိုင်းက
ဆေးရုံတွင် သေဆုံးသွားကြောင်းအလုပ်သမား ကိုလွင်ကပြောသည်။ ၀ိုင်းရိုက်သည့်
ကမ္ဘောဒီးယားလူမျိုးများမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း အလုပ်သမားများကပြောသည်။
 “ အလုပ်သမား တွေက နေ့ဆိုင်းညဆိုင်းရှိပါတယ်။ ညဆိုင်းအလုပ်လုပ်တဲ့
အလုပ်သမားတစ်ယောက်က ကမ္ဘောဒီယားတွေနေတဲ့ အဆောင်နားက သစ်ပင်မှာ
ပုခက် နဲ့ အိပ်နေတယ်။ အဲဒါကို ကမ္ဘောဒီးယားတွေက ၀ိုင်းရိုက်ကြတယ်။ အဲဒါကို
 ကျနော်တို့ က အလုပ်ရုံကိုဖြေရှင်းပေးဖို့ ပြောခဲ့ပေမယ့် မရှင်ခဲ့ပဲ အခု
လိုဖြစ်သွားတယ်။ ကျနော့်မှာလည်း မဲစေ့မှာ ပေါက်ပြဲသွားတယ်”ဟု ကိုတင်ဝင်းကပြောသည်။
 ယမန်နေ့ နေ့လည် ၁နာရီခန့် က အလုပ်သမားများ အိပ်နေရာသို့ ဓါးဖြင့်ဝင်ခုတ်၊ဓါးဖြင့်
ဝင်ထိုးသဖြင့် အလုပ်သမား ကိုမိုးမှာ ၀မ်းဗိုက်ပေါက်ပြဲသွားပြီး သေဆုံးခဲ့သည်။
 အလုပ်ရုံတွင် MOU နားလည်မှုစာချွန်လွှာဖြင့် လာရောက် အလုပ်လုပ်ကိုင်သည့်
မြန်မာအလုပ်သမား ၅၀၀ ခန့် ရှိသည်။ အဆိုပါ အလုပ်သမားများအနက် အမျိုးသား
၂၀၀ ခန့် နှင့် အမျိုးသမီး ၃၀၀ခန့် ရှိကြသဖြင့် ယခုကဲ့သို့ ရိုက်သတ်သေဆုံးမှုများရှိလာသဖြင့်
မြန်မာအလုပ်သမားများမှာ အထူးစိုးရိမ်နေကြောင်းသိရှိရသည်။
ယခုအလုပ်ရုံတွင် ယခင် ၂နှစ်ခန့် ကလည်း ကမ္ဘောဒီယား အလုပ်သမားနှင့်မြန်မာအလုပ်သမားများ
ပြဿနာဖြစ်ခဲ့ဖူးသည်။ အလုပ်ရုံတွင်  MOU နှင့်လာသည့် မြန်မာအလုပ်သမားများအား
ကမ္ဘောဒီယားအလုပ်သမားများနေထိုင်ရာဘက်တွင်ထားရှိသဖြင့် ယခုကဲ့သို့
ပြဿနာဖြစ်ခြင်းဖြစ်ကြောင်း အလုပ် သမား များကပြောသည်။
Myanmar News Now
ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံမှ မြန်မာအလုပ်သမားများ
ဆုံခါမြိှုှု့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ မြန်မာအလုပ်သမားများ
ဘကြီးသက်
Unknown at 6:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ယနေ့  နေ့ လည် ခန့်  က ရန်ကုန် မြို့  ဆူးလေ စေတီတော် အနီး တွင် မွတ် စလင် ဘာသာ ၀င် အချို့  စုဝေး မှု ဖြစ်ပေါ် ခဲ့သည့် ဓာတ်ပုံများ
သတင်းများကို အချိန်နဲ့အညီ ကူးယူတင်ပြ နိုင်အောင် ကျိုးစားနေပါသည်
ဘကြီးသက်
Unknown at 6:05 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ဇွန် ၅ ရက်မှစပြီး ၂၄ နာရီ မီးအပြည့်ရမည်
မန္တလေးမှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြခဲ့စဉ် (ဓါတ်ပုံ-ဖေ့စ်ဘုတ်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန်လ(၅) ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးကို အပြည့်အဝပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး   အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရန်ကုန်တိုင်း(မ်)ဂျာနယ် သို့ပြောကြားသည်။
ယင်းအပြင် စက်မှုဇုန်များကိုလည်း တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
    " ဇွန်လ ၅ ရက်နေ့ (ယနေ့) ကစပြီးတော့ ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား ၂၄ နာရီ အပြည့်ပေးတော့ မှာပါ ရွှေလီ ရေအားလျှပ်စစ်ကရတဲ့ ဓာတ်အားလည်း အပြည့်အ၀ပြန်ရနေပါပြီ အဲ့ဒါကြောင့် ယခင်အတိုင်း ပုံမှန် အပြည့်အ၀ပေး သွားမှာ ပါ  " ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
ရန်ကုန်မြို့သို့ ဓာတ်အားပို့လွှတ်သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းကို KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝဝ) နာရီ အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီး ဖြစ်သောကြောင့်   မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ယခင်အတိုင်း ပိုမိုဖြန့်ဖြူး လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။
Reporter: သန်းနိုင်ဦး - Yangon Media Group
ဘကြီးသက်
Unknown at 2:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
♥۩۞۩♥ ငြိမ်နေရင် တိုင်းပြည်ပျောက်သွားမယ် ♥۩۞۩♥
လူဦးရေ သန်း (၁၃၇၀) ရှိတဲ့တရုတ်၊ သန်း (၁၂၆၀) ရှိတဲ့ကုလားနဲ့   (၁၆၂)သန်း ရှိတဲ့ ဘင်္ဂလီကုလား
သုံးနိုင်ငံကြားမှာ (၅၅) သန်းပဲရှိတဲ့ကျွန်တော်တို့  ငြိမ်နေရင်တိုင်းပြည်ပျောက်သွားမယ်။ လူ့ သမိုင်းမှာ
သူတို့ ဘိုးဘေးတွေ အသုံးမကျတဲ့အတွက် ကနေ့ လူဦးရေ သန်း (၃၀) ရှိတဲ့ (ကနေဒါနိုင်ငံရဲ့လူဦးရေ
ရှိတဲ့) ကာဒ့်စ် (Kurds) လူမျိုးတွေ တူရကီ ဆီးရီးယား အီရန်နဲ့ အီရတ်အကြားမှာတိုင်းပြည်ပျောက်သွား
ခဲ့ပြီး ကမ္ဘာပတ် refugee လုပ်ပြီး တောင်းစားနေရပြီ။ နယ်ချယ့်စံနစ်နဲ့ ကိုလိုနီပိုင်ရှင်တွေဆွဲလိုက်တဲ့
မြေပုံကြောင့်လို့ အပြစ်တင်နေပေမဲ့ ကာဒ့်စ်တွေညံ့ခဲ့လို့ ပဲ။ ကနေ့ ကျွန်တော်တို့ မြန်မာတွေ ညံ့ရင်
ကျွန်တော်တို့ သားမြေးတွေ ကာ့ဒ်စ် တွေလိုဘ၀ရောက်ဖို့ လွယ်လွယ်လေးရယ်။ သည်အတိုင်းငြိမ်နေ
ရင်မလေးရှားလိုမလေးတ၀က် တရုတ်တ၀က် ဖြစ်သွားမယ်။ ပါလက်စတိုင်းခြောက်သန်း ဘယ်ဘဝ
ရောက်နေလဲဆိုတာသင်္ခန်းစာယူရမယ်။(ဒါတောင်မဟာသီလိုလူမျိုးကောင်းလို့ မဟာသီရဲ့မလေးဌာနေ
တိုင်းရင်းသားဥပဒေတွေကောင်းလို့ သည်နေ့ မလေးတွေကံကောင်းခဲ့တာ အဲသည်လိုမှမဟုတ်ရင်
တရုတ်ကြီးစိုးတဲ့တိုင်းပြည်ဖြစ်သွားမယ်။ သီရိလင်္ကာမှာ လ္ဘက်ခူးဖို့ ခေါ်ခိုင်းခဲ့တဲ့တမီးလ်တွေတိုင်းပြည် ထထောင်လို့  နောက်ဆုံးဘယ်လိုလုပ်လိုက်ရသလဲဆိုတာမြင်အောင်ကြည့်ကြပါ)။
လူမျိုးရေး အဘယ်မည်သော ဘာသာရေး - ဘယ်ခွဲခြားရေးပေတံတွေနဲ့ မှတိုင်းစရာမရှိပါ။ကျွန်တော်
တင်ပြချင်တာက မိမိတိုင်းပြည်နဲ့ လူမျိုးကို သည်ပြည်ထောင်စုကိုကျွန်တော်တို့ လက်ထဲကိုကျွန်တော်တို့ 
ဘိုးဘေးတွေ အသက်သွေးချွေးရင်းပြီး အမွေပေးခဲ့တဲ့အတိုင်းကျွန်တော်တို့ ရဲ့သားစဉ်မြေးဆက်ကို -
(status quo) ကျွန်တော်တို့ ရထားတဲ့အတိုင်း လက်လွှဲပေးဖို့ သည်ထက်အမျိုးအစားကောင်းအောင်
သန့် ရှင်းအောင် ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ပြီးအမွေပေးခဲ့ကြဖို့ ကို .... တင်ပြခြင်းပါပဲ။
မကြာသေးမှီနှစ်တွေထဲမှာပဲ တရုတ်က ငါးနိုင်ငံအငြင်းပွါးနေတဲ့ Spratly Islands တွေကို အဓမ္မတက်
သိမ်းယူခဲ့တယ်။ သည်နေ့ ကမ္ဘာကြီးဟာ ကွန်ပြူတာနဲ့ ဂြိုလ်တုဆက်သွယ်ေ၇းစံနစ်တွေထဲမှာပဲ
ပြားနေပြီး - နိုင်ငံခြားရေးမူဝါဒတွေ လူဝင်မူကြီးကြပ်ရေးဥပဒေတွေဟာ ဒေါင်လိုက်ကြီးဖြစ်နေတယ်
ဆိုတာ ကမ္ဘာအရပ်ရပ်မှာရောက်ရှိနေကြတဲ့ မြန်မာ ငါးသန်းကျော် အသိဆုံးဖြစ်ပါလိမ့်မယ်။
(ဒီမိုကရေစီလူ့ အခွင့်အရေး နဲ့ အမျိုးသားရေး ကွဲပြားနားလည်အောင်ကြိုးစားကြ။ မိမိလူမျိုးနဲ့ တိုင်းပြည် မိမိပြည်တောင်စုကိုကာကွယ်ကြပါ)။ အမျိုးသားရေးနဲ့  အမျိုးသားရေးဝါဒ Nationalism ဆိုတာ ဟာ
တိုးတက်နေတဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ ပိုပြီးတော့ သန်စွမ်းခိုင်မာတယ်ဆိုတာ အားလုံးသတိပြုကြ
ပါ။ ခင်ဗျားတို့ ကိုတင်ပြချင်တာက ဒီမိုကရေစီလူ့ အခွင့်အေ၇းဆိုတာ ကမ္ဘာ့အခွင့်အရေးမဟုတ်ဘူး။
သဘောကောင်းပြီး ကိုယ့်တိုင်းပြည်ကို သာလယံဇရပ်ပျက်လို  ၀င်ချင်တိုင်းဝင်ထွက်ချင်တိုင်းလုပ်ရ
လောက်အောင် လာပြီး လူဝါးဝရလောက်တဲ့ အချင်းအရာမဟုတ်ဘူး ဆိုတာပါပဲ။ ခင်ဗျားတို့ ကိုင်တဲ့
မြန်မာ Passport ဟာ အဲသည် တိုးတက်ပါတယ်ဆိုတဲ့ ဒီမိုကရေစီတိုင်းပြည်တွေကိုဝင်တဲ့အခါ ဘယ်လို
အတိုင်းအတာအထိမျက်နှာငယ်ရသလဲ နိုင်ငံခြားထွက်တဲ့မြန်မာတွေအားလုံးခံစားမိကြဖူးမှာပဲ။ ကျွန်
တော်တို့ ဘယ်ကိုပဲသွားနေနေ ကျွန်တော်တို့ ဘိုးဘွားပိုင်အိမ်ကိုတော့ မပျောက်ပျက်အောင်ဆက်ပြီး
ထိမ်းသိမ်းထားကြရမှာပဲ။ ခုတောင် ဖဲ့ပြီး ငှားစားေ၇ာင်းစားလို့  ကျင်းတွေ ချိုင့်တွေနဲ့  တော်တော့်ကို
အပျိုရည်ပျက်ခဲ့ပြီ။ သည်ထက်ပိုပြီး ကုလားတွေ တ၇ုတ်တွေ ဘင်္ဂလီတွေနဲ့ ပေးစားကြမယ်ဆိုရင်
တော့ ကျွန်တော်တို့ ဟာ အင်မတန်ညံ့ဖျင်းတဲ့မျိုးဆက် တိုင်းပြည်ကိုဖျက်တဲ့မျိုးဆက်ဖြစ်တော့မယ်။
(သည်နေရာမှာ မျိုးဆက်ဆိုတာ ကနေ့ အသက်ရှင်နေ အသက်ရှိနေတဲ့ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်
အရုတ်အလတ် အမြတ် ရာထူးမရွေး မြန်မာတိုင်းရင်းသားစစ်စစ်အားလုံးကိုဆိုလိုတာပဲ)။
မီဒီယာခေတ်ကြီးမှာ ပေါ်လာတဲ့အကြောင်းချင်းရာရဲ့ အရေးပါမူကိုလူတွေကလိုက်ကြတာများတယ်။
နာဂစ်၊ ဂီရိ၊ မြစ်ဆုံကိစ္စ၊ အကျဉ်းသားလွတ်မြောက်ရေးကိစ္စ၊ ဖွဲ့ စည်းပုံကိစ္စ၊ လျှပ်စစ်မီးကိစ္စ အစရှိ
သည်ဖြင့် - သည်နေရာမှာ ကျွန်တော်တင်ပြချင်တာက ဘာပြီးမှဘာလုပ်ရမယ် ဘယ်ဟာကပိုပြီးအ
ရေးကြီးတယ် အရေးပါတယ် ဆိုတာကို ကျွန်တော်တို့ အတွင်းမှာ ငြင်းခုံဖို့ အချိန်မရှိတော့တာအမှန်
ပဲ။ အားလုံးဟာ သေရေးရှင်ရေးလိုတပြိုင်တည်းမှာ အရေးကြီးနေတယ် - အဲသည်လိုလစ်လျှူရှူခဲ့တာ
တွေကြောင့် မန္တလေးကိုပြည်ကြီးတရုတ်တွေသိမ်းသွားပြီ။ ဘယ်တုံးကဘယ်သူက ဒါကိုရေးကြီးခွင်
ကျယ်လုပ်ခဲ့ကြသလဲ။ (ဆက်သွယ်ရေးစံနစ်တွေကောင်းမွန်မှ တိုင်းပြည်တိုးတက်မှာလား တိုင်းပြည်
တိုးတက်မှဆက်သွယ်ရေးစံနစ်တွေကောင်းလာမလားဆိုတာကို ဘယ်ဟာအရင်ဆိုပြီးငြင်းနေကြတာ
နဲ့ အလားတူနေမယ် ... နှစ်ခုစလုံးတပြိုင်နက်လုပ်ရမယ် ... ဘယ်ဟာအရင်လုပ်ရမယ်ဆိုရင် ဘာမှ
ဖြစ်မလာတော့မှာသေချာတယ်)။
ကုလားအရေး ဓါးသွေးစရာမလိုသေးဘူးလို့ အချို့ ကစောဒကတက်ကြတယ် - ဖြစ်လာမှဓါးသွေးရင်
သိပ်နောက်ကျသွားပြီ။ တင်ပြချင်တာက ကျွန်တော်တို့ အားလုံးကို တပြိုင်တည်းလုပ်ရမှာပဲ။
ဒါပြည်သူပြည်သားတိုင်းရဲ့တာဝန်ပဲ။ သည်နေ့ ရှိနေတဲ့အစိုးရဆိုတာ ဘာခွန်အားမှမ၇ှိသေးပါ။
ငါတဘို့ သမားတွေနဲ့ ကိုကိုလှိုင်လိုအဆံမရှိတဲ့သင်္ကြန်အမြှောက်တွေ အောင်သောင်းလို
စက်ရုံတခုလုံးဖြုတ်ေ၇ာင်းသူတွေ ကျော်ဆန်းလိုမိသားတစုလုံးခိုးကူးခွေထုတ်ပြီးဆင်ဆာဖြတ်
နေသူတွေ ဇော်မင်းလိုခရစ်(စ်)တီးနားကျွန်းလူသတ်သမားကဧရာဝတီကိုထပ်ပြီးသတ်ဖို့ 
လုပ်သူတွေ မာဖီးယားဂိုဏ်းချုပ်သန်းရွှေကိုအကာအကွယ်ပေးနေသူတွေ ကများနေတယ်။ ကိုယ့်
တိုင်းပြည်အတွက် ကိုယ့်မှာတာဝန်ရှိတယ် အားလုံးကိုတတ်နိုင်တဲ့ဘက်က တပြိုင်နက်သတိ အထပ်ထပ်ချပြီးလုပ်ကြရမယ်လို့ သာမှတ်ထားပါ။ အခုကျွန်တော်သည် message ကိုရေးနေတဲ့
အချိန်မှာပဲ ရခိုင်က ဘူးသီးတောင်မောင်းတောမှာ ဘင်္ဂလီတစ်ထောင်လောက် ထပ်ပြီးလူ့ လောက
ထဲကိုရောက်လာခဲ့ပြီ။
လေးစားစွာဖြင့် ............... လှိုင်ဘွား/၈၈
တိုင်းပြည်ပျောက်သွားခဲ့ရသောကာဒ့်စ်လူမျိုးများ ရဲ့ မြေပုံ။
ယနေ့ တိုင်းပြည်လေးငါးခုထဲမှာ ရောက်နေရတဲ့ ကာဒ့်စ်တွေရဲ့အဖြစ်
ဘကြီးသက်
Unknown at 2:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ခမောက်ကြီးမြို့နယ် အေးချမ်းသာရပ်ကွက်တွင် မြစ်ရေလျှံပြီး နေအိမ်များနှစ်မြုတ်
၅ ဇွန် ၂၀၁၂
                  ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊အေးချမ်းသာကျေးရွာတွင် မြစ်ရေလျှံပြီး ကမ်းနားနေ နေအိမ်အချို့ ရေ နှစ်မြုတ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ရွာခံတစ်ဦး၏ပြောပြချက်အရသိရှိရပါတယ်။
                   ရေထပတ် နှင့် မိုးများအဆက်မပြက်ရွာသွန်းမှုကြောင့်ပါချန်မြစ်ရေလျှံကာ မြစ်ကမ်းနဘေးရှိ ရဲစခန်း အပါဝင် လူနေအိမ် အချို့နှစ်မြုတ်သွားခြင်းဖြစ်တယ်လို့ အေးချမ်းသာကျေးရွာနေ ဒေါ်နွဲ့ကပြောပါတယ်။
                   ရွာခံဒေါ်နွဲ့က“မနေ့(၄.၆.၂၀၁၂)ကတည်းက မြစ်ရေကလျှံနေတာ(၅.၆.၂၀၁၂)ရက်နေ့မှာတော့ အေးချမ်းသာရဲစခန်းအပါဝင် အိမ်ခြေ လေးဆယ်ကျော်လောက်ရှိမယ် လုးံလုးံကိုမြုတ်တာ ရေဘေးဒုက္ခသည်တွေ ကိုတော့ အေးချမ်းသာရွာဦးကျောင်းရှိ ဓမ္မာရုံနှင့် ရွာအထက်ပိုင်းရှိ ဆွေမျိုးမိတ်ဆွေအိမ်မှာ တည်းကြတယ်” ဟုပြော ပါတယ်။
နံနက် ၁၁း၃၀ နာရီတွင် ရွာခံပြောကြားချက်အရ ဒုက္ခသည်များတည်းခိုရာ ရွာဦးကျောင်းအထိရေများဝင်လာပြီး ဓမ္မာရုံကျမ်းပြင်အထိ ရေရောက်နေတယ်လို့သိရပါတယ်။
                 ဒုက္ခသည်တွေနဲ့ပက်သက်ပြီး စားရေးသောက်ရေးကိစ္စကိုတော့ ရွာမှ အရန်မီးသတ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ လိုက်လံကူညီမှုများ ရှိတယ်လို့ သိရပြီး အကူညီများလည်းထပ်မံ လိုအပ်ကြောင်း သိရပါတယ်။
                 အေးချမ်းသာရပ်ကွက် သည် ထိုင်းနိုင်ငံ နာမ်မကျော့ရပ်ကွက် နှင့် ပါချမ်မြစ် တစ်ဖက်တစ်ချက်တွင် တည်ရှိပြီး ပါချမ်မြစ်တစ်လျှောက် တွင်ရှိသော မြန်မာပိုင် မာရမ်း၊ဖေါ့ဆုတ်၊ဆိပ်ဖူးကျေးရွာများတွင်လည်း မြစ်ရေလျှံ မှုများနှင့် ကြုံတွေ့နေသည်ဟု သိရှိရပြီး ပျက်စီးဆုးံရှုးံမှုကိုမူ အတည်မပြုနိုင်ခြင်းမရှိသေးပေ။  သစ်ထူးလွင်
ဘကြီးသက်
Unknown at 2:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှု(ဓာတ်ပုံများ)
ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။
စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် "တရားဥပဒေစိုးမိုးရေး"ဟု ရေးသားထားကြသည်။ တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။
Photo: ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။
စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် "တရားဥပဒေစိုးမိုးရေး"ဟု ရေးသားထားကြသည်။ တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။
အောင်ထက်(NYK)
ဘကြီးသက်
Unknown at 2:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဇေကမ္ဘာနှင့် လယ်သမားများ မြေယာအငြင်းပွားမှု ယနေ့ စစ်ဆေးမည်
 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်နေတဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာ လယ်သမားတွေရဲ့ မြေယာ အငြင်းပွားမှုကို ယနေ့  စတင် စစ်ဆေးတော့မှာဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သောကျးရွာ အုပ်ချုပ်ရေးမှူး ရုံးမှာ လယ်သမား ၆ ဦးကို မနက်ကိုးနာရီ စတင်စစ်ဆေးမှာဖြစ်ပြီး မည်သူမဆို တက်ရောက် နားထောင်နိုင်ပါတယ်။
လနဲ့ချီပြီး ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ မြေဧက ၈၁၅ ဧကကို ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားတွေက သီးစားစိုက်ပျိုး လုပ်ကိုင်ခွင့်ပြုဖို့ အပြိုင်လျှောက်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြိးခဲ့တဲ့ မေ ၂၁ရက်နေ့မျာ ကုမ္ပဏီကို သီးစားချထားပေးခဲ့ပါတယ်။ ခရိုင်အဆင့် ရပ်ကွက် ကျေးရွာအဆင့်အုပ်ချုပ်ရေးမှူးတွေထံကတဆင့် မေလ ၂၇ရက်နေ့မှာ လယ်သမားတွေ သိခဲ့ရတာဖြစ်ပြိး မကျေနပ်တဲ့အတွက် လယ်သမားတွေက မြေယာကော်မတီထံမှာ မြေယာမှုခင်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ကျေးရွာမြေယာကော်မတီရဲ့ ဥက္ကဌတာဝန်ဖြစ်တာကြောင့် တာဝန်ယူစစ်ဆေးပေးရမှာဖြစ်ပါတယ်။ မနက်ဖြန်စတင် စစ်ဆေးမယ်ဆိုတာ အကြောင်းကြားလာတယ်လို့ ဒီလယ်မြေအငြင်းပွားမှုကိစ္စမှာ လယ်သမားတွေဘက် လိုက်ပါဆောင်ရွက်သူ ဦးနေမျိုးဝေက ပြောါပတယ်။
´´ဒီနေ့ပဲအကြောင်းပြန်တယ်။ ယနေ့ ကို မနက်ပိုင်း ၉နာရီမှာ ၆ဦးစစ်မယ်။ အဲဒျီေကးရွာရုံးမှာပဲ စစ်မယ်။ ညနေ၂နာရီထိုး နောက်၆ဦး ထပ်စစ်မယ်။ တနေ့ကို ၁၂ယောက်နှုန်းနဲ့ လယ်သမား ၈၀ကျော်ကုန်တဲ့အထိ စစ်မယ်။
လယ်သမားတွေက ဒီလယ်မြေတွေပေါ်မှာ ဒီနေ့ ထယ်တိုးနေကြတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။
´´လယ်သမားတွေ ဒီနေ့ ထယ်တွေထိုးတယ်။ အဲဒါကလည်း မြေယာဥပဒေအရ ၁၉၆၃ခုနှစ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေပိုဒ် ၃၊နည်းဥပဒေ၃(ခ)မှာ တောင်သူလယ်သမားတွေကို လယ်ယာလုပ်ငန်းခွင်ထဲကို မ၀င်ရဆိုပြီးတားမြစ်ခြင်း မပြု၊ တောင်သူလယ်မားတွေ လယ်မလုပ်ရဘူး မတားရဘူး။ (က)မှာ တောင်သူလယ်သမားတွေ လယ်လုပ်ကိရိယာတွေကို ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ၊ တရားရုံးတခုခုကနေ ၀ရမ်းမကပ်ရ၊ အဲဒါပါတယ်´´
ဒီမြေကို အစိုးရက သိမ်းမယ်လို့ ကောလာဟလတွေပျံနှံနေချိန်မှာ ဇေကမ္ဘာကုမ္ပဏီက ကြားဝင် ကရုဏာကြေးပေးပြီး စက်မှုဇုန်တည်နေတာပါ။ ဒါပေမယ့် လယ်သမားတွေက နောက်ပိုင်းမှာ သူတို့ လှည့်ဖြားခံရတယ်လို့ ယူဆပြီး လယ်လုပ်ခွင့် ပြန်တောင်နေတာဖြစ်သလို ဇေကမ္ဘာကုမ္ပဏီကလည်း လယ်ပဲစိုက်တော့မယ်ဆိုပြီး ရပ်တည်ဆောင်ရွက်နေတာဖြစ်ပါတယ်။
by အေးနိုင် (ဒီဗွီဘီ)
ဘကြီးသက်
Unknown at 11:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရွှေတူး အလုပ်သမား ဆန္ဒပြမှု အရှိန်မြင့်
ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်က ရွှေတွင်းတွေမှာ ဆက်ပြီး အလုပ်လုပ်ကိုင်ခွင့်ရရေး အတွက် အလုပ်သမား ဦးရေ သုံးသောင်းကျော်ဟာ ၃ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ဒီကနေ့မှာတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီကြား ညှိနှိုင်းတာတွေ ရှိခဲ့ပေမဲ့ ပြေလည်မှု မရသေးပါဘူး။ အလုပ်သမားတွေ ဘက်ကတော့ သူတို့တောင်းဆိုထားတဲ့ အချက်တွေမရမချင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ဒီရွှေတွင်းမိုင်းတွေကို အကြီးစားလုပ်ငန်းတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက အပြည့်အစုံ တင်ပြထားပါတယ်။
မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင်ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာလောက်မှာ ရှိတဲ့ မိုးထိမိုးမိ ရွှေတွင်းဒေသက ရွှေတူးတဲ့မိုင်းတွင်းတွေမှာ ဦးရေ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြတာ ဒီကနေ့ဆိုရင် သုံးရက်ဆက်တိုက် ရှိနေပါပြီ။ အဓိက ကတော့ ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ အသေးစား လုပ်ငန်းရှင်တွေကို ဆက်ပြီးတော့ အလုပ်လုပ်ကိုင်ခွင့် မပေးတာကြောင့် ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့မှာတော့ ကုမ္ပဏီဘက်က တာဝန်ရှိသူတချို့နဲ့ အလုပ်သမားတွေ ညှိနှိုင်းတာ ရှိပေမဲ့ အဆင်ပြေမှု မရသေးဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုဌေးအောင်ကျော်က ပြောပါတယ်။
“လူအင်အားကတော့ သုံးသောင်းကျော် ငါးသောင်း ပတ်ဝန်းကျင်ပေါ့လေ။ ဒီအင်အားလောက်နဲ့ ကျနော်တို့ ဆန္ဒပြနေတာပေါ့နော်။ သူတို့က ၇ ရက်နေ့ကျရင် တိကျတဲ့အဖြေကို ပေးပါ့မယ်ဆိုပြီး အခု ကျနော်တို့ကို အဲဒီလို ပြန်ပြောပါတယ်။ ဒီနေ့မှာ ပြောတာပေါ့နော်။ ၇ ရက်နေ့အထိ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ လုပ်သားတွေ ခံစားခွင့်ကို အရင်အတိုင်းရရှိရေး၊ အဲဒီလောက်ပါပဲ ကျနော်တို့တောင်းဆိုတာက။ သိပ်အထွေအထူး မများပါဘူး။”
ဒီပြဿနာဟာ မေလဆန်းကတည်းက လုပ်ငန်းငယ်တွေကို ရပ်ပစ်ကတည်းက ဒီမိုင်းတွင်းတွေမှာ စဖြစ်နေခဲ့တာ ဖြစ်ပြီး ညှိနှိုင်းမှုတွေ ရှိခဲ့ပေမဲ့ မအောင်မြင်တာကြောင့် သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ အလုပ်သမားတွေကတော့ သူတို့ တောင်းဆိုချက်တွေကို မရမချင်း ဆက်ပြီးတော့ ဆန္ဒပြသွားမှာဖြစ်သလို သက်ဆိုင်ရာအစိုးရ ဌာနတွေဆီကိုလည်း တင်ပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“တစ်လကျော်နေပါပြီ။ သူတို့က ဟိုလိုလျှော့လိုက်၊ ဒီလိုလျှော့လိုက်နဲ့ အဲဒီလို လျှော့ လျှော့ပြီးတော့ လုပ်လာခဲ့တာ ကနေ့ အချိန်အထိပေါ့နော်။ ကျနော်တို့ဆိုရင် ဒါ အကုန်ရပ်ထားရတာဗျ။ လူ ငါးသိန်းလောက်ကတော့ အကုန်လုံး အခက်အခဲဖြစ်သွားမှာဗျ။ အခု ကျနော်တို့ဆိုရင်ပဲ ကိုယ့်နေရပ်ကို ပြန်ပို့တဲ့သူက ပို့ခံရတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆန္ဒဖော်ထုတ်တာတွေကို နေပြည်တော်ရယ်၊ ရန်ကုန်အထိမှာပါ လုပ်ဖို့ စီစဉ်ထားတာပေါ့နော်။”
သတ္ထုတွင်း ၀န်ကြီးဌာနကနေ ကွန်ထရက်ယူထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေကို ပြောင်းမယ်ဆိုတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မိုလို့ ဒီစီမံကိန်းတွေအကြောင်း လုပ်ငန်းငယ်တွေကိုလည်း ကြိုတင်အကြောင်းကြားထားတာ ဖြစ်သလို သူတို့ကိုလည်း ၇ လ လုပ်ကိုင်ခွင့် ပေးပြီးသားဖြစ်တယ် ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
“ဒီနေ့လည်း ကျနော် သူတို့နဲ့ ဆွေးနွေးဖြစ်ပါတယ်။ အဓိက ကတော့ သူတို့က သွားမယ်ဆိုရင် ကျနော်တို့က နိုင်ငံတော်ကို ၇၃ ပိဿာပေါ့။ ငါးနှစ်ဆိုရင် ၅.၅၇ ပေးသွင်းရမှာပေါ့နော်။ နှစ်ရှည်လည်း လုပ်ရမယ့်ဟာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီလို အသေးစားနဲ့သွားမယ်ဆိုရင် တစ်နှစ်ခွဲ နှစ် နှစ်တွင်းမှာ ဒီမိုင်းကြီးက ဆက်ပြီးတော့ ထုတ်လုပ်ဖို့ အခက်အခဲဖြစ်သွားရင် နိုင်ငံတော် အတွက်လည်း နစ်နာမယ်ပေါ့နော်။ ဒါကြောင့်မိုလို့ ကျနော်တို့က ရှေ့ဆက်သွားဖို့ဆိုရင် ဘယ်လို သူတို့အနေနဲ့ အာမခံချက် ပေးမလဲ၊ ဒါလည်း သူတို့ကို ကျနော်တို့ မေးခဲ့ပြီးပါပြီ။ ပြောခဲ့ပြီးပါပြီ။ ရှင်းခဲ့ပြီးပါပြီ။”
အခု ဒီမိုင်းတွင်းက အသေးစားလုပ်ငန်းတွေကို အကြီးစားလုပ်ငန်းတွေ ပြောင်းနိုင်ဖို့အတွက် အလုပ်သမားတွေနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်သလို အကြီးစားလုပ်ငန်းတွေနဲ့ အလုပ်သမားတွေ ပူးပေါင်း လုပ်ဆောင်သွားဖို့ကိုလည်း ကုမ္ပဏီဘက်က ကူညီနိုင်ဖို့တွေကိုလည်း စီစဉ်ထားတယ်လို့ ဆက်ပြီးတော့ ရှင်းပြပါတယ်။
“ကျနော်တို့မှာ အခု လုပ်ကွက်ကြီးထဲမှာ ရွှေစင် ရယ်၊ ထုံးကြီးရယ် ဆိုပြီးတော့ လုပ်ကွက်ကြီး နှစ်ခု ရှိတယ်။ ဒါကတော့ ကုမ္ပဏီ လုပ်ကွက်ကြီးတွေပေါ့နော်။ ကျန်တဲ့ဇုံတွေမှာ ဇုံ ၁၂ ဇုံ ရှိပါတယ်။ တခြားဇုံတွေမှာ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ဖြစ်ပါတယ်။ သူတို့လက်အောက်မှာ မဟုတ်ပါဘူး။ သူတို့နဲ့ ပူးပေါင်းပြီး စောစောကပြောသလို အစုစားသော်လည်းကောင်း၊ လခစားသော်လည်းကောင်း သူတို့ လုပ်လို့ရတယ်လို့ ပြောထားပါတယ်။”
ဒီရွှေတွင်း လုပ်ကွက်တွေကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ထရိုက် စယူထားတာ ဖြစ်ပြီးတော့ ငါးနှစ်သက်တမ်း စာချုပ်နဲ့ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အခု မိုးထိမိုးမိဒေသမှာ အသေးစားလုပ်ငန်းတွေက ၃၆ ခုမက ရှိနေပြီးတော့ ဧက ၂၀ ကျယ်ဝန်းတဲ့ လုပ်ကွက်တကွက်ကို တနှစ်ကို ရွှေ ၂၄ ကျပ်သား ပေးဆောင်ပြီး အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
By မသင်းသီရိ - (ဗွီအိုအေ-မြန်မာပိုင်း)
ဘကြီးသက်
Unknown at 10:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာမွတ်စလင် တစ်ဦးရဲ့ ကြေညာချက်။
၁။ ယခု ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာမွတ်စလင် တစ်ဦးဖြစ်သူ မှ စိတ်မချမ်းသာ ၀မ်းနည်းကြေကွဲ ရသဖြင့် ယခုကဲ့သို့ ကြေညာ အပ်ပါသည်။
၂။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော် သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
၎။ ယခုဖြစ်စဉ်ကိုလေ့လာသုံးသပ်ကြည့်လျှင် လွန်ခဲ့သည့်ရက်ပိုင်းက ရဗ်းဗြဲ မြို့ တွင် အမျိုးသမီးတစ်ဦး အား မတရားပြုကျင့် ခဲ့ပြီးရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကိုအခြေခံပြီး ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။
၅။ အထက်ပါ ပြစ်မှုကျူးလွန်သူ ၃ ဦး ကို မြန်မာနိုင်ငံ တရားဥပဒေ အရ အပြစ်ပေးပါ။ အစ္စလာမ့်တရားဥပဒေ အရ ယင်းသို့သောသူကို သေဒဏ်ပေးရမည်သာဖြစ်သည်။
၆။ ယင်းသို့ ကျူးလွန်သူ ၃ ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။
၇။ အမှုတစ်ခုကို ကျူးလွန် သူတစ်ဦး ကကျူးလွန်းပြီး ကျန်သော လူ့အစုအဝေးက ပြစ်ဒဏ်ခံရမည်ဆိုတာ တရားပါသလား။
၈။ မျက်လုံး တစ်လုံး အဖောက်ခံ ရရင် မျက်လုံး တစ်လုံးသာ အစားပေးရမည် ဖြစ်ပါသည်။ ဒါဟာ ကိုဓဥပဒေဖြစ်ပါတယ်။
၉။ ယခု ထပ်မံပြီး ယင်းဖြစ်စဉ်ကိုအခြေခံကာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က သံတွဲမှ လာသော ကားတစ်စီးကို တောင်ကုတ်မှ လူအုပ်စု တစ်ခုက တိုက်ခိုက်ရာ အစ္စလာမ် ဘာသာဝင် ၁၀ ဦး သေဆုံးသွားကြောင်းသိရှိရပါသည်။ ယင်းသို့လူအုပ်စု တစ်ခု ရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။ ဥပဒေမဲ့ ပြုကျင့်ခံရပါသည်။
၁၀။ ဘာသာရေး အဓိကရုံး အသွင် မဆောင်စေ လိုပါ။အခြားသော တိုင်းနှင့်ပြည်နယ် များသို့ ပြသာနာ မကူးစက်စေရန် အမျိုးသားရေး အသွင်ဖြင့် ပူးပေါင်း လက်တွဲ ကာကွယ် ကြရမည် ဖြစ်ပါသည်။
၁၁။ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် များ ရှေးယခင်ကတည်းက တိုင်းပြည်နှင့် မြန်မာလူထုအတွက် အသက်နှင့်ရင်းပြီး ဆောင်ရွက်ကြ ပါတယ်။
၁၂။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
၁၃။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။
၁၄။သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် နှိုးဆော်ပန်ကြားအပ်ပါသည်။
မောင်လျောက် (ရွှေမြယာ)
အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တစ်ဦး
-- 
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
ဘကြီးသက်
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အမှုအား အချိန်ဆွဲထားသဖြင့် ကာယကံရှင် အနေဖြင့် ထိခိုက်နစ်နာမှုများ ရှိနေ
04 JUN 2012  | BY ENVOY
မြောက်ဥက္ကလာပ မြို့နယ် Y တံတား အနီး၌ လွန်ခဲ့သော နှစ်လ ကျော်ခန့်က ဖြစ်ပွားခဲ့သည့် ယာဉ် တိုက်မှုဖြစ်စဉ် တစ်ခုအား ယခုအချိန် အထိ အမှုဖွင့် အရေးယူမှု မရှိသည့် အပြင် ဆေးရုံကြီး၌ ဆေးဝါး ကုသမှုခံသည့် ဆေးစာကိုပင် သွားရောက် ထုတ်ယူခြင်းမရှိသည့်အတွက် ယာဉ် တိုက်ခံရသူ အနေဖြင့် များစွာဆုံးရှုံး မှုများရှိနေကြောင်း ၄င်းမိသားစု များ ထံမှတစ်ဆင့် သိရသည်။
မတ် ၄ ရက် ည ၈နာရီခွဲ အချိန်တွင် ဒဂုံတက္ကသိုလ်ဒုတိယ နှစ် သင်္ချာ ကျောင်းသူ မဖြူဖြူသန့် (ယာဉ်တိုက်ခံရသူ)နှင့်သူငယ်ချင်း များသည် ရွှေတိဂုံစေတီတော်သာ သနာ ၂၆၀ဝ ပြည့် ဘုရားပွဲသို့ သွားရောက်ခဲ့ရာမှ ပြန်လာပြီး သူ ငယ်ချင်းများနှင့်လမ်းခွဲခဲ့ရာ မြောက် ဥက္ကလာပမြို့နယ် Y တံတားအနီး သို့အရောက်တွင် ယာဉ်မောင်းကို သက်တင်မောင်းနှင်လာသည့် ဒ/၇၆၄၆ ဟိုင်းလတ် အဖြူရောင် ယာဉ်မှ အရှိန်ပြင်းစွာဝင်တိုက်ခဲ့ သည်။
ယာဉ်တိုက်ခံရသည့် အရှိန်ကြောင့် မဖြူဖြူသန့်မှာ ခန္ဓာကိုယ် အနှံ့ ဒဏ်ရာများ ရရှိသည့်အပြင် မျက်နှာပြင်၌ ပြင်းထန်စွာဒဏ်ရာ ရရှိခြင်း၊ ဆီးအိမ် ပေါက်ကွဲခြင်းများ ပါခံစားရသည်။ ထို့ကြောင့်ရန်ကုန် ဆေးရုံကြီး အရေးပေါ် ခွဲစိတ်ဆောင် ၇/၈တွင် ၂၁ ရက်ကျော်ကြာဆေး ဝါးကုသခံယူခဲ့ကြောင်းလည်း သိရှိ ရသည်။
“ကျွန်မသမီးကတက္ကသိုလ် ကျောင်းသူပါ။ အခုဇွန် ၁ ရက်ဆို ရင် ကျောင်းတက် ရတော့မယ်။ ဒါ ပေမဲ့ဒီပုံစံနဲ့ဘယ်လိုသွားတက်မ လဲနော်၊ မသေအောင်တောင်မ နည်းကုထားရတာ၊ ယာဉ်တိုက်ခံရ ပြီးကတည်းက ဒီနေ့အထိတိုက် သွားတဲ့ကားသမားကတစ်ခါလေး တောင်လာမမေးဘူး။ ယာဉ်တိုက်မှု ဖြစ်တဲ့ တရားခံ ယာဉ်မောင်းကို လည်း အခုအချိန်ထိအာမခံနဲ့ လွတ်ထားတယ်လို့ သိရတယ်။ သုံးလနီးပါး ရှိသွားပြီ၊ တရားစွဲဖို့မပြောနဲ့ ဆေးရုံ ကြီးက ဆေးစာတောင်အခုထိသွား မထုတ်သေးဘူး။ ဒီအမှုကိုစစ်တဲ့ အမှုစစ်က ယာဉ်ထိန်းနယ်မြေ (၇) က ဒုရဲအုပ်အောင်________ပါ။ အဲဒီယာဉ်မှုစစ်လည်းအခုချိန်အထိ တစ်ခါမှလာမမေးဘူး။ ချိန်းရင် လည်းမအားဘူးလို့ ဆိုပြီး မတွေ့ရဘူး” ဟု ယာဉ်တိုက်ခံရသူ မဖြူဖြူ သန့်၏မိခင်ကရှင်းပြပါသည်။
အမှုအားဥပဒေအကြံတောင်း ခြင်း၊ တရားစွဲဆိုခြင်းများမရှိသည့် အတွက် ဥပဒေကြောင်း အရကူညီ လုပ်ဆောင်ပေးနိုင်ဦးမည် မဟုတ် သေးကြောင်း တရားစွဲဆိုပြီးမှသာ လျှင် ရှေ့နေတစ်ဦး အနေဖြင့်လုပ် ဆောင်ရမည့် လုပ်ငန်း တာဝန်များ စတင် ဆောင်ရွက် နိုင်မှသာ ဖြစ်သည် အတွက် အမှုနှင့်သက်ဆိုင်သည့် ယာဉ်မှုစစ်အနေဖြင့် အမြန်ဆုံး တရားစွဲဆို တင်ပို့သင့်ကြောင်း မဖြူဖြူသန့် ၏ရှေ့နေကရှင်းပြခဲ့သည်။
ရန်ကုန်မြို့အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိသော ယာဉ်တိုက်မှု များ၌ အမှုစစ်များ၏အချိန်ဆွဲမှု ကြောင့် ထိခိုက်နစ်နာသူနှင့်မိသားစု များအနေဖြင့် လူမှုရေး ဆုံးရှုံး နစ်နာ မှုများရှိနေကြောင်း သိရှိရသည်။
မြန်မာပြည်သား KW
ဘကြီးသက်
Unknown at 10:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြည်ပ နိုင်ငံများသို့ Website တစ်ခု မှတဆင့် သတင်းတို Message ပို့နိုင်မည်
ပြည်ပနိုင်ငံ မှာရှိတဲ့ မိမိရဲ့ မိတ်ဆွေ သူငယ်ချင်း များရဲ့ မိုဘိုင်းဖုန်း များကို သတင်းတို Message အခမဲ့ ပေးပို့မူကိုhttp://www.dailysms.com မှတစ်ဆင့်
ပေးပို့ နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ပေးပို့မူဟာ ၀က်ဆိုက်မှာ မိမိရဲ့ ကိုယ်ပိုင် Account ဖွင့်ပြီး အခမဲ့ ပေးပို့ နိုင်တယ် လို့လည်း သိရပါတယ်။ မိုဘိုင်းနဲ့ အသုံးပြု လိုပါက မိမိရဲ့ မိုဘိုင်းဖုန်းကို အင်တာနက် တပ်ဆင် ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ပေးပို့လိုသူတွေ အနေ နဲ့တော့http://www.dailysms.in ကိုဖွင့်ပြီး Free SMS ကို Click လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ Select country နေရာမှာ မိမိပို့လိုတဲ့ နိုင်ငံအား ရွေးချယ်ပြီး ဖုန်းနံပါတ် နေရာမှာ မိမိပို့မယ့် သူရဲ့ ဖုန်းနံပါတ်ကို ရိုက်ပြီး ပို့နိုင်တယ်လို့ သိရပါတယ်။ အခုလို ၀က်ဆိုဒ်များမှ တစ်ဆင့် မက်ဆေ့ အခမဲ့ ပေးပို့နိုင်ခြင်းမှာ အရင်ထဲကရှိတဲ့ Website ဖြစ်ပေမယ့် အသုံးပြုသူ နည်းတဲ့ အတွက် တွင်တွင် ကျယ်ကျယ် မသုံးတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အကြောင်းအရာ များကို ဖြေဆိုပေးနေတဲ့ Call Center မှ သိရှိရပါတယ်။
 Myanmar Express
ဘကြီးသက်
Unknown at 10:00 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒေါ်စုမသိတဲ့ ဒုက္ခသည်စခန်းအကြောင်း
ဇွန်လ ၂ ရက်နေ့က ကျနော်တို့နေတဲ့ မယ်လ ဒုက္ခသည်စခန်းက ခါတိုင်းနဲ့မတူ တမူးထူးခြားနေတယ်လို့ ပြောရပါမယ်။ စခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေတာ တပတ်လောက်ရှိနေပြီ။ ဒေါ်စုလာမယ်ဆိုတဲ့ သတင်းက စခန်းတခုလုံးမှာ ဟိုလေးတကျော် ဖြစ်နေတဲ့ သတင်းဖြစ်ပါတယ်။
ကျနော်လည်း ရှိတဲ့ ရိက္ခာအကျန်လေးကိုချက် ငပိရည်နဲ့ မိုးဦးကျရာသီမှာ ဒုက္ခသည်စခန်းရဲ့ ပင်တိုင်ဟင်းဖြစ်တဲ့  မျှစ်ပြုတ်နဲ့ လွေးအပြီး စခန်းရုံးရှိရာဘက်ကို ချီတက်လာပါတော့တယ်။ ကျနော်ရောက်နေတဲ့ အချိန်မှာ စခန်းရုံးပတ်လည်မှာ လူတော်တော်များနေပြီ။ တိုးမပေါက်တော့ဘူး။ ကျနော်က ဒုက္ခသည်တဦးအနေနဲ့ ဒေါ်စုကို မြင်ဖူးချင်တာပါ။ တင်ပြခွင့်ရရင် တင်ပြချင်တာလေးတွေရှိလို့ လာခဲ့တာပါ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကတည်းက အမိမြန်မာပြည်ကနေ ခွဲခွာလာခဲ့တဲ့ ကျနော်၊ ဒီမိုကရေစီကို လက်နက်ကိုင်တိုက်ပွဲ ၀င်မယ်ဆိုတဲ့ သံမဏိစိတ်ဓါတ်နဲ့ တောခိုလာခဲ့တဲ့သူ။ ခုတော့ အခြေအနေအချိန်အခါအရ လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာပြီး ထိုင်းမြန်မာနယ်စပ်မှာ အကြီးဆုံးဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ တော်လှန်ရေးသမား ဘ၀ကနေ ကမ္ဘာကျော် ဒုက္ခသည် ဖြစ်လာခဲ့တာပါ။
ကမ္ဘာကျော် ဒုက္ခသည်လို့ ပြောတာက ဒီလိုပါ။ ကျနော်တို့နေတဲ့ စခန်းက မဲဆောက်မြို့နဲ့ဆို ၄၅ မိနစ်သာရှိတဲ့ ခရီးအကွာမှာရှိတာကြောင့် ဥရောပက မဟာမင်းကြီးတွေ၊ အမေရိကန် အထက်လွှတ်တော်၊ အောက် လွတ်တော်က ဧည့်သည်တော်တွေ မကြာမကြာ လာရောက်တာကြောင့် ကျနော်တို့လည်း စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေတာပေါ့။ ဒါကြောင့် ကမ္ဘာကျော်တဲ့ ဒုက္ခသည်တွေပါလို့ ပြောချင်တာပါ။
အခုလည်းကြည့် ဒေါ်စု ဒုက္ခသည်စခန်းကို လာလည်မယ်ဆိုတဲ့ သတင်းက ကမ္ဘာ့မီဒီယာတွေမှာ ပါနေတာကို တပတ်လောက် ရှိနေပြီ။ ကျနော်တို့ စခန်းက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေကြမို့ပါ။
ဒုက္ခသည် စခန်းမှာရှိတဲ့ လူတွေကတော့ မြန်မာနိုင်ငံက အလွှာပေါင်းစုံကလာတဲ့ သူတွေဖြစ်တယ် ဆိုတာကို ပြောချင်တာပါ။
(၁) ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် စစ်စစ်တွေ( ရပ်ရွာတွေမရှိတော့တဲ့ သူတွေ)
(၂) နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်းရေးလုပ် အသက်ကြီးပြီး အနားယူတဲ့အခါ ဒုက္ခသည် ဖြစ်လာတဲ့သူ
(၃) ပိုက်ဆံအတော်အသင့်ရှိပြီး ဒုက္ခသည် စခန်းမှာ စီးပွားရေး လာလုပ်တဲ့ ဒုက္ခသည်တွေ
(၄) မြန်မာပြည်မှာ ချမ်းသာပြီး အမေရိကားနဲ့ ဥရောပနိုင်ငံမှာ အခြေချလိုတဲ့ မြို့ကြီးသား ဒုက္ခသည် တွေ ဆိုပြီး (ဆင်ဖြူတော်မှီပြီး ကြံစုတ်နေတဲ့ လူချမ်းသာ ဒုက္ခသည်) အမျိုးမျိုး ရှိကြပါတယ်။
ဒုက္ခသည် စခန်းကို ဒေါ်စုလာလည်မယ် ဆိုတဲ့သတင်းက မတူတဲ့ ဒုက္ခသည်တွေအတွက် တူညီတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်စုလာတာကို အကောင်းဘက်က မြင်နေကြပါတယ်။
ကျနော့်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ နေတဲ့ ‘အမိုး’ ကတော့ ၁၉၉၆ ခုနှစ်ကရင်ပြည်နယ်အတွင်း ဆင်နွဲတဲ့ အစိုးရထိုးစစ်တွေကြောင့် ထွက်ပြေးလာတဲ့သူဖြစ်ပါတယ်။ အမိုး ကတော့ နံပါတ် (၁) ဒုက္ခသည် အမျိုးအစား ဖြစ်ပါတယ်။ ဒေါ်စုလာလည်တာ ကောင်းတယ်။“အမိုးတို့ အိမ်ပြန်ရတော့မယ်၊ အမိုးရဲ့ မြေးတွေကို ကျောင်းထားရတော့မယ်တဲ့” အမိုး မကြာမကြာ ပြောတာတော့ အမိုးတို့က ကျုံဒိုးနဲ့ နီးတယ်တဲ့။ အမိုးရဲ့ ယောင်္ကျားက ကျောင်းဆရာလည်းလုပ်တဲ့ အကြောင်း၊ ဥယျဉ်ခြံစိုက်တဲ့အကြောင်း ကျနော်တို့ကို ခဏခဏ ပြန်ပြောပြတယ်။
အမိုး အသက်က ၇၀ ကျော်ပြီ။ မယ်လ ဒုက္ခသည် စခန်းကိုရောက်တာ အခုဆို ၁၆ နှစ်လောက်ရှိနေပြီ။ မြန်မာပြည်မှာနေခဲ့တဲ့ အချိန်ကို ခုထိ တသသ ရှိနေသေးတယ်။ မြန်မာပြည်အကြောင်းပြောရင် အမိုးရဲ့ မျက်လုံးတွေက တောက်လာတယ်။ မျက်ရည်တွေလည်း ရွှမ်းလာတယ်။ အမိုးကတော့ အခြေအနေအရသာ ဒုက္ခသည်စခန်းမှာ နေထိုင်ရပေမယ့် စိတ်ကတော့ အမိမြန်မာပြည်ကို ပြန်ရောက်နေတယ်။
အမိုးကလည်း မြန်မာပြည်က ၇ တန်းအောင်။ ဒါကြောင့် သူ့မြေးတွေကို စာတတ်စေချင်တယ်။ ဒါပေမယ့် မြေးအကြီးဆုံးက အသက်၁၈ နှစ်ကျော်တာကြောင့် အမေရိကားကို တယောက်တည်း ထွက်ခွာသွားတယ်။ ယောင်္ကျားလေးလည်း ဖြစ်ပြန်၊ အသက် ၁၈ နှစ်ကျော်ရင် မိဘနဲ့ ခွဲပြီးသွားလိုရာကို သွားနိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဥပဒေကြောင့် ခွဲခွာခွင့် ပေးလိုက်ရတာပါ။ မြေးကြီး အမေရိကားကို ထွက်သွားတော့ အမိုးခမြာ တပတ်လောက် စားမ၀င် အိပ်မပျော် ဖြစ်ခဲ့တယ်။
ဒေါ်စုလာလည်တဲ့ သတင်းကြောင့် အမိုး စိတ်ဓါတ်တွေ တက်ကြွနေတယ်။ ဒေါ်စုက အမိုးတို့ကို ပြန်ခေါ်ဖို့လာမှာတဲ့။ ဇွန်လ ၂ ရက်နေ့က အမိုးတယောက် စခန်းရုံးနားမှာ ဖျာခင်းပြီးစောင့်နေတယ်တဲ့။ ဒေါ်စုကို တွေ့ချင်တဲ့ဇော၊ မြန်မာပြည်ကို ပြန်ချင်တဲ့ အမိုးရဲ့ဇောကို လေးစားမိတယ်။
ဒုက္ခသည် အကြောင်းပြောရင် ၂၀၀၆ ခုနှစ်က ဒုက္ခသည်တွေရဲ့ အခြေအနေကို ပြောမှပိုပြီး နားလည်မယ်ထင်တယ်။ အရင်တုန်းကဆို ဒုက္ခသည်စခန်းဆိုတာ သူပုန်တွေနေတဲ့ နေရာလို့ နာမည်သိပ်ကြီးတာ။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ ထိုင်းအစိုးရက ဒုက္ခသည် ဖြစ်ချင်တဲ့သူတွေ စခန်းထဲကို ၀င်ရမယ်ဆိုတဲ့ မူနဲ့ ကိုင်ထည့်လိုက်တော့ မဲဆောက်အနှိပ်ခန်းမှာ အလုပ်လုပ်နေတဲ့ကောင်မလေးတွေ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးသမားတွေနဲ့ ဆက်စပ်တဲ့ ရန်ကုန်က ပိုက်ဆံချမ်းသာသူတွေ လှိမ့်ဝင်လာပါတယ်။
အဲဒီလို လှိမ့်ဝင်လာတဲ့အထဲမှာ ကျနော်တို့ အိမ်နဲ့ ကပ်လျက် နိုင်ငံခြားကို ထွက်သွားပြီဖြစ်တဲ့ ချင်းဇနီးမောင်နှံရဲ့ အိမ်ကို ဘတ်ငွေ ၄၀၀၀၀ နဲ့ဝယ်လိုက်တဲ့ ရန်ကုန်သား အဖိုးကြီးနဲ့ သူ့သမီးနဲ့ မြေးတွေလည်းပါတယ်။ သူတို့က ၂၀၀၇ မှ ၀င်လာတာကြောင့် ထိုင်းအစိုးရရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှုကို မခံလိုက်ရရှာတဲ့ သူတွေပါ။
လူသစ် ရန်ကုန်သား အဖိုးကြီးကတော့ နံပါတ် (၄) အမျိုးအစား အမေရိကားမှ အမေရိကားဘဲ။ ခုထိ လက်မလျှော့သေးဘူး။ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းတို့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်ပြောတော့ သိပ်ဒေါသထွက်တယ်။ ပြည်တွင်းစစ် မငြိမ်းဘဲ ဘယ်လိုမှ ပြန်လို့မရဘူးတဲ့။
ဒါပေမယ့် သူ့ရဲ့ အမျိုးသမီးကတော့ ရန်ကုန်ကို ခဏခဏ ပြန်တယ်။ ဒေါ်စုလာမယ်ပြောတော့ ရန်ကုန်သားအဖိုးကြီးလည်း စိတ်ဓါတ် တက်ကြွလာတယ်။ ဒေါ်စုလာလည်မယ်ဆိုရင် မြန်မာပြည်ကို မပြန်ချင်တဲ့အကြောင်း၊ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့အညီ ခွင့်ပြုသင့်ကြောင်းကို တင်ပြမယ်တဲ့။ ဒေါ်စုလာတာကို အခွင့်ကောင်း ယူပြီး ထိုင်းအစိုးရဆီမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရတဲ့သူ ဖြစ်အောင်လုပ်မယ် ဆိုတဲ့သူတွေ ဖြစ်ပါတယ်။
ဒေါ်စုကို မပြောပြလိုက်ရတဲ့ မယ်လဒုက္ခသည် စခန်းအကြောင်းရှိနေပါသေးတယ်။ မယ်လဒုက္ခသည် စခန်းဆိုတာ မြေဈေးအင်မတန်မှ ကောင်းပါတယ်။ လမ်းမနဲ့ နီးတဲ့အိမ်ဆိုရင် ထိုင်းဘတ်ငွေ သိန်းချီရှိတယ်။ မြန်မာငွေနဲ့ဆို သိန်း ၃၀-၄၀ ထိ ဈေးပေါက်တာကို ဒေါ်စုခမြာ မသိလိုက်ရှာဘူး။ ဘယ်သူမှလည်း ပြောပြမှာမဟုတ်ဘူး။
ဒါကို  မယ်လဒုက္ခသည် စခန်းလို့ခေါ်ပါတယ်။ ဒေါ်စုမသိတဲ့ ဒုက္ခသည် စခန်းအကြောင်းကို နည်းနည်းပြောချင်ပေမယ့် ခမြာတို့မှာ အနားကို ကပ်ရဖို့နေနေသာသော မြင်တောင် မမြင်လိုက်ရရှာဘူး။
ဒေါ်စုထင်သလို ဒုက္ခသည်စခန်းဆိုတာ မြန်မာပြည်မှာ အိမ်မရှိတဲ့သူတွေများသလို ရန်ကုန်မှာ တိုက်တွေ ကားတွေပိုင်တဲ့ သူတွေလည်းအများကြီး ရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည်ဆိုတဲ့စကားလုံးက အားငယ်စရာလို့ ထင်နိုင်ပေမယ့် ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရတဲ့ စာရွက်လေးကိုရဖို့ သိန်းရာချီရင်းပြီး နေထိုင်သူတွေ ဒေါ်စုကို လာကြိုတဲ့အထဲမှာ အများကြီးရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည် လက်မှတ်က မြန်မာပြည်က သိန်းထီထက် တန်ဘိုးရှိနေတာကို ဒေါ်စုတယောက် မသိလိုက်ရှာဘူး။
နောက်တခုက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အများအပြားရှိနေတာကို ဒေါ်စုကို ပြောပြလိုက်ချင်တယ်။ ၂၀၀၈ ခုနှစ်က ဒုက္ခသည်တွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ ထုတ်ပြန်ချက်ကို ဖတ်လိုက်ရသေးတယ်။ တကယ့် ဒုက္ခသည်တွေဆီကို မရောက်ဘဲ ဆုံးရှုံးသွားတဲ့ ပမာဏကို တွက်ချက်ပြထားတယ်။ ထိုင်းဘတ်ငွေ သန်းရာချီပျောက်နေတယ်တဲ့။
ဒါကြောင့် ဒုက္ခသည် အတုနဲ့ အစစ်၊ ဒုက္ခသည်ကို အကြောင်းပြပြီး လုပ်စားနေတဲ့ အဖွဲ့အစည်း အများအပြား ရှိနေတာကို ပြောလိုက်ချင်ပေမယ့် ပြောခွင့်မရလိုက်ဘူး။ ဒေါ်စုလာလည်တဲ့အခါ တွေ့ခွင့်ရလိုက်တဲ့ အဖြူ၊ အမည်း၊ အ၀ါတွေ၊ “အမေစုကို ချစ်ပါတယ်”ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ ရန်ကုန်သား အဖိုးကြီး၊ ဒုက္ခသည်တွေကို အိမ်ပြန်ခေါ်ဖို့ ကြားချင်နေတဲ့ အတွက် စခန်းရုံးအနီး ဖျာခင်းပြီး ထိုင်စောင့်နေတဲ့ အမိုးတို့ တတွေဟာ မယ်လ ကမ္ဘာထဲက လူသားတွေပါလို့ ပြောလိုက်ချင်ပါဘိ။
မောင်ရမ္မာ
http://www.maukkha.org/index.php/feature-article/2143-maukkha-daw-suu-and-refugee-camp မှ ကူးယူဖေါ်ပြပါသည်။
ဘကြီးသက်
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ဇွန်လ ၉ ရက်နေ့ တွင်ထုတ်ပြန်မည်
၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
` တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ (ဇွန်လ) ၉ ရက်တွင် ထုတ်ပြန်မယ်လို့သိရပါတယ်´ဟု ၄င်းကဆိုသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယခုလ ၃ ရက်တွင် ထုတ်ပြန်ကြေညာမည့်သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း တစ်ပတ်နောက်ကျ၍ ဇွန်လ ၉ ရက်တွင် အောင်စာရင်းထုတ်ပြန်မည့်အခြေအနေရှိသည်။
ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အောင်ချက်မှာ ၃၅ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့သည်။ ၄င်းပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၃၆ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၄၄ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှသိရသည်။
ဘကြီးသက်
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.