၁။ ယခု ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာမွတ်စလင် တစ်ဦးဖြစ်သူ မှ စိတ်မချမ်းသာ ၀မ်းနည်းကြေကွဲ ရသဖြင့် ယခုကဲ့သို့ ကြေညာ အပ်ပါသည်။
၂။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော် သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငြံ ဖစ်သည်။
၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။
၎။ ယခုဖြစ်စဉ်ကိုလေ့လာသုံးသပ်ကြည့် လျှင် လွန်ခဲ့သည့်ရက်ပိုင်းက ရဗ်းဗြဲ မြို့ တွင် အမျိုးသမီးတစ်ဦး အား မတရားပြုကျင့် ခဲ့ပြီးရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကိုအခြေခံပြီး ဖြစ်ပွားလာရခြင်းဖြစ်ပါသည်။
၅။ အထက်ပါ ပြစ်မှုကျူးလွန်သူ ၃ ဦး ကို မြန်မာနိုင်ငံ တရားဥပဒေ အရ အပြစ်ပေးပါ။ အစ္စလာမ့်တရားဥပဒေ အရ ယင်းသို့သောသူကို သေဒဏ်ပေးရမည်သာဖြစ်သည်။
၆။ ယင်းသို့ ကျူးလွန်သူ ၃ ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။
၇။ အမှုတစ်ခုကို ကျူးလွန် သူတစ်ဦး ကကျူးလွန်းပြီး ကျန်သော လူ့အစုအဝေးက ပြစ်ဒဏ်ခံရမည်ဆိုတာ တရားပါသလား။
၈။ မျက်လုံး တစ်လုံး အဖောက်ခံ ရရင် မျက်လုံး တစ်လုံးသာ အစားပေးရမည် ဖြစ်ပါသည်။ ဒါဟာ ကိုဓဥပဒေဖြစ်ပါတယ်။
၉။ ယခု ထပ်မံပြီး ယင်းဖြစ်စဉ်ကိုအခြေခံကာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က သံတွဲမှ လာသော ကားတစ်စီးကို တောင်ကုတ်မှ လူအုပ်စု တစ်ခုက တိုက်ခိုက်ရာ အစ္စလာမ် ဘာသာဝင် ၁၀ ဦး သေဆုံးသွားကြောင်းသိရှိရပါသည်။ ယင်းသို့လူအုပ်စု တစ်ခု ရဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုံချအပ်ပါသည်။ ဥပဒေမဲ့ ပြုကျင့်ခံရပါသည်။
၁၀။ ဘာသာရေး အဓိကရုံး အသွင် မဆောင်စေ လိုပါ။အခြားသော တိုင်းနှင့်ပြည်နယ် များသို့ ပြသာနာ မကူးစက်စေရန် အမျိုးသားရေး အသွင်ဖြင့် ပူးပေါင်း လက်တွဲ ကာကွယ် ကြရမည် ဖြစ်ပါသည်။
၁၁။ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် များ ရှေးယခင်ကတည်းက တိုင်းပြည်နှင့် မြန်မာလူထုအတွက် အသက်နှင့်ရင်းပြီး ဆောင်ရွက်ကြ ပါတယ်။
၁၂။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။
၁၃။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲ မှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင် သော ထောင်ချောက်များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။
၁၄။သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ေ ပးကြပါရန် နှိုးဆော်ပန်ကြားအပ်ပါသည်။
မောင်လျောက် (ရွှေမြယာ)
အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တစ်ဦး
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge