Thursday, May 10, 2012

ပုဂ္ဂလိကဘဏ်များ ဒေါ်လာကို သတ်မှတ်ငွေလဲနှုန်းထက် ပို၍ရောင်းချပါက တိုင်ကြားနိုင်





နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရထားသော (AD-Authorized Dealer) ပုဂ္ဂလိက ဘဏ်များသည် ဒေါ်လာကိုကုမ္ပဏီများသို့ ဘဏ်အချင်းချင်း ရောင်းဝယ်သောအခါ ဗဟိုဘဏ်က သတ်မှတ်သောနှုန်းထက် ပိုမိုရောင်းချပါက တိုင်ကြားနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “နိုင်ငံခြားငွေဝယ်လိုသော ကုမ္ပဏီများက ပုဂ္ဂလိကဘဏ်ကို သွားဝယ်မယ်ဆိုရင် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ Exchange Rate ထက် +(or) – 0.3% ထက်ကျော်လွန်ပြီး ရောင်းဝယ်နေတာကို တွေ့လို့ရှိရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားနိုင်တယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်ကုမ္ပဏီက သွားပြီးဝယ်တဲ့အခါ ဘယ်ဈေးနဲ့ ရောင်းပါတယ်ဆိုတာ မှတ်ပြီး တိုင်လို့ရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ AD လိုင်စင်ကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ရရှိထားပြီး၊ အစိုးရက အကောင်အထည်ဖော်နေသော နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်နေရေးနှင့် နိုင်ငံခြားငွေ ပေါင်းစည်းရေးလုပ်ငန်းများ အောင်မြင်ရန် ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးသည်။ အထက်ပါ သတ်မှတ်ချက်အတိုင်းဘဏ်များက ရောင်းချပေးလျှင် ပို့ကုန်ရငွေကို ပြင်ပတွင် ဈေးကစားရောင်းဝယ်မှုများ လျော့နည်းသွားနိုင်ပြီး၊ ငွေလဲနှုန်းပေါင်းစည်းရေးဆောင်ရွက်မှု ပိုမိုအောင်မြင်လာနိုင်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 4:15 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.