Saturday, April 28, 2012

ခွပ်ဒေါင်းတို့ ပျံလေပြီ


ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။
““ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ပုဗ္ဗသီရိမြို့နယ် ကို အမြန်ဆုံးပြန်လာမယ်လို့ ပုဗ္ဗသီရိက မဲဆန္ဒရှင် များကို ပြောခဲ့ပါရစေ”” လို့ ဦးဖြိုးဇေယျာသော်က မထွက်ခွါမီ မင်္ဂလာဒုံလေဆိပ်မှာ မြန်မာအင်ဒီပဲန်ဒင့်ကို ပြောကြားခဲ့ပါတယ်။  ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပုဗ္ဗသီရိမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးဖြိုးဇေယျာသော်ဟာ  ပုဗ္ဗသီရိကို လွမ်းဆွတ်နေပုံရပါတယ်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတော့ ““ ဒီခရီးစဉ်ဟာ သြစတေးလျ လေဘာပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ပထမဆုံး ဖိတ်ကြားခဲ့တဲ့ခရီးစဉ်ပါ””လို့ မြန်မာအင်ဒီပဲန်ဒင့်ကို မင်္ဂလာဒုံလေဆိပ်မှာ ပြောကြားခဲ့တာပါ။
ပြည်ပသို့ ထွက်ခွါမယ့်သူများရော ပို့ဆောင်သူများပါ ပြည့်နက်နေတဲ့ မင်္ဂလာဒုံလေဆိပ် ထွက်ခွါခန်းမအတွင်းမှာ  ဦးဋ္ဌေးကြွယ်ရဲ့ညီမဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကိုလည်း သူ့ရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်း အနီးမှာ တွေ့ခဲ့ရပါတယ်။ ““ဒီခရီးစဉ်ဟာ ပါတီချင်း ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်””လို့  ဦးဖြိုးမင်းသိန်း က သတင်းထောက်များကို ပြောကြားခဲ့တာပါ။ ပါတီ နှစ်ခုကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ဦးဖြိုးဇေယျာသော်က ““အခုချိန်မှာ ပါတီနှစ်ခုကြား ဆက်ဆံရေး ပိုမိုခိုင်မြဲနေပါတယ်၊ သင်တန်းတင်မက လေဘာဌာနချုပ် လေ့လာဖို့၊ ပါလီမန် အတွင်း လေ့လာဖို့တို့ ပါလာတော့ ပိုမိုခိုင်မြဲတဲ့သဘော ပိုဆောင်တယ်လို့ ယူဆပါတယ်””ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
၎င်းတို့ လေးဦးဟာ မြို့တော်ကင်ဘာရာသို့လည်း သွားရောက်မှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို အမြဲ ထောက်ခံခဲ့တဲ့ သြစတေးလျမှ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပါလီမန်အတွင်း တွေ့ဆုံခြင်း၊ ဝန်ကြီးအချို့နှင့် တွေ့ဆုံခြင်း၊ အစိုးရအဖွဲ့ စည်းဝေးပွဲများ နိုင်ငံတော်ဘဏ္ဍာ အရ အသုံးငွေစာရင်းဆိုင်ရာဆုံးဖြတ်ချက်ချတဲ့ ပါလီမန်အစည်းအဝေးတို့ကို လေ့လာခြင်းများပြုလုပ်မှာ ဖြစ်တဲ့အပြင် လေဘာပါတီဌာနချုပ်သို့လည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ပါသွားတဲ့ တေးရေး၊ တေးဆို လင်းလင်းမှာ မြန်မာ့ရော့ခ်ဂီတ စင်မြင့်မှာ အောင်မြင်စွာ နေရာယူထားနိုင်သူများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးလှုပ်ရှားသူများထဲမှာ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဆံပင်ကို နောက်တွင် စည်းထားပြီး သပ်ရပ်သော ဝတ်စုံနှင့် လင်းလင်းမှာ တွေ့မြင်နေကြထက် ပိုမိုပြည့်စုံစွာ ရှိနေပြီး  မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်းမှာ လူအများ၏အာရုံကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ““ကျွန်တော် လူမှန်းသိစ ကတည်းက ပေါ်လာတဲ့ နိုင်ငံရေး အသိ၊ နိုင်ငံရေး စိတ်၊ နိုင်ငံရေး အမြင်နဲ့ပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက်  ဂီတနဲ့ နိုင်ငံရေးကို တွဲပြီး လုပ်ပါ့မယ်”” လို့ သူရဲ့ အနာဂတ်ရွေးချယ်မှုအတွက် မေးခွန်းကို မြန်မာအင်ဒီပဲန်ဒင့်ကို ဖြေကြားခဲ့ပါတယ်။
ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီရေးအတွက် ခရီးကြမ်းလမ်းရှည်ကြီးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ အရုဏ်ဦးရောင်ခြည်နဲ့အတူ နိုင်ငံတကာသို့ ခြေလှမ်းများ စတင်နေပြီဖြစ်ပါတယ်။ ဒီ/ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လာမယ့်ဇွန်လအတွင်းမှာ နော်ဝေးနှင့် ဗြိတိန်နိုင်ငံများကို အလည်အပတ်သွားရောက်ဖို့ ရှိပါတယ်။
၎င်းတို့ လေးဦးဟာ မြန်မာနိုင်ငံကို မေလ ၉  ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။


မြန်မာအင်ဒီပဲန်ဒင့်
Unknown at 10:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပန်ဝါတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်နေဆဲ

ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါ တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း ပန်ဝါမှလာသောသတင်းများ ဆိုသည်။

ဧပြီ ၂၆ ရက်နေ့ KIA တပ်ဖွဲ့များ ပန်ဝါမြို့ကို ၀ိုင်းထားရာမှ မြန်မာ့တပ်မတော်လက်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K) နှင့် တိုက်ပွဲများ ဖြစ်လာခြင်းဖြစ်သည်။

kambaiti-road-270412

တရုတ်နယ်စပ် ပန်ဝါမြို့အား ဧပြီ ၂၈၊ စနေနေ့မနက်ပိုင်းတွင် KIA မှ ၀င်ရောက်သိမ်းပိုက်ထားပြီး၊ KIA စစ်သား ၈ ဦးလည်း ကျဆုံးသည်ဟု Jinghpaw Kasa blog (http://www.jinghpawkasa.blogspot.com) က ဖော်ပြသည်။

သို့သော် ပန်ဝါသို့ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်များ ရဟတ်ယာဉ်ဖြင့် သယ်ပို့ပေးနေခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေဆဲအခြေနေဖြစ်သည်ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ဆိုသည်။

တိုက်ပွဲကြောင့် ပန်ဝါရှိ ပြည်သူများနှင့် အစိုးရ၀န်ထမ်းများ တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြသည်ဟု ပန်ဝါ သတင်းရပ်ကွက်ကဆိုသည်။ 
သစ်ထူးလွင်
Unknown at 10:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စီးပွားရေးထိပ်သီးများ အရောင်ပြောင်းချိန် (၁)

အရှေ့တောင်အာရှရဲ့အဆင်းရဲဆုံးမြို့တွေထဲက တမြို့ဖြစ်တဲ့ ရန်ကုန်မှာ ဂန္ထဝင်သစ်ပုံစံနဲ့ ဆောက်ထားတဲ့ အပျံစားတိုက်ကြီးနဲ့ လမ်ဘိုဂီနီ အဝါရောင်ပြိုင်ကားကို အိမ်ရှေ့ထိုးထားပြီး အပြတ်သားနားနေသူကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပါပဲ။
၂၀၁၁ ခု အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း ဗိုလ်စွဲလို့ အောင်ပွဲခံနေတဲ့ ဦးတေဇ (ဓာတ်ပုံ - Reuters)
သူဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ စစ်အစိုးရဟောင်းရဲ့ ထိပ်ဆုံးအပေါင်းအပါတွေထဲက တယောက်ပါ။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ့ကို “လက်မရွံ့နောက်လိုက်နဲ့ လက်နက်ပွဲစား” လို့ တံဆိပ်ကပ်ပြီး သူပိုင်ဆိုင်ရာတွေကို ထိန်းချုပ်ဖို့ ဒဏ်ခတ်အရေးယူမှုတွေလုပ်၊ ပြီးတော့ သူ့မိသားစုရဲ့ ကမ္ဘာအနှံ့မြို့ကြီးတွေဆီ ခရီးသွားခွင့်ကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။
အခုတော့ တိုင်းပြည်က စတင်ပွင့်လင်းလာနေတာမို့ ဦးတေဇတယောက် မျက်နှာသစ်တန်းတွေကို နေရာပေးပွဲထုတ်ပြီး မြန်မာ့စီးပွားရေး ထိပ်သီးတွေရဲ့ ပုံစံပြောင်းချိန်ကို ဦးဆောင်လမ်းပြလို့နေပါတယ်။ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ သန်းကြွယ်သူဌေးကြီးဟာ သူ့စီးပွားရေးလုပ်ငန်းတွေကို အပြည့်အဝ အာရုံမစိုက်တော့ဘဲ ပရဟိတလုပ်ငန်းတွေမှာ ပိုစိတ်အားထက်သန်လာတယ်လို့ သူ့သားက ပြောပြပါတယ်။
“အဖေက အရင်လို မဟုတ်တော့ဘူး။ အစစအရာရာ ပြောင်းသွားပြီ” လို့ အသက် ၂၅ နှစ်အရွယ် ပြည့်ဖြိုးတေဇက သူ့အဖေ လွန်ခဲ့တဲ့ ၂ နှစ်က ဝယ်ခဲ့တဲ့ ကန်တော်ကြီးဟိုတယ်မှာ ၂ နာရီကြာ ညစာစားတုန်း ပြောခဲ့ပါတယ်။  “သူက ဖောင်ဒေးရှင်း အလုပ်တွေပဲ လုပ်နေတယ်။ လူ့အသိုင်းအဝိုင်း ကောင်းကျိုး သူလုပ်နိုင်တာတွေကို ပိုပြီး လုပ်နေတယ်။ ပြီးတော့ လောဘလည်း နည်းသွားတယ်” တဲ့။
မြန်မာ့စီးပွားရေးထိပ်သီး မိသားစုဝင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့သမျှထဲမှာ တွေ့ရတာကတော့ သူတို့ရဲ့ ရုပ်ပုံလွှာကို အသစ်တည်ဆောက်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတာနဲ့ လူဦးရေ သန်း ၆၀ ရှိပြီး သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်စီးပွားရေးကို သူတို့ဘယ်လို ဆက်လက် ချုပ်ကိုင်သွားမယ် ဆိုတာတွေပါပဲ။
သူတို့တွေထဲမှာ တချို့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်ဆောင်ရွက်ပြီး ကုသိုလ်ဖြစ် အလှူအတန်းတွေကို အားပေးကူညီနေကြတဲ့အပြင် နိုင်ငံထဲရောက်လာနေကြတဲ့ နိုင်ငံစုံက ကုမ္ပဏီထိပ်တန်း အရာရှိတွေနဲ့လည်း ရှုပ်ယှက်ခတ်လောက်အောင်ကို နေ့စဉ်တွေ့နေကြပါတယ်။
အတော်များများကတော့ နိုင်ငံတော်က မျက်နှာသာပေးမှု၊ ဒဏ်ခတ်အရေးယူမှုတွေ အဆုံးသတ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံခြား ကုန်အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်မှုအသစ် စတာတွေအပေါ် အမှီပြုရတဲ့ ကိုးရိုးကားရား စီးပွားရေးအင်ပါယာတွေကို ပြန်လည် မွမ်းမံပြင်ဆင်နေကြပါတယ်။ တချို့တွေဆိုရင် အရင်စစ်အစိုးရ လက်ထက်မှာ မျက်နှာသာပေးခံရလို့ တပြုံတမ ရထားတဲ့ ကန်ထရိုက်တွေထဲက အရှုံးပေါ်နေတာတွေကို ပြန်ရောင်းထုတ်နေကြပါတယ်။ ပြန်ရောင်းထုတ်တာတွေထဲမှာ ကျောက်စိမ်းတူးဖော်ရေး၊ သစ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း တွေတောင် ပါပါတယ်။
အဲ့ဒီလို လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေကြချိန်မှာ အားလုံးဟာ သူတို့သားသမီးတွေကို သူတို့ရဲ့ကွင်းထဲ ခေါ်သွင်းလာနေကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေ  ပေါင်းစပ်မှုအပြင် ဆွေစပ်မျိုးစပ်ပြီး ခိုင်မာစေတဲ့ အထက်တန်းလွှာ ဒုတိယမျိုးဆက်ကို မွေးဖွားနေကြပါတယ်။ အဲဒါကြောင့်ပဲ ဒဏ်ခတ်အရေးယူမှုတွေ ရုတ်သိမ်းလိုက်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စီးပွားရေးမဟာမိတ်တွေ ဒီ့ထက်ပိုမချမ်းသာသွားရအောင် ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ ဥရောပသမဂ္ဂတွေကြားမှာ အငြင်းပွားနေကြတာပေါ့။
မြန်မာ့ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တွေဟာ အနောက်နိုင်ငံတွေအတွက် မချစ်သော်လည်း အောင့်ကာနမ်း ဆိုတာမျိုး ဖြစ်စေပါတယ်။ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို ထိန်းထားနိုင်ဖို့နဲ့ အာရှလမ်းဆုံက ဒီနိုင်ငံအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတွေ အနေနဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပြည်တွင်း စက်မှုလုပ်ငန်းရှင်တွေကို ထွေးပွေ့ရပါလိမ့်မယ်။ ဒါပေမယ့် တကယ်လို့ အစိုးရက ဖိနှိပ်မှုတွေ ပြန်လုပ်လာရင် ဒါမှမဟုတ် ရေပေါ်ဆီလူတန်းစားကပဲ တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေကို ဆက်ထိန်းချုပ်ထားမယ် ဆိုရင်တော့ ဒီလိုအသိအမှတ်ပြုတာနဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းတာတွေဟာ ဆန့်ကျင်ဘက်ရလဒ်တွေ ရလာနိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားအမည်ခံ အစိုးရကို အာဏာလွှဲပေးတဲ့ မနှစ်ကစလို့ မြန်မာနိုင်ငံဟာ စတင် ပွင့်လင်းလာတာပါ။ ဒီလမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာမို့ အဲဒီပွင့်လင်းမှုတွေ ပိုပြီးတိုးတက်မှုရှိလာပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်အပါအဝင် တချို့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်အစိုးရက ဆိုခဲ့တာပါ။
ဒါပေမယ့် အဲဒီလို ကြေညာတဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောင်းလဲမှုတွေရဲ့ “ဆန့်ကျင်ဖက်မှာ ရှိနေသေးတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အင်စတီကျူးရှင်းတွေအပေါ်မှာ” တော့ ဒဏ်ခတ်အရေးယူမှုတွေ၊ ပိတ်ပင်တားမြစ်မှုတွေ ဆက်ရှိနေဦးမယ်လို့ ပြောခဲ့ပါတယ်။
မိသားစု အစု ၂၀ တောင် မရှိတဲ့ စစ်အစိုးရအပေါင်းအပါ ငွေရှင်ကြေးရှင်တွေဟာ ၁၉၉၂ ကနေ ပြီးခဲ့တဲ့နှစ်အထိ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကူအညီနဲ့ ချမ်းသာကြွယ်ဝလာခဲ့ကြတာပါ။ သူဦးဆောင်တဲ့ စစ်အစိုးရဟာ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိန်းကျင့်မှုနဲ့ အဓမ္မလုပ်အားပေး စေခိုင်းမှုအပါအဝင် ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဟားဗတ်ဥပဒေကျောင်း (Harvard Law School) က နိုင်ငံတကာလူအခွင့်အရေးဌာန (International Human Rights Clinic) ရဲ့ ၂၀၀၉ ခုနှစ်အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာခရီးစဉ်မှာလည်း ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းတဲ့အကျိုးကျေးဇူးကို “လူအနည်းငယ်ဆီ မဟုတ်ဘဲ ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်စေဖို့” နိုင်ငံထဲမှာ စီးပွားရေးနဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ လုပ်ပါလို့ ဟီလာရီကလင်တန်က တောင်းဆိုခဲ့ပါသေးတယ်။
အပြောကတော့ လွယ်ပါတယ်။ ဒါပေမယ့် ဟီလာရီ ကိုယ်တိုင်တောင်မှ အဲဒီလူတွေတည်ခဲ့တဲ့ မြို့တော် နေပြည်တော်က သင်္ဂဟဟိုတယ်မှာ တည်းခဲ့သေးတာပဲ။
အိန္ဒိယနဲ့ တရုတ်နိုင်ငံ တွေကြားမှာ တည်ရှိပြီး မဟာဗျူဟာမြောက် ဆိပ်ကမ်းတွေ၊ အသုံးမပြုရသေးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကြွယ်ဝတဲ့၊ ရုတ်ခြည်းတိုးတက်လာနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေကြတဲ့ အနောက်နိုင်ငံသား အမှုဆောင်အရာရှိတွေအတွက်တော့ စစ်အာဏာရှင်ဟောင်းလက်ထက်က အရေးပါခဲ့တဲ့ စီးပွားရေးသမားတွေဟာ အခုအချိန်မှာ မဖြစ်မနေ ဆက်သွယ်ဆောင်ရွက်ရမယ့်သူတွေ ဖြစ်နေပါတော့တယ်။
“ထိပ်ဆုံးကလူ”
လူသိအများဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲ ထိပ်ဆုံးကလူက ဦးတေဇပါ။ သူက ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ တခြားဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေကို သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ နေရာပေးပြီး မျက်နှသာရခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။ အဲဒီလိုနေရာပေးတာဟာ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အိမ်ခြံမြေ၊ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရေနံနဲ့ ဓာတ်ဆီဆိုင်တွေ စတဲ့ အကျိုးအမြတ်ကောင်းတဲ့ ကဏ္ဍတွေအတွက် ကန်ထရိုက်တွေ၊ သွင်းကုန်လိုင်စင်တွေ ရချင်လို့လို့လည်း သူတို့က ဆိုပါတယ်။
သူဟာ ဒဏ်ခတ်အရေးယူမှုတွေ ကြားကနေ သူ့ကိုယ်သူ ပိုချမ်းသာအောင် လုပ်နိုင်ခဲ့သလို ဗိုလ်ချုပ်ကြီးတွေကိုလည်း ပိုကြံ့ခိုင်လာအောင် လုပ်ခဲ့တယ်လို့ ပြောနိုင်ခဲ့သူပါ။ အမေရိကန်အစိုးရက သူ့ကို “စစ်အစိုးရရဲ့ ထိပ်ဆုံးက အပေါင်းအပါ” လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူ့သားအကြီးကတော့ ဒဏ်ခတ် အရေးယူမှုတွေအောက်မှာ သူ့မိသားစုလည်း ဒုက္ခရောက်ခဲ့ရတယ်လို့ ပြောပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ စစ်တပ်က သံဃာတော်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့အချိန်မှာ ဦးတေဇနဲ့ သူ့မိသားစုကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းခဲ့ပြီး ပိုတင်းကျပ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ စစ်အစိုးရအတွင်းပိုင်းနဲ့ အချိတ်အဆက်ရှိတယ်ဆိုပြီး သူ့ကို အခုလို အရေးယူခဲ့တာပါ။
အဲဒီလို အရေးယူတာနဲ့ မရှေးမနှောင်းမှာပဲ ဦးတေဇရဲ့သားငယ် ထက်တေဇ ရေးတယ်ဆိုတဲ့ အီးမေးလ်တစောင် အင်တာနက်ပေါ်မှာ ပျံ့သွားခဲ့ပါတယ်။ စာထဲမှာ ဒဏ်ခတ်အရေးယူမှုတွေကို ဟာသလုပ်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်သူတွေကိုလည်း သရော်ထားတာမို့ လူထုရဲ့မနာလိုမှုနဲ့ ဒေါသတွေက သူ့မိသားစုအပေါ် ပုံခဲ့ပါတယ်။
ထက်တေဇက အဲဒီအချိန်မှာ အသက် ၁၄ နှစ်ပဲရှိပြီး စင်ကာပူမှာ ကျောင်းတက်နေတာပါ။ အစ်ကိုဖြစ်သူ ပြည့်ဖြိုးတေဇကတော့ သူ့မိသားစုက အဲဒီအီးမေးလ်ရဲ့ဇစ်မြစ်ကို စစ်ကြည့်တဲ့အခါ အတုဖြစ်နေမှန်း တွေ့ရတယ်လို့ ဆိုပါတယ်။ “ကျနော့်ညီရေးခဲ့တာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
အမေရိကန် သံတမန်တွေကလည်း အဲဒီအီးမေးလ်က အတုဖြစ်တယ်ဆိုတာကို သဘောတူကြပေမယ့် ထက်တေဇအပေါ် စာနာစိတ်နည်းနည်းပဲ ထားကြပါတယ်။ “ဦးတေဇသားရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဆီမီးအော်တို လက်နက်တွေနဲ့ ဖာရာရီ ကားပေါ်ထိုင်နေတဲ့ သူ့ပုံတွေ တင်ထားတယ်” လို့ ဝီကိလိခ်က ပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ကြေးနန်းတစောင်ထဲမှာ ဖော်ပြထားပါတယ်။
ဒဏ်ခတ်အရေးယူမှုတွေက သူ လန်ဒန်နဲ့ ဆစ်ဒနီမှာကျောင်းတက်နိုင်မယ့် အခွင့်အလမ်းကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာမို့  ၂၀၀၃ ခုနှစ်တုန်းက စိတ်ကျရောဂါ ခံစားခဲ့ရတယ်လို့လည်း ပြည့်ဖြိုးတေဇက ဆိုပါသေးတယ်။ သူက “ကျနော်ဗီဇာ လျှောက်ခွင့်တောင် မရှိဘူးလို့ သူတို့က ပြောတယ်။ ဘယ်မှာလဲ ကျနော့်လူ့အခွင့်အရေး” တဲ့။
ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အဖေကြောင့် သူ့ကို အပြစ်မပေးသင့်ဘူးဆိုပြီး ပြည့်ဖြိုးတေဇက ဥရောပသမဂ္ဂ ဗဟိုတရားရုံးတခုဆီ အယူခံတင်ခဲ့ပါတယ်။ ငွေကုန်ကြေးကျများလှတဲ့ ၄ နှစ်ကြာ တရားရင်ဆိုင်မှု အပြီးမှာတော့ ဥရောပသမဂ္ဂရဲ့ တရားခုံရုံး (Court of Justice) က သူ့တင်ပြချက်ကို မတ်လ ၁၃ ရက်နေ့မှာ သဘောတူလက်ခံခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခြင်း ၂၀၀၈ စည်းမျဉ်းဟာလည်း ပျက်ပြယ်သွားခဲ့ပါပြီ။ သူ့အပေါ်ရှိနေတဲ့ ခရီးသွားခွင့် ပိတ်ပင်မှုကို ရုတ်သိမ်းဖို့ လွယ်ကူစေလိမ့်မယ်လို့လည်း သူ မျှော်လင့်နေပါတယ်။
အခုအခါ ၃ နှစ်သား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ အသင်း ၁၄ သင်းထဲက သူ့အဖေပိုင် ရန်ကုန်ယူနိုက်တက်မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေရပြီမို့ သူ့မှာ မိသားစုစီးပွားရေးကို ဝိုင်းကူရမယ်ဆိုတဲ့ ဖိအားတွေရှိနေတယ်လို့ ပြည့်ဖြိုးတေဇက ဆိုပါတယ်။
သူ့အဖေမှာ ကျောက်ကပ် ထိခိုက်နေတာရယ်၊ ပြီးတော့ မနှစ်က ကချင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျလို့  နှင်းကိုက်တဲ့နေရာတွေမှာ ဒဏ်ဖြစ်နေတာရယ် အပါအဝင် ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့လည်း သူက ဆိုပါသေးတယ်။ ဦးတေဇနဲ့ တခြားလူ ၅ ယောက်ဟာ ရဟတ်ယာဉ် ပျက်ပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင်အထိ အမြင့်ပေ ၁၂၀၀၀ ရှိတဲ့ တောင်ပေါ်မှာ ကျောက်တုံးနဲ့ နှင်းပုံတွေကို အကာအကွယ်ယူရင်း ၃ ရက်ကြာ နေခဲ့ရတာပါ။
“ကျနော့ဘဝမှာ အဆိုးဆုံး ၃ ရက်ပါ” လို့ ပြည့်ဖြိုးတေဇက ပြောပါတယ်။ “အဲ့ဒီအချိန်တွေက အဖေ့ကိုလည်း ပြောင်းလဲစေခဲ့တာပဲ” လို့ သူက ဆိုပါသေးတယ်။
“အဖေက သူ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ဒေသမှာ အလှူထည့်တာတွေ အတော်များများလုပ်ပြီး သူ့ဖောင်ဒေးရှင်းနဲ့ အတူ အလုပ်တွေ အများကြီးလုပ်နေတယ်။ တခြားဘာမှ မလုပ်ဘူး။ မန်နေးဂျင်းဒါရိုက်တာကို တာဝန်တွေပေးတယ်။ ပြီးတော့ အိမ်မှာနေပြီး စာအုပ်တွေဖတ်တယ်။ သူ့အချိန်တွေကို ဒီအပေါ်မှာပဲ အာရုံထားတယ်” တဲ့။
“မိတ်ဆွေဖွဲ့သူ”
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တချို့ကတော့ သူတို့ရဲ့ပုံရိပ်ကို ကောင်းအောင်လုပ်တာထက် ပိုပါတယ်။ သူတို့က သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီး တခုလုံးကို ပြန်လည်ပြင်ဆင်မွမ်းမံနေကြတာပါ။
အဲဒီလုပ်ငန်းရှင်တွေထဲမှာ ဦးဇော်ဇော်ထက် ပိုသြဇာကြီးတာဆိုလို့ အနည်းငယ်ပဲရှိမှာပါ။ သူက သစ်၊ ကျောက်မျက်ရတနာနဲ့ ရာဘာစိုက်ပျိုးရေးကနေ ဆောက်လုပ်ရေးနဲ့ ဇိမ်ခံအပန်းဖြေနေရာတွေအထိ ပိုင်တဲ့အပြင် အကျိုးအမြတ်များပြီး တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့ ကားတင်ပို့လုပ်ငန်းကိုလည်း လက်ဝါးကြီး အုပ်ထားပါသေးတယ်။ သူရဲ့ Max Myanmar Group ဟာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ရှိပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ (လက်ရှိ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့ပါ) မိတ်ဆွေဖြစ်မှုက ဦးဇော်ဇော်ကို “အပေါင်းအပါ တယောက်” ဖြစ်စေခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပြီးတော့ သူ့ကိုလည်း လွန်ခဲ့တဲ့ ၃ နှစ်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ ဝီကိလိခ်ကပေါက်ကြားလာတဲ့ အမေရိကန်သံရုံးရဲ့ ၂၀၀၇ ခုနှစ် ကြေးနန်း တစောင်ထဲမှာတော့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေဆီက မျက်နှာရအောင် တက်တက်ကြွကြွ  ရှာဖွေခဲ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။
ဦးဇော်ဇော်ဟာ သူ့ရဲ့ဗျူဟာကို အမြဲရွှေ့နေတာပါ။ ဘဏ်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ သူ့အတွက် ဦးစားပေးလုပ်ငန်းတွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းက သူ့ကို “သိပ် ခေါင်းကိုက်စေတယ်” လို့ ပြောပြန်တာမို့ အစိုးရအပေါင်းအပါတွေ ကြီးစိုးပြီး အစိုးရကပေးတဲ့ ကန်ထရိုက်တွေကြောင့် သူ့ကံကြမ္မာကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဒီလုပ်ငန်းကနေ ထွက်ပေါက်ရှာနေပုံလည်း ပေါ်ပါတယ်။
“လုပ်ငန်းအားလုံးကို ခင်ဗျားတယောက်တည်း မစီမံနိုင်ဘူးလေ” လို့ ရန်ကုန်က သူ့ရုံးမှာ တွေ့ဆုံမေးမြန်းတဲ့အချိန်တုန်းက သူ ပြောခဲ့ပါတယ်။ “ဘယ်လုပ်ငန်းကဖြင့် ရှေ့ရေးအတွက် ကောင်းမယ်၊ ဘယ်လုပ်ငန်းကတော့ဖြင့် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲလုပ်လို့ရမယ်ဆိုတာ ကြည့်ရမယ်” လို့လည်း သူက ဆိုပါသေးတယ်။
အဖြူရောင်ရှပ်အင်္ကျီကြွကြွကို မြန်မာ့ရိုးရာလုံချည်နဲ့ တွဲဝတ်ထားပြီး ဖော်ဖော်ရွေရွေရှိလှတဲ့ အသက် ၄၄ နှစ်အရွယ် ဦးဇော်ဇော်တယောက် မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ မကြာခင်ရုတ်သိမ်းဖို့ မျှော်လင့်နေပါတယ်။ ဥရောပက အရင်ရုပ်သိမ်း၊ ပြီးရင်တော့ အမေရိကန်ပြည်ထောင်စုပေါ့လို့ မျှော်လင့်နေတာပါ။ မြန်မာပြည်မှာ နိုင်ငံခြားခရီးသွားတွေ၊ သူများထက်အရင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်အားထက်သန်နေသူတွေနဲ့ ပြည့်လျှံနေတာမို့ သူကလည်း သူ့ရဲ့ ဟိုတယ်လုပ်ငန်းကို “ပိုအားဖြည့်” ချင်နေတာကိုး။
အခုဆိုရင် ဦးဇော်ဇော်ဟာ လူဦးရေ ၅.၆ သန်းရှိပြီး  ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ အခန်း ၄၀၀ ပါ ဟိုတယ်တခုကို တည်ဆောက်နေပါတယ်။ မြို့မှာရှိပြီးသား ဟိုတယ်ခန်း ၁၅၀၀ ကလည်း တည်းခိုမယ့် ဧည့်သည်အရေအတွက်နဲ့ မလောက်မငှ ဖြစ်နေတာ ကြာပါပြီ။ ဒီဟိုတယ်ကို လည်ပတ်ဖို့ အတွက် နိုင်ငံတကာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေနဲ့ စကားပြောနေတယ်လို့ သူက ပြောပါတယ်။ “ကျနော် ခန့်ခွဲလို့ကတော့ စတား တပွင့်ပဲဖြစ်မယ်” လို့လည်း သူက ရယ်စရာ ပြောပါသေးတယ်။
ဒါပေမယ့် သူ့အိပ်မက်ကတော့ တည်ထောင်ခဲ့တာ ၂ နှစ်နီးပါးလောက်ပဲရှိသေးတဲ့ သူ့ရဲ့ ဧရာဝတီဘဏ်ကို နိုင်ငံတကာက သတိပြုမိတဲ့ အမှတ်တံဆိပ်တခု ဖြစ်လာအောင် တည်ဆောက်သွားဖို့ဖြစ်တယ်လို့ ဦးဇော်ဇော်က ဆိုပါတယ်။ မဟာမိတ်ဖွဲ့နိုင်ဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နိုင်ငံခြားဘဏ်တွေက တာဝန်ရှိသူတွေ၊ တခြား နိုင်ငံခြားသားတွေနဲ့ သူ နေ့တိုင်းနီးပါး တွေ့ဆုံနေတယ်လို့လည်း ပြောပါတယ်။
အများက မကြာခဏ ပုံဖော်ကြသလို သူနဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေဟာ အာဏာရှင်တွေရဲ့ လက်ပါးစေ ဟုတ်မဟုတ် မေးကြည့်တော့ ဦးဇော်ဇော်က ခေါင်းခါပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုမျက်နှာသာပေးတာဟာ သူရဲ့ အလုပ်အရည်အသွေးကို သဘောကျလို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ကျနော်တို့ ဘယ်သောအခါကမှ တရားမဝင်တဲ့ အလုပ်တစုံတရာ မလုပ်ခဲ့ပါဘူး” တဲ့။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ရင်းနှီးမှုကိုလည်း အလုပ်အရသက်သက်ပဲ ဖြစ်တယ်လို့ ဦးဇော်ဇော်က ဆိုပါသေးတယ်။
“ကျနော်က ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့နိုင်ပါတယ်” လို့ သူက ပြောပါတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း မိတ်ဆွေတွေက အချင်းချင်း မျက်နှာသာပေးကြတယ် ဆိုတာကို သူ သဘောတူပါတယ်။ တော်ဝင်ကုမုဒြာဟိုတယ်ကို နေပြည်တော်မှာ သူတည်ဆောက်တဲ့အခါ ငွေမရပေမယ့် အဲဒီအစား ဒေါ်လာ ၁ သိန်း ၈ သောင်းစီတန်တဲ့ ကားသွင်းခွင့်ပါမစ် ၁၀ ခု ရခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့သမိုင်းမှာ အကြီးမားဆုံး ပုဂ္ဂလိကပိုင်ပြုလုပ်မှုလို့ ပြောလို့ရတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က အစိုးရပိုင်လုပ်ငန်း ၃၀၀ ကို (အိမ်ခြံမြေလုပ်ငန်းကနေ ဓာတ်ဆီဆိုင်နဲ့ လေကြောင်းလိုင်းတွေအထိ) ပုဂ္ဂလိက လွှဲပြောင်းတဲ့အချိန်မှာလည်း ဦးဇော်ဇော်တယောက် ချီးမြှင့်ခံခဲ့ရပါသေးတယ်။ အာဏာရှင်ရဲ့ မဟာမိတ်တွေ ဆုကြီးပေါက်ကြပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဘိလပ်မြေစက်ရုံအတွက် ပါမစ်တွေ ဦးဇော်ဇော် ရခဲ့ပါတယ်။ “အဲဒီ လုပ်ငန်း ၂ ခုအတွက် တကယ့်ကို ကျေးဇူးတယ်တယ်။ အစိုးရဟောင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” လို့ သူက ဆိုပါတယ်။
၂၀၁၂ ခု ဇန်နဝါရီလ ၃၁ ရက်နေ့က ပုဂံခရီးစဉ်အသွား အဲပုဂံ လေယာဉ်ပေါ်ကဆင်းလာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)
ဦးဇော်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်တွေကိုလည်း ချီးကျူးသူပါ။ ပြီးခဲ့တဲ့ ဘောလုံးပွဲတပွဲမှာ လာရောက် အားပေးဖို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ ဖိတ်ခဲ့ပါတယ်။ ဘောလုံးပွဲမှာလည်း သူတို့ ၂ ယောက် ဓာတ်ပုံအတူ တွဲရိုက်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာမိတ်တချို့က ဒီမိုကရေစီခေါင်းဆောင်တော့ အဝယ်ခံလိုက်ရပြီဆိုပြီး ဒေါသူပုန်ထခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒီပုံရိပ်က မြန်မာပြည်ရဲ့ ပြောင်းလဲမှု အတိုင်းအတာကို လေးနက်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တပြည်လုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ဖို့ ပြင်ဆင်နေပြီကိုး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်နဲ့ ဦးဇော်ဇော်ရဲ့ဆက်ဆံရေး ဒါမှမဟုတ် ဓနချင်းချိတ်ဆက်ထားကြတဲ့ တခြားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရေးအပေါ် ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)
(Reuters သတင်းထောက် Jason Szep နှင့် Andrew R.C. Marshall တို့ ရန်ကုန်မှ ရေးသားပေးပို့ပြီး အောင်လှထွန်းနှင့် Paul Eckert တို့ ဖြည့်စွက်၍ Michael Williams နှင့် Bill Tarrant တို့ တည်းဖြတ်သော An image makeover for Myanmar Inc ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဧရာဝတီ
Unknown at 9:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူဘယ်သူလဲ

၂၀၀၇ ခုနှစ်က သံဃာနှင့် ဒီမိုကရေစီလှုပ်ရှားသူများ အကြမ်းဖက်နိမ်နှင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ မှတ်တမ်းတင် ဓာတ်ပုံ များကို အင်တာနက် စာဖတ်သူများအကြား ဖြန့်ဝေလေ့ရှိသည်မှာ မဆန်းပေ။

Face Book များတွင် ပျံ့နှံ့နေသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး၏ ၂ ပုံတွဲ ပုံ
သို့သော် ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ မှ ဗိုလ်မှူးကြီးတဦး ၏ ပုံကို လူမှုကွန်ရက် Facebook တွင် ဖြန့်ဝေလာရာ ရုတ်ချည်း ဆိုသကဲ့သို့ ပျံနှံ့သွားခဲ့သည်။
ယင်း ဗိုလ်မှူးကြီး ၏ လက်ရှိ လွှတ်တော်တွင်းဓာတ်ပုံ နှင့် ၂၀၀၇ ခုနှစ် ရန်ကုန်မြို့လယ် ဆူးလေ စေတီရှေ့တွင် အမိန့်ပေးပုံကို တွဲဆက်ထားပြီး ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ တပ်များကို အမိန့်ပေးနေသူတဦး ဖြစ်ခဲ့ကြောင်း ယင်းဓာတ်ပုံနှစ်ပုံက ပေါ်လွင်ထင်ရှားနေစေခဲ့ သည်။
ရန်ကုန်မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကို နှိမ်နင်းရန် စစ်အစိုးရဟောင်းက တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့ကို တာဝန်ပေးခဲ့ ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆိုအရ သံဃာ အပါး ၃၀ မှ ၄၀၊ အရပ်သား ၅၀ မှ ၇၀ သေဆုံးဖွယ်ရှိကြောင်း နှင့် လူ ၂၀၀ ခန့် အရိုက်အနှက်ခံခဲ့ရကြောင်း သိရသည်။
ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ လည်း လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။

လွှတ်တော်တွင်း တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် တနင်္လာနေ့က ကျင်းပဆဲလွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၈ ဦး၊ ဗိုလ်မှူးကြီး ၁၄ ဦး၊ ဒု ဗိုလ်မှူးကြီး ၃၇ တို့ဖြင့် အစားထိုးခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။ ယင်း တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Facebook စာမျက်နှာပေါ်တွင် အဆိုပါ ဗိုလ်မှူးကြီးနှင့် ပတ်သက်၍ ပြောဆိုဝေဖန်နေကြရာ သူဘယ်သူလဲဟု သိလိုနေကြသည်။
ဧရာဝတီ

Unknown at 9:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
htwal

ထားဝယ်စီမံကိန်းအတွက် အထူးအခွင့်အရေးများ ရရှိခဲ့သော ITD အနေဖြင့် သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ထားဝယ်တွင် မြေရောင်းစာချုပ်တခုကို ဇူလိုင်လမတိုင်မီ ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ကုမ္ပဏီဥက္ကဋ္ဌ Premchai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd  နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ်
တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။

သစ်ထူးလွင
Unknown at 9:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည်

မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ
ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့
အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေ
မြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်
သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။

 
အကျဲရွာ စစ်တပ်ဂိတ်

၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ
၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးက
ယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်
ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံ
မတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။

၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြား
တိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်
အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။

ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီး
အပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာ
ကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။         ။
Yangon Press International
Unknown at 9:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်ပျူတာ ဆက်တိုက် အသုံးပြုနေသူများ မျက်စိကို ဘယ်လို ကာကွယ်ထိန်းသိမ်းမလဲ


ကွန်ပျူတာကို တစ်နေကုန် ကြည့်တဲ့သူတွေ မျက်စိအတွက် ဘယ်လို လေ့ကျင့်ခန်း လုပ်သင့်တဲ့ အချက်တွေကို တင်ပြလိုက်ပါတယ်။
နေရာမှန်ပါစေ
သင့်ရဲ့ ကွန်ပျူတာ ကီးဘုတ်၊ မောက်စ်တို့ကို နေရာမှန် ထားတတ်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ  Screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့ လက်တစ်လှမ်းစာ အကွာနဲ့ မျက်လုံးရဲ့ (၂၀) ဒီဂရီအောက် နိမ့်နေရပါမယ်။

အလင်းရောင်
သင့်အခန်းတွင်း အလင်းရောင် ပျံ့နှံ့ပါစေ။ ဒါမှ ကွန်ပျူတာ Screen မှ လာသော Reflection တွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Screen အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင် Setting လုပ်ထားပါ။ Anti-Reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော Reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့ မျက်စိ ဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-Reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွှန်းပါလိမ့်မယ်။ ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် (၂၀) လောက်ကြာတိုင်း ခေါင်းကို ခဏ ဘေးကို လှည့်ပြီး ပေ (၂၀) လောက် ဝေးတဲ့ အရာ တစ်ခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးကို သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ (၂၀) လောက် မျက်စိအား ပိတ်လိုက် ဖွင့်လိုက် လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း (၂၀) လောက် လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်ပါစေ။ မျက်စဉ်း ခတ်ပေးပါ။ လူတစ်ယောက်ဟာ တစ်မိနစ် အတွင်း  ပုံမှန် (၁၂) ခါ မျက်တောင်ခတ်ကျပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရင် ငါးခါလောက်သာ မျက်တောင် ခတ်တာကို သင်သတိထားမိပါသလား။ အကျိုးဆက် အနေဖြင့် မျက်စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
လက်ဖဝါး အုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့ လက်ဖဝါးနှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိ နှစ်ဖက်ကို တစ်မိနစ်လောက် ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိ ညောင်းကိုက်၊ ပင်ပန်းလာတိုင်း နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ပေးပါ။ ထိုလက်ဖဝါးမှ လာသော နွေးထွေးမှုသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
လက်ဖက်ခြောက်အထုပ်
သောက်ပြီးသား လက်ဖက်ခြောက် အထုပ်ကလေးများကို လွှင့်မပစ်ဘဲ ရေခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျရင် ထိုလက်ဖက်ခြောက် အထုပ် နှစ်ထုပ်အား သင့်မျက်စိ တစ်ဖက်စီတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြစေပါသည်။ ဗီတာမင် အေ၊ စီ၊ အီး ပါသော အစားအစာများ ပိုစားပါ။
by: သားဗိုလ်
Ref: IT Weekly  
.uiUfiAddComment .mentionsAddComment .textBoxContainer, .uiUfiAddComment .mentionsAddComment .mentionsTypeahead { width:100%; float: left;} #megaphone_story_50{display:none !important}.permalinkBody {background-color: white !important;} .permalinkBody #contentArea {border: 0px !important; width: 560px !important;} .permalinkBody .fbTimelineUFI{ margin-left: 70px !important;} .fbTimelineUFI .uiUfi .ufiItem {border-bottom: 1px solid #D2D9E7 !important} .permalinkBody .permalink_stream .uiStream .uiStreamMessage, .permalinkBody .permalink_stream .uiStream .uiStreamAttachments {padding-left: 75px !important;}
Unknown at 9:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညအချိန်လက်နှိပ်ဓါတ်မီးကိုင်ဆောင်လျှင် သေနတ်ဖြင့်ပစ်မည်

မြစ်ကြီးနား မြို့ အကျဲကျေးရွာ တွင် ညမိုးချုပ် လက်နှိပ်ဓာတ်မီးကိုင်ဆောင်ပြီး အပြင်ထွက်သူများ
ကို စစ်တပ်က သေနတ်ဖြင့် ပစ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
စစ်တပ်က ယမန်နေ့က အမိန့်ထုတ်လိုက်သည်။

“ ညဘက် ကိုယ့်ကိုသူများက မတွေ့နိုင်တဲ့ လက်နှိပ်ဓာတ်မီးကို မကိုင်ဖို့
အခုအုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဖယောင်းတိုင်ဆိုရင် ကိုယ့်ကို သူများတွေ
မြင်နိုင်တယ်လေ လုံခြုံရေးအရ လက်နိုပ်ဓာတ်မီးကို မကိုင်ဖို့ ကိုင်ရင်
သေနတ်နဲ့ ပစ်မယ်လို့ ပြောထားတယ်” ဟု အကျဲကျေးရွာမှ ဘုန်းတော်ကြီးတစ်ပါးကပြောသည်။

 
အကျဲရွာ စစ်တပ်ဂိတ်

၂၆ ရက် ည ၉နာရီ ခွဲ ခန့်က အကျဲ ကချင်နှစ်ချင်း ဘုရာကျောင်းအတွင် ခလရ
၂၁ မှ အကျဲ ကျေးရွာ တွင် လုံခြုံရေး လာချထားသော စစ်သား တစ်ဦးက
ယင်းဘုရားကျောင်းတွင် လူငယ်များ ဘုရာသီချင်းလေ့ကျင့်နေချိန်တွင်
ဝင်ရောက်နာထောင်နေစဉ် ယင်းစစ်သားကိုင်ဆောင်လာသော သေနတ်မှ ကျည်ဆံ
မတော်တန်ဆ ထွက်သွားပြီး ဘုရာကျောင်း ကြမ်းပြင်ကိုထိမှန်ခဲ့သည်။

၂၇ ရက် မနက် ၂ နာရီ တွင်အကျဲရွာမှ မြန်မာစစ်တပ်နှင့် ကေအိုင်အို တို့ အကြား
တိုက်ခိုက်မူများဖြစ်ပွားခဲ့ ပြီးနောက် မနက်တွင် အကျဲစစ်တပ်
အနီး လက်ပစ်ဗုံးသုံးလုံး နှင့် ရှဒေါင် ကျေးရွာတွင်လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့သည်။

ထို့သို့ မငြိမ်မသက်မူကြောင့် ရွာအတွင်း ညဘက် လက်နိပ်ဓာတ်မီး ကိုင်ဆောင်ပြီး
အပြင် မထွက်ရ ညဘက်အပြင်ထွက်လျှင် မီးထုတ် နှင့် ဖယောင်းတိုင်းများကိုသာ
ကိုင်ဆောင်ပြီးထွက်ရှိရမည်ဟု အမိန့်ထုတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။         ။
Yangon Press International
Unknown at 9:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်ပွဲခေါ်သံ...(သရော်စာ)

သင်းပျံ့သော မဆလာနံ့ကား အစာနှင့်ဝေးနေသော သူမ၏ဝမ်းကို နှိပ်စက်လွန်းလှသည်။ လေးဘက်လေးတန် ဝန်းရံထားသော အုတ်နံရံများကို သူမ အံတုနိုင်ခြင်း အလျင်းမရှိပါချေ။ ထို့ ထက်ပို၍ ခံပြင်းစရာကောင်းသည်မှာ သူမ၏ တိုင်းပြည်အတွက် ယခုလို အရေးကြီးသောအချိန်မျိုးတွင် သူမ ဘာမျှ လုပ်မပေးနိုင်ခြင်းပင် ဖြစ်သည်။ ခေတ်အခါ သမယကား မြန်မာနိုင်ငံကို ဂျာဂျာလူမျိုးများ သိမ်းပိုက်ပြီးကာစ မငြိမ်မသက်ကာလပင် ဖြစ်သည်။ သူမဟူသည်ကား ဂျာဂျာလူမျိုးများကို ရွပ်ရွပ်ချွံချွံ တွန်းလှန်သူ မျိုးချစ်မြန်မာ အမျိုးသမီး ရှင်မင်းယာ ခေါ် သီရိကလျာ ထိပ်တင်ပုလဲ မုန့် ကျွဲသဲပင် ဖြစ်ပေသည်။
.
အကြောင်းကံမလှ၍ တစ်ခုသော တိုက်ပွဲဝယ် အရေးနိမ့်ခဲ့ရသူ ရှင်မင်းယာနဲ့ အပေါင်းအပါတစ်စုအား ဂျာဂျာတပ်မှ သုံ့ပန်းအဖြစ် ဖမ်းဆီးထားလေ၏။ သူမကဲ့သို့သော မျိုးချစ်မြန်မာများအား ဂျာဂျာများမှ နေ့စဉ် တဦးနှုန်းဖြင့် ကွပ်မျက်နေသည်မှာ ယနေ့ ဆိုလျှင် သူမအလှည့်သို့  ရောက်ပြီဖြစ်သည်။
.
'ချွတ်တား ဖွတ်ကျား မာမူသား ... သွပ်ပြား သွပ်ပြား ...ဘာဘူမယား။'
.
အဝေးမှ ဂျာဂျာမိန်းမပျိုတို့  သီကြူးသော ချိုအေးသော ဤသီချင်းသံသည် ရှင်မင်းယာ၏ ရင်တွင်းအပူကို စိုးစဉ်းမျှ ငြိမ်းအေးနိုင်ခြင်း မရှိချေ။ သူမတို့  မျိုးချစ်မြန်မာများကား တစ်ယောက်ပြီး တစ်ယောက် ဂျာဂျာများ
လက်တွင် အသက်ပေးကြရသည်မှာ ဓမ္မတာပင် ဖြစ်နေချေပြီ။
.
'ရှင်မင်းယာ ... ငါတို့  အရှင် ဗာလံကြီးက ညည်းကို အခေါ်တော်ရှိတယ်။'
.
ရှင်မင်းယာ သိလိုက်ပါပြီ။ သူမဘဝ၏ နေဝင်ချိန်ကား ရောက်ချေပြီတကား။ ဂျာဂျာဘုရင် အရှင်ဗာလံကြီးမှ ဆင့်ခေါ်ခြင်း ခံရသူများသည် အသွားသာရှိ၍ အပြန်လမ်း မရှိပါချေ။ လက်ကျန် သတ္တိသွေးများဖြင့် အားမွေးကာ ရှင်မင်းယာတစ်ယောက် အံကြိတ်၍ ဂျာဂျာခုံရုံးသို့  လိုက်ပါခဲ့သည်။
.
ဂျာဂျာခုံရုံးကား စည်ကားလှသည်။ တီဗွီဇာတ်လမ်းများထဲမှ ခိုင်ဖုံးတရားရုံးနှင့် ခပ်ဆင်ဆင်ပင် တူလှသည်။ လက်ဝဲလက်ယာတွင် အရွယ်ကောင်း ဂျာဂျာစစ်သည်တို့ ကား သူရို့ ၏ ဓါးကောက်များကို ဗြန်းဗြန်းမြည်အောင် ရိုက်လျက် သံပြိုင်အော်ဟစ်ကာ အရှင်ကြီး ဗာလံကို ဆီးကြိုကြသည်။
.
'ဘာ ...... ဘူ ....... ။'
.
အရှင်ဗာလံကြီးသည် ခန်းမလည်ရှိ ကျွန်းကုလားထိုင်ကြီးဝယ် ခန့် ခန့် စန့် စန့် ကြီး ထိုင်ချလိုက်သည်။ သူ၏ နဘေးတွင် အမျိုးသမီးငယ်တစ်ဦးက ကနွဲ့ကလျ ရပ်နေရှာသည်။ သူမကား ဂျာဂျာအမာခံ ကွန်မန်ဒိုမလေး ပလီပလာစုံ မုန်ညင်းပွင့်ခုန်ပေတည်း။
.
'အဟမ်း ... ရှင်မင်းယာ။ ညည်းနဲ့ အပေါင်းအပါတစ်စုဟာ တို့ များ ဂျာဂျာအင်ပါယာကြီး ထူထောင်မယ့် မဟာစီမံကိန်းကြီးမှာ တကယ့် ဆူးငြောင့်ခလုတ်တွေပဲ။ ဒါကြောင့် ညည်းကို အပြစ်ပေးတဲ့အနေနဲ့ ငါတို့  ဂျာဂျာ မျိုးဆက်သစ် ထွန်းကားရေးစီမံကိန်းဌာနကို ပို့ ပြီး စတေးရမယ်။ သဘောတူသလား ရဲဘော်များ။'
.
ဂျာဂျာစစ်သည်များ ခေတ္တမျှ ကြွက်စီကြွက်စီဖြစ်သွားပြီး တစ်ယောက်သောသူမှ
.
'အရှင်ဗာလံကြီး။ သူ့ အစား တယောက်ယောက်နဲ့ အစားထိုးပေးပါလား ဘုရား။ ငါးဆယ်ကျော် ခြောက်ဆယ်ကျော် ကညာအိုလည်း ရပါတယ် ဘုရား။'
.
'တိန် .. မင်းတို့ ကောင်တွေ ယောင်္ကျားမဟုတ်ကြဘူးလား။'
.
'ဟုတ်ပါတယ်ဘုရား။ သို့ ပေမယ့် ဒီဟာမကြီးက ယမပြည်ပြန် လျှပ်စစ်ကုလားထိုင်နဲ့တောင် မသေတဲ့ ဟာမဂျီးပါဘုရား။ ကျွန်တော်မျိုးတို့  သူနဲ့ဆိုရင် မျိုးဆက်သစ်ထွန်းကားဖို့ မပြောနဲ့။ မျိုးပြုန်းကုန်ပါမယ်ဘုရား။ သူ့ ရဲ့ အကွက်တွေ အဆင်တွေကလည်း ယောင်္ကျားတွေထက် ကြမ်းပါတယ်ဘုရား။ ချမ်းသာပေးတော်မူပါ။'
.
'အင် .. ဒီဟာမကြီးကြောင့် ငါတို့  ခွက်ပျောက်ရပေါင်းများပြီ။ ဟိုမယ် သည်မယ် အရှင်ဖြူကြီးတွေရှေ့ ငါတို့ က ငိုပြနေတုန်းမယ် ဒင်းက တစ်လုံးလောက် ပစ်သွင်းလိုက်၊ ဟိုတို့ သည်တို့ နဲ့ နည်းနည်းချင်း ဖဲ့လိုက် တခါတခါ ဗြုန်းခနဲ မုန့် ကျွဲသဲဗုံးနဲ့ ထုလိုက်နဲ့ ထိန်းမနိုင်ဘူး။ ရှုပ်ပါတယ်ကွာ။ လက်သုံးတော် ဓါးကောက်နဲ့သာ ပိုင်းပြီး ရှင်းပစ်လိုက်မယ်။'
.
'ဝှစ် .. ဝှစ် .. ဒုတ်'
.
လေထဲမယ် ပျံဝဲလာသော ရခိုင်ငှက်ပျောသီးပုံစံ မြှားများကြောင့် ဂျာဂျာများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
.
'သခင်ပြောင်ကြီးတို့  လာပြီ။'
.
ဟုတ်ပါသည်။ မျိုးချစ် မြန်မာပြည်သူ့ စစ်ခေါင်းဆောင် အလင်္ကာကျော်စွာ သခင်ပြောင်ကြီး၏ တပ်များက ဂျာဂျာခုံရုံးကို ဝင်ရောက်စီးနင်းလေ၏။ တိုက်ပွဲကား ပြင်းထန်လှ၏။ ဂျာဂျာတို့ ကား လက်နက်စုံ၊ တိုက်ကွက်စုံ လှ၏။
.
'အင့်ဟယ် နင်တို့ မြန်မာတွေအတွက် လူမြိုဗုံး။'
.
'လာပြန်ပြီနော် .. ဝါကာဝါကာ အပလာ တိုက်ကွက်။'
.
'သေစမ်းကွာ မြန်မာတွေ၊ ဒါက ပလီစိခြောက်ချက် ကိုဘခက်အကွက်။'
.
'လာပြီကွာ။ စူပါလောင်ချာ ဂျာဂျာဘလော့ဂါ တိုက်ကွက်။'
.
'မြည်းလိုက်ကွာ .. မိချောင်းမျက်ရည် မြန်မာပြည်သေ တိုက်ကွက်။'
.
မည်သို့ ပင် လက်နက်အား၊ လူအင်အားမမျှသော်လည်း မြန်မာများမှ မဆုတ်မနစ် နောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်ကြရှာသည်။ နောက်ဆုံး ... နောက်ဆုံးပေါ့လေ အားမတန်၍ မာန်လျှော့ရမည့်ဆဲဆဲတွင် ..
.
'တော် တီး တီး တော် .. ဒိုင်း ဒိုင်း .. မြန်မာ့တပ်မတော် လာပြီဟေး။'
.
ဤသို့ ဖြင့် သက္ကရာဇ်၂၀xx ခုနှစ်တွင် မြန်မာပြည်သည် ဂျာဂျာကျူးကျော်သူများရန်မှ လွတ်မြောက်ခဲ့သည်။
.
(ပညာရှိ သုခမိန် ပေါင်ချိန်ထျန်း ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်းတစ်ခုကို မှီငြမ်းပါသည်။ ခိခိ)

 ရှင်မင်းယာ (ဖေ့ဘုတ်)
Unknown at 9:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဆင့်တန်းရှိရှိဖော်ကြ တိုကြသည့် နိုင်ငံခြားပြန်များ







ဒါကတော့ နိုင်ငံခြားရောက် မြန်မာ မ တစ်ဦးက ပြည်တွင်းမြန်မာမများကို အဆင့်တန်းရှိရှိ ဖော်ကြဖို့ ဆုံးမထားတဲ့ ဗွီဒီယိုပါ
                                  ဒီမှာ                      ကြည့်လိုက်နော်...



Myanmar Express
Unknown at 9:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘုရားကျောင်းပြင်ရန်ဟုဆိုကာ ရွာသားလေးဦးအား KIO မှခေါ်ဆောင်သွား

ဧပြီ ၂၈၊ ၂၀၁၂ (YPI) - ဆိုင်းဆွတ်

ယမန်နေ့ နေ့လည် ၂ နာရီခန့်က မိုးကောင်းမြို့နယ် လွဲလော်ကျေးရွာ အရှေ့တောင်ဘက် ငါးမိုင်အကွာရှိတောထဲတွင် ထင်းခုတ်နေသော ရွာသားလေးဦးကို ဘုရားကျောင်းပြုပြင်ရန်ဟုဆိုကာ KIO စစ်သားများက ခေါ်ဆောင်သွားသည်။

မိုးရာသီမရောက်မီ KIO စခန်းရှိ ဆားမော်ဆွတ်လျန် ဘုရားကျောင်းကိုပြုပြင်ရန်လိုအပ်သော သစ်များခုတ်ယူခိုင်းစေရန် နွားလှည်းသုံးစီးနှင့်အတူ လွဲလောရွာသားသုံးဦးနှင့် လွဲဆန်ရွာသားတစ်ဦးတို့ကို ခေါ်ယူသွားခဲ့ပြီး ဘုရားကျောင်းပြုပြင်ပြီးလျှင် ပြန်လွှတ်ပေးမည်ဟုဆိုသည်ဟု လွဲလော ရွာသားတစ်ဦးကပြောသည်။

“ ကျွန်တော့်ကိုလည်းခေါ်တယ်။ ကျွန်တော့်မှာက ကလေးတွေမိသားစုတွေလည်းပါတယ်ဆိုတော့ ကျန်တဲ့ လေးယောက်ကို ခေါ်သွားတယ်။ နှစ်ရက်လောက်ပဲကြာမယ်လို့တော့ပြောတယ် ” ဟု ထင်းသွားခုတ်ခဲ့သည့် လွဲလော်ရွာသားတစ်ဦးကပြောသည်။

ပြီးခဲ့သောမတ်လက လွဲလောရွာသား အသက်နှစ်ဆယ်ဝန်းကျင်ရှိ ထွန်းမြန်ကို KIO မှ တပ်သားသစ်စုဆောင်ရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။

ယခုခေါ်ဆောင်သွားသောရွာသားများကိုမူ ပြန်လွှတ်ပေးလိမ့်ဟု မျှော်လင့်ရကြောင်း လွဲလော ရွာသားများကပြောသည်။

“ ငယ်တဲ့သူတွေကိုတော့ စစ်သားစုဆောင်းတယ်ဆိုပြီး ပြန်မလွှတ်တော့ဘူး။ အခုပါသွားတဲ့သူတွေက အသက်ကြီးပြီဆိုတော့ ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ် ” ဟု လွဲလောရွာသားတစ်ဦး ကပြောသည်။         ။
Yangon Press International
Unknown at 9:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်ကို မမုန်းပါဘူးလို့ ပြောတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး


ဒေါ်အောင်ဆန်းစုကြည်ကို မမုန်းပါဘူးလို့ ပြောတဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းနဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း။


Unknown at 9:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မစုစုနွေးရဲ့ သတို့သားလောင်း


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။

သတို့သမီးက ထင်ရှားတဲ့
လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ဖြစ်ပါတယ်။ ရှေ့လကုန်ပိုင်း လက်ထပ်ကြမယ် ဆိုပြီး အွန်လိုင်းမှာ ဒီသတင်းကောင်း ဖတ်ကြရပြီး ဖြစ်မှာပါ။ သတို့သားနာမည်ကိုတော့ ဖော်ပြခြင်း မရှိကြပါ။



ပြီးခဲ့တဲ့လက ပြည်မြို့မှာ လယ်သမားအရေး ဆောင်ရွက်နေကြတဲ့ ကိုမာကီး၊ မစုစုနွေး၊ ရှေ့နေကြီး ဦးအောင်သိန်း (ဓာတ်ပုံ - ဘားမားဗီဂျေ)

သတို့သားက ၈၈ မျိုးဆက် ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး ဖြစ်ပါတယ်။

ကိုမာကီးက မြိတ်မြို့အကျဉ်းထောင်က ဇန်န၀ါရီလမှာ ပြန်လွတ်လာသူပါ။ သူ့ကို ရန်ကုန်လေဆိပ် သွားရောက် ကြိုဆိုသူများထဲမှာ မစုစုနွေးလည်း ပါဝင်ပါတယ်။

(ဓာတ်ပုံ - http://ppdict.blogspot.com/2012/01/blog-post_2413.html)
သူတို့ ၂ ဦးရဲ့ ဇာတ်လမ်းက မင်္ဂလာဒုံလေဆိပ်မှာ အစပြုတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

 ဧရာဝတီ(ဘလော့ဂ်)
Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျည်ကာ အရေပြား ထုတ်လုပ်မှု မျှော်လင့်ချက် ရောင်ခြည်သန်းလာ

နယ်သာလန် နိုင်ငံမှ မှုခင်း ဆေးပညာ သိပ္ပံရှိ သုတေသန ပညာရှင်များမှာ လူတို့ ဖန်တီးထားသည့် စူပါ အရည်ပြား တစ်မျိုး၏ ခံနိုင်စွမ်းအားနှင့် ပတ်သက်ပြီး
စမ်းသပ်မှု တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကာ ယင်းအရေပြားတုတွင် လူသားတို့၏ ဆဲလ်နှင့် ပင့်ကူများမှ ပိုးမျှင်များကို ပေါင်းစပ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ပွိုင့် .၂၂ ရှိ ကျည်ဆန်ဖြင့် အဆိုပါ အရေပြားကို ပစ်ခတ် စမ်းသပ်ချက် အရ အဆိုပါ အရေပြားမှာ ပေါက်ပြဲသွားခြင်း မရှိဘဲ အောင်မြင်သည့် စမ်းသပ်မှု တစ်ခုအဖြစ် ကြေငြာနိုင်ခဲ့ကြောင်း euronews သတင်းတွင် ဖော်ပြသွားခဲ့သည်။

source : euronews.com


Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချွတ်ယွင်းမှု တွေးခေါ်ခြင်း


ခုတလောမှာ အတွေးတစ်ခု ကို ချဲ့ထွင်ပြီး တွေးမိနေပါတယ်။ ကျွန်တော် ဘာတွေးမိနေသလဲ ဆိုတာလေး တင်ပြ ချင်စိတ်ကလေး ဖြစ်လာတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ ကျွန်တော်တို့တွေ မိဝေးဘဝေး နိုင်ငံဝေး နဲ့ ပညာသင် တဲ့ သူကသင်၊ ငွေရှာတဲ့သူကရှာနဲ့ နိုင်ငံရပ်ခြားမှာ အေးအေးပူပူ ကောင်းကောင်းဆိုးဆိုး နေထိုင် နေကြရပါတယ်။ ကျွန်တော့်အတွေးက ဒီကနေစပါတယ်။ ကုသိုလ် ပညာ ဥစ္စာ တွေ ရဖို့ သင့်တော်တဲ့ အရပ်ဒေသ မှာ အခိုက် အတန် ဖြစ်စေ အမြဲဖြစ် စေ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနဲ့တပါးသောတိုင်းပြည်မှာ ကျွန်တော်တို့ ဘယ်လို နေထိုင်နေကြပါသလဲ။ လွမ်းရတာတွေလည်း ရှိတာပေါ့၊ ဆွေးရတာ တွေက လည်း ဒုနဲ့ဒေး၊ အားမတန် လို့မာန်လျော့ မချိပြုံးပြုံးခဲ့ရတာတွေကလည်း အကြိမ်ကြမ်၊ ဒုက္ခတွေတွေ့ရလို့ဆင်းရဲ တွေ နဲ့ကြုံရလို့ ဝမ်းနည်း အားငယ်ခဲ့ရတာလည်း အခါခါ၊ စသဖြင့်၊ ခြုံပြောရရင် အဆင်မပြေမှုတွေကြားမှာပဲ ပျော် အောင်နေနေ ကြရပါ တယ်။


ဒီအခါမှာ ကျွန်တော် တွေးမိလာလေးက adaptation ဆိုတဲ့ စကားလုံးလေးပါ။ အဘိဓါန်မှာတော့ သင့်လျော် အောင် စီစဉ်ခြင်း။ ဆလျော်အောင် ပြုပြင်ခြင်း။ (ဇီဝဗေဒအနက်) သပ္ပါယ ဖြစ်ခြင်း။ သပ္ပါယပြုခြင်း။ (ဥပဒေစကား ရပ်များ) အစားထိုး ပြောင်းလဲခြင်း။ …. စသည် စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ပါတယ်။ မြန်မာလို တိုတိုလိုရင်း ပြောရ ရင် တော့ မျှတအောင် သင့်လျော်အောင် အဆင်ပြေအောင် နေတယ်ပေါ့။ နောက်တစ်ခုက compensation ဆိုတဲ့ စကားပါ။ ဒီစကားလုံးမှာ အဓိပ္ပါယ် အမျိုးမျိုးရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ “something that makes you feel better when you have suffered something bad” လို့ ကမ်းဘရစ်ခ်ျ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်က အနက် ဖွင့်ပါတယ်။ တစ်ခုခု စိတ်ထဲ မကောင်းဖြစ်နေရင် ကောင်းသွားအောင် ခံစားနေရတာတွေ ကို နေသာသွားအောင် လုပ်ခြင်းပေါ့။ ဒီတော့က ကျွန်တော်တို့တွေ ရဲ့ နွမ်းနေ လွမ်းနေတဲ့ စိတ်ကလေးတွေ ကြမ်းနေ ပန်းနေတဲ့ နေ့ရက်ချိန်ခါတွေမှာ နည်းမျိုး လမ်းစုံနဲ့ ဒီအရာတွေ ကိုဖြေ ဖျောက်ခဲ့ကြရတယ်။ ပျောက် တာ တွေ လည်း ရှိပါတယ်၊ မပျောက်သော်လည်း မတတ်နိုင်တဲ့အဆုံး မှိတ်ပြီး နေ လိုက်ရတဲ့အခါတွေလည်း ရှိမှာ ပါ။ ကျွန်တော်စကားချီးတွေ များနေတာနဲ့တင် လိုရာမရောက် ဖြစ်တော့မယ်။ ကျွန် တော့်အတွေးက ဒီပြဿနာ မဟုတ်ပါ။ စာရှုသူ မြင်သာ သိသာမယ့် ထင်ရှားတဲ့ ဥပမာကလေး ထုတ် နှုတ် တင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။
လူတွေမှာ ပြုပြင်လို့ရတဲ့ အားနည်းချက်တွေ ရှိပါတယ်။ ဆိုပါတော့ စကား ကို နားမခံသာအောင် ကျယ်ကျယ် လောင်လောင် ပြောတတ်တဲ့သူတစ်ယောက်ဟာ ပုံမှန်လေသံနဲ့ ပြောတတ်ဖို့ ကျင့်ယူလို့ရပါတယ်။ အပြေးနှေး တဲ့သူ ဟာ လည်း မြန်လာအောင် လေ့ကျင့်ယူလို့ရပါတယ်။ အဆုံးစွန်ဆုံးပြောရရင် မိုက်နေတဲ့သူကိုတောင် လိမ္မာရေးခြားရှိလာအောင် သွန်သင်လို့ရပါတယ်။ ဒါလိုဆို ပြင်လို့မရတဲ့ အားနည်းချက်တွေက ဘာတွေလဲ။ ကျွန်တော် လှည့်ပတ်တွေး ကြည့်ပါတယ်။ ခေါင်းထဲမှာလည်း ကျွန်တော့အမြင်ကို ဆန့် ကျင်တဲ့ အတွေးတွေက ချေပ လာပြန်တယ်။ လူတစ်ယောက်ဟာ အင်မတန် အရုပ်ဆိုးတယ် ဆိုကြပါစို့။ ဟိုး အရင့် အရင်အချိန်ကာလတွေ ကတော့ ဒါဟာ ပြင်လို့မရတဲ့ ချွတ်ယွင်းချက် ဖြစ်ခဲ့မှာပါ။ ဟောခု တကယ်သာ ဆန္ဒ ရှိခဲ့ရင် ချောသွားအောင် လှသွားအောင် ပြင်လို့ရနေပြီ။ ကိုးရီးယား နိုင်ငံက မင်းသား မင်းသမီးတွေက သက်သေပါပဲ။ ဒီလို ဆင်ခြေတက် တဲ့ အတွေးမျိုးပါ။
ကဲဒါဆိုရင် ကျွန်တော် ဘာတွေးပါသလဲ။ လူဟာ ကိုယ့်မှာ ဘာချွတ်ယွင်းနေသလဲဆိုတာကို တော်တော်များများ က သိထား ကြပါတယ်။ (မသိသေးရင်လည်း သိထားဖို့ သင့်လှတယ်လို့ ဆိုချင်ပါတယ်။) သိထားကြလို့လဲ ဦးဖြူ ၊ ဒေါ်မဲ၊ ဦးပြာ ၊ဒေါ်နီ စသဖြင့် ကွဲလွဲကုန်ကြတာပါ။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်နေသဘောထားကို ဆိုချင်ခြင်း ဖြစ်ပါတယ်။ ဒီလူကတော့ စိတ်ကောင်းရှိတယ် သူကတော့ စိတ်ယုတ်တယ် မကောင်းဘူး စသည်ဖြင့်ပေါ့။ ဒီလို စိတ် ကောင်းရှိတယ်ဆိုတဲ့ မကောင်းဘူး တော်တော်ဆိုးတယ်ဆိုတဲ့ နာမဝိသေသန တွေ ဘယ်လို ဖြစ်လာရသလဲ။ ဒီ နေရာမှာ ဆက်တွေးကြည့်မယ်ဆိုရင် ဘာတွေက အဲဒီလူတွေကို စိတ်ကောင်းရှိစေ တာလဲ မကောင်းတဲ့ စိတ် ဖြစ် စေတာလဲ ဆိုတာ တွေးစရာဖြစ်လာပါတယ်။ သူတို့မှာ ချွတ်ယွင်းချက်တွေ ရှိနေလို့ဒီလို အမျိုးမျိုး အစား စား ကွဲပြားသွားတာဖြစ်တယ်လို့ ထင်မိပါတယ်။ ဒါနဲ့ ဘယ်လိုချွတ်ယွင်းချက်တွေ ကြောင့်ဒီလို ကွဲသွားကြသလဲ။ ဒီနေ ရာမှာ တော်တော် ကလေး ဝိရောဓိ ဖြစ်စရာဖြစ်လာပါတယ်။
ဒီတော့ ဥပမာလေး တွေ ရှာကြည့်မိတယ်။ ဆိုကြပါစို့ မောင်ဖြူဟာ အင်မတန် အရုပ်ဆိုးပါတယ် ဒါပေမယ့် အင်မတန် စိတ်ထားကောင်းတယ်။ နောက် မောင်ညိုကလည်း အင်မတန် အရုပ်ဆိုးတာပဲ။ ဒါပေမယ့်သူကျပြန်တော့ စိတ်ထား မကောင်းဘူး၊ ကောက်ကျစ်ချင်တယ် ညစ်ပတ်ချင်တယ်။ ဒါဆို အရုပ်ဆိုးသူချင်းတူတူ ဘာလို့မတူရ သလဲ။ ခပ်ကပ်ကပ်ဖြေရင်တော့ ဆက်တွေးဖို့မလိုဘူးပေါ့။ “ဟ လူချင်းမှ မတူတာ အသက်ရှူကွဲ တာပေါ့ကွာ” လို့ပြောတာနဲ့ပြတ်ချင် ပြတ်ပါလိမ့်မယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ မောင်ဖြူက အရုပ်ဆိုးပေမယ့် “ငါ အရုပ် ဆိုးတာ ငါ့ကံ ငါ့ အကြောင်းပဲ စိတ်ကောင်းဖို့က အရေးကြီးတယ် ”လို့တွေးချင်တွေးမပေါ့။ မောင်ညိုကျပြန်တော့ “ငါ အရုပ်ဆိုးတယ် ကွာ အရုပ်ချောတဲ့လူတွေ တွေ့ရင် တွယ်လိုက်ဦးမယ်ကွာ၊ နှိပ်ကွပ်လိုက်ဦးမယ်ကွာ၊ ဆိုတဲ့ စိတ်ရှိလို့ လူတွေကသူ့ကို စိတ်မကောင်းဘူး ညစ်ပတ်တယ် လို့ပြောကြတာကော မဖြစ်နိုင်ဘူးလား။ ဒီတော့ မောင်ဖြူက သူ့ကိုယ်သူ adaptation လုပ်နိုင်တဲ့ သူဖြစ်တယ်။ “ငါကောင်းရင်တော့ ငါ့အရုပ်ဆိုးတာကွယ် လောက် တယ်။ မှေးမှိန်သွားလောက်တယ်။ ငါ ကောင်းအောင်၊ အသုံးဝင်တဲ့သူတစ်ယောက် အဆင်းမရှိပေမယ့် အချင်းရှိတဲ့သူတစ်ယောက် ဖြစ်အောင်၊နေမှပဲ ”ဆိုပြီးတွေးလို့ပေါ့။ ဒီတော့သူက ကြိုးစား လာရတယ်။ အသိ ပညာ နဲ့ပြည့်စုံအောင် လူ့လောကမှာ သူဟာ အသုံးဝင်တဲ့ သူ ဖြစ်အောင် ကြိုးစားတယ် အားထုတ်တယ်။ ဒီ တော့ သူဟာ မှန်ကန်တဲ့ compensation တစ်နည်းအားဖြင့် adaptation လုပ်တာပဲ။ သူဟာ ထင်ပေါ်ကျော် ကြားလာမယ် အောင်မြင်မှုတွေရလာမယ်။ သူ့ထက် အရုပ်ချောသူတွေကလည်း သူ့ကိုရိုသေလာမယ်။ အဲဒီလူ တွေ ထက်လည်း ပညာတတ်လာမယ်။ မိမိရဲ့ချွတ်ယွင်းမှု တစ်ခု အတွက် စိတ်ပျက်အားငယ် နေလို့အကျိုးမရှိနိုင် ဘူးလို့ ဒီနေရာမှာ လေးထားပြီးဆိုလိုချင်တာပါ။ မောင်ညို့အကြောင်းကို ချဲ့ကားပြောစရာ မလိုတော့ဟု ထင်ပါ တယ်။
ဒီတော့ အထက်မှာ ဥပမာနဲ့စပ်လျင်းပြီး တင်ပြထားတဲ့ adaptation နဲ့compensation ဆိုတဲ့စကားမှာ ကျွန် တော်က compensation ကိုသုံးရင် နေရာပိုကျလိမ့်မယ်လို့ ထင်ပါတယ်။ (အဓိပ္ပါယ်ချင်းတော့ ခပ်ဆင်ဆင် တူပါတယ်) ဆိုတော့က လူတစ်ယောက် ကောင်း တယ် ဆိုး တယ်ဆိုတာ သူ ဘယ်လို ခံစားတယ် (ဘယ်လို compensate လုပ်တယ်) ဆိုတဲ့ အပေါ်မှာ မူတည်ပါ တယ်။ ဒီတော့ compensation ဟာ သူ့ရဲ့အတွေး အမြင်ဖြစ်လာပါတယ်။ တစ်နည်းအားဖြင့် သူ့အတွေး အမြင်မှန်လာရင် compensation လုပ်နိုင်လာမယ်။ မိမိစိတ်ကို ထိန်းညှိခြင်းဟာ လူတစ်ယောက် အတွက် အင်မတန် အရေးကြီးပါလားဆိုတာ ကျွန်တော် လင်းလင်းကြီးတွေ့မိတယ်။ အင်မတန် ခက်ပါလားလို့လည်း မြင်မိတယ်။
ဒီတော့ ပြုပြင်လို့မရတဲ့ ချွတ်ယွင်းချက် တွေရှိနေတဲ့ လူသားတစ်ယောက် အနေနဲ့ မှန်ကန်တဲ့ အတွေးရှိဖို့ မှန် ကန်တဲ့ compensation ရှိဖို့အင်မတန် အရေးကြီးပါတယ်။ (၃၈) ဖြာမင်္ဂလာတရားတော်မှာလည်း အတ္တသမာ ပဏိဒိစ- မိမိ ကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း ဆိုတာရှိပါတယ်။ ဒီတော့ မှန်ကန်တဲ့ compensation ဟာ လည်း ဒီမင်္ဂလာ တရားတော်ရဲ့ အစိတ်အပိုင်းဖြစ်ကောင်းတယ်လို့ ယူဆမိပါတယ်။ ဒါ့ကြောင့် ဘယ်နယ်ပယ် မှာ ပဲဖြစ်ဖြစ် ကမ္ဘာကျော် နိုင်ငံကျော် ပုဂ္ဂိုလ်တွေဟာ ငယ်ဘဝက ဆင်းရဲ မွဲတေသူတွေ ချွတ်ယွင်းချက်အမျိုးမျိုး ရှိခဲ့ သူတွေ ဖြစ်ခဲ့ကြတယ် ဆိုတာ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။ သူတို့ဟာ မှန်ကန်တဲ့ compensation ရှိခဲ့ကြလို့ပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ သူတို့ရဲ့ကံတရား အပါအဝင် ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု ကြောင့် ရရှိလာတဲ့ ပြင်းရှတဲ့ ခံစားမှုတွေ ကို အားအဖြစ်ပြောင်းလဲ တတ်ဖို့ သိပ် အရေးကြီးတာကို တွေ့ရမှာဖြစ် ပါတယ်။
တစ်ခါတစ်ရံမှာ အဲဒီလို အားငယ်မှုတွေ နာကျင်မှုတွေ ကြောင့်လူတွေဟာ ဘာသာရေး အဆုံးအမတွေ၊ လူကြီး သူမ တွေရဲ့ အဆုံး အမတွေ၊ သဘာဝရဲ့သဘော တရားတွေ နဲ့လွတ်ပြီး တွေးခေါ်မိတဲ့အခါ တရားလက်လွတ်တွေ ဖြစ်ကုန်တတ်ပါတယ်။ အပြစ်ရှာမရတော့ တဲ့အခါ ကံဆိုးလိုက် လေခြင်းဆိုပြီး ကိုယ့်ကံကြမ္မာကို အပြစ်ရှာ ကြ တယ်။ နောက် ဒီအပေါ်မှာ အားငယ်စိတ်တွေ တစ်လှေကြီးဝင်လာကြ၊ စိတ်ဖိစီးမှုခံစားလာရ ဖြစ်လာကြ တယ်။ ကြောက်ရွံ့ တုန်လှုပ်လာကြတယ်။ ဒေါသတွေ ဖြစ်လာကြတယ်။ အဲဒီနေရာ မှာ စတင်မှားကြ တော့တာ ပါပဲ။ ပေါက်ကွဲလာကြတယ်။ မိမိကိုယ်ကို အပြင် ပတ်ဝန်း ကျင်ကိုလည်း နှိပ်စက်လာကြတယ်။ ပတ်ဝန်းကျင်ကို ပြန်လည် တိုက်ခိုက်လာကြတယ်။ သူ ဟာ အသုံးဝင်တဲ့သူ အရေးပါတဲ့သူ အရည် အချင်းရှိတယ် သူဖြစ်တယ် ဆို တာ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ပြသလာကြတယ်။ ဒီအရာ တွေ အားလုံးဟာ မှားယွင်းတဲ့ compensation လို့ဆိုချင်ပါတယ်။
စိတ်ကို ထားတတ်ဖို့ အင်မတန်အရေးကြီး ပါ တယ်။ စိတ်ထားတတ်တဲ့သူဟာ ဘယ်လောက် ဆိုးရွားတဲ့ အခြေ အနေမှာပဲဖြစ်ဖြစ် compensate လုပ်နိုင်ပါ တယ်။ ဒီလို လုပ်နိုင်ရင် နည်းလမ်းဆိုတာ ပေါ်လာတာပါပဲ။ မိမိရဲ့ ဆန္ဒ လက်တွေ့ဘဝမှာ ဖြစ်ထွန်းပေါ်ပေါက် လာ ဖို့ “နည်းလမ်းကောင်း” ရွေးချယ်တတ်ဖို့လိုပါတယ်။ ဆိုးရွားနေ တဲ့ ဖြစ်တည်မှု သို့မဟုတ် အခြေအနေတစ်ခုခုက ရလာတဲ့ ခံစားမှုကို အားအဖြစ် ဖန်တီးနိုင်ဖို့လိုပါတယ်။ စိတ်ဆို တာ မထားတတ်ရင် compensation မလုပ်နိုင်ရင် မျှတစွာ မတွေးတတ်ရင် မချမ်းသာပါ ဘူး။ ထို့အတူပဲ မိမိ ကိုယ်တိုင် (စိတ်) ချမ်းသာမှု မရှိတဲ့သူဟာ တပါးသူအပေါ် ကောင်းကျိုးချမ်းသာ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။ ကု သိုလ် ပညာ ဥစ္စာတွေ ရဖို့ မပျော်ပေမယ့် တော်ရာ အရပ်မှာနေ ကြရလို့ ပျော်အောင် တစ်နည်း အားဖြင့် မပျော် သော် မှ နေသာအောင် compensate လုပ် ပြီးနေကြရသလို မိမိကိုယ်မှာ ရှိနေတဲ့ မပြည့်စုံမှု ချွတ်ယွင်းမှုတွေကြောင့် နင့်နင့်သည်းသည်း နာနာကျင်ကျင် ခံစားရတဲ့အခါမှာလည်း compensate လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ် ရှည် သည်းခံဖို့အရေးကြီးပါတယ် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်လို လူတွေ ဘယ်လို နေနေကြရသ လဲ ဆိုတာမျိုး လေ့လာတတ်ဖို့ လိုပါတယ်။
ဘာဖြစ်လို့ကျွန်တော် အထပ်ထပ် တွေးမိနေလဲဆိုတော့ တချို့ကိစ္စ တွေဟာ ဘယ်သူမှ မသိနိုင်ပေမယ့် ကိုယ် တစ်ယောက်တည်း ကြိတ်ပြီး ခံစားနေရတာမျိုးတွေ ရှိတဲ့ အတွက်ကြောင့်ပါ။ လျှို့ဝှက်အပ်တဲ့ လူသိမခံနိုင်တဲ့ အားနည်းချက်တွေဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကို များစွာပြောင်းလဲစေတတ် လို့ဖြစ်ပါတယ်။ လူတိုင်း မှာ ဒီလို ယွင်းချွတ်မှုတွေ ရှိနေမှာ မလွဲတဲ့အတွက် လူတိုင်း လူတိုင်း ဆင်ခြင်သင့်လှတယ်လို့ေ တွးမိပါ တယ်။ ဒီ စာလေးဖတ်ပြီး တွေးစရာလေးတွေ ရသွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြုပြင်လို့မရတဲ့ အားနည်း ချက် များအတွက် မှန်ကန် ကောင်းမွန်တဲ့ compensation တစ်နည်းအားဖြင့် သင့်တင့်မျှတအောင် တွေးခေါ်ယူဆခြင်း သည် များစွာလိုအပ်လှပါကြောင်း တွေးမိတာလေး ဖောက်သည်ချရင်း တင်ပြလိုက်ရပါတယ်။
ရန်ကုန်သား (ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) ၊ PatheinCity News | ရသစာပေ
  by lu bo
Unknown at 9:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့

(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..

မြန်မာနိုင်ငံသည် ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးလျက်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။

တိုင်းတပါးသို့ အိမ်ဖော်တင်ပို့သည့်လုပ်ငန်းသည် တိုးတက်လာမည့် နိုင်ငံတော်သစ်အတွက် မည်ကဲ့သို့ အထောက်အကူဖြစ်နိုင်ပါသနည်း။ နိုင်ငံရပ်ခြားသို့ အိမ်ဖော်စေလွှတ်ခြင်းအားဖြင့် ရနိုင်မည့် အတတ်ပညာမှာ လူတဦး (သို့) မိသားစုတစု၏ အောက်ခြေသိမ်း ဝေယျာဝစ္စများဖြစ်သော အိမ်တွင်းဗာဟီရကိစ္စများ ပြုလုပ်ပေးရခြင်း၊ အတွင်းခံအ၀တ်အစားများမှအစ ခြေအိတ်အဆုံး လျှော်ဖွတ်ပေးရခြင်း၊ ချက်ပြုတ်ကျွေးမွေးရခြင်း၊ ကလေးထိန်းပေးရခြင်း စသည့်တို့သာ ဖြစ်ပါသည်။ အိမ်ဖော်အဖြစ် တင်ပို့ခံရမည့် အမျိုးသမီးတဦး၏ ကုန်လွန်ရမည့် အချိန်ကာလအတွင်း နိုင်ငံတော်မှ လူသားရင်းမြစ် ဆုံးရှုံးရသည့်အတွက် ပြန်လည်ရရှိလာမည့် အတတ်ပညာမှာ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူမဖြစ်နိုင်ဟု ထင်မြင်မိပါသည်။ ထိုအမျိုးသမီးငယ်များသည် အိမ်ဖော်လုပ်ငန်းသို့ တင်ပို့ခံရမည့်အစား ၄င်းတို့ထဲမှ အစွမ်းအစရှိသူများ ထိုကာလအတွင်း တဦးတယောက်မျှ ပေါ်ထွက်လာခဲ့ပါက တိုင်းပြည်အတွက် လွန်စွာတန်ဖိုးရှိလှပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားဝင်ငွေရနိုင်သည်ဆိုသော အကျိုးအမြတ်တခုတည်းနှင့် နိုင်ငံ၏ အဖိုးတန်လှစွာသော လူသားရင်းမြစ်များ အချိန်ကာလတခုအထိ ဆုံးရှုံးရမည်ကို ထည့်သွင်းစဉ်းစားပေးပါရန် ပဏာမ မေတ္တာရပ်ခံလိုပါသည်ခင်ဗျား….။

သမ္မတကြီးခင်ဗျား…………..

သမ္မတကြီးတို့၏ လက်ရှိအစိုးရ မအုပ်ချုပ်ခင်အချိန် ယခင်စစ်အစိုးရလက်ထက်တွင် တိုင်းပြည်မှ လူသားရင်းမြစ်များစွာတို့သည် မိမိနိုင်ငံတွင် ၀မ်းစာဖူလုံအောင် ရှာဖွေမရနိုင်သည့်အတွက် တပြည်ရပ်ခြားတွင် အငှားကျွန်အဖြစ် လာရောက်လုပ်ကိုင်နေကြသည်မှာ ယခုအချိန်ထိပင် ရှိနေပါသေးသည်။ လက်ရှိ မလေးရှားနိုင်ငံတွင်လည်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ ထိုကဲ့သို့ မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေစဉ်ကာလအတွင်း ဘာသာစကားမကျင်လည်မှု၊ ပွဲစားများမှလိမ်လည်မှု၊ သူဌေးမှမတရားခိုင်းစေမှု၊ လုပ်ခလစာမရမှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ မတရားသဖြင့်ပြန်ပို့ခံရမှု၊ တရားဝင်ပတ်စပို့ အလုပ်လုပ်ခွင့်ပါမစ်များနှင့် နေထိုင်နေသော်လည်း အဖမ်းခံရမှု၊ စသည့်ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရဆဲ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြဿနာဖြစ်လာပါကလည်း ယခင်စစ်အစိုးရလက်ထက် မြန်မာသံရုံးများမှ မိမိလူမျိုးများအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့သည်မှာလည်း ယနေ့အချိန်ထိပင် ဖြစ်နေပါသေးသည်။ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာလူမျိုးများမှ နိုင်ငံတကာရှိ မြန်မာသံရုံးများကို အခွန်ရုံးဟုပင် တင်စားခေါ်ဝေါ်ရလောက်အောင် မြန်မာသံရုံးမှ အခွန်ကောက်သည့်အလုပ်တခုတည်းကိုသာ လုပ်ဆောင်ခဲ့ပါသည်။

သမ္မတကြီးဦးဆောင်သော လက်ရှိအစိုးရအနေနှင့် ပြည်သူများ၏အကျိုးကိုလိုလားပြီး တိုင်းပြည်တိုးတက်ကောင်းစားဖို့ရန် အမှန်တကယ် ဆန္ဒရှိသည်ဆိုပါလျှင် အိမ်ဖော်တင်ပို့မည့်လုပ်ငန်းကို ဦးစားပေးမစဉ်းစားဘဲ မိမိတိုင်းပြည်နှင့်ခွဲခွာ၍ တိုင်းတပါးတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခများ၊ ပြဿနာများကို ပထမဦးစားပေးအဆင့်အနေနှင့် မြန်မာသံရုံးများမှတဆင့် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီဖြေရှင်းပေးစေလိုပါသည်ခင်ဗျား…….။ ထပ်မံ၍လည်း တိုင်းတပါးတွင် သွားရောက်အလုပ်လုပ်ကြရန် မတိုက်တွန်းစေလိုဘဲ လက်ရှိ တိုင်းတပါးတွင် အငှားကျွန်အဖြစ် အလုပ်လုပ်နေကြရသည့် မြန်မာလူမျိုးများကိုသာ အနှေးနှင့်အမြန် ပြန်လည်ခေါ်ယူနိုင်ရန် စွမ်းဆောင်ပေးစေလိုပါသည်ခင်ဗျား…..။

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား……….

မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်အဖြစ်တင်ပို့ရာတွင် ဖြစ်လာနိုင်မည့် အကြီးမားဆုံးပြဿနာမှာ ဘာသာစကားအခက်အခဲပင် ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် မလေးရှားဘာသာစကားနှင့် အကျွမ်းတ၀င် မရှိပါ။ မြန်မာအမျိုးသမီးသည် အင်္ဂလိပ်ဘာသာစကား အထိုက်အလျောက် ပြောနိုင်ပါသည် ဆိုစေကာမူ မလေးရှားလူမျိုးအများစုသည် အင်္ဂလိပ်ဘာသာစကားကို လိပ်ပတ်လည်အောင် ပြောနိုင်ခြင်းမရှိပါ။ မလေးရှားတွင် အင်္ဂလိပ်စကားကို အသုံးပြုပြောဆို၍ ရနိုင်မည့်နေရာများမှာ ရုံးများ၊ လူစည်ကားရာနေရာများ၊ စီးပွားရေးအချက်အချာကျရာနေရာများ စသည့်အနည်းငယ်သာ ရှိပါသည်။ သို့သော် အိမ်ဖော်ဆိုသည်မှာ ထိုကဲ့သို့သော နေရာများတွင် အလုပ်လုပ်ရမည် မဟုတ်ပါ။ အိမ်ဖော်ဆိုသည်မှာ အလုပ်ရှင်နှင့် နှစ်ဦးတည်းသာ ဆက်ဆံရမည် ဖြစ်ပါသည်။ ကြားမှကူညီပြောပေးရန်၊ ဘာသာပြန်ပြရန် တခြားသူမရှိပါ။ ပြဿနာတစုံတရာ ပေါ်ပေါက်ပါက နစ်နာရမည့်သူ၊ ခံရမည့်သူမှာ အိမ်ဖော်သာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘာသာစကားအခက်အခဲကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာများကိုလည်း ထည့်သွင်းစဉ်းစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား………။

ပြီးခဲ့သည့်နှစ်များအတွင်းက ကမ္ဘောဒီယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အစိုးရများသည် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို ရပ်တန့်လိုက်ကြောင်း သတင်းများကိုလည်း သမ္မတကြီးတို့ ကြားသိပြီးဖြစ်ကြောင်း ယုံကြည်မိပါသည်။ အင်ဒိုနီးရှားဘာသာစကားသည် မလေးဘာသာစကားနှင့် လွန်စွာတူညီပါသည်။ မလေးရှားနိုင်ငံသို့ စရောက်စအင်ဒိုနီးရှားနိုင်ငံသားတိုင်းသည် မလေးဘာသာစကားကို ကျင်လည်စွာ ပြောဆိုနိုင်ကြပါသည်။ ထို့ကဲ့သို့သော အင်ဒိုနီရှားနိုင်ငံမျိုးကပင်လျှင် မလေးရှားနိုင်ငံသို့ အိမ်ဖော်စေလွှတ်ခြင်းကို မည်ကဲ့သို့သော အကြောင်းရင်းများကြောင့် ရပ်တန့်ပစ်ခဲ့ရသည်ကို နိုင်ငံတော် သမ္မတကြီးတို့မှ ပညာရှိပီသစွာ မိမိနိုင်ငံသားတို့၏ အကျိုးကိုလိုလားစွာ သုံးသပ်ဆန်းစစ်စေလိုပါသည်ခင်ဗျား…….။

မလေးရှားအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေများကို ၁၉၅၅-ခုနှစ် မလေးရှားအက်ဥပဒေအတွင်း ထည့်သွင်းရေးဆွဲခဲ့ခြင်းမရှိပါ။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံသားအလုပ်သမားများနည်းတူ အကျိုးခံစားခွင့်ရှိကြောင်း သိရှိရပါသည်။ မလေးရှားအလုပ်ရှင်သူဌေးများသည် ရွေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားများနည်းတူ အကျိုးခံစားခွင့်ပေးရန် မဆိုထားဘိ၊ နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို အရင်းရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက်ရှိကြသောကြောင့် အထက်ဖော်ပြပါ အလုပ်ရှင် အလုပ်သမားပြဿနာများသည် အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိပါသည်။ မလေးရှားအစိုးရအနေနှင့်လည်း အလုပ်လုပ်ခွင့်ပါမစ်ကြေးကိုသာ နှစ်စဉ်မပြတ်တောင်းယူလျက်ရှိပြီး ထိုထိုသော ပြဿနာများကို လျစ်လျူထားကြသည်။ ရွေ့ပြောင်းအလုပ်သမားများမှ မခံနိုင်၍ နီးစပ်ရာ NGOs များမှတဆင့် အစိုးရဌာနများသို့ တိုင်တန်းသောအခါတွင်လည်း နိုင်ငံသားအလုပ်ရှင်သူဌေးများဘက်မှသာ ဘက်လိုက်ဆုံးဖြတ်ပေးလေ့ရှိပြီး အလုပ်သမားများမှာ နစ်နာကြစမြဲသာ ဖြစ်သည်။ သို့ဖြစ်၍ ယခု မလေးရှားသို့ အိမ်ဖော်တင်ပို့ရေးလုပ်ငန်းတွင်လည်း အမျိုးသမီးငယ်များ၏ ဘ၀လုံခြုံမှုနှင့် အထွေထွေပြဿနာများအတွက် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ တာဝန်ယူနိုင်မှုအပေါ် သမ္မတကြီးတို့မှ အလေးထားစဉ်းစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား…………။

လေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား….

နိဂုံးချုပ်အနေဖြင့် မေတ္တာရပ်ခံပြောကြားလိုသည်မှာ ကိုယ်ချင်းစာတရားနှင့် ပတ်သက်ပါသည်ခင်ဗျား……။ သမ္မတကြီးနှင့်တကွ အစိုးရ၀န်ကြီးများ၏ အသက်အရွယ်သည် သမီးများ၊ မြေးမကလေးများနှင့် ပျော်ရွှင်ချမ်းသာစွာ နေနေကြသည့်အရွယ်များ ဖြစ်ပါသည်။ ထိုကဲ့သို့ ပျော်ရွှင်စွာနေနေကြမည့် သမီးများ၊ မြေးမကလေးများအား မိမိတို့ရင်ခွင်တွင်းမှနေ၍ တခြားနေရာဒေသသို့ အငှားကျွန်အဖြစ် အပို့ခံရမည်ဆိုပါလျှင် နာကျင်ကြေကွဲရမည်ဖြစ်သော သမ္မတကြီးတို့၏ ခံစားချက်များကို စဉ်းစားတွေးတောပြီး မိမိနိုင်ငံတွင်းမှ အမျိုးကောင်းသမီးငယ်များကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ်စေလွှတ်ရန် စီစဉ်နေမှုများကို ရပ်တန့်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား……………..။

မောင်ပါလ
(ပြည်ပရောက် မြန်မာလူမျိုးတဦး)
၁၂.၄.၂၀၁၂
Unknown at 9:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေးကောက်ပွဲအကြိုကာလ ညောင်ကုန်းဓါးထိုးမှု ရုံးတင်

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် ပြီးခဲ့သည် ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်က ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သော ညောင်ကုန်းဓါးထိုးမှုကို ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်း မုံရွာမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
"ဓါးနဲ့ထိုးသူလို့ စွပ်စွဲခံတဲ့လူတွေကို ဘယ်မှာ ထိန်းသိမ်းထားမှန်းမသိဘူး အခုမှရုံးတင်တာ”ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင် ဦးမင်းသန့် ပိုင်ဆိုင်သည့် ဗီဒီယိုရုံတွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖိုတိုရှော့နှင့် ဖန်တီး ထားသော ညစ်ညမ်းပုံများ ပြနေရာ NLD ပါတီဝင်တစ်ဦးက MP 4 ဖြင့် သက်သေထူရန် ရိုက်ကူးနေသည်ကို ဦးမင်းသန့်က တွေ့ရှိပြီး MP4 ကို လုယက် ရာမှ ရန်ဖြစ်ကြကြောင်း ဝိုင်းဝန်းဖြန်ဖြေသဖြင့် လူစုကွဲသွားကြောင်း ညောင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။
ဗီဒီယိုရုံပြင်ပရောက်ပြီးမှ ဦးမင်းသန့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာနှင့် သေဆုံးသွားသဖြင့် ဦးဖိုးကျော် (မဲရုံမှူး)နှင့် ရန်မျိုးဆိုသူတို့အား ဖမ်းထား ကြောင်း ၎င်းတို့ ဓါးနှင့်ထိုးသည့် တွေ့မြင်သူ မျက်မြင်သက်သေမရှိကြောင်း မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်းမသိဘဲ ယခုတစ်လနီးပါကြာမှ ရုံး ထုတ်ခြင်းသည် ရိုးသားမှုမရှိကြောင်း ညောင်ကုန်းရွာသားတစ်ဦးက သုံးသပ်ပြောဆိုသည်။
MP( yangonchronicle
Unknown at 9:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.