Thursday, May 17, 2012

မြန်မာ အလုပ်သမားများ ဘဏ်မှတဆင့် အိမ်ကို ငွေလွှဲနိုင်တော့မည်

အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank-AGD) သည် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုဖြစ်သော K-Bank (Kasikorn Bank)နှင့် ပူးပေါင်း၍ ငွေလွှဲမှု လုပ်ငန်းများကို ဇွန် လ ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGD)နှင့် ထိုင်း Kasikorn Bank တို့ မြန်မာ အလုပ်သမားများအတွက် ငွေလွှဲလုပ်ငန်း သဘောတူ လက်မှတ်ရေးထိုးပွဲ (ဓာတ်ပုံ - The Nation)
ထိုင်းနှင့်မြန်မာ ပုဂ္ဂလိကဘဏ်မှတဆင့် ငွေလွှဲနိုင်မည့် ယခု အစီအစဉ်သည် ပထမဆုံး ပြုလုပ်သည့် အစီအစဉ်လည်း ဖြစ်သည်။
ယင်း အစီအစဉ်အရ ဘဏ်မှ တရက်လျှင် ဘတ် ငွေ ၉၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀၀) ခန့် လွှဲခွင့်ပြုမည်ကြောင်း Kasi korn Bank ၏ ဒု ဥက္ကဋ္ဌ Mr.Somkiat Siri Chat ၏ ပြောကြားချက်ကို မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။
“အခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရတဲ့ အကြောင်းကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေ ယုံကြည်စိတ်ချစွာနဲ့ ဘဏ် ကနေ တဆင့် ငွေလွှဲလို့ အဆင်ပြေအောင် ဖြစ်ပါတယ်၊ အချိန်နဲ့ ငွေလက်ခံရရှိတဲ့ အထိ ဘဏ်ကနေ အာမခံတယ်”ဟု Mr.Somkiat Siri Chat က ဆိုသည်။
ယခုငွေလွှဲအစီအစဉ်အား ထိုင်းတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁.၆ သန်း ခန့်ကို ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားအများစု နေထိုင်ကြသည့် ဘန်ကောက်၊ ဆမွတ်ဆာခွန်၊ စမွတ်ပကန်၊ နွန်ထပ်ဘူရီ၊ ပထုံ ဌာနီ၊ ချွန်ဘူရီ၊ လရောင်း၊ စူရတ်ဌာနီ၊ စွန်းခလာ၊ ဖူးကက် နှင့် ချင်းမိုင်မြို့များရှိ Kasi korn Bank နှင့် ATM များမှ ပေးပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ Kasikorn Bank အနေနှင့် လာမည့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်နိုင်ရန် မျှော်လင့်ထားကြောင်း လည်း Mr.Somkiat Siri Chat က ဆက်ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများက မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ ငွေလွှဲ ပို့ရာတွင် ငွေလွှဲသူ၏ အမည်၊ မှတ်ပုံ တင် နံပါတ်(သို့) ပတ်စ်ပို့ နံပါတ်(သို့) အလုပ်သမား မှတ်ပုံတင် နံပါတ်၊ လိပ်စာ (ငွေကြေး ခ၀ါချမှု ဥပဒေအရ လိုအပ်ချက်)၊ ဖုန်းနံ ပါတ်(ငွေလွှဲလာ မထုတ်လျှင် ပြန်ဆက်သွယ်ရန်)တို့ကို ပေးရမည်ဖြစ်ကြောင်း၊ ငွေလက်ခံမည့် သူ၏ အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် (ငွေလွှဲ ရောက်ကြောင်း အကြောင်းကြားရန်)၊ မည်သည့်မြို့၊ မည်သည့်ဘဏ်ခွဲသို့ လွှဲလိုသည် စသည်တို့ ပေးရန်လည်း လိုအပ်ကြောင်း AGD Bank က ရှင်းပြသည်။
ငွေလွှဲလက်ခံသူ အနေဖြင့် မှတ်ပုံတင်ပြပြီး ငွေထုတ်ယူနိုင်ပြီး AGD ဘဏ် ၏ နေ့စဉ် ငွေလဲ ကောင်တာမှ အမေရိကန် ဒေါ်လာ ၀ယ်ဈေးဖြင့် သတ်မှတ်ပေးမည်ဟု သိရသည်။ AGD ဘဏ်က အမေရိကန်ဒေါ်လာ ၁၀၀ မှ ၃၀၀၀ အထိကို ငွေလွှဲခ ဘတ်ငွေ ၁၅၀ ယူမည်ဟုလည်း ဆိုသည်။
ယင်းသို့ ဘဏ်မှငွေလွှဲရန်အတွက် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအနေနှင့် ဘာသာစကား သုံးစွဲမှုနှင့် သွားရေးလာရေး ကိစ္စများတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားတချို့က ပြောဆိုသည်။
ဧရာဝတီ
Unknown at 8:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လိင်တူချစ်သူများ မုန်းတီးမှု ဆန့်ကျင်ရေးနေ့ ကျင်းပ

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား မုန်းတီးမှု ဆန့်ကျင်သောနေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပရာ လိင်တူချစ်သူများအပေါ် ခွဲခြား ဆက်ဆံခံနေရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လိင်တူချစ်သူများ မုန်းတီးမှု ဆန့်ကျင်ရေးနေ့ ပိုစတာ (ဓာတ်ပုံ - HREIB)
ထိုအခမ်းအနားအား လိင်တူချစ်သူအရေးဆောင်ရွက်နေသူများနှင့် လူမှုရေးအဖွဲ့များမှ ကြီးမှူး၍ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Tower ၌့ ပြုလုပ်ခဲ့ရာ လိင်တူချစ်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့စည်းများမှ ဧည့်သည်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အာဏာပိုင်များ တက်ရောက်ခဲ့ကြကြောင်း အခမ်းအနားစီစဉ်သူ မမြတ်နိုးက ဧရာဝတီကိုပြော သည်။
နာမည်ကျော်အလှဖန်တီးရှင်များလည်း တက်ရောက်ကြပြီး မိတ်ကပ် ကိုမာက လိင်တူချစ်သူများနှင့်ပတ်သက်သည့်အကြောင်း အရာများကို ပြောဆိုကာ၊ ပညာပေး အစီအဉ်များ၊ တေးဂီတ ဖျော်ဖြေမှုများ၊ တခန်းရပ် ပြဇာတ်များဖြင့် လိင်တူချစ်သူတို့ ၏ ဘ၀ ပုံရိပ်များကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။
လိင်တူချစ်သူ ဖြစ်သွားသည့် သားသမီးအား ဖခင်ဖြစ်သူ၏ လမ်းညွှန်ဆုံးမမှု လွှဲမှားခြင်းနှင့် ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှု ခံရသည့်အတွက် ရေစုံမျှောကာ ဘ၀ပျက်သွားသည့်အကြောင်း ရေးဖွဲ့ထားသော“အမိုး မရှိတဲ့ ကမ္ဘာ”ဟူ သည့် ပြဇာတ်တို  တပုဒ်ကို အထူးအစီအစဉ်ဖြင့် တင်ဆက်ပေးခဲ့ကြောင်း မမြတ်နိုး က ရှင်းပြသည်။
မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်ကျင်းပနိုင်ခဲ့၍ ၀မ်းမြောက်မိကြောင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဒေသဆိုင်ရာ အာ ဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရကြောင်း ထိုင်းနိုင်ငံ ရနောင်းမြို့အခမ်းအနားကို ဦးဆောင်စီစဉ်သူတဦးဖြစ်သည့် လူ့အခွင့် အရေး ပညာပေးဌာန(HREIB)၏ ညွန်ကြားရေးမှူးနှင့် လိင်တူချစ်သူတဦး ဖြစ်သူ ဦးအောင်မျိုးမင်း ကလည်း ဧရာဝတီကို ပြော သည်။
“နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ တန်းစီလမ်းလျှောက်မှာလည်း မဟုတ်ဘူး၊ ခန်းမထဲမှာပဲ ဆွေးနွေးဟောပြောတာတွေ
လုပ်မှာပါ ဆိုပြီး တင်ပြခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။
လိင်တူ ချစ်သူများအား အကြောင်းမဲ့ မုန်းတီးမှုများ ပပျောက်ရေးနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO)က ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် လိင်တူချစ်သူများအား စိတ်မနှံ့သူ၊ မူမှန်စိတ် မရှိသူများအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့်ကျင်း ပရခြင်းဟု ဦးအောင်မျိုးမင်း က ပြောသည်။ လိင်တူချစ်သူများသည် သာမန်လူများသာ ဖြစ်သည်ဟုလည်း ဆိုသည်။
လိင်တူချစ်သူများနေ့အား နိုင်ငံတကာ၌ လွတ်လပ်စွာ ကျင်းပခွင့် ရရှိပြီး လမ်းမပေါ်၌ စီတန်းလမ်းလျှောက်ခြင်း၊ ဆန္ဒပြတောင်း ဆိုခြင်းတို့အား လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရသော်လည်း မြန်မာနိုင်ငံ၌ ကန့်သတ် တားမြစ်ခြင်းနှင့် ခွဲခြား ဆက်ဆံခြင်းများ ရှိနေဆဲဟု လိင်တူ ချစ်သူများက ပြောသည်။
“လိင်တူချစ်သူတွေကို အကြောင်းမဲ့ မုန်းတီးနေတာကို ပပျောက်ဖို့၊ လူလိုသူလို မြင်ပြီးတော့ အသိအမှတ်ပြုပေးဖို့၊ ဒီကိစ္စတွေ ကို ကိုယ့်အချင်းချင်းကြားမှာ မသိသေးတဲ့သူတွေကို ပညာပေးဖို့ဆိုတဲ့ ကိစ္စတွေကို လုပ်ဆောင်သွားမှာပါ”ဟု ဦးအောင်မျိုးမင်း က ဆိုသည်။
လိင်တူချစ်သူများနေ့ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကျောက်ပန်းတောင်း၊ မော်လမြိုင်၊ မုံရွာမြို့များနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့တို့၌ ယနေ့ ကျင်းပပြီး မန္တလေး မြို့၌ မနက်ဖြန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ အခမ်းအနားသို့ ဧည့်သည် ၄၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေး မြို့ကြီးများမှအပ ကျန်သည့် ကျေးလက် မြို့နယ်များ၌ လိင်တူ ချစ်သူများနှင့်ပတ်သက်၍ ခွဲခြား ဆက်ဆံမှု၊
စိတ်ပိုင်း ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အထင်သေးမှု တို့ရှိနေဆဲဖြစ်ကြောင်း၊ ခေတ်ပညာ၊ အတတ်ပညာ တတ်မြောက်
ထားသည့် လိင်တူ ချစ်သူများသည် ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုကို ခံနိုင်ရည် ရှိသော်လည်း အခြေခံပညာ နည်းပါးသူများသည် ဘ၀ပျက်စီးသွားကြကြောင်း ချင်းမိုင်၌ နေထိုင်သူ မြန်မာနိုင်ငံသား လိင်တူချစ်သူ တဦးက ပြောပြသည်။
“ပတ်ဝန်းကျင်အပြင် မိဘဆွေမျိုးတွေက ပါ ခွဲခြားဆက်ဆံတာ ခံရဖန်များလာတော့ အားငယ်လာတယ်၊ မိမိကိုယ်ကို ယုံကြည် မှု နည်းလာပြီး မထူးတော့ဘူး ဆိုပြီး ဘ၀ပျက်၊ အဆုံးစီရင်သွာတဲ့ သူတွေအများကြီး ကြုံဖူးပါတယ်”ဟု ၎င်းက ပြောသည်။
လိင်တူချစ်သူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ မှောင်ရိပ်ခိုမှု နှင့် ပုဒ်မ ၃၇၇ စသည့် ဥပဒေနှစ်မျိုး ကျင့်သုံးကာ အာဏာပိုင်များက အနိုင်ကျင့်စော်ကားမှု ပြုလုပ်နေကြောင်း၊ လိင်တူချစ်သူ တဦးဦးအား ညဘက်တွင်တွေ့ပါက မှောင်ရိပ်ခိုမှုနှင့် ကနဦး ဖမ်း ဆီးပြီး မှောင်ရိပ်ခိုမှု မမြောက်ပါက ပုဒ်မ ၃၇၇ ဖြင့် စွဲဆိုကာ ငွေညှစ်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း လိင်တူ ချစ်သူများက ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ မြေအောက် သန့်စင်ခန်းများ၌ လိင်တူချစ်သူများနှင့်ပတ်သက်၍ လိင်မှုဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေး ၀ါး ပြဿနာများ မကြခဏဖြစ်ပွားနေသည်ဟု ဆိုကာ မြေအောက် သန့်စင်ခန်းများအား ပိတ်သိမ်းကြောင်း မြို့တော်စည်ပင် က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သေးသည်။
ထိုသို့ တလွဲကျင့်သုံးနေသည့် ပုဒ်မ ၃၇၇ အား ပယ်ဖျက်ပေးရေး ကိစ္စကို လှုပ်ရှားဆောင်ရွက်သွားမည်ဟု လိင်တူချစ်သူများက ဧရာဝတီ ကိုပြောသည်။
ပုဒ်မ ၃၇၇ သည် လိင်တူအချင်းချင်း ဆက်ဆံသည်ကို လက်တွေ့ဖမ်းမိပါက အရေးယူသော ဥပဒေပုဒ်မ တခု ဖြစ်သည်။
“ဒီပုဒ်မက ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ လိုရင်လိုသလို အပြစ်ပေနိုင်တဲ့ ပုဒ်မတခုပါ၊ ဒီဟာကို မတ ရားတဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဥပဒေ ပုဒ်မ တခုပါလို့ သိသူနည်းပါးနေပါတယ်”ဟု ဦးအောင်မျိုးမင်း က ဆိုသည်။
မြန်မာနိုင်ငံ၌ “လိင်တူချစ်သူများ”ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းမရှိသေးဘဲ မိန်းမလျာ၊ အခြောက်၊ ရှောက်သီးဆေးပြားသည်၊ ဂန်ဒူး၊ အပုန်း၊ အပွင့် စသည်ဖြင့် ခေါ်ဝေါ်နေကြဆဲ အခြေအနေဖြစ်သော်လည်း လိင်တူအချင်းချင်း ချစ်သူစုံတွဲများကို တွေ့မြင်လာရ သည်ဟု ရန်ကုန်မြို့ခံ လူငယ်တချို့က ပြောဆိုကြသည်။
လက်ရှိသတ်မှတ်ထားသော လိင်တူချစ်သူ အမျိုးအစားများမှာ အမျိုးသားချင်း ချစ်သူ(Gay)၊ အမျိုးသမီးချင်း ချစ်သူ (Lesbian)၊ ကျားမ လိင် နှစ်မျိုစလုံးကို စိတ်ဝင်စားသူ(Bisexual )၊ လိင်ပြောင်းထားသူ(Transgender ) စသည်တို့ ဖြစ် ကြောင်း သိရသည်။
ဧရာဝတီ
Unknown at 8:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ

မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲပြီးတွေ့ ရစဉ်

မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲနေစဉ်
(၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန်  ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင်
(၁၃-၅-၂၀၁၂)ရက်နေ့ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆)
ရွှေဥမင်ဓမ္မသုခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား
 မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များက  အောင်ပန်းမြို့ မြို့မပြင်သာ
 ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတောသံဃမဟာနာယကအဖွဲ့၏ 
ညွှန်ကြားလွှာအမှတ်(၉၅)(၀ိ-မှုခင်းလုပ်ထုံး) နှင့်အညီ...လုပ်ကိုင်ဆောင်ရွက်
ခဲ့ပါသည်။

 မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်တို့မှလည်း....ပြည်နယ်သံဃနာယက
အဖွဲ့ဆရာတော်၏ ညွှန်ကြားချက်အရလည်းကောင်း၊ ပြည်နယ်သာသနာရေး
ဦးစီးဌာန၏လျှောက်ထားချက်အရလည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီး
ဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး
 ဦးဆောင်ကာလည်းကောင်း၊    အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင်
ဦးဥတ္တမ  အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅)
အရ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က    မိုးပြာဝါဒသည်
 အဓ္ဓမ၀ါဒ  ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

 မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့်
လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း   အပြစ်ဒဏ်ကျခံနေ
ရပြီးဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍  ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ  ဦးဥတ္တမ   ကိုလည်း
လူဝတ်လဲပြီးနောက်  သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊
  ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ-၂၉၅(က) အရ  ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိပါသည်။

Myanmar News Now
Unknown at 7:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ CEO နှင့် ဥက္ကဋ္ဌ မြန်မာနိုင်ငံသား မစ္စတာ ပီတာချူး (Peter Chou) မန္ထလေးသို့ အလည်အပတ်လာရောက်ခဲ့


ထိုင်ဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မိမိသည် မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသည်။

HTC ၏ CEO ဖြစ်သူ မန္တလေးသား ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး (ဓာတ်ပုံ - CNET)
မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး သည် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွေ့ အခြေချခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။ ယခုခရီးစဉ်မှာ သူ၏ ပထမဆုံးအကြိမ် ပြည်တော်ပြန်ခြင်း ဖြစ်သည်။
မစ္စတာ ပီတာချူး မြန်မာနိုင်ငံသို့ ပြန်လာချိန်သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ပရောက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဒုတိယအကြိမ် ဖိတ်ခေါ်မှုနှင့် တိုက်ဆိုင်နေသည်။
သို့သော် မစ္စတာ ပီတာချူးက သူ၏ ပထမအကြိမ် ပြည်တော်ပြန်ခရီးစဉ်သည် ဆွေမျိုး မိတ်သင်္ဂဟများနှင့် တွေဆုံရုံ သက်သက်သာဖြစ်ပြီး စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်မဟုတ်ဟု ရင်းနှီးသူများကို ပြောဆိုကြောင်း သိရသည်။
မန္တလေးမြို့ခံ ကွန်ပြူတာပညာရှင် ဦးသိန်းထွဋ်က “အခု တခေါက်ကတော့ ဆွေမျိုးတွေနဲ့ တွေ့ဖို့က အဓိကလို့ ပြောတယ်။ အနာဂတ်မှာတော့ ရင်းနှီးမြုပ်နှံမှုထက် တရားဝင် HTC အရောင်းစင်တာမျိုး ဖွင့်ချင်ဖွင့်နိုင်တယ်” ဟု ဆိုသည်။
HTC ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှု ပြုလုပ်မည် မလုပ်မည်ကို ထိုင်ဝမ်အခြေစိုက် HTC ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
မစ္စတာ ပီတာချူးသည် မြန်မာနိုင်ငံ၌ ပညာသင်ကြားစဉ်က ကွန်ပြူတာပညာရှင်များဖြစ်သည့် KMD ဦးသောင်းတင်၊ ဦးသိန်းထွဋ်တို့နှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် မစ္စတာ ပီတာချူးက မန္တလေးမြို့သည် အလွန်အမင်း ပြောင်းလဲသွားကြောင်း၊ အလုပ်အကိုင်နှင့် ဘ၀တိုးတက်ရေးအတွက် ပြည်ပသို့ ထွက်ခွာခဲ့ရသော်လည်း မိမိဇာတိ မြန်မာနိုင်ငံ တိုးတက်သည်ကို မြင်လိုကြောင်း ပြောဆိုသည်ဟု ဦးသိန်းထွဋ်က ဆက်ပြောသည်။
ငယ်စဉ်က မန္တလေးမြို့၌ ရေဒီယို၊ တီဗီ ပြုပြင်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် မစ္စတာ ပီတာချုးသည် ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့၌  ဆက်လက် ပညာသင်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် HTC ကုမ္ပဏီ၏ CEO ဖြစ်လာခဲ့သည်။
မန္တလေးမြို့ ကွန်ပြူတာပညာရှင်များအသင်း၌ IT ၀ါသနာရှင် လူငယ်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် မစ္စတာ ပီတာချူးက မိမိ၏ ငယ်ဘ၀ရုန်းကန်ရမှုကို ပြောပြကာ လူငယ်များအနေဖြင့် ကြိုးစားစေလိုကြောင်း၊ စွန့်စားတီထွင်ရန်လည်းလိုသလို ၀ါသနာကို စည်းစနစ်ကျကျ အကောင်အထည်ဖော်ရန်လိုကြောင်း  ပြောဆိုသည်ဟု Alpha Mandalay ကုမ္ပဏီဒါရိုက်တာ ဦးရဲမြတ်သူက ပြောသည်။
မစ္စတာ ပီတာချူးနှင့်အတူ အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် မန္တလေးဇာတိ တရုတ်လူမျိုးဖြစ်သူ ငလျင်ဒဏ်ခံဆိုင်ရာ အဆောက်အဦ တည်ဆောက်မှု ပညာရှင် ဦးအီးကို (ခ) မစ္စတာ ဟားဗတ်အေ လည်း လိုက်ပါလာပြီး မန္တလေး စည်ပင်သာယာရုံးတွင် ငလျင်နှင့်ပတ်သက်သည့် ဟောပြောမှုတရပ် ယနေ့ပြုလုပ်သည်။
HTC ဖုန်းကုမ္ပဏီ၏ CEO မစ္စတာ ပီတာချူးသည် မြန်မာနိုင်ငံတွင် နေထိုင်နေစဉ် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
Credit: irrawaddy
Unknown at 7:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“အဲဒီဆိုင်ကို သူတို့ အရက်လာဝယ်တယ်။ အဲဒီက ကောင်မလေး ၂ ယောက်ကို သူတို့က မြည်းချင်တယ်လို့ ပြောတယ်။


“အဲဒီဆိုင်ကို သူတို့ အရက်လာဝယ်တယ်။ အဲဒီက ကောင်မလေး ၂ ယောက်ကို သူတို့က မြည်းချင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ စည်သူ ဆိုတဲ့ ပတ္တမြားသား တယောက်က ဘာကို မြည်းချင်တာလဲ မေးတော့ သူတို့က လူကို မြည်းချင်တာလို့ ပြောလို့ ကျနော်တို့ ပတ္တမြားသားက ဒီကောင်တွေကို ထိုးတယ်။ သူတို့လည်း ပြန်ထိုးကြတယ်။ လက်လက်ချင်း ထိုးကြတာ။ ပြီးတော့ ပြန် သွားကြတာဘဲ”

***ရဲတပ်ဖွဲ့ ရမ်းကားမှု ပတ္တမြားမြို့သစ် ဒေသခံများ မကျေနပ်***
By-လင်းသန့်(ဧရာဝတီ)

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အနီးတွင် ရဲတပ်ရင်း ၈ က ရဲတပ်သား ၇၀ ခန့်သည် ရပ်ကွက်တွင်း သို့ ၀င်ရောက် ရမ်းကားမှုကြောင့် လူငယ်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရသည်။

“ကျနော်တို့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း နောက်ကနေ ခေါင်းကို နံပါတ်တုတ်နဲ့ ရိုက်သွားတာ။ ရဲက အယောက် ၇၀ လောက် ရှိမယ်။ ဆိုင်ထဲမှာ ရှိတဲ့လူ အကုန်လုံးလောက် အရိုက်ခံရတယ်။ ဒဏ်ရာရတာပဲ အနည်းနဲ့အများ ကွာသွားတာ”ဟု ရိုက် နှက်ခံခဲ့ရသူ တဦးဖြစ်သည့် မောင်ဇင်မင်းပိုင် က ဧရာဝတီကို ပြောသည်။

ဦးခေါင်းကို အရိုက်ခံရများထဲတွင် သူကအနည်းငယ်သာ ထိခိုက်ခဲ့သော်လည်း သူငယ်ချင်းဖြစ်သူများမှာ ဦးခေါင်း ကွဲခြင်း၊ လက် စသည်တို့တွင် ဒဏ်ရာများ အသီးသီး ရခဲ့ခြင်းများ ရှိကြောင်း၊ ရပ်ကွက်ကိုလည်း မဖွယ်မယာ ပြုမူလုပ်ပြပြီး ဆဲဆိုကြိမ်း မောင်း သွားခဲ့ကြောင်း၊ ညတွင်းချင်း ထောက်ကြံ့ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ကြေအေးရန်သာ တိုက်တွန်း ခံခဲ့ရကြောင်း မောင်ဇင်မင်းပိုင်က ဆက်ပြောသည်။

“သူတို့က ရပ်ကွက်ကိုလည်း မီးနဲ့ရှို့မယ်၊ နောက် ယုတ်ယုတ်မာမာတွေလည်း ဆဲသွားတယ်။ သူတို့က ရပ်ကွက်ထဲက ဆိုင်တွေ အကုန်လုံးကိုလည်း တခါးတွေကို တုတ်နဲ့ ရိုက်တာတို့၊ ဆိုင်းဘုတ်တွေကို ခဲနဲ့ထုတာတို့လုပ်ပြီးတော့ သူတို့က တစု တဝေးတည်း ရဲတပ်ရင်းကို ပြန်ဝင်သွားပါတယ်”ဟု မောင်ဇင်မင်းပိုင်က ဆိုသည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ပတ္တမြားမြို့သစ် ရပ်ကွက်အတွင်းက လင်းလက် အမည်ရှိ အရက်ဆိုင်သို့ ရဲတပ်သား ၂ ဦး အရက် လာဝယ်စဉ် ရပ်ကွက်သူ အမျိုးသမီး ၂ ဦးကို ပြောဆိုစော်ကားရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီဆိုင်ကို သူတို့ အရက်လာဝယ်တယ်။ အဲဒီက ကောင်မလေး ၂ ယောက်ကို သူတို့က မြည်းချင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ စည်သူ ဆိုတဲ့ ပတ္တမြားသား တယောက်က ဘာကို မြည်းချင်တာလဲ မေးတော့ သူတို့က လူကို မြည်းချင်တာလို့ ပြောလို့ ကျနော်တို့ ပတ္တမြားသားက ဒီကောင်တွေကို ထိုးတယ်။ သူတို့လည်း ပြန်ထိုးကြတယ်။ လက်လက်ချင်း ထိုးကြတာ။ ပြီးတော့ ပြန် သွားကြတာဘဲ”ဟု ရပ်ကွက်နေ မျက်မြင်သက်သေ တဦးဖြစ်သည့် ကိုလင်းလင်းထွန်းက ပြောပြသည်။

ထို့နောက် ရဲတပ်သားများဘက်က တပ်ရင်းသို့ ပြန်ကာ လူစု၍ ပြန်လာပြီး ညမိုးချုပ် မီးပျက်ချိန် ၀င်ရိုက်ခြင်းဖြစ်ကြောင်း၊ ယခု ထိခိုက် ဒဏ်ရာရသူများမှာ ခိုက်ရန်ဖြစ်ခဲ့သူများမဟုတ်ဘဲ မည်သို့မျှ မသက်ဆိုင်သူများ ဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။

အဆိုပါ ရဲတပ်ရင်းမှ အရာရှိ တဦးက ရပ်ကွက် ပြည်သူများ၏ မကျေနပ်မှုကို သိသည့်အတွက် ရပ်ကွက်လူကြီးနှင့် ရဲ စခန်းမှူးတို့ပူးပေါင်းကာ ပြေလည်ရေး ညှိနှိုင်းနေကြောင်း၊ မျက်မြင်သက်သေထွက်ဆိုမည့် သူတချို့ကို ချဉ်းကပ်ကာ ငွေကျပ် တသိန်း ပေး၍လည်း နှုတ်ပိတ်နေကြောင်း၊ ယခုဖြစ်ပွားသည်မှာ တတိယအကြိမ်ဖြစ်ကြောင်း ယခင်ကလည်း ရပ်ကွက်အတွင်း ၀င်ရိုက် ခဲ့သည်များရှိကြောင်း၊ ရိုက်နှက်ခံရ၍ ထွက်ပြေးစဉ် ပျောက်ဆုံးသွားသည့် ပစ္စည်းများကို လျော်ကြေးငွေပေးမည်ဖြစ်ကြောင်း ရဲ တပ်ရင်းမှူးကလည်း ပြောဆိုနေသည်ဟု ကိုလင်းလင်းထွန်းက ပြောသည်။

“အခု သူတို့ တပ်ရင်းမှူးက ဖုန်းပျောက်တာတွေ လျော်ပေးမယ်။ ဆေးခန်းပြဖို့လည်း ပေးမယ်။ ပစ္စည်း ပျောက်သွားတာတွေလည်း လျော်ပေးမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့ မကျေနပ်ဘူး”ဟု သူက ဆိုသည်။

အဆိုပါရဲတပ်သားများသည် အသင့်ယူဆောင်လာကြသည့် တုတ်၊ လေးခွ အစရှိသည့်လက်နက်များကိုင်ဆောင်က ညမိုးမချုပ် ခင် ရပ်ကွက်အနီးစုဝေးခဲ့ကြပြီး ခရာမှုတ်၍ပါ ရပ်ကွက်တွင်း မြင်တွေ့သမျှ လူငယ်များကို လိုက်လံရိုက်နှက်ကြောင်း၊ လူ ငယ် များက ထွက်ပြေးရာတွင်လည်း အိမ်အထိပင် လိုက်လံရိုက်နှက်ကြောင်း ထိခိုက်ဒဏ်ရာရသူ လူငယ်များစွာရှိသော် လည်း ၄ ဦးသာ တရားစွဲရန်ပြင်ဆင်နေကြောင်း၊ အိမ်အတွင်းမှ ထွက်ကြည့်သူတချို့ပင် ထိခိုက်မှုရှိကြောင်း ရပ်ကွက်နေ မျက် မြင် သက်သေ တဦးဖြစ်သည့် ကိုလင်းလင်းထွန်းက ပြောသည်။

ဧရာဝတီက ထောက်ကြံ့ရဲစခန်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်း လက်ခံဖြေကြားသည့် တာဝန်မှူးဆိုသူက အခင်းပွားဖြစ်ခဲ့သည်မှာ ဟုတ်မှန်ကြောင်းနှင့် စုံစမ်းလေ့လာနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

“လောလောဆယ် အနေအထားကတော့ သူတို့ ကာယကံရှင်တွေဘက်က ဘာမှတော့ မပြောသေးဘူး။ ဒီကိုတော့ မရောက် လာသေးဘူး။ လောလောဆယ်က ဖြစ်စဉ်ကို ကျနော်တို့က စုံစမ်းစစ်ဆေးနေဆဲပါ။ ထိခိုက် ဒဏ်ရာရတာကတော့ ၄ ယောက် ပဲ ရှိပါတယ်။ ဖြစ်စဉ်ကတော့ လေ့လာ စိစစ်တုန်းပဲ”ဟု ထောက်ကြံ့ ရဲစခန်း တာဝန်မှူးက ပြောကြားသည်။

ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဦးဝင်းသိန်းကမူ“အဲဒါ ကျနော်တို့ရုံးကို လာခဲ့ပါလားဗျာ။ ကျနော်တို့ ရုံးမှာ ဖြေရှင်းပေးလို့ ရပါတယ်။ ကျနော်တို့ ဒီလို ဖြေရှင်းပြခွင့် မရှိဘူး။ ကျနော်တို့ ရုံးကိုလာရင်တော့ ဖြေရှင်းပြလို့ရပါတယ်”ဟု ဧရာဝတီ ကို တယ်လီဖုန်းက တဆင့် ပြောသည်။

ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရသူများကို အကူအညီပေးနေသည့် ကိုမိုက်ကယ်က ယခုကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည့် ရဲတပ်သားများနှင့် ရပ်ကွက်နေပြည်သူများ ပဋိပက္ခဖြစ်ပွားမှုမျိုးကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့် ဆင့်က စနစ်တကျ ပြေလည်ရန် ဖြေရှင်းသင့်ကြောင်း၊ ၁၉၈၈ ခုနှစ် မတ်လက စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အရပ်သားများ ပဋိပက္ခမှ အစပြုကာ တတိုင်းပြည်လုံး မကျေနပ် အုံကြွမှုကြီးဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်ရပ်ကွက်တွင် မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ရဲတပ်ကြပ်ကြီး တဦးက လူငယ်တဦးကို နေအိမ် ခြံဝင်းအတွင်း ၀င်ရောက်၍ဓားဖြင့်ခုတ်သည့်အတွက် ဒဏ်ရာပြင်းထန်စွာရခဲ့သည့် အမှု နှင့်ပတ်သက်ပြီး ဒေသခံများ အကြား မကျေနပ်မှုများဖြစ်ပွားခဲ့သည်။

(ဓာတ်ပုံ - ဧရာဝတီ)ယမန်နှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့၌ ဆန္ဒပြနေသော လယ်သမားများဆီ ရောက်ရှိလာသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

facebook မှ
Unknown at 4:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန်သမ္မတ ရာထူး နေရာအတွက် Romney မှာ Obama ထက် နှစ်သက်သူများနေ





လာမည့် သမ္မတ သက်တမ်းအတွက် အမေရိကန် ပြည်ထောင်စုတွင် တနင်္လာ နေ့က ပြုလုပ်သော နိုင်ငံအနှံ့ စစ်တမ်းတစ်ရပ် အရ သမ္မတလောင်း အဖြစ်

ယှဉ်ပြိုင်မည့် Mitt Romney မှာ လက်ရှိ သမ္မတ Obama ထက်စာပါက လိုလားသူ ပိုမို များပြားနေကြောင်း သိရသည်။ The New York Times/CBS တို့ ပြုလုပ်သည့် အဆိုပါ စစ်တမ်းအရ Romney မှာ ၄၆ ရာနှုန်းနှင့် သမ္မတ Obama မှာ ၄၃ ရာနှုန်းရှိကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။



ယခင်လက ပြုလုပ်ခဲ့သည့် စစ်တမ်း အရမူ နှစ်ဦးလုံးမှာ ၄၆ ရာနှုန်းဖြင့် ညီမျှစွာ ရှိခဲ့ကာ ယခုလတွင် Obama မှာ နောက်ကောက်ကျခဲ့ရသည်။
ယခု စစ်တမ်းအရ ၂၆ ရာနှုန်းသော ဖြေကြားသူများမှာ Obama ကို မဲပေးရန် မလိုလားဘဲ ၁၆ ရာနှုန်းကသာ မဲပေးရန် လိုလားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် အိုဘားမား မကြာသေးမီက ကြေညာခဲ့သည့် လိင်တူ လက်ထပ်မှုကို သဘောတူညီမှု အပေါ် နိုင်ငံရေး အရ ကြိုက်နှစ်သက်ခဲ့သော်လည်း ယခုလို စစ်တမ်းတွင် နောက်ကျ ကျန်ခဲ့ရသည်။ အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး ၆၇ ရာခိုင်နှုန်းမှာ နိုင်ငံရေး အရ ပြုလုပ်ခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြကာ ၂၄ ရာနှုန်းကသာ ၎င်းကိုယ်တိုင် လက်ခံပြီး လိင်တူ လက်ထပ်ခြင်း ကို ထောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။

Myanmar Express
Unknown at 4:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘ၀ဆိုတာ ဘယ်တော့မှ ဟုန်းခနဲ ထမတောက်တတ်ဘူး


 
ခေတ်ကြီးထဲ ကြားနေရတယ်။ မြင်နေရတယ်။ တွေ့နေရတယ်။ အင်တာနက်ခေတ်၊
ITခေတ်၊ သတင်းခေတ်၊ ဇီဝခေတ်၊ ဘာခေတ်ညာခေတ်။ခေတ်မီဖွံ့ဖြိုး တိုးတက်သော လူ့ဘောင်သစ် စတာတွေ။ ပြီးတော့ ကမ္ဘာရွာ စတာတွေ။ အဲဒီလို ကမ္ဘာကြီးထဲမှာ ကျွန်တော်က အသီးအပွင့် အားကောင်းတုန်း လူငယ်တစ် ယောက်ပေါ့။
ဒါပေမဲ့ ကျွန်တော်ဟာ ခပ်အအ ငနဲ တစ်ယောက်ပဲ ဖြစ်ခဲ့ပါတယ်။ စာအုပ်တွေထဲမှာ၊ ဂျာနယ် စာစောင်တွေထဲမှာ ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ၊ ကမ္ဘာကြီး ပြားလာပြီ အကြောင်းတွေ၊ ရွာကြီးတစ်ရွာ ဖြစ်လာပြီ ဆိုတဲ့ အကြောင်းတွေကို လူပြော သူပြောများလို့၊ နားနဲ့ မဆံ့အောင် ကြားနေရလို့၊ စာအုပ်တွေထဲ တွေ့နေရလို့ ရေပေါ်ဆီ အသိနဲ့ သိနေခဲ့တာ တစ်ခုပါ။

အင်တာနက်ဆိုင်မှာ လူငယ်တွေ တိုးတိုးကြိတ်ကြိတ် ဖြစ်နေတာ တွေ့ရတဲ့ အခါ ကျွန်တော်ဟာ ခေတ်နောက်ကျသူ ဖြစ်နေပြီလား အတွေး တွေးမိခဲ့တဲ့ အချိန်က စပြီး ကျွန်တော်လည်း ကမ္ဘာကြီးထဲ
မဖြစ်မနေ ခုန်ချဖို့ ကြိုးစား မိပါတယ်။ ဆရာကြီး မြို့မငြိမ်း စကားနဲ့ ငှားပြောရရင် ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ဖို့ စိတ်ကူး မီးတောက်မိတယ်။

ကျွန်တော်ဟာ ဂဏန်းပေါင်း စက်တွေပေါ်မှာသာ လက်ညှိုး ကစားတတ်ခဲ့သူပါ။ တယ်လီဖုန်း ခလုတ်တွေ နှိပ်တတ်တာက လွဲလို့ လူငယ်တွေ ခြေချင်း လိမ်နေတဲ့ အင်တာနက် ကဖီးဆိုင်တွေထဲ ၀င်မသောက် တတ်ခဲ့ပါဘူး။ ကွန်ပျူတာ Typing မပြောနဲ့၊ စန္ဒရား ခလုတ်တွေပေါ်တောင် ကြွက်လျှောက် မလျှောက် တတ်သူပါ။

ပြီးတော့ ကျွန်တော်က တောသားမြို့ရောက် ခင်ဗျ။ ကျွန်တော်တို့ ရွာသားတချို့တောင် မြို့တက်ပြီး အင်တာနက် ကဖီးဆိုင် ထိုင်တတ်နေ ပြီဆိုပဲ။ အဲဒီ အချိန်ထိ ကျွန်တော်က ၀ါးလုံးခေါင်းထဲ လသာနေပြီး ဒုံးဝေးနေတုန်းပါ။ ကိုယ့်လောက် အတန်းပညာ မရှိတဲ့ လူတွေတောင် အင်တာနက် သုံးတတ်နေတယ် ခင်ဗျ။ တစ်ခါတလေ သူတို့က ကိုယ့်ရှေ့မှာ ကိုယ်မသိသေးတဲ့ သတင်းတွေ အွန်လိုင်းပေါ်က ဖတ်ပြီး စားမြုံ့ပြန်ပြနေတဲ့ အခါမျိုး၊ ဟိုအတွင်းရေး သည်အတွင်းရေးတွေ အံ့သြ လောက်အောင် ပြောပြနေကြတဲ့ အခါမျိုးမှာ ကျွန်တော် ငတုံးက ပါးစပ်ဟောင်းလောင်း နားထောင်ခဲ့ရတာပေါ့ဗျာ။

လူငယ်ဖြစ်ပြီး ဒါတောင်မှ ငါမသိပါလား၊ ခေတ်ထဲကလေ ရှူနေတာချင်း အတူတူ ကိုယ့် ထက်ညံ့သူတောင် ကိုယ့်ကို ကျော်တက်နေတာ တွေ့ရတဲ့ အခါ မခံချင်စိတ်၊ ငါလည်း ခေတ်ကြီးနဲ့ ရင်ပေါင်တန်းဖို့ လိုနေပြီဆိုတဲ့ အသိနဲ့ အင်တာနက် သုံးတဲ့ သူငယ်ချင်းတွေနောက် ကပ်လိုက်သွား။ သူတို့ လုပ်ပုံလုပ်နည်းတွေ ကြည့်၊ မသိမေး၊ မတတ်မေး။ ကြာလာတော့ ကျွန်တော်လည်း မတောက်တခေါက်နဲ့ အွန်လိုင်းပေါ် လေယာဉ် မစီးဘဲ တက်တတ်လာတာပေါ့။
ပထမ စစချင်းတော့ အများ သူငါလို သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ စကားပြော။ ဟိုင်း နေကောင်းလား၊ ထမင်း စားပြီးပြီလား၊ ဘာဟင်းလဲ၊ မတွေ့တာ ကြာပြီ၊ VZO ချက်ရအောင်လေ ဘာညာ။ ဒီလောက်လေးနဲ့ ကျေနပ် နေခဲ့မိတယ်။

ဒီလိုနဲ့ နည်းနည်းလေး အွန်လိုင်းပေါ် အချိန်ပြည့် တက်လိုက်ဆင်းလိုက် လုပ်နေခဲ့တဲ့ ကျွန်တော် ကမ္ဘာ့ရွာသားကြီးက “ပျိုမေတစ်သင်း ရေခပ်ဆင်း” ချိန်ကိုတောင် မစောင့်တော့ဘဲ အား အားရှိ အွန်လိုင်းပေါ်တက်၊ ရှိရှိသမျှ၊ ချောချော လှလှ မှန်သမျှ ကျူနေတော့တာပဲ။ ထမင်းကိုမေ့၊ ဟင်းကို မေ့။ အလုပ်ကိုတောင် မေ့လို့။

ဆိုးတာ တစ်ခု ရှိတယ်ဗျ။ ကောင်လေးတွေက ကျွန်တော့်ကို ကောင်မလေး ထင်ပြီး ရည်းစား စကားပြောပြော နေကြတာပဲ။ ကျွန်တော့်အကောင့် က 1500 Jenny ဆိုတော့ မိန်းကလေး ထင်နေကြ တာကိုး။ တချို့က အဆိုတော် Jenny လား မေး တတ်ကြပြန်သေးရဲ့။

နောက်ပြဿနာက ပါဠိ စာလုံးဆင့်တွေ မရိုက်တတ်သေးခင်ပေါ့။ သစ္စာတို့၊ မေတ္တာတို့ ကျွန်တော် မရိုက် တတ်သေးဘူးလေ။ “မြစ်ကြီးနား တက္ကသိုလ်” ဆိုတာကို ရိုက်ချင်ရင် “မြစ်ကြီး နား ယူနီဗာစီတီ” ဆိုပြီး ခပ်တည်တည် လုပ်ချ လိုက်တာပဲ။ “ချစ်ခြင်းမေတ္တာ” ဆိုရင် “ချစ်ခြင်း တရား”လို့ လုပ်လိုက်ရတာပဲ။ ခုတော့ နည်းနည်း အဆင်ပြေနေပါပြီ။

ဒီလိုနဲ့ ဆိုပါတော့ဗျာ။ ကျွန်တော်ဟာ ဘယ်ထဲကနေ ၀င်ရင် ဘာတွေ ဖတ်လို့ရတယ်၊ ဘယ်ဟာကို ကလစ်လိုက်ရင် ကိုယ်လိုချင်တာ ရတယ် ဆိုတာမျိုး သိလာရပါတယ်။ တော်တော်တော့ ပျော်စရာ ကောင်းတယ်။ ခုမှ ကမ္ဘာကြီးက ကိုယ့်ရှေ့မှာ လည်နေတာ တွေ့နေရတာကိုး။

ပြီးတော့ စာအုပ်တွေ ဖတ်တယ်။ ပန်းချီကားတွေ ခံစားတယ်။ ကဗျာတွေ လေ့လာတယ်။ အဆင်ကို ပြေလို့။ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း တွေနဲ့ အမြဲ ထိတွေ့ နေရတော့ ဒီခေတ်ကြီးထဲ လူ ဖြစ်ရတာ ပျော်သလို။ We’re Sorry,Try again နဲ့ ရံဖန်ရံခါ တွေ့ကြုံရတာက လွဲရင် Connection ကျတာကို ငရဲကျသလို ခံစားရတာက လွဲရင် အဆင် ပြေပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းတစ်ပုဒ် ကိုတောင်မှ အဲဒီအခါမှ နားလည် ခံစားလို့ ရသွား တယ်။

“တောင်းပန်ပါတယ် Connection ရယ်” တဲ့။

ကျွန်တော် ဆိုလိုချင်တာ တစ်ခု ရှိသေးတယ်။ ဒီလိုကမ္ဘာကြီး ကိုယ့်အိမ်ရှေ့ရောက် လာချိန်မှာ ကိုယ့်အိမ်ထဲက ယဉ်ကျေးမှုတွေ ပါးလျလျ ဖြစ်သွားမှာကို စိုးရိမ်မိတာပဲ။ ဘ၀မှာ အဆိုးရဲ့ တစ်ဖက် အကောင်း ရှိနေချိန်၊ အကောင်း ရဲ့တစ်ဖက် အဆိုး ရှိနေတာကို သတိပြုမိဖို့လိုပါ တယ်။ ကောင်းကျိုးနဲ့အတူ ဆိုးကျိုးကလည်း ပါလာတတ်တာပဲလေ။ အင်တာနက် သုံးတာ ကိုယ့်အတွက် ဘာအကျိုးရှိလဲ စဉ်းစား ရပါမယ်။ မိတ်ဆွေပေါမယ်၊ နိုင်ငံတကာ အကြောင်းတွေ သိမယ်၊ စီးပွားရေး မျက်စိ ဖွင့်နိုင်ရင် ပွင့်မယ်။ ရချင်စရာ လိုချင်စရာ တွေက အင်တာနက် ကဖီးဆိုင်ထဲ အများကြီးပေါ့။

ဒါပေမဲ့ ရနေတာ၊ ရချင်တာ၊ လိုချင်တာတွေနဲ့ အတူ ကျွန်တော်တို့ ဘာတွေ ပေးခဲ့ကြရလဲ ဆိုတာ သတိ ပြုမိကြပါရဲ့လား။ မိဘကွယ်ရာ၊ ဆရာသမားတွေ ကွယ်ရာ ချက်တင် ခန်းထဲမှာ လူငယ်တွေရဲ့ အကျင့်စာရိတ္တ တွေ ရေစုန် မျောနေတာ၊ အရှက်တရားတွေ၊ သတိတရားတွေ ယိုစိမ့် ကျနေတာ ကျွန်တော်တို့ တွေးမြင် မိကြပါရဲ့လား။

၁၈ နှစ်ကျော်မှ၊ အရွယ်ရောက်မှ သိသင့်၊ မြင်သင့်တာတွေ မူလတန်း ကလေးက အစ သိနေ ခဲ့ရင် ကောင်းတယ် ပြောမှာလား၊ ဆိုးတယ် ပြောမှာလား။ကျွန်တော်တို့ မြန်မာ့ အသိုင်းအ၀ိုင်းက မိဘတွေရဲ့ အစဉ်အလာက ကိုယ့်သားသမီးကို ဗိုင်းကောင်းကျောက်ဖိ ရှိနေစေချင်တာ အစဉ်အလာ တစ်ခုပါ။ ဒါပေမဲ့ ခုလိုခေတ်ကြီးထဲ ကိုယ့်မျက်စိ ကွယ်ရာ Catroom ထဲမှာ လူငယ်တွေရဲ့ နုနယ် တဲ့အသွေးအသားထဲ ယဉ်ကျေးမှု အသစ်အဆန်း တွေ၊ မဖွယ်မရာ ယဉ်ကျေးမှုတွေ ကျွမ်းထိုးမှောက် ခုံဝင်လာကြရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်း ကြမလဲ။

အခုခေတ် အင်တာနက် သုံးနေကြတဲ့ လူတန်းစား အလွှာက အစုံပါပဲ။ မူလတန်း ကလေးက စလို့ ပျိုပျိုအိုအို၊ မမကြီး၊ ဘဘကြီးတို့ပါ သုံးနေကြတယ်ပြောရင် ပုံပြင် မထင်ပါနဲ့။ တစ်ဖက်လူက လူဆိုးမှန်း မသိ၊ လူကောင်းမှန်း မသိ၊ အိမ်ထောင်ရှင်လား၊ တစ်ခုလပ်လား၊ အပျိုလား၊ အအို လားမသိ။ လေထဲ အချစ်ဂေဟာ ဆောက်လို့။ အဲဒီကနေ အပြင်မှာ ဆုံတွှေလို့။ ရယ်လို့ ငိုလို့ ခေတ်ကြီး။

သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးတဲ့ ခင်ဗျ။ ကျွန်တော်တို့ လူတွေဆိုတာကလည်း ကောင်းမှုထက် မကောင်းမှုဘက် သာယာချင် တတ်ကြတယ် မဟုတ်လား။ အချိန်ကုန်တာ မသိ။ ငွေကုန်တာ မသိ။ အချိန်ဖြုန်းတာလား၊ ငွေဖြုန်း တာလား မသိ။ ကောင်းတာတွေ အတု ယူတာက ကိစ္စမရှိဘူး၊ မကောင်းတာ အတုယူမှားရင် ခက်ကုန်တော့မှာပဲ။

တစ်ခါတလေ ကျွန်တော့်ရဲ့ ဉာဏ်တစ်ထွာ တစ်မိုက်နဲ့ စဉ်းစားမိတယ်။ အင်တာနက်သုံးတာ ကိုလည်း အသက်အရွယ်နဲ့ ကန့်သတ် ထားပေးရင် ကောင်းမလားပေါ့။ ဆေးလိပ်ဘူးတွေမှာ “ဆေး လိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်” ဆိုတာ မျိုးလေးပါတာ သဘော ကျသလိုမျိုး အသက် ၁၈ နှစ်အောက် မသောက်ရ ဆိုတာမျိုးလေး သဘောကျမိပါတယ်။

ဟော့ဒီ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ခေတ်အသီးသီးကို စံတင်လောက်အောင် ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ခုတော့ လှိုင်းအသီးသီးကိုကျော်လို့ နည်းပညာ ခေတ်တဲ့။ ဇီဝခေတ်တဲ့။ ရှေးတုန်းက လက်နက်ခေတ်မှာ လက်နက်နဲ့တိုက် ခိုက်ခဲ့ကြတယ်။ စိတ်ပညာခေတ်မှာ စိတ်ပညာနဲ့တိုက်။ နည်းပညာခေတ် မှာ နည်းပညာနဲ့တိုက်။ တိုက်တော့ တိုက်ရမှာပဲ။

နည်းပညာခေတ်။ နည်းပညာခေတ်မှာ ကျွန်တော်တို့ လူငယ်တွေဟာ နည်းပညာ အကြောင်းကို အပေါ်ယံကြောလေး သိနေရုံနဲ့ အာသာမပြေသင့်ဘူး။ ကျေနပ်မနေသင့်ဘူး။ ကိုယ်တိုင်က နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင် သိနေဖို့ လိုပါတယ်။ လူပေါင်းသန်း ၅၀ က နည်းပညာကို မသိဘူး။ လူ ၅ ယောက်က နည်းပညာ ကိုသိတယ် ဆိုကြပါစို့။ လူ ၅ ယောက်က သန်း ၅၀ ကို အနိုင် ယူလိုက်မှာပဲ။ခိုင်းစားမှာပဲ။ ပြုသမျှ နုနေကြရမှာပဲ။ ဟုတ်ဘူးလားဗျာ။ ကိုယ်က ညံ့နေ ရင် ခံရုံပဲ။ တော်တဲ့လူက နေရာ ယူနေတာလား၊ ညံ့တဲ့လူက နေရာ ယူနေတာ လား၊ စဉ်းစားကြည့်။ ညံ့တဲ့ လူနေရာ ယူနေရင် ကိုယ်က သူ့ကို ပြန်မချနိုင်တာ ကိုယ် ညံ့လို့ပါပဲ။

ခေတ်ကြီးက အပေါ်ယံ အသိနဲ့ ကျေနပ်နေလို့ မရတော့ပါဘူး။ တိုင်းပြည်ကို ချစ်တယ် ချစ်တယ်ဆိုပြီး ရသမျှလေးနဲ့ ကျေနပ်တင်းတိမ်၊ တတ်သမျှ လေးနဲ့ ပီတိဖြစ်နေလို့ မရတော့ပါဘူး။ သိသမျှ ရှိသမျှကို အိတ်ကပ်ထဲ ရသမျှ ထည့်နေရင်လည်း တိုင်းပြည်ကြီး တိုးတက် မလာပါဘူး။ လူငယ်တွေ အနေနဲ့ လူမျိုးကို ချစ်ပါ။ တိုင်းပြည်ကို ချစ်ပါ။ နည်းပညာနောက် အမီလိုက် ကြပါ။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး။ မင်စက် တစ်စက်လေးနဲ့လည်း ပင်လယ်ကြီး မပြာနိုင်ပါဘူး။ ဒါကြောင့် ခေတ်ကြီးကို ရင်ပေါင် တန်းနိုင်ဖို့၊ ကမ္ဘာ ကြည့်ကြည့်မြင်ဖို့ ကြိုးစား စေချင်ပါတယ်။

ပြီးရင် အွန်လိုင်းပေါ် တက်ပြီး ယဉ်ကျေးမှု အထိအပါး မခံရလေအောင် သတိရှိကြရပါမယ်။ စနစ်တကျနဲ့ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်း ကြရပါမယ်။ စနစ်တကျ ဆိုတာကလည်း တော်တော်လေး အရေး ကြီးသေးတယ် မဟုတ်လား။ တိုင်းပြည် တစ်ပြည်ကို ဦးဆောင်နိုင်မယ့် မျိုးဆက် လူငယ်တွေ ဟာ တိုင်းပြည်ရဲ့အနာဂတ် ခေါင်းဆောင်ကောင်း ဖြစ်ရင် ငွေအားနဲ့ အာဏာကို စနစ်တကျ ချုပ်ကိုင်တတ်ဖို့ လိုသလို နည်းပညာနောက် အမီ လိုက်နေကြတဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့လည်း အရာရာ စနစ်တကျ ရှိဖို့ လိုပါတယ်။ နည်းပညာ ခေတ်ထဲ ရှင်သန်ခွင့် ရလာတဲ့ အခွင့်အရေးကို စနစ်တကျ သုံးဖို့ လိုအပ်ပါတယ်။ ကိုယ်ကျိုးအတွက် သုံးတဲ့စနစ် မဖြစ်သင့်ပါဘူး။

ပြီးတော့ လူငယ်တွေ စာဖတ်စေချင်ပါတယ်။ အင်တာနက်တော့ ထိုင် ပါရဲ့။ စာမဖတ်ရင်လည်း မဟုတ်သေးပါဘူး။ ပညာခေတ်မှာ ပညာ ရှာရာမှာ စာဖတ်ဖို့ ပိုလိုပါတယ်။ မဖြစ်သေးဘူးလား။ ဆက်ပြီးကြိုးစား၊ ဆက်ပြီးလေ့လာ။ လုံ့လစိုက်။ ဘယ်အရာမှ လွယ်လွယ် ဖြစ်မလာပါဘူး။ အောင်မြင်မှု ပန်းတိုင်အတွက် အခက်အခဲတွေက ကျွန်တော်တို့ကို မှတ်ကျောက် တင်ပါလိမ့်မယ်။ ရေစုန်မလား၊ ရေဆန်မလား။ လဲနေလား။ တစ်ခါမရရင် နောက် တစ်ကြိမ် ပြန်ထကြတာပေါ့။သေချာတာကတော့ ဘ၀ဆိုတာ ဘယ်တော့မှ ဟုန်းခနဲ ထမတောက် ပါဘူး။ ဒီလို ယုံကြည်မိပါတယ်။


ဆွေမြင့်စော
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)
Unknown at 4:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းကျရောက် မှုကြောင့် ကြို့ ပင်ကောက်၌ အိမ်ခြေ နှစ်ရာကျော် ပျက်စီး

မေလ ( ၁၆ ) ရက်နေ့  ညနေ ၅ နာရီခန့် က မိုးသည်းထန်ရွာ သွန်းမှု အတူ လေပြင်းကျရောက်မှု ကြောင့် ကြို့ ပင်ကောက် မြို့ ပေါ်နှင့် ကျေးရွာ အချို့ တွင် အိမ်ခြေ နှစ်ရာ ကျော် ခန့် ပြိုလဲပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရိစ္ဆာန် အချို့ သေကြေခဲ့ကြောင်း မြို့ ခံများ၏ ပြောကြားချက် အရသိရသည်။

အလာတူ လေပြင်းကျရောက်မှု နေပြည်တော် လေပြင်းတိုက်မှု ပျဉ်းမနားတွင်လည်းဖြစ်ပွားခဲ့ကြောင်း
Popular Myanmar News Journal ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ်

လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ်


သစ်ထူးလွင်
Unknown at 4:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)


တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။
ဘောလုံးအသင်းတစ်သင်းတွင် ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး၊ ရှေ့တန်းသမားများ ဂိုးသွင်းနိုင်အောင်ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှတဆင့် ပို့ပေးရသည်။ အလယ်တန်းသမား တစ်ယောက် ကောင်းမှ ကိုယ်လိုချင်သောပန်းတိုင်ကို ဂိုးသွင်းနိုင်ရန် ရှေ့တန်းသမားများ ဂိုးကောင်းကောင်းသွင်းနိုင်မည်ဖြစ်သကဲ့သို့ အလယ်တန်းသမားမကောင်းပါက ကိုယ်လိုချင်သောပန်းတိုင် ဂိုးရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း အလယ်တန်းသမားများကို ကီးပလေယာ(Key Player) လို့ခေါ်ကြတယ်။ မြန်မာနိုင်ငံပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်း (၁ဝ-တန်း)ဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် အဓိကကျတဲ့နေရာပါ။ ဒါကြောင့် ကိုကြီးသောင်းကတော့ ဒီနေရာကို  (Key Player) လို့သတ်မှတ်ချင် ပါတယ်။

 မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ဘဝ အကောင်းအဆိုး၊အနိမ့်အမြင့် ဒီနေရာကဘဲတစ်ကြိမ်တည်းနဲ့သတ်မှတ်ပေးလိုက်တာပါ။ နောက်တစ်ကြိမ်လည်းပြန်လည်ကြိုးစားခွင့်မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ်ဝင်တန်း(၁ဝ-တန်း)စာမေးပွဲမှာရရှိတဲ့ ရမှတ်တွေပေါ်မှာ မူတည်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ တရားသူကြီး၊ ကျောင်းဆရာ၊ စာရေး၊ စစ်ဗိုလ်၊ စိုက်ပျိုးရေး၊ သစ်တော စသည်ဖြင့်တက္ကသိုလ်တက်ရောက်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လည်း ကျောင်းသား၊ ကျောင်းသူတွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘတွေနှင့် ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာကိုယ်လိုချင်တဲကောင်းဆုံးဆိုတဲ့တက္ကသိုလ်မှာ တက်ရပြီး နောင်တစ်ချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့စိတ်ကူးတွေကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။  ဒါရဲ့ရလဒ်ကတော့ . . ကျောင်းတစ်ကျောင်းကောင်း မကောင်း၊ ဆရာတစ်ယောက်တော်မတော် ဆိုတာကု ရမှတ်တွေ၊ ဂုဏ်ထူးတွေနှင့် သတ်မှတ်ကြတော့တာပါဘဲ။

ခက်နေတာက ကိုကြီးသောင်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘ ၉၉.၉၉%ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ။ ဒီတော့ အမှတ်ကောင်းမှ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသားကျောင်းသူကလည်းနားလည်ဖို့မလို စာရဖို့သာလိုသည်ဆိုပြီးအချိန်ရှိသရွေ့ စာဘဲတွန်းကျက်သလို . . .  ဆရာတွေကလည်းစာသင်ဖို့မကြိုးစားတော့ဘဲ . .တစ်ခေါက်လောက်ဘာသာပြန်ပြီး အချိန်ရှိသရွေ့နှုတ်တိုက်ချပေး၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့် ပြီးရင်တစ်လုံးမကျန်ပြန်ချရေး . . ဒါဆိုအမှတ်ကောင်းပြီကွ . .  ဒါမျိုးကျောင်းမှ ကျောင်းကောင်း၊ ဒီလိုသင်နိုင်တဲ့ဆရာမှ ဆရာကောင်း၊ ဒီလိုကျက်မှတ်နိုင်တဲ့ကျောင်းသားမှလူတော်ဆိုပြီး မိဘရော၊ ပတ်ဝန်းကျင်ရော၊ နိုင်ငံတော်ကပါ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အနှစ်(၂ဝ)လောက်မြှောက်စားလိုက်ကြတာ.. ဒီနေ့ကျောင်းသားကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာပေါ်လာတာပါဘဲ။အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းကောင်းနှင့်အောင်ဖို့ မိဘများကလည်း နည်းပေါင်းစုံနဲ့ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ ဘောင်အပြင်ကရောပေါ့  . . ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ဆရာဆရာမတွေဟာငွေနဲ့ရင်းနှီးကုန်ကြတယ်၊ ငွေနဲ့ပျော်မွေ့လာကြတယ် . .  ငွေကိုသိက္ခာနှင့် လဲတတ်လာကြတယ်။ 

တိုင်းပြည်တစ်ပြည်မှ ပညာအမွေပေးတဲ့ ဆရာဆရာမဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ . . .။ ဒီလို(၁ဝ)တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ဇာတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိအကျိုးသက်ရောက်ပါတယ်။ ဒီနေ့မိဘများသားသမီး အရွယ်ရောက်လို့  ကျောင်းစထားကတည်းက   ကလေးတွေကို လူရှေ့သူရှေကရောက်ရင် သားသား၊ မီးမီး ကြီးလာရင်ဘာလုပ်မှာလဲလို့မေးရင် သားသားက ဆရာဝန်လုပ်မှာ၊ အင်ဂျင်နီယာကြီးလုပ်မှာ . .စသဖြင့်ပြောခိုင်းပြီး စတင်ပုံသွင်းကြတယ် . . .၊။ ကျောင်းထားတဲ့အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ထက် ဒါတွေရဖို့ သက်ဆိုင်ရာဆရာ၊ ဆရာမများကို နည်းပေါင်းစုံနှင့်ချဉ်းကပ်ကြတယ်။ ငွေပေးပြီးကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ ကြတယ်၊ မုန့်ပုံးကန်တော့ကြတယ်။ ဒီအခါမှာလိုတရသည်ရှိ ၊ မရသည်လည်းရှိပေါ့. . . ။၊ ရသည့်အခါ တပြုံးပြုံးနှင့် မရသည့်အခါ ကုန်းကုန်းဆဲပေါ့။

 ဒီလိုနှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော   . .  စာမေးပွဲမှာပါမှာလေးပြောလိုက်၊့ ကျက်လိုက်၊ အမှတ်တွေကောင်းလိုက်။ အဆင့်တွေရလိုက်နဲ့မိဘတွေ ပျော်ပျော်ကြီးဖြတ်သန်းလာခဲ့လိုက်ကြတာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပေါလေရောလား။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင်  သင်္ချာ ကိုတောင် စဉ်းစားတွက်ချက် တာမဟုတ်တော့ဘဲ အလွတ်ကျက်တဲ့အထိဖြစ်လာကြတယ်။ သေသေချာချောမေးကြည့်ကြစမ်းပါ . . . သင်္ချာမှာ ရာပြည့်တို့၊ ဂုဏ်ထူးတို့ရတဲ့သူတွေတောင်မှ သင်္ချာကိုကျက်ပြီး ဖြေကြတယ်။  တန်းစဉ်စာတတ်ဖို့ထက် အမှတ်ကောင်းဖို့၊ ဂုဏ်ထူးရဖို့မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပေါ. ။ အံသြစရာပြောရဦးမယ် . . ဒီအဖြစ်အပျက် အများစုက ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ၊ ကျန်တဲ့တစ်ပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ၊ တစ်ယောက်တည်းနှစ်ဘာသာ၊ သုံးဘာသာ တတ်တတ်မတတ်တတ်၊ ကြိုးစားသင်၊ကျောင်းမလာလာချင်အောင်၊ ကျောင်းသားကို ချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိမှရှိ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေဒီလောက်ဖြစ်နေရ လောက်အောင် တက္ကသိုလ်ဝင်တန်း(၁ဝ)တန်း စာမေးပွဲစနစ်မှာရော ဘာတွေမှားခဲ့ကြတုန်း ဆက်လက်ပြီး လေ့လာကြည့်ရအောင် . . .

၁။    တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် လူငယ်များ၏ဘဝကိုအဆုံးအဖြတ်ပေးနေခြင်း
    ၁၉၈ဝအတိုင်ခင် က တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းနှင့် မိမိတို့သင်ကြားလိုသော ဘာသာရပ် ကို သင်ကြားရခြင်းမဟုတ်ဘဲ (Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင်မှ ကျောင်းသား ကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တစ်ခုတည်းနှင့် သတ်မှတ်လိုက်တော့ . . . ဒီတစ်ကြိမ်မှအမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့် ကျောင်းသားကျောင်းသူများက ခံစားပြစ်လိုက်ကြတော့တယ်။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလိုရှိရင် အမှတ်ကောင်းတဲံအထိ အကြိမ်ကြိမ်ပြန် လည်ဖြေဆိုခွင့်ပြုထားတယ်၊ စာမေးပွဲကြေးထပ်မံသွင်းပြီးတော့ပေါ့။ ပြီးတော့ နှစ်သက်ရာရာ ဘာသာကိုလည်းခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ်။ ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကျင်းပတဲ့စာမေးပွဲမှာ (၆-ဂ)ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ပင်ပမ်းပါတယ်။ပြီးတော့ တစ်စုံတစ်ခု ခိျု့ယွင်းမှုကြောင့် အမှတ်မကောင်ခဲ့ရင်လည်း ပြန်လည်ဖြေဆိုခွင့်မပေးပါဘူး၊ နိုင်ငံတကာမှာ မှာတော့ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ဆီမှာ အလွန်ကောင်းတဲ့စာမေးပွဲစနစ်တစ်ခုရှိပါတယ်။ ကောင်းမှန်းသိရက်နဲ့ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး။ အဲဒါကတော့ တိပိဋကစာမေးပွဲပါ။ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ရပါတယ်။ နှစ်အကန့်အသတ် မရှိပါဘူး။ နိုင်ငံတကာမှာဖြေဆိုနေကြတဲ့  (GCE "O" "A" Level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင် စာမေးပွဲတွေလည်းထိုနည်းတူပါဘဲ။
၂။    တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း
    ဒေသကောလိပ်စနစ်စတင်ဖျက်သိမ်းသော ၁၉၈ဝကျော် ခုနှစ်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်ရိုးညွှန်းတမ်း မတည်မငြိမ်အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင်အကြောင်းတစ်ခုဖြစ်သည်၊။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ။ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လိုပြောင်း၊ အင်္ဂလိပ်လိုမှ မြန်မာလိုပြောင်း၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက်၊ ဓာတု၊ရူပ၊ ဇီဝပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြခြင်းသည် မြန်မာပညာရေးကို များစွာနိမ့်ကျ နောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။
၃။    တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း။
    နိုင်ငံတကာတက္ကသိုလ်ဝင်ခါင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည် တတ်ကျွမ်းမှုကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံများဖြစ်သည်။ ဥပမာဆိုရသော်- ဓာတု၊ရူပ၊ဇီဝဘာသာရပ်များတွင်(Essay Type ) မေးခွန်းများထက် (Multiple Cohice) (True  or  False) (Matching)   စသော နားလည်မှုကိုသာအဓိကမေးမြန်းစစ်ဆေးအမှတ်ပေးကြသည်။

သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတစ်မျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့်တိုင်တွက်ချက်လျှင်အမှတ်ပေးကြသည်။ ထို့ကြောင့် သင်ကြားသော ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း အလွတ်ကျက်ဖို့ထက် နားလည်နိုင်သမျှနားလည်အောင်၊ တတ်ကျွမ်းသည်ထက် ပိုမိုတတ်ကျွမ်းအောင်ကြိုးစားကြသည်၊ ပင်ပင်ပမ်းပမ်းမရှိလှပေ။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းလွှာအများစုမှာ (Essay Type  ) များကိုသာမေးလေ့မေးထရှိသည်။ ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်းသော ကျောင်းသားကျောင်းသူအများစုမှာ နားလည်ရန်ထက် (Parrot Learning)စာကိုအလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ ဒါ့အပြင် ၁၉၉၈ ခုနှစ်လောက်ပတ်ဝန်းကျင်မှစတင်၍ မေးခွန်းပေါက်ကြားမှုမရှိစေရန်ဟူသော မမှန်ကန်သည့်အကြောင်းပြမှုဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး မေးခွန်းတစ်စုံသာထုတ်ဝေစစ်ဆေးရာမှ  ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း(၁၁) စုံ ဖြင့်ခွဲခြား စစ်ဆေးခဲ့ကြသည်။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ(အြေမငခကူအေငသည နထော ) မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(့ညငလနမျငအပ နညအမညေခန) ဟုပြောင်းလဲပြီး စာမေးပွဲနှင့်ပတ်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင်ထိမ်းချုပ်ခဲ့သည်။  ဒီအတွက်ထူးခြာမှုရှိမရှိမဆိုနိုင်သော်လည်း ပညာရေးဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည် ကိုတွေ့ခဲရသည်၊ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်းမဟုတ်၊ ကျောင်းသားကျောင်းသူလည်းမဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင်ဖြစ်သည်၊ တစ်နှစ်တစ်နှစ် သိန်း (၁ဝဝ)နှင့်အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင်။ ကျောင်းသားကျောင်းသူများအား သင်ရိုး ဘောင်အတွင်းမှမေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့်ရမှတ်များလည်း မတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့် လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်းဒုနှင့်ဒေး။ ဒီလိုမညီမျှမှုများ၊ လစ်ဟာချက်များရှိနေသော ၊ မေးခွန်း(၁၁)စုံမှ မေးခွန်းတစ်စုံသို့ပြောင်းလဲရန် ကျင်းပနေသော ပြည်သူလွှတ်တော်တွင် အဆိုပြုရာတွင် မေးခွန်းတစ်စဲုံထက်မေးခွန်း(၁၁)စုံမှ ပိုမိုလုံခြုံသည်ဟူသောအဖြေဖြင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားရာ ကြားရသူတိုင်း ပြုံးခဲ့ကြရသည်။ ကျောင်းသားကျောင်းသူများနစ်နာဆုံးရှုံးမှုထက် မိမိတို့အတွက် အခွင့်အရေးများဆုံးရှုံရန်မလိုလားသော ပါမောက္ခချုပ်ကြီးများနှင့် ညွှန်ချုပ်၊ ဝန်ကြီးတို့ အားလုံးအကွက်ဆင် ဂွင်ရိုက်ထားခြင်းခြင်းဖြစ်သည်။


၎။    တက္ကသိုလ်ဝင်စာမေးအဖြေလွှာများစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှုညံ့ဖျင်းခြင်း။
    နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေရာတွင်လည်း-
    (က)    စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှုအားနည်းကြသည်။ ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း၊ ဖြေဆိုခဲ့သောအဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲရာတွင် အမှားအယွင်းများရှိခဲ့ကြသည်။ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့ကြသော်လည်း မိမိအမှား အတွက်တာဝန်မယူဘဲ  ပြင်ဆင်မပေးခြင်း။ (၉၅%)
    (ခ)    စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊  လေ့လာမှုမရှိခြင်း(၉ဝ%) ထို့အတွက်အမှတ်ပေးရာတွက်အခက်အခဲများရှိခြင်း။ အမှားအယွင်းများခြင်း။
    (ဂ)     သက်ဆိုင်ရာဘာသာရပ်များကိုစစ်ဆေးရာတွင်လည်း အစိုးရမှ ပြဌာန်းထားသော ပြဌာန်းစာအုပ်ထဲမှ အတိုင်း ၏၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း၊ တစ်လုံးတလေမှားလျှင်တောင်မှ အမှတ်လျှော့ခြင်းကြောင့်  အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟုပင်ခေါ်ကြခြင်း၊ ပြဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဌာန်းစာအုပ်များကိုပုံနှိပ်ထုတ်ဝေသည့်နေရာများဖြစ်ကြသော . . နေပြည်တော်ပုံနှိပ်စက်ရုံ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ  များမှအသီးသီးထုတ်ဝေသော ပြဌာန်းစာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများလွဲချော်ခြင်း။
    (ဃ)    ကျောင်းသား၊ကျောင်သူမှ မိမိတတ်ကျွမ်းမှုအား မိမိနားလိုသလို (ှနညအနညခနျ) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း၊  သင်္ချာဖြေဆိုရာတွင်လည်းသတ်မှတ်ထားသောတွက်နည်းမှလွဲ၍ အခြားနည်းဖြင်ဖြင့်တွက်လာပါက အဖြေရောက်သော်လည်းအမှတ်မပေးခြင်း။
    (င)    အောင်စာရင်းများပြုစုရာတွင်လည်း ကျွန်တော်တို့ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း    (၈-၁၂%) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း(၄ဝ%) ကျော်ရှိခြင်းမှာ ပညာရည်တိုးတက်မှုမဟုတ်ဘဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကို ဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖော်ဆောင်ထားသော စနစ်မအောင်မြင်မှုကို  ဖုံးကွယ်ရန်အတွက် ( သြိနမအေငသည မြျေု) များပေးကာ အောင်မှတ်နိမ့်ချထားခြင်း။ ထိုအပြင် တက္ကသိုလ်များ အမြောက်အများဖွင်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသာနာကိုဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင်မဖတ်တတ်သော ကျောင်းသားများဖြစ်လာကြခြင်း။(ဥပမာဆိုရသော ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်းသာမေးပွဲ အောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးကြရာတွင် အများစုမှာ တအံတသြဖြစ်ကြရသည်။ ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲ အောင်မြင်သောကြောင့် တိုင်ကြားခြင်း ဖြစ်သည် ၊ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသောအမှတ်မရနိုင်သောကြောင့် နောက်ဆုံးဘာသာရပ် ဖြစ်သော ဇီဝဗေဒတွင် ဖြေဆိုသမျှအဖြေအားလုံးအားကန့်လန့်ဖြတ်ခြစ်၍  ကျရှုံးအောင် လုပ်ထားပါလျှက် အောင်မြင်လာသောကြောင့်တိုင်ကြားရခြင်းဖြစ်သည်။ ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည်။ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိပါသည်။ ယင်းနှစ် စာမေးပွဲစစ်ဆေးရေးမူအရ ကျောင်းမှန်မှန်ပုံမှန်တက်သည်ဟုစာရင်းပို့ထားသူအား ကျရှုံးသောဘာသာရပ်တွင် (ဃဏျွ) အမှတ် (၂၅)မှတ်ထည့်ပေါင်းပေးရန်ညွှန်ကြားထားသောကြောင့် ထိုကျောင်းသားသည် စုစုပေါင်း(၂၇)မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (သြိနမအေငသည မြျေု) မှတ်အား(၂၇) မှတ်အထိလျှော့ချလိုက်သောကြောင့် ထိုကျောင်းသား ဖြေဆိုရာ ကျရှုံးချင်သောကြောင့် ခြစ်ချရာတွင် (၂)မှတ်ရပြီး စာမေးပွဲအောင်သွားခြင်းကို အံသြဘွယ်တွေ့ရှိရသည်။ ကိုယ်တွေ့)။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့်တစ်ညပုံပြင်ကဲ့သို့ ဆုံးနိုင်ဘွယ်ရာမမြင်။
    ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခုအပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်။ ယခုပုံစံဖြင့်ကျင်းပနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှုမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသား ကျောင်းသူများရော ဆရာဆရာမများအားလုံး အမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာဖြစ်သည်။ မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေး တိုးတက်မြင့်မားမှုအတွက် ဆောင်ရွက်နေသော (ှအကိနညအျ ဃနညအမန ဗစစမသခ့ ) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာအကြောင်းရာတစ်ရပ် ဖြစ်ယုံမျှတစ်ပါးအခြားမရှိနိုင်ပေ။


ကိုကြီးသောင်း (အရာတော်)
Unknown at 11:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျ သွားမည်





 ပါတီ ၆ ခုမှ ခေါင်းဆောင်များအား သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ အမျိုးသားတက္ကသိုလ်(National University) မှ ဖိတ်ကြားထား ကြောင်း အဆိုပါ ပါတီများ ထံမှ သိရသည်။ နိုင်ငံရေးပါတီများ၏ ခေါင်း ဆောင်မှုမြင့်မားရေး အစီအစဉ်အနေ ဖြင့် ပထမဦးဆုံး ဖိတ်ကြားခြင်း ဖြစ် ပြီး မိမိတို့ပါတီအနေဖြင့် လွှတ်တော် နိုင်ငံရေး၊ ပြင်ပနိုင်ငံရေး အပါအဝင် အဓိကအချက် ၄ ချက်ဖြင့် ဆွေး နွေးသွားရန် ရှိသည်ဟု တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးသိန်းထွန်းက ပြောသည်။”ဖိတ်ကြားခံထားရသော ချင်း အမျိုးသားပါတီမှဦးဇိုဇမ်က ”အဓိက ကတော့ နိုင်ငံရေးပါတီများ၏ ခေါင်း ဆောင်မှုမြင့်မားရေးအစီအစဉ် (Political Party Leadership Program) ဆွေးနွေး ပွဲဖြစ်ပါတယ်” ဟု ပြောသည်။ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ မတက်ရောက်နိုင်၍ အတွင်းရေးမှူး ဒေါ်သန်းသန်းနုသာ တက်ရောက်မည်ဟု သိရသည်။
အာဆီယံ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များကို ဖိတ်ကြားထား သည့်ပွဲဖြစ်ပြီး တစ်ပါတီလျှင် တစ်ဦးနှုန်းဖြင့် ဖိတ်ကြားထားခြင်း ဖြစ်သည်ဟု သိရသည်။Center for Democracy Institution (CDI) မှ ဖိတ်ကြားထား ခြင်း ဖြစ်ပြီး မြန်မာအပါအဝင် မလေး၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ဖိလစ်ပိုင်၊ ထိုင်းအစရှိသည့် နိုင်ငံ များ ပါဝင် မည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါ တီ (မြန်မာ)၊ ရခိုင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ အမျိုးသားဒီမိုကရေစီ အင် အားစု၊ အမျိုးသားဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖိတ်ကြား ခံထားရသည်ဟု သိရသည်။

 Myanmar Express
Unknown at 11:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းမဟုတ်သော သက်ကြီးရွယ်အိုများအတွက် ပင်စင်အစီအစဉ် မကြာမီပေါ်ထွက်မည်





အစိုးရပင်စင်လစာ မဟုတ်ဘဲ အဖွဲ့အစည်းများတွင် ဝန်ထမ်းမဟုတ်သော သက်ကြီးရွယ်အိုများအတွက် ခံစားခွင့်ရှိသည့် သက်ကြီးပင်စင် အစီအစဉ်အသစ် မကြာမီပေါ်ထွက်လာမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။ ယင်းသက်ကြီးပင်စင် အစီအစဉ် အသစ် သည် ပြည်ထောင်စု လွှတ်တော်တွင်မကြာမီ အတည်ပြုတော့မည့် လူမှုဖူလုံရေး ဥပဒေအသစ်တွင် ထည့်သွင်းဖော်ပြထားသောကြောင့် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အသစ်ပြဋ္ဌာန်း မည်ဖြစ်သော သက်ကြီးပင်စင်တွင် မည်သူမဆို သက်ကြီးခံစားခွင့်အဖြစ် အာမခံကြေးပေးသွင်းပါက သက်ကြီးပင်စင် ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း သက်ကြီးပင်စင်အတွက် ပေးသွင်းရမည့် အာမခံကြေးပမာဏနှင့် ခံစားခွင့်ကို ရေးဆွဲနေဆဲဖြစ်သောကြောင့် အတိအကျ မထွက်ရှိသေးကြောင်း ဦးအောင်ထွန်းခိုင်က ပြောသည်။ အစိုးရဝန်ထမ်းများအနေဖြင့် အစိုးရက ပေးသောပင်စင်လစာအပြင် သက်ကြီးပင်စင်လစာကိုပါ ခံစားခွင့်ရမည်ဖြစ်သည်။ ယခုလက်ရှိတွင် သက်ကြီးရွယ်အိုများအတွက် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးဥပဒေကို ရေးဆွဲရန် ပြင်ဆင်နေပြီး နိုင်ငံတကာမှ ပြဋ္ဌာန်းသော ဥပဒေ များကိုပါ လေ့လာ၍ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဥပဒေကို ပြဋ္ဌာန်းမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဦးရေသည် နိုင်ငံ့လူဦးရေသန်း ၆၀ တွင် ၁၀ ရာခိုင်နှုန်း ရှိသည်။ နိုင်ငံတော် အစိုးရနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေး အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုကြောင့် လက်ရှိသက်ကြီးရွယ်အို လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်သာ ကူညီထောက်ပံ့နိုင်ကြောင်း သိရှိရသည်။

 
 Myanmar Express
Unknown at 10:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မုတ်သုံလေ စတင် ဝင်ရောက်မည်


ရန်ကုန်၊ မေ ၁၆

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ မေလ ၁၉ ရက်နေ့ ထက် နောက်မကျဘဲ ဝင်ရောက်လာဖွယ် ရှိကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် မြောက်ပိုင်းဒေသများ သို့လည်း မေလ စတုတ္ထပတ်တွင် မုတ်သုံလေ ဆက်လက် ဝင်ရောက်မည်ဟု ၎င်းက ဆိုသည်။

မုတ်သုံလေ ဝင်ရောက်မည့် မိုးဦး ကာလအတွင်း မေလ နှောင်းပိုင်းမှ ဇွန်လကုန်အထိ ပင်လယ်အော်တွင် မုန်တိုင်း နှစ်ကြိမ်ခန့် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် ရွာသွန်းမြဲထက် ပိုမို ရွာသွန်းနိုင်ပြီး ပဲခူး၊ မကွေး၊ ရခိုင်၊ ကယား ၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲခန့် ရွာသွန်းကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင် ရွာသွန်းမြဲ အောက်သာ ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
The Voice Weekly
Unknown at 10:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လုံးချင်းဝတ္ထုများ စိစစ်ရေးတင်ရန် မလိုတော့



From : ခေတ်လူငယ်
စာပေစိစစ်ရေး၏ စတုတ္ထအဆင့် ဖြေလျှော့ပေးခြင်းအဖြစ် လုံးချင်းဝတ္ထုများအား လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မေလ ၁၅ ရက်တွင် စာပေစိစစ်ရေးဌာန၌ ပြုလုပ်သည့် ထုတ်ဝေသူများနှင့် ညှိနှိုင်းစည်းဝေးပွဲတွင် တရားဝင် ထုတ်ပြန်လိုက်သည်။ ယခု စတုတ္ထအဆင့် ဖြေလျှော့မှုအရ ယခင် အုပ်စု (၂)တွင် ပါဝင်သော အထွေထွေစာမူများ အနက် “၀တ္ထု” စာမူများအား အုပ်စု (၁) ထုတ်တင်စနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ “အရင်က စာပေနဲ့စာနယ်ဇင်းအဖွဲ့ပဲ ရှိခဲ့တာကနေ အခုဆို မီဒီယာအသင်းအဖွဲ့ ပေါ်လာဖို့ ရှိပါတယ်။ မီဒီယာဥပဒေ မပေါ်မီ ကျွန်တော်တို့က လက်ရှိနဲ့ သဟဇာတဖြစ်အောင် ထိန်းပေးထားတဲ့ အနေအထားပါပဲ။ စာနယ်ဇင်းကောင်စီကိုလည်း ဇွန်လမှာပေါ်ဖို့ လုပ်ထားပါတယ်။ ကျွန်တော်ထင်တာကတော့ ၂၀၁၂ ဇွန်လ တတိယအပတ်လောက်ဆို ဒီဆင်ဆာလုပ်ငန်း မရှိနိုင်တော့ဘူးလို့ သက်ရောက်ပါတယ်” ဟု အဆိုပါ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လယ်မြေအဓမ္မ သိမ်းယူမှု မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမည်




Zay Kabar chairman Khin Shwe, is facing a lawsuit filed by farmers from Rangoon’s Mingaladon Township whose farmland he allegedly confiscated. (Photo: Reuters)
ချင်းမိုင် (မဇ္ဈိမ) ။       ။ နိုင်ငံတော် စီမံကိန်းများ အကြောင်းပြ၍ ပုဂ္ဂလိက ကုမ္ပဏီအချို့က လယ်မြေများ သိမ်းယူနေမှု များကို မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးကာ မြန်မာနိုင်ငံအတွင်း ပြသနိုင်ရန် စီစဉ်နေသည်ဟု ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက မဇ္ဈိမကို ပြောသည်။

“လယ်သမားတွေကလည်း ပေါ်တင် ပြောပါတယ်။ တိုင်းပြည်အတွက်ဆို လုပ်ပါ။ သူတို့ ရတယ် ငတ်ပါစေ။ တိုင်းပြည်
ကောင်းဖို့အတွက်ဆို သူတို့ ခံလိုက်မယ်ပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ပုဂ္ဂလိက နာမည်တွေနဲ့ သိမ်းထားတာတွေပေါ့။ အဲဒီလိုဆိုတော့ နိုင်ငံအတွက်လည်း မဟုတ်ဘူး ဒီ Crony တွေ ကောင်းစားဖို့အတွက် သိမ်းတာကို ကျနော် မခံချင်
ဖြစ်တာဗျ။ အဲဒီလိုဟာတွေက မြန်မာပြည် အနှံ့မှာ ဖြစ်နေတဲ့အခါကျတော့ ဒါကို ကျနော် ရိုက်ပြသင့်တယ်လို့ထင်လို့ ကျနော်ရိုက်တာပါ” ဟု လယ်သမားများထံ ကွင်းဆင်း လေ့လာနေသည့် ဒါရိုက်တာ ဝိုင်း က ပြောသည်။
ဒါရိုက်တာဝိုင်းသည် မေလအတွင်း ပြင်ဦးလွင်မြို့နယ်သို့ သွားရောက်ကာ လယ်သမားများနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသတွင် လယ်သမား အယောက် ၄ဝ ၏ မြေဧက ၁,၇၀၀ ကို ကုမ္ပဏီတခုမှ သိမ်းယူထားသည်ဟုလည်း ဆိုသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ မြေယာဥပေဒများ၏ အကျိုးသက်ရောက်မှုကို လေ့လာနေပြီး၊ ဥပဒေ ပညာရှင်များနှင့်လည်း တိုင်ပင်ညှိနှိုင်းကာ လုပ်ဆောင်သွားမည်ဟုလည်း ဝိုင်းကပြောသည်။
မှတ်တမ်းရုပ်ရှင်အတွင်း လယ်မြေသိမ်းယူမှုကြောင့် လယ်သာ လုပ်ကိုင်စားသောက်တတ်သည့် လယ်သမားများ၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေး၊ လယ်သိမ်းယူမှုကြောင့် ပြည်ပနိုင်ငံထွက်ကာ အလုပ်လုပ်နေကြရသည့် လယ်သမားများ၏ ဘဝများကိုလည်း ထည့်သွင်း ရိုက်ကူးသွားမည် ဖြစ်သည်။
“လယ်သမားတိုင်း ကြုံတွေ့နေရတဲ့ အဓိက ပြဿနာ တခုက ဘာလဲဆိုတာ ကျနော် ပိုပြီးတော့ မီးမောင်းထိုးပြချင် တာပါ။ ဒါတွေဟာ မလုပ်သင့်ပါဘူး ဆိုတာလည်း မီးမောင်း ထိုးပြချင်ပါတယ်။ သူတို့မှာ စားဝတ်နေရေးတွေ ကျန်းမာရေးတွေ ဆုံးရှုံးမှုတွေ ဖြစ်နေတယ်ဆိုတဲ့အချက်က အဓိက အရေးပါပါတယ်” ဟုလည်း ဝိုင်းက ပြောသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်အတွက် လယ်မြေသိမ်းယူမှု ဖြစ်စဉ်များ ဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တို့သို့ ကွင်းဆင်းကာ ရိုက်ကူးမည်ဖြစ်ပြီး ရိုက်ကူးပြီးစီးချိန်တွင် တနိုင်ငံလုံးသို့ ဖြန့်ချိ
ပြသွားသွားမည်ဟု ဆိုသည်။
ထို မှတ်တမ်းတင် ရုပ်ရှင်ကား ရိုက်ကူးလိုမှုနှင့် ပတ်သက်၍လည်း အာဏာပိုင်များဘက်မှ တုန့်ပြန်နိုင်မှုနှင့် ပတ်သက်၍ “ဒီကားကတော့ သူတို့ရဲ့ သဘောထားကြီးမှုနဲ့ ဒီမိုကရေစီလမ်းပေါ် လျှောက်မလျှောက်ဆိုတာ ဒီကားက အဖြေပါပဲ” ဟု ဝိုင်းက ပြောသည်။
ကုမ္ပဏီများ မြေယာသိမ်းယူမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီနှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်
ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်သမားတို့ အချင်းများလျက်ရှိနေပြီး ဇေကမ္ဘာကုမ္ပဏီသည် အဆိုပါဒေသရှိ
လယ်ဧက ၈၀၀ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂၀၁၀ ခုနှစ်အတွင်း သိမ်းယူခဲ့ခြင်း ဖြစ်သည်။
လယ်မြေများပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ်အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ယခုလ ၉ ရက်နေ့တွင် တားမြစ်ချက် ထုတ်ပြန်ထားသည်။
လယ်သမားများ၏ နစ်နာမှုများကို တင်ပြတောင်းဆိုနိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှ လယ်မြေသိမ်းယူမှုများကို ကာကွယ်နိုင်ရန် ဖြေရှင်းရန် “စုပေါင်းညီညာ စက်မှုလယ်ယာကုမ္ပဏီ” ကို ယခုလ ၁၇ ရက်နေ့တွင် မှတ်ပုံတင်မည် ဟုလည်း ရွှေနံ့သာ လယ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။
“ကျနော်တို့က စက်မှုလယ်ယာ ကုမ္ပဏီတခု တည်ထောင်မယ်၊ ကုမ္ပဏီတွေရဲ့ နှောက်ယှက်တာတွေ လူလည်ကျတာ
တွေ ခံရတာကြောင့် စနစ်တကျ စုစည်းပြီး ထူထောင်မယ်။ လယ်ယာထွက်ကုန်တွေကို ကုမ္ပဏီကနေ ကျနော်တို့
ရောင်းမယ်” ဟု ဦးနေမျိုးဝေက ပြောသည်။
မျိုးသန့်
အင်္ဂါနေ့၊ မေလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၀ မိနစ်
မဇ္ဈိမ
http://www.mizzimaburmese.com/news/inside-burma/9339-2012-05-15-14-06-49.html
Unknown at 10:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး


ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
 
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ သေဆုံးခဲ့သူ၏ ညီဖြစ်သူ ကိုတင်ဝင်းလှိုင်က “ကျွန်တော့် ရဲ့အစ်ကိုကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ၂၃၂ ပါရမီဂိတ်ရင်းက ဂိတ်မှူးက ခေါ်လို့သွားပြီးစကားပြောနေတဲ့အချိန် မှာအဲဒီအထဲကို လူနှစ်ယောက်က ဓားနဲ့ဝင်ခုတ်တယ်။ ပြေးထွက်လာတဲ့ သူတွေကို အပြင်ကနေ တစ်ယောက် က တုတ်နဲ့ရိုက်တယ်လို့ သိရပါတယ်။ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲလို့ အပြည့်အစုံ မသိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ အမှန်အတိုင်း ဖြစ်အောင် တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က “အဲဒီဈေးကြိုပို့ယာဉ် မောင်းတဲ့သူက ကျွန်တော်တို့ ၂၃၂ ပါရမီယာဉ်လိုင်းပြေးနေတဲ့ လမ်း ကြောင်းပေါ်မှာ တရားမ၀င်ပြေးဆွဲ နေတယ်။ သူနဲ့လည်းခဏခဏပါရမီ ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက် တွေနဲ့စကားများကြတယ်။ အဲဒီနေ့ မှာလည်း တရားမ၀င်ပြေးဆွဲလို့ အမှတ် ၂၃၂ ပါရမီယာဉ်တစ်စီးက ယာဉ်နောက်လိုက်တွေနဲ့ စကားများ ခဲ့ကြပါတယ်။ အဲဒီနေ့က ညပိုင်းမှာ ဈေးကြိုပို့ယာဉ် မောင်းနေတယ်ဆိုတဲ့ သူနဲ့သူ့သားသူငယ်ချင်း ယာဉ်မောင်း သုံးယောက်နဲ့ လူအုပ်စုကကားတစ်စီး နဲ့ ၂၃၂ ဂိတ်ကိုလာပြီး သူတို့ ဒီလမ်းကြောင်းမှာ ကားပြေးဆွဲမယ်စတဲ့ အကြောင်းအရာတွေ လာပြောတဲ့အချိန် မှာ စကားများလာတဲ့ ယာဉ်နောက်လိုက်ရဲ့ အဖေဖြစ်သူ ဦးခင်ဇော်နဲ့ တခြားသူတွေအ ဖွဲ့တစ်ဖွဲ့က၀င်ပြီးတော့ ဓားနဲ့ဝင်ခုတ်ခဲ့တာပါ။ အဲဒီ ၀င်ခုတ်တဲ့သူကိုလည်း ရဲတွေက စစ်ဆေးနေပါတယ်။ သူ့ကိုမမိခင်မှာ ကျွန်တော် တို့ရဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ရဲခစန်းက ခေါ်စစ်ပါ တယ်။ ပြီးမှ ပြန်လွှတ်ပေးတာပါ” ဟု ပြောကြားခဲ့သည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဈေးကြိုယာဉ်မောင်းဖြစ်သူ ဦးစိန်မိုးက “ကျွန်တော်ရပ်ထားတဲ့ ကားရှေ့ကိုအဲဒီ ၂၃၂ ကားကရပ်ထားတော့ ကျွန်တော့်ရဲ့ကားထွက်လို့မရဘူး။ ဒါနဲ့ ဟွန်းတီးပြီး ရှေ့တိုးခိုင်းပါတယ်။ မလွတ်မကင်း ရှေ့တိုးပြီးတော့ရအောင် ထွက်တယ်။ ပြီးတော့ သူတို့ကို ကျွန်တော်ကပြန်ကြည့်မိတာကစပြီး တစ်ယောက်တစ်ခွန်း စကားများခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ကား နောက်ကို အယောက်၂၀လောက်ပါ တဲ့ သူတွေက ပြေးလိုက်လာတော့ မောင်းပြေးထွက်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ထမင်းစားပြီး အပြန်ကျတော့ အခုသေဆုံးသွားတဲ့သူရဲ့ အမေက နင်တို့ကို ၂၃၂ပါရမီဂိတ် ဂိတ်မှူး ဗိုလ်ကြီးအောင်အောင်က ခေါ်နေတယ်လို့ပြောတော့ ကျွန်တော်ရယ်၊ သေသွားတဲ့သူရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သုံးယောက်က အဲဒီဂိတ်ထဲကို ဂိတ်မှူးနဲ့ ၀င်စကားပြောလို့ ၁၀ မိနစ်လောက်အကြာမှာ လူနှစ်ယောက် က ပြေးဝင်လာတယ်။ ကျွန်တော့်သားနဲ့ စပယ်ယာတစ်ယောက်က ကားပေါ်မှာ ထိုင်နေခဲ့တယ်။ အဲဒီကားပေါ်ကိုလည်း ဓားနဲ့ ၀င်ခုတ် ပါတယ်။ တစ်ယောက်ကဓားကိုင် ထားတယ်။ တစ်ယောက်က တုတ် ကိုင်ထားတယ်။ ဓားကိုင်ထားတဲ့ သူက ဖိုးညီကိုထိုးလိုက်တော့ ကျွန်တော်လည်း ထပြီးထွက်ပြေးပြီးတော့ နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့တာပါ။ ဂိတ်မှူးနဲ့ စကားပြောနေတဲ့ အကြောင်းအရာတွေ က ဒီလိုအချင်းများနေတာတွေ ဆက်မဖြစ်ဖို့နဲ့ ကျွန်တော်တို့မှာရှိတဲ့ ကားကိုကုမ္ပဏီတစ်ခုမှာ အပ်ဖို့ပြောနေတဲ့အချိန်မှာပဲ ၀င်ပြီး ခုတ်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်ဟု
Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

Unknown at 10:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.