Thursday, May 17, 2012

ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျ သွားမည်





 ပါတီ ၆ ခုမှ ခေါင်းဆောင်များအား သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ အမျိုးသားတက္ကသိုလ်(National University) မှ ဖိတ်ကြားထား ကြောင်း အဆိုပါ ပါတီများ ထံမှ သိရသည်။ နိုင်ငံရေးပါတီများ၏ ခေါင်း ဆောင်မှုမြင့်မားရေး အစီအစဉ်အနေ ဖြင့် ပထမဦးဆုံး ဖိတ်ကြားခြင်း ဖြစ် ပြီး မိမိတို့ပါတီအနေဖြင့် လွှတ်တော် နိုင်ငံရေး၊ ပြင်ပနိုင်ငံရေး အပါအဝင် အဓိကအချက် ၄ ချက်ဖြင့် ဆွေး နွေးသွားရန် ရှိသည်ဟု တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးသိန်းထွန်းက ပြောသည်။”ဖိတ်ကြားခံထားရသော ချင်း အမျိုးသားပါတီမှဦးဇိုဇမ်က ”အဓိက ကတော့ နိုင်ငံရေးပါတီများ၏ ခေါင်း ဆောင်မှုမြင့်မားရေးအစီအစဉ် (Political Party Leadership Program) ဆွေးနွေး ပွဲဖြစ်ပါတယ်” ဟု ပြောသည်။ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေ မတက်ရောက်နိုင်၍ အတွင်းရေးမှူး ဒေါ်သန်းသန်းနုသာ တက်ရောက်မည်ဟု သိရသည်။
အာဆီယံ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များကို ဖိတ်ကြားထား သည့်ပွဲဖြစ်ပြီး တစ်ပါတီလျှင် တစ်ဦးနှုန်းဖြင့် ဖိတ်ကြားထားခြင်း ဖြစ်သည်ဟု သိရသည်။Center for Democracy Institution (CDI) မှ ဖိတ်ကြားထား ခြင်း ဖြစ်ပြီး မြန်မာအပါအဝင် မလေး၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ဖိလစ်ပိုင်၊ ထိုင်းအစရှိသည့် နိုင်ငံ များ ပါဝင် မည်ဖြစ်သည်။ မြန်မာ နိုင်ငံမှ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါ တီ (မြန်မာ)၊ ရခိုင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား ပါတီ၊ အမျိုးသားဒီမိုကရေစီ အင် အားစု၊ အမျိုးသားဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖိတ်ကြား ခံထားရသည်ဟု သိရသည်။

 Myanmar Express
Unknown at 11:35 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.