Thursday, May 10, 2012

မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့က ဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူး

"မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ လုပ်နေတာ၊ ငါတို့က ဘာစောက်တစ်ပြားမှမရပဲ ထောင်ကျခံပြီးနိုင်ငံရေးလုပ်နေတာ၊ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကို ပြောလိုက်... ငါ -ိုး မှ သားရဲ့"

ဟု

NLD ပါတီဝင် လုံခြုံရေး ဒလဝမ် များက Express Times သတင်းစာ သတင်းထောက် နှစ်ဦးကို လက်ရောက်မှု ကျူးလွန်ကာ ဆဲရေးတိုင်းထွာ စော်ကား ပြောဆို ခဲလို့ Express Times အယ်ဒီတာချုပ်မှ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။


NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှသတင်းထောက်အားကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းနှင့်မီဒီယာသမား
များကိုစော်ကားပြောဆိုခြင်းကိုညှိနှိုင်းဆောင်ရွက်ပေးရန်NLDသို့ ပေးပို့ထားသောစာ

မြန်မာ သတင်းဂျာနယ်အားလုံးကို ချနင်းနေသော အမေစုရဲ့ ခွေးလေး
ဗြိတိန်ပေါက် ခွေးလေး အိပ်ဖို့ ဂျာနယ် ဝယ်လာတဲ့ အမေစု

ယခုကိစ္စဟာ မြန်မာသတင်းမီဒီယာ သမား အားလုံးကို စော်ကားခြင်းဖြစ်ပြီး သတင်းသမား အခွင့်အရေးနှင့် လူ့အခွင့်အရေးကို စော်ကား ကျူးလွန်ခြင်းဖြစ်တာကြောင့် မြန်မာ သတင်းသမား အားလုံးက မကျေမနပ်ဖြစ်နေကြကြောင်း သိရပါတယ်။ ဒါ့အပြင် ယခင်တုန်းကလည်း အလားတူ ဖြစ်စဉ်မျိုး အများအပြားရှိခဲ့ကြောင်းလည်း သိရပါတယ်။

Myanmar Express
Unknown at 5:30 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ
နယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီ
လမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွား
ခဲ့သည်ဟုသတင်းရရှိသည်။
 ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလမ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာ
တိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်
ပြုတ်ကျသွားသည်ဟု သိရသည်။“ကားကျတာနှင့်တစ်ပြိုက်နက်မီးတွေထ
လောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့ သူကငယ်
ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်း
သိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။
  ည ၁၀ နာရီ ၅၅ မိနစ် မှာမီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်လိုက်
တယ်” ဟုမျက်မြင်သက်သေတစ်ဦး ကပြောပြသည်။ ထိုကဲ့သို့မော်တော်
ယာဉ်တိမ်းမှောက်မီးလောင်မှုသည် ယခင်ကဖြစ်ပွားခဲ့သော်လည်း ပြိုင်ကား
တိမ်းမှောက် မီးလောင်မှု မှာမရှိခဲ့ဘူးသေးကြောင်းသတင်းရရှိသည်။
Popular Myanmar News Journal 
တိမ်းမှောက်သွားတဲ့ ပြိုင်းကား (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
Unknown at 4:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝံပုလွေရဲ့သမီးပျို




၂ဝရာစု(၁၉၇ဝ)နှစ်စ အမေရိကန် အလက်ဇကားပြည်နယ်က ရွာလေးတစ်ရွာမှာ ကလေးငယ်တစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီကလေးငယ်ဟာ မွေးမွေးပြီးချင်း တောနက်ထဲ စွန့်ပစ်ခံခဲ့ရတယ်။ တောနက်ထဲက သားသမီးသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ ဝံပုလွေမတစ်ကောင်ဟာ ကလေးငယ်ကိုတွေ့တာ နဲ့ ကိုယ့်သားသမီးအမှတ်နဲ့ ကိုက်ချီသွားခဲ့ပါတယ်။

ချွန်မြတဲ့လက်သည်း၊ သွားတွေနဲ့ ရက်စက်တဲ့သတ္တဝါ အသားစားဝံပုလွေမှာလည်း မိခင်စိတ်ရှိခဲ့ပါတယ်။ ဝံပုလွေဟာ ကလေးငယ်ကို ကိုယ့်သားသမီးလို မိခင်နို့နေ့တိုင်း တိုက်ကျွေးခဲ့တယ်။ တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ခဲ့တယ်။ ဝံပုလွေနို့စို့ပြီး ကြီးပြင်းလာခဲ့တဲ့ ကလေးငယ်ဟာ တဖြေးဖြေး ဝံပုလွေစိတ်ဝင်ခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က လူပုံစံနဲ့တူကကလွဲလို့ အမူအရာအားလုံး၊ အပြုအမူအားလုံး ဝံပုလွေနီးနီးဖြစ်ခဲ့တယ်။ ဝံပုလွေတစ်ကောင်လို လေးဖက်ထောက်ပြီး သူပြေးလွှားတယ်၊ ခုန်တယ်၊ တိရစ္ဆာန်ငယ်တွေကို လိုက်လံဖမ်းဆီးတယ်၊ ကိုက်ဖြတ်တယ်၊ သွေးသံရဲရဲ စားသောက်တယ်။ ဝံပုလွေမိခင်က သူ့ကို ဝံပုလွေအော်သံသင်ပေးရုံမက ဝံပုလွေဘာသာစကားနဲ့ တခြားဝံပုလွေအဖော်တွေကို သတင်းအချက်အလက်ပို့တတ်ဖို့ သင်ပေးခဲ့တယ်။ သူ့မှာ လူခန္ဓာသာရှိပေမယ့် လူ့စကား၊ လူရဲ့အတွေးအခေါ်ဆိုတာမျိုး လုံးလုံးမရှိခဲ့တော့ပါဘူး။ သူ့ကိုယ်ပေါ်မှာလည်း ထူထည်းတဲ့ အမွေးအမျှင်တွေ ပေါက်ရောက်နေခဲ့ပါတယ်။

ဒီလိုနဲ့ အချိန်(၈)နှစ်ခန့် လွန်မြောက်သွားခဲ့ပါတယ်။ တစ်နေ့မှာ ဆိတ်တစ်ကောင်ကို လိုက်လံဖမ်းဆီးတဲ့ ဝံပုလွေပျိုလေးကို သစ်တောထိန်းသိမ်းရေးဝန်ထမ်းတစ်ဦး တွေ့ရှိသွားခဲ့ပါတယ်။ ဝံပုလွေကို ဝိုင်းဝန်းဖမ်းကြပြီး သစ်တောထဲကနေ ခေါ်ထုတ်ခံခဲ့ရတယ်။

ဝံပုလွေပျိုကို ဒေါက်တာKirkဦးစီးတဲ့ "အမေရိကန် စိတ်ဓာတ်ပြောင်းလဲရေးစခန်း"ကို ခေါ်ယူသွားခဲ့ကြပြီး သူ့ကို "လော်ရာ"လို့ အမည်ပေးလိုက်ပါတယ်။ ပညာရှင်တွေဟာ ၅လကြာအချိန်ယူပြီး လော်ရာကို အစာစိမ်းကနေ အစာကျက်စားတတ်ဖို့ သင်ယူပေးနိုင်ခဲ့တယ်။ သူဆွဲစုတ်ပစ်တဲ့ အဝတ်အစားတွေ ဝတ်နိုင်အောင်လေ့ကျင့်ပေးနိုင်ခဲ့တယ်။ တဖြေးဖြေးနဲ့ လော်ရာမှာလူဗီဇပေါ်လာခဲ့တယ်။ လူ့စကားကို သူပြောတတ်လာတယ်။ လူ့အပြုအမူ၊ အကျင့်စရိုက်၊ နေထိုင်စားသောက်ပုံနဲ့ တွေးတောမှု၊ သံယောဇဉ်တွေ တဖြေးဖြေးပြောင်းလဲလာခဲ့တယ်။ သာမန်လူတစ်ယောက်လို နေထိုင်စားသောက်နိုင်သလို သူ့ကိုယ်ပေါ်က အမွေးအမျှင်တွေလည်း တဖြေးဖြေး နည်းပါးလာခဲ့တယ်။ မနုဿဗေဒပညာရှင်က ဒါဟာ သမိုင်းတလျောက်မှာ အအောင်မြင်ဆုံး ပြောင်းလဲနိုင်မှုလို့ဆိုခဲ့ကြတယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲ ရောက်လာခဲ့တဲ့ လော်ရာဟာ ကျောင်းတက်ခဲ့တယ်။ နောက်ဆုံးမှာ Edward ဆိုတဲ့ လူငယ်နဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်။

"လူ"အဖြစ်ကို လော်ရာရောက်ခဲ့ပေမယ့် သူ့ကိုပြုစုစောင့်ရှောက်ခဲ့တဲ့ ဝံပုလွေမေမေကို လော်ရာမမေ့ခဲ့ဘူး။ နှစ်အနည်းငယ်အတွင်းမှာ Edwardကို အဖော်ပြုပြီး ၈နှစ်ကြာ သူနေထိုင်ကျက်စားရှင်သန်ခဲ့တဲ့ တောအုပ်ဆီ လော်ရာရောက်လာခဲ့တယ်။

သစ်တောနားရောက်တယ်ဆိုရင်ပဲ လော်ရာဟာ "ဝူး..........." လို့ ဝမ်းနည်းကြေကွဲသံတစ်ချက် ဆွဲငင်လိုက်တယ်။ မိနစ်အနည်းငယ်အကြာမှာ သစ်ပင်တွေလှုပ်လာတယ်၊ သစ်ရွက်နင်းသံတွေ ဆူညံလာတယ်။ ဝံပုလွေအကောင် ၂ဝကျော်လောက် လော်ရာနဲ့ သူ့ခင်ပွန်းရှေ့ကို ရောက်လာခဲ့တယ်။ ဝံပုလွေအုပ်ထဲမှာ အိုမင်းပြီး အမွေးအမျှင်တွေ ပါးလွှာနေပြီဖြစ်တဲ့ ဝံပုလွေတစ်ကောင် ရှေ့ကိုထွက်လာခဲ့တယ်။ လော်ရာဟာ ဝံပုလွေအိုကိုတွေ့တာနဲ့ ပြေးပြီး တင်းတင်းပွေ့ဖက်ထားလိုက်တယ်။ ခင်ပွန်းEdwardကိုလည်း ဒါ ကျွန်မရဲ့မေမေပါလို့ပြောတယ်။

Edwardရဲ့ သဘောတူညီချက်နဲ့ လော်ရာဟာ ဝံပုလွေမေမေကို ဝံပုလွေဘာသာစကားနဲ့ "မေမေ... မေမေ အသက်ကြီးပြီ။ သဘာဝတောအုပ်ထဲမှာ မေမေပင်ပန်းလွန်းပါတယ်။ သမီးနဲ့ လိုက်ခဲ့ပါ မေမေ။ မေမေကို သမီး ပြုစုစောင့်ရှောက်ချင်လို့ပါ" လို့ဆိုတော့ ဝံပုလွေမက အံ့သြဝမ်းသာဟန်ပြပြီး လျှာနဲ့လော်ရာပါးပြင်ကို အဆက်မပြတ် ယက်ရှာတယ်။ ကြည့်ရတာ ငယ်ရွယ်စဉ်က လော်ရာကိုနို့ချိုတိုက်ကျွေးခဲ့တဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်လာလို့ပဲဖြစ်မယ်။ ဝံပုလွေမေမေကိုခေါ်ပြီး ကားဆီကို လော်ရာလျှောက်လာခဲ့တယ်။ ဒါပေမဲ့ ဝံပုလွေမေမေရဲ့ ခြေလှမ်းက ကားနားရောက်လေ နှေးလေဖြစ်လာခဲ့တယ်။ နောက်ဆုံး ကားနားမရောင်ခင် ခြေအစုံရပ်ပြီး "ဝူး... ဝူး...." လို့ သွားစွယ်တွေပေါ်အော် အော်ဟစ်လိုက်တယ်။

"မေမေက လော်ရာတို့နဲ့ မလိုက်ဘူး... တောအုပ်ထဲမှာပဲ နေခဲ့မယ်။ မင်းတို့သွားပါ.. ငါ့ကို စိတ်တိုအောင် မလုပ်ကြနဲ့လို့ပြောတယ်" လို့ လော်ရာက Edwardကိုရှင်းပြတယ်။ ဝံပုလွေမေမေကို ဖက်ပြီး လော်ရာငိုကြွေးခဲ့တယ်။ ဝံပုလွေမေမေကလည်း "ဝူး..ဝူး"နဲ့ စိတ်ထိခိုက်ကြေကွဲသံနဲ့ အော်ဟစ်ခဲ့တယ်။

နွေရာသီတစ်ခုမှာ အမေရိကန်အသံလွှင့်ဌာနတစ်ခုက "ဝံပုလွေမေမေကို ဝံပုလွေပျိုရှာပုံတော်"ဆိုတဲ့ မှတ်တမ်းကားတစ်ကား ရိုက်ကူးခဲ့တယ်။ ခင်ပွန်းသည်အကူနဲ့ တောအုပ်ဆီကို လော်ရာရောက်လာခဲ့ပြန်တယ်။ ဒီတစ်ခေါက်မှာတော့ လော်ရာဘယ်လို အော်အော် ဝံပုလွေတွေ ထွက်မလာခဲ့ပါဘူး။ တောစပ်နားမှာပဲ တဲလေးထိုးပြီး နေဝင်မိုးချုပ်တဲ့အထိ သူတို့စောင့်ခဲ့ကြတယ်။ နေလုံးလုံးဝင်သွားတဲ့အထိ ဝံပုလွေတစ်ကောင်မှထွက်လာတာမတွေ့တော့ တောအုပ်ထဲ လော်ရာဝင်သွားလိုက်တယ်။ တောအုပ်ထဲရောက်တာနဲ့ အချက်ပေးသံကို သူအော်လိုက်ပြန်တယ်။ ဒီတစ်ခေါက်မှာတော့ သူ့ဘေးမှာ အရောင်လက်လက်မျက်လုံးတွေနဲ့ ဝံပုလွေတွေရောက်လာခဲ့တယ်။ ဝံပုလွေမေမေ ဖျားနာနေကြောင်း လော်ရာကို သူတို့ပြောတယ်။

 ဝံပုလွေတွေနဲ့အတူ လော်ရာတောနက်ထဲ လိုက်သွားခဲ့တယ်။ အသက်ယဲ့ယဲ့လေး လုရှုနေတဲ့ ဝံပုလွေမေမေဆီ လော်ရာရောက်လာခဲ့တယ်။ လော်ရာကိုတွေ့တာနဲ့ ဝံပုလွေမေမေဟာ မျက်လုံးကိုအားယူဖွင့်ပြီး လော်ရာလက်ကို လျှာနဲ့ယက်လိုက်တယ်။ အဲဒီနောက် ငြိမ်ကျသွားခဲ့တယ်။ လော်ရာအော်ငိုမိပါတယ်။ ခြုံးခြုံးချအ်ာဟစ် ငိုကြွေးခဲ့တယ်။ ခင်ပွန်းEdwardက "သူ့ကို အိမ်သယ်ပြန်ပြီး အိမ်ရှေ့ကပန်းခြံမှာပဲ မြှုပ်နှံပေးရအောင်"လို့ဆိုတော့ လော်ရာခေါင်းခါတယ်။

"မေမေက ဒီတောအုပ်ရဲ့ တစ်ပိုင်းတစ်စပါ။ သေရင်တောင် တောအုပ်နဲ့အတူနေမယ်တဲ့....."

လော်ရာရဲ့နာမည်ကို နောက်ပိုင်းမှာ အယ်လီဇဘက်လို့ ပြောင်းလဲခဲ့ပါတယ်။


အိန္ဒိယနိုင်ငံက ဝံပုလွေရဲ့သမီးပျို Amala နဲ့ Kamala
http://en.wikipedia.org/wiki/Amala_and_Kamala
Unknown at 4:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျုးကျော်လူတစ်စုကိုဘန်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးစားနေတဲ့ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ဒေါ်အေးအေးမာ(ရွှေပြည်သာ) (ပေးစာ-၁၃)

အမှတ်(၉၆၀)ဆောက်လုပ်ရေး  အင်ဂျင်နီယာတပ်ခွဲပိုင်မြေအတွင်း   ကျူးကျော်နေထိုင်ခြင်းနှင့် ပတ်သတ်ပြီး ဧပြီလ ၂၆ရက်နေနေ့လည်က  ၈၈မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ  ရွှေပြည်သာ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးမာနှင့်အဖွဲ့ ကိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မှခေါ်ယူတွေ့ဆုံခဲ့ပါတယ်။



 (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ဒေါ်အေးအေးမာ  


 ကျူးကျော်မိသားစုနေအိမ်များ

တွေ့ဆုံရာမှာဒေါ်အေးအေးမာက တပ်ပိုင်မြေအတွင်း အုပ်လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လအထိငှားရမ်းထားပြီး ငှားရမ်းသတ်တမ်းပြည့်တဲ့အခါ အုပ်လုပ်ငန်းပြောင်းရွှေ့သွားပေမဲ့ ဦးတင်ဝင်းအပါအ၀င် မိသားစု(၇)ဦးက ဆက်လက်နေထိုင်ပါတယ်။ သက်ဆိုင်ရာ ရာအိမ်မှူးက ဖျက်သိမ်း ခိုင်းပေမယ့် မဖျတ်ခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာတော့ ကျူးကျော်အိမ်ထောင်စုများက ဆက်လက်ပြီး အိမ်များဆောက်လုပ်နေထိုင် လာခဲ့တယ်လို့ပြော ပါတယ်။
          မေလ ၁ ရက်နေကစပြီး အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရက်ကွက်၊ စက်မှု(၁)လမ်းမှာရှိတဲ့ အမှတ်(၉၆၀) အင်ဂျင်နီယာတပ်ခွဲပိုင်မြေမှ ကျူးကျော်မိသားစုတွေကို ပြောင်းရွှေ့  ထွက်ခွာစေခဲ့ပါတယ်။ ကျူးကျော်သူများ ကိုတော့ (၅)ရက် အတွင်းပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြောင်းကြားခဲ့ပါတယ်။
          ကျူးကျော်သူများဟာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ သံအင်းကျေးရွာ၊ ၀ါးတရာလမ်းမဘေး မှာရှိတဲ့ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနပိုင် မြို့နယ်လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးမှ နေ့ကလေးထိန်းကျောင်းဖွင့်မယ့် အကျယ်(၄)ဧက  ရှိတဲ့မြေကွက် ကို ပြောင်းရွှေ့နေ  ပါတယ်။၈၈မျိုး ဆက် ကျောင်းသား လူငယ်(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ ရွှေပြည်သာမြို့နယ် တာဝန်ခံဒေါ်အေးအေးမာ ဦးဆောင်ပြီး ကျူးကျော်ဒုက္ခသည်များထံ  ငွေငါးသောင်းဖြင့် ရောင်းချပေးကာ နေထိုင်နိုင်ရေး အတွက် ဆောင် ရွက်နေတယ် လို့သိရပါတယ်။
          အမှတ်(၉၆၀)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက မော်တော်ယာဉ်များနဲ့သယ်ယူပို့ဆောင်ပေးပြီး အလုပ်သမားများ ငှားရမ်းပေးခဲ့တယ်လိုသိရပါတယ်။ ဒေါ်အေးအေးမာနှင့် အဖွဲ့ကတော့ ထမင်းထုတ်များ ကိုအလှူခံပြီး ကျူးကျော်သူများကို ထမင်းထုတ်များဝေငှပေးခြင်းဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ ထမင်းထုတ်များ ရရှိရေးအတွက် ဒေါ်အေးအေးမာနှင့်  ဦးသန်းဆင့်တို့ ရွှေပြည်သာမြို့နယ် အမှတ်(၁/၆/၁၁/၁၉/၂၀) ရပ်ကွက်တို့မှာအလှူခံခဲ့ပါတယ်။    
          မေ ၆ ရက်နေ့ ညနေပိုင်မှာ ပြည်မြန်မာဂျာနယ်မှ ဦးနေထက်ဝေ၊ ပေါ်ပြူလာဂျာနယ်မှ ဦးစိုင်းနောင်၊ ဦးစိုင်းလှမင်း၊ ရန်ကုန်တိုင်းဂျာနယ်မှ ဦးအောင်အောင်၊ The Voice ဂျာနယ်မှ ဦးစိုးကျော်ဝင်းတို့နှင့် ဂျာနယ်သတင်းထောက်များက ကျူကျော်နေထိုင်သူများကို စုံစမ်းမေးမြန်းဖို့သွားရောက်ရာ ဒေါ်အေးအေးမာနှင့် သန့်ဇော်ဝင်းတို့က လာရောက်စုံစမ်းတဲ့ ဂျာနယ်သတင်းထောက်များကို ဘယ်အဖွဲ့အစည်း၊ ဘယ်ဂျာနယ်ကမှ လာတာမကြိုက်ဘူးလို့ ပြောဆိုပြီး သတင်းထောက်များရဲ့မေးမြန်းချက်များကို ဘယ်လိုမှ ပြန်လည်းဖြေကြားခြင်း မရှိလို သတင်းထောက်များပြန်လာခဲ့ရတယ်လို့ သိရပါတယ်။ 
   
NLDပါတီအပါအ၀င် အခြားပါတီများမှ ၀ိုင်းဝန်းကူညီမှုများ ပြုလုပ်ပေးတာကို ဒေါ်အေးအေးမာက လက်မခံဘဲ အတိုက်အခံဖြစ်စေမယ့် စကားများကိုသာပြောဆိုနေပါတယ်။ အခြားသောနိုင်ငံရေး ပါတီများနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း လဲမရှိ/ သတင်းမီဒီယာများ  ကိုလည်း ကောင်းမွန်စွာ ဖြေကြားခြင်း မရှိဘဲ အားလုံးနဲ့ ဆန့်ကျင်ပြီးလုပ်နေတယ်လို့သိရပါတယ်။ ကျူးကျော်သူများရဲ့ စားသောက်ရေးအဆင်ပြေစေဖို့ ထမင်းထုတ်များအလှူခံကာဝေငှပေးပြီး မိမိတို့ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီကိုဝင်ရောက်ပါက နေထိုင်ရန် မြေကွက်ပေးမယ်၊ အိမ်များဆောက်လုပ်ပေးမယ်လို့ စည်းရုံးနေပါတယ်။ ပါတီဝင် ခွင့်လျှောက်လွှာတစ်စောင်ကို ငွေ၂၀၀၀ကျပ် နှုန်းဖြင့် ရောင်းချကာ ပါတီနာမည် ရရှိရေးနှင့် ထောက်ခံမှု ရရှိရေး အတွက် နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ ကျူးကျော်သူများ အခုလိုဒုက္ခရောက်နေတာဟာလည်း ဒေါ်အေးအေးမာရဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်    ဆိုတာ သက်ဆိုင်ရာ နဲ့ပြည်သူတွေ  သိရှိဖို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေး  အဖွဲ့အစည်းတွေနဲ့ ကျူးကျော်သူများကို စုံစမ်းမေးမြန်းပြီး ဒေါ်အေးအေးမာရဲ့ နည်းလမ်းမကျဆောင်ရွက်နေမှုကြောင့် ပြည်သူများဒုက္ခရောက်နေမှုကို မီဒီယာများက တစ်ဆင့် ဆက်သွယ်ထုတ်လွှင့်သွားမယ်လို့ မြို့နယ်NLDပါတီဥက္ကဌ ဒေါက်တာစိန်ဝင်းမှ စီစဉ်ဆောင်ရွက်နေတယ်လို သိရပါတယ်။
  ရွှေမြန်မာ
Unknown at 4:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူ့ အသွေးအသားများဖြင့် လုပ်ထားသည့် ဆေးလုံးများ

လူသားတို့၏ အသွေးအသားများမှ ပြုလုပ်ထားသည် ဆိုသော ဆေးလုံးများ ထုတ်လုပ်သည့် မူရင်း နိုင်ငံမှာ တရုတ် နိုင်ငံမှ ဖြစ်ကြောင်း ပြောကြားလိုက်သည့်တောင်ကိုရီးယားတို့၏ အပြောနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံမှာ စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်ဟု ပြောကြားလိုက်ကာ ယင်းသို့သော သက်သေ သာဓကများကို မတွေ့ရသေးကြောင်းလည်း တရုတ် အစိုးရပိုင် သတင်းမှ ဗုဒ္ဒဟူး နေ့က ပြောကြားသည်။
ယခုလို သတင်းကို လွန်ခဲ့သည့် တနင်္ဂနွေ နေ့က ကိုရီးယားရှိ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ မှ တွေ့ရှိခဲ့သည့် တရုတ်မှ လာသည့် ဆေးလုံးပေါင်း ၇၄၅၁ တွင် သေဆုံးသွားပြီ ဖြစ်သည့် ကလေးငယ်များ၏ အသွေးအသားများကို အမှုန့်အဖြစ် ပြုလုပ်ပြီး ရောဂါ ကုသရန်နှင့် ကာမ အားတိုးဆေး အဖြစ် သုံးစွဲရန် အသုံးပြုသည်ဆိုသော အပြောကို တုံ့ပြန်လိုက်ခြင်းပင် ဖြစ်သည်။ တရုတ် ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အပြောအရ ယခင်က စုံစမ်းမှုများ အရ ဆေးလုံးများ အတွင်း လူ့ အသွေးအသားများ သုံးကာ တရုတ်နိုင်ငံ အတွင်း ထုတ်လုပ်သည်ကို သက်သေ အထောက်အထား  တွေ့ရှိခဲ့ခြင်း မရှိကြောင်း Shanghai Daily  သတင်းတွင် ဖော်ပြသည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ယင်းသတင်းကို စစ်ဆေးနေပြီ ဖြစ်ကြောင်း ၊ ယခုအချိန်အထိ သက်သေ အထောက်အထားများ မတွေ့ရသေးကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူမှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဥပဒေ အရ သေဆုံး သွားသူများ၏ အကြွင်းအကျန်များကို ဆေးလုပ်ငန်းများ အနေဖြင့် ဝယ်ယူ ရောင်းချခြင်း မပြုရဟု သတ်မှတ်ထားကာ ဆေးရုံများ အနေဖြင့်လည်း သေဆုံးသူ ကလေးငယ်များ၏ ရုပ်အလောင်းများကို ဆေးရုံ အကြွင်းအကျန် အဖြစ် စွန့်ပစ်ခွင့် မရှိဘဲ  အခြားသော သေဆုံးသူများကဲ့သိုပင် မီးသဂြိုဟ်ပစ်ရမည် ဖြစ်ကြောင်း Shanghai Daily  သတင်းတွင် ဖော်ပြခဲ့သည်။
ရွှေမြန်မာ
Unknown at 4:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဂ္ဂလိကဘဏ်များ ဒေါ်လာကို သတ်မှတ်ငွေလဲနှုန်းထက် ပို၍ရောင်းချပါက တိုင်ကြားနိုင်





နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရထားသော (AD-Authorized Dealer) ပုဂ္ဂလိက ဘဏ်များသည် ဒေါ်လာကိုကုမ္ပဏီများသို့ ဘဏ်အချင်းချင်း ရောင်းဝယ်သောအခါ ဗဟိုဘဏ်က သတ်မှတ်သောနှုန်းထက် ပိုမိုရောင်းချပါက တိုင်ကြားနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “နိုင်ငံခြားငွေဝယ်လိုသော ကုမ္ပဏီများက ပုဂ္ဂလိကဘဏ်ကို သွားဝယ်မယ်ဆိုရင် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ Exchange Rate ထက် +(or) – 0.3% ထက်ကျော်လွန်ပြီး ရောင်းဝယ်နေတာကို တွေ့လို့ရှိရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားနိုင်တယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်ကုမ္ပဏီက သွားပြီးဝယ်တဲ့အခါ ဘယ်ဈေးနဲ့ ရောင်းပါတယ်ဆိုတာ မှတ်ပြီး တိုင်လို့ရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ AD လိုင်စင်ကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ရရှိထားပြီး၊ အစိုးရက အကောင်အထည်ဖော်နေသော နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်နေရေးနှင့် နိုင်ငံခြားငွေ ပေါင်းစည်းရေးလုပ်ငန်းများ အောင်မြင်ရန် ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးသည်။ အထက်ပါ သတ်မှတ်ချက်အတိုင်းဘဏ်များက ရောင်းချပေးလျှင် ပို့ကုန်ရငွေကို ပြင်ပတွင် ဈေးကစားရောင်းဝယ်မှုများ လျော့နည်းသွားနိုင်ပြီး၊ ငွေလဲနှုန်းပေါင်းစည်းရေးဆောင်ရွက်မှု ပိုမိုအောင်မြင်လာနိုင်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 4:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခန်းအတွင်း အိမ်ရှင်အမျိုးသမီးကြီး တစ်ဦး သေဆုံးနေသည်ကို အပုပ်နံ့ရမှ သိရ

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် တိုက်ခန်းကိုတွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)
အခန်းအတွင်းမှ အပုပ်နံ့ရ၍ သော့ဖျက်ဝင်ရောက်ခဲ့ရာ အိမ်ရှင် အမျိုးသမီးကြီးတစ်ဦး သေဆုံးနေသည့် ဖြစ်စဉ် ကျောက်တံတားမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်ဟု Eleven Media Group သတင်းရသိပါသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် ၅ ရပ်ကွက် ၃၇ လမ်း အမှတ်--- (ပ)ထပ် ၀ဲ အခန်းမှ သော့ပိတ်ထားပြီး အခန်းအတွင်းမှ အပုပ်နံ့ရကြောင်း သတင်း အရ သက်သေများနှင့်အတူ အခန်း အတွင်း သော့ဖျက်ဝင်ရောက် စစ်ဆေးခဲ့ရာ အိမ်ရှင်ဒေါ်--- (၇၀နှစ်) မှာ နေအိမ် အိပ်ခန်းခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ဘဲ သေဆုံးနေသည်ကို တွေ့ရှိရပြီး သေဆုံးသူမှာ အခန်းတွင် တစ်ဦးတည်း နေထိုင်သူဖြစ်သည့်အပြင် ဧပြီလ ၂၅ ရက်နေ့နောက်ပိုင်း အပြင်သို့သွားလာသည်ကို မတွေ့ရှိရကြောင်း သိရှိရ သည်။

ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ် ၀၇၄ဖြင့် လက်ခံထားရှိထားသောကြောင့် သေဆုံးရခြင်းအကြောင်း ရင်းမှန်အား သိရှိနိုင်ရန် သေမှုသေခင်း ရေးဖွင့်မှုအပေါ် ကျောက်တံတား ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၂ဖြင့် သေမှုသေခင်းရေးဖွင့်ပြီး အမှုစစ်/တရားလိုမှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ အခန်းတွင်းမှအပုပ်နံ့ ရ၍ သော့ဖျက်ဝင်ရောက် စစ်ဆေးခဲ့ရာမှ အိမ်ရှင်ဖြစ်သူ အမျိုးသမီးကြီး သေဆုံးနေသည်ကို တွေ့ရှိရခြင်းနှင့် ပတ်သက်၍ အိမ်နီးချင်းနေထိုင်သူ တစ်ဦးက “အဲဒီအဘွားသေသွားတဲ့ အပေါ်ထပ်က အစ်မတစ်ယောက်က အောက်ကိုဆင်းလာတဲ့အချိန်မှာ အဲဒီအခန်းက အပုပ်နံ့တွေ အရမ်းထွက် နေတော့ မသင်္ကာလို့ သက်ဆိုင်ရာ ကို အကြောင်းကြားပြီး အခန်းထဲဝင် ကြည့်တော့ အိမ်ရှင်က သေဆုံးနေတာကိုတွေ့ရပါတယ်၊၊ တွေ့တဲ့အချိန်မှာတော့ သေနေတာကြာပြီ ဖြစ်လို့ အပုပ်နံ့အပြင် အရည်တွေပါ ထွက်နေပါတယ်” ဟု ၎င်းက ပြောပြခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
သစ်ထူးလွင်
Unknown at 4:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားရေး ၀န်ကြီးဌာနဟောင်း အဆောက်အအုံ ပုဂ္ဂလိကသို့ လွဲပြောင်း

ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်တွင် ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟောင်း အဆောက် အအုံကို ပုဂ္ဂလိက ပိုင် June Xi Business Centre& Service Apartment Developed by Youth force Hotel Co., LTD. က လွှဲပြောင်းယူလိုက်ပါတယ်။

ယခု အချိန်မှာတော့ ယခင် အဆောက်အအုံဟောင်း ကိုဘဲ ပြန်လည် ပြုပြင်မှုတွေ ပြုလုပ်နေပါတယ်။
ရန်ကုန်မြို့ မှာရှိတဲ့ ၀န်ကြီးဌာန အဆောက်အအုံ တော်တော်များများကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လက်ထဲသို့လွဲပြောင်း ပေးနေတာဖြစ်ပါတယ်။










ဓာတ်ပုံ - cj myanmar
Unknown at 4:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လှိုဏ်ခေါင်းသတင်းပေါက်ကြားမှု သေဒဏ်ချမှတ်




မြန်မာ စစ်တပ်မှ့  မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်နေသည့် ဥမင်လှိုဏ်

ခေါင်း သတင်းနှင့် အခြားအရေးကြီးအချက်အလက်များပေါက်ကြားမှု ဖြင့်ဖမ်းဆီးထိန်းသိမ်းထားသည့် ဗိုလ်မှုး ၀င်းနိုင်ကျော် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပရေးရာဌာနမှ ကိုသူရကျော် တို့ အား ဇန်န၀ါရီလ ၆ ရက်နေ့ က မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ် အမိန့် ချမှတ်လိုက်သည် ဟု သေဒဏ် နှင့် ထောင်ဒဏ် ချမှတ်လိုက်သည် ဟု လန်ဒန်မှ လာသည့် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ထိုသတင်းပေါက်ကြားမှု အမှုတွဲတွင် ပါသက်သူ နောက်ထပ်တစ်ဦးဖြစ်သည့် နိုင်ငံခြား

ရေးဝန်ကြီးဌာန မှ ကိုပျံစိန်ကိုမူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည် ။သတင်းပေါက်

ကြားမှု ဖြင့် သေဒဏ် ၊ထောင်ဒဏ် ချမှတ်ခြင်းခံရသူများသည် မြန်မာ စစ်အစိုးရ ခေါင်းေ

ဆာင်များ၏ ရုရှား နှင့် မြောက်ကိုရီးယား နိုင်ငံခရီးစဉ်များတွင် လက်နက်ဝယ်ယူမှု၊လှို့ ဝှက်

ဓာတ်ပေါင်းဖို နှင့် ဥမင်လှိုဏ်ခေါင်းတည် ဆောက်နေမှု သတင်းများပေါက်ကြားမှု ကြောင့်

ဖမ်းဆီးခံရပြီး သေဒဏ် အပြစ်ပေးခံရခြင်းဖြစ်သည်။

၎င်းတို့ ၏ အတွင်းရေးသတင်းများကို အမြဲတမ်း လှို့ ဝှက်ထားတတ်သည့် မြန်မာစစ်အစိုးရ၏ ရေငုံနှုတ်ပိတ်ကိစ္စများသည် ၂၀၀၉ ခုနှစ်ထဲတွင် နိုင်ငံခြားသတင်းဌာနများထံရောက်ရှိခဲ့သည်။



ပြည်တွင်း နိုင်ငံရေးလေ့လာ သူ တစ်ဦးကမူ “စစ်တပ်က မနေ့ က DVB သတင်းထောက်

ကို ထောင်ဒဏ် အနှစ် နှစ်ဆယ် ချတယ်။ဒီနေ့  ဗိုလ်မှုးဝင်းနိုင်ကျော်တို့ ကိုသေဒဏ်ချတယ် နောက် ပြီးခဲ့တဲ့ စက်တင်ဘာ က ဖမ်းထားတယ့် လှုပ်ရှားတက်ကြွသူ

တွေ ကို ထောင်ချတယ် ဒါ ၂၀၁၀ ကိုကြိုပြင်နေတာပဲ ။လာမလုပ်နဲ့  တစ်သက်စာနားသွားမယ့် ပေါ့ ။ဒီသဘောပဲ “ဟု သူ၏ အမြင် ကို Freedom News Group သို့ ပြောသည်။



နိုင်ငံတော်၏ လှို့ ဝှက်ချက် ပေါက်ကြားမှု သည် သေဒဏ် အပြစ်ပေးနိုင်သည် ဟု မြန်မာ

အစိုးရ အဆက်အဆက် ၏ ဥပဒေတွင် ဖော်ပြထားသည်။



လက်ရှိ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ လက်ထက်တွင် ထိပ်တန်းလှို့ ဝှက်ပေါက်ကြားမှု များကို ယခုကဲ့သို့  တရားရုံး အမိန့် ဖြင့်သေဒဏ်ချမှတ်သော် လည်း

စစ်အာဏာရှင် ဟောင်း ဦးနေ၀င်းလက်ထက် ကမူ တစ်ခါတည်း လက်စဖျောက် ပစ်သည်။



၁၉၇၂ ခုနှစ်တွင် လှို့ ဝှက်သတင်းပေါက်ကြားမှု ဖြင့် ရန်ကုန်မြို့ ကုန်းမြင့်ရိပ်သာ မှ တစ်ဆင့်

ရေကြည်အိုင် တွင် ဖမ်းဆီးထားသည့် စစ်ထောက်လှမ်းရေးအရာရှိ နှုတ်ခမ်းမွှေးမောင်လွင်

ခေါ် ဗိုလ်မှုးကြီး ဦးလွင်အား ဦးနေ၀င်းမှ ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်မှုးသံဒိုင် အား အမိန့် ပေး၍ တစ်ခါတည်းပြစ်သတ်စေခဲ့သည်။



နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦးဖြစ်သူ ဦးသီဟ တင့်ဆွေက “ဦးချိုးနှိပ်ကွပ်

ထားခြင်းသည် မြန်မာ စစ်အာဏာရှင် တို့ ၏ အလေ့အထ ဖြစ်သည်” ဟု ပြောသည်။

ဦးသီဟတင့်ဆွေက ဆက်၍ “လက်ရှိ စစ်အာဏာရှင်သည် သေဒဏ် အပြစ်ပေးသော်

လည်းကြိုးမိန့် မရှိကြောင်း သို့ သော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံ အသက်ဝင် သွားသည့် အခါ

သေဒဏ် အပြစ်ပေးခံထားရသူ များအတွက် စိုးရိမ်စရာရှိကြောင်း ထပ်လောင်း

ပြောကြားသည်။



ရံဖန်ရံခါ တွင် မူ မြန်မာ စစ်အစိုးရသည့် ကန်စွန်းရွက် ဈေးတက်သည့် သတင်းကို နိုင်ငံခြား

သတင်းဌာန များအား ပြောမိသူ ကို လည်းလှို့ ဝှက် သတင်းပေါက်ကြားမှု ဖြင့်တရားစွဲ

ထောင်ချတတ်သည်။

FNGသတင်းဌာနမှကူးယူဖော်ပြသည်။
Unknown at 4:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာတွေကို ခေါ်တဲ့ စင်္ကာပူ အလုပ်ကြော်ငြာ



စင်္ကာပူ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်ကြော်ငြာတခုက စိတ်ဝင်စားစရာပါ။
Land Surveyor တွေ အလိုရှိတယ်၊ မြန်မာ နဲ့ စင်္ကာပူတွေပဲ အလုပ်လျှောက်
ပါ တဲ့။

အလုပ်အင်တာဗျူးကို မြန်မာလိုပဲ ဗျူးမယ်လို့ ဆိုတယ်။

မြန်မာလိုနဲ့ အင်္ဂလိပ်လို ရေးသား ပြောဆိုနိုင်သူ ဖြစ်ရပါမယ် တဲ့။

အချိန်ပြည့်အလုပ်ဖြစ်တယ်၊ စင်္ကာပူမှာ နေထိုင် လုပ်ကိုင်ရမယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၆ ရက်နေ့က အွန်လိုင်းရောက်လာတဲ့ ကြော်ငြာပါ။

ဒီကြော်ငြာကို မြန်မာတွေရဲ့ Facebook မှာ လက်ဆင့်ကမ်း ဖတ်နေကြပါတယ်။ မြန်မာတွေလူရာဝင်လာပြီလို့ တယောက်က မှတ်ချက်ပြုတော့ နောက်တယောက်က တုံ့ပြန်တယ် - လူရာဝင်ပြီးသားပါ တဲ့။

"လူသားကောင်း တစ်ယောက်လို မည်သူမဆိုကျင့်ကြံ ပြုမူနေထိုင်ရင် အသိအမှတ် ပြုမည့်သူမရှိလဲ လူရာဝင်ပြီးသားပါ" လို့ ဆိုတယ်။

"စ, လုံးဟာ ဆိပ်ကမ်းရယ်၊ ဈေးကွက်ဖြန့်ဖို့ နေရာရယ်၊ ဘဏ်ရယ်၊ ပညာရေးရယ်..စတာတွေပေါ်ကို လူ့စွမ်းအား အရင်းအမြစ်ကို အဓိကထား အလုပ်လုပ်ရတဲ့နိုင်ငံပါ... လိုအပ်လာလို့ လုပ်တာပါ။ ဒိထက်ပိုပြီး လိုအပ်လာဦးမယ်လို့လဲ ထင်မြင်မိပါတယ်" လို့ သူက သုံးသပ်လိုက်ပါတယ်။

မြန်မာပြည်က ပညာတတ်တွေလည်း စင်္ကာပူမှာ သွားရောက် လုပ်ကိုင်နေတာ နှစ်ပေါင်း အတော် ကြာပါပြီ။

အာရှသား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ စင်္ကာပူမှာ မြန်မာပြည်သားတွေကို သီးသန့် ခေါ်ယူတဲ့ ဒီအလုပ်ကြော်ငြာကို http://sg.jobsdb.com/SG/EN/Search/JobAdSingleDetail?jobsIdList=400003001043136&sr=1 မှာ ကြည့်နိုင်ပါတယ်။

photos by http://school.uaschools.org/ and www.susanmanackerpls.com/
Unknown at 4:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.