Saturday, April 7, 2012

ဗကပ ကိုပြန်အသက်သွင်းတဲ့ NLD ရှော့(Shock)ရှိတယ်နော်

ဗကပခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် သခင် အောင်ဆန်း၊ သခင် ဗဟိန်း၊ ရဲဘော်ဘတင်၊ သခင်စိုး၊ သခင် လှဖေ၊ ရဲဘော်ထွန်းမောင်နှင့် သခင်ဗိုလ်တို့ လျှို့ဝှက်စွာ စတင်ဖွဲ့စည်းခဲ့ပါသည်။ ပါတီဝင်အများအပြားသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်သည့် တပ်မတော် ထူထောင်ရာတွင် အများအပြားပါဝင်ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ဥပဒေတွင်းပါတီအဖြစ် ရပ်တည်ခဲ့သည်။ ပါတီသက်တမ်း တစ်လျှောက်တွင် ၄င်းခုနှစ်သာ ဥပဒေ ဘောင်အတွင်းရပ်တည်ခဲ့သည်။

၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပါတီကွန်ဂရက်တွင် အတွင်းရေးမှူး သခင်သိန်းဖေ က ဘရောက်ဒါ ၀ါဒကို တင်သွင်းသည့် အပြင် သခင်စိုမှ အလံနီ ကွန်မြူနစ်ပါတီ(သို့မဟုတ်) ကွန်မြူနစ်ပါတီ (ဗကပြည်) ကို ခွဲထွက် ထူထောင်ခဲ့သည်။ ပါတီဝင်အများစုမှာ သခင်သန်းထွန်း ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ ( အလံဖြူ)တွင် ဖဆပလနှင့် လက်တွဲခဲ့သည်။ နောက်ပိုင်းတွင် ဆိုရှယ်လစ်ပါတီနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့သည် ဖဆပလ အတွင်း သဘောထားကွဲပြားလာကြရာတွင် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ နောက်ခံထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂကွန်ယက်က စတင်သပိတ်မှောက်ခဲ့သည့်အပြင် ဗမာပြည်ကွန်မြူနစ် ခေါင်းဆောင်များ ကို မတ်လ(၂၈) ရက်နေ့တွင် ကွန်မြူနစ်ရုံးချုပ်တွင် ၀င်ရောက်ဖမ်းရာ ခေါင်းဆောင်များမှာ ထွက်ပြေး သွားခဲ့သည်။ ထို့ကြောင့် ကွန်မြူနစ်များသည် ၁၉၅၃ ခုနှစ်တွင် မြေအောက်ပါတီဟု တရားဝင် ကြေငြာကာ လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။
သခင် သန်းထွန်း

၁၉၅၆ ခုနှစ်တွင် ကွန်မြူနစ်များမှ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုကို တည်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သော်လည်း ၃၅% သာနိုင်၍ အနည်းငယ်သာ နေရာရရှိခဲ့သည်။ ကွန်မြူနစ်ပါတီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ၁၉၅၅ ခုနှစ်များတွင် ဗမာပြည် ကွန်မြူနစ်ကိုယ်စား အစိုးရ နှင့် စကား ပြောရန် အခွင့်အရေး ရခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ပါတီဥက္ကဌ သခင်သန်းထွန်းမှ တရုတ်ပြည်လမ်းစဉ်ကို လိုက်ကာ ဖောက်ပြန်ရေး သမားများအားဖြုတ်ချရန် ဟူသော ရည်ရွယ်ချက်ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးတစ်ခုကို ဖန်တီးခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေးအား အများစုက ဖြုတ်၊ထုတ်၊သတ် လမ်းစဉ်ဟု ခေါ်သည်။ ၁၉၆၇ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဂိုရှယ် (ခေါ်) ရဲဘော်ဘတင်နှင့် သခင်ဌေးအား ပေါလစ်ဗျူရိုမှ ထုတ်ပယ်ကာ ဂိုရှယ်ကို ဇွန်လ ၁၈ ရက်နေ့တွင် သေဒဏ်ပေးခဲ့ပြီး ရဲဘော်ဌေးအား သူ၏သားကိုယ်တိုင် ပြန်၍ သတ်စေခဲ့ပါသည်။ ပါတီအတွင်း သေဒဏ်ပေးရာတွင် တပ်နီလူငယ်များကို ဦးဆောင်သော ဗိုလ်ထွန်းငြိမ်းမှာလည်း ပါတီစင်ပြိုင် ထူထောင်မှုဖြင့် အသတ်ခံခဲ့ရပါသည်။ သခင်သန်းထွန်းမှာလည်း ၁၉၆၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် သူ့ကိုယ်ရံတော်တစ်ဦး၏ လုပ်ကြံမှုကို ခံခဲ့ရပါသည်။

၁၉၇၆ ခုနှစ် ဇူလိုင်လတွင် ဗမာပြည် ကွန်မြူနစ်ပါတီ သို့ တပ်မတော်မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇောမှ လာရောက် ပူးပေါင်းခဲ့ပြီး တပ်မတော်အား ဝေဖန်အပုပ်ချ တိုက်ခိုက်ခဲ့ပါသည်။ ၁၉၇၀ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီသည် အစပိုင်းတွင် တရုတ်ပြည်၏ အထောက်အပံ့ကို ရရှိခဲ့ပြီး ဗကပ မှ ဘိန်းပင် ဖျက်ဆီးရေးကို စီမံကိန်းများချမှတ်ပြီး ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘိန်းပင်မှ အမြတ် ၂၀% ကောက်ခံပြီး ပါတီကို ကျားကန်ထားခဲ့သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော

၁၉၈၈ခုနှစ် အရေးအခင်းတွင်လည်း ဗိုလ်မှူးချုပ်ကျော်ဇော၏ သားမက် ရဲဘော်သက်ခိုင် ခေါင်းဆောင်သော အဖွဲ့များသည် လူထုအတွင်း လျှို့ဝှက်စွာ လှုပ်ရှားပြီး လူထု ဆူပူအုံကြွမှု ဖြစ်အောင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဗကပ ၏ သွေးထိုး လှုံ့ဆော်မှုကြောင့် ဖြစ်ပွားခဲ့သော ၁၉၈၈ ခုနှစ် အရေး အခင်းသည် မြန်မာနိုင်ငံအတွက် များစွာ နစ်နာဆုံးရှုံးခဲ့ပါသည်။ ၁၉၈၉ခုနှစ်တွင် ဗကပ မှ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ် ထူထောင်ရန် ပါတီစုံ ရွေးကောက်ပွဲကို ကြွေးကြော်လာခဲ့သည်။ သို့သော်လည်းဒီမိုကရေစီ ၀ါဒကို လက်ခံထားသော ဒေါ်အောင်ဆန်းစုကြည်မှ ကွန်မြူနစ် ၀ါဒီများနှင့် လက်တွဲရန် အခက်အခဲ ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ပါတီတွင်းဝါဒ ကွဲပြားမှုများကြောင့် ပါတီဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့သဖြင့် ခေါင်းဆောင်များမှာ ကိုယ်လွတ်ရုန်းပြီး တရုတ်နိုင်ငံအတွင်း ခိုလှုံ သွားခဲ့ပါသည်။

၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော NLD ပါတီကို ထူထောင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗကပ မှ NLD နှင့်လက်တွဲပြီး နိုင်ငံရေးဆောင်ရွက် လိုကြောင်း ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ကွန်မြူနစ်လမ်းစဉ်နှင့် ဒီမိုကရေစီလမ်းစဉ် အခက်အခဲ ရှိသည်ဟု ပြောကြားကာ ငြင်းပယ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်

ကွန်မြူနစ်ပါတီသည် မက်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်များကို ပါတီ၏ လမ်းညွှန် သဘောတရား အခြေခံအဖြစ် ကျင့်သုံးခဲ့သည်။ လက်ရှိတွင် ပစ္စည်းမဲ့ နိုင်ငံတကာ ၀ါဒကို လက်ခံ၍ ပါတီ၏ တော်လှန်သော ပြည်ချစ်ဝါဒကို ကျင့်သုံးလျက်ရှိသည်။ သမိုင်းကြောင်းကို ပြန်ကြည့်ပါက လက်နက်ကိုင် တိုက်ပွဲကို ရွေးချယ်စရာ အမြဲတမ်းထားရှိခဲ့သော ပါတီဖြစ်သည်။

ဒီမိုကရေစီ စနစ်သည် ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်၏ နောက်ဆုံး ရည်မှန်းချက်မှာ နိုင်ငံတကာ အာဏာသည် အရွယ်ရောက်ပြီးသော ပြည်သူ တစ်ရပ်လုံး၏ လက်ဝယ်အတွင်းသာ ရှိသည်။ ဒီမိုကရေစီစနစ်သည် ၄င်းဝေါဟာရနှင့် တွဲဘက်ပြီး ၀ိသေသပြုသည့် စကားလုံးနှင့် ပူးတွဲမှသာ ပိုမို အသုံးဝင်သော အဓိပါယ်ထွက်သည်။ လစ်ဘရယ် ဒီမိုကရေစီ (Liberal Democrazy )၊ ကိုယ်စားပြု ဒီမိုကရေစီ (Representative Democrazy) ၊ တိုက်ရိုက် ဒီမိုကရေစီ (Direct Democrazy) နှင့် သွယ်ဝိုက် ဒီမိုကရေစီ ဟူ၍ အမျိုးမျိုးရှိသည်။

ယခုခေတ်တွင်မူ လူဦးရေ များပြားလာသဖြင့် ပြည်သူများက ရွေးချယ် တင်မြှောက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးများကို ဆောင်ရွက် သွားကြမည့် သွယ်ဝိုက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးကျပါသည်။ ဒီမိုကရေစီစနစ်အရ အစိုးရဟူသည် ပြည်သူအများက ရွေးချယ် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝ စီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့်ရွေးချယ်ခံရသည့် အမွေဖြစ်သည်။

ကွန်မြူနစ်စနစ်မှာတော့ လက်တဆုပ်စာ အုပ်ချုပ်သူ လူတမ်းစား အတွင်း၌ ထင်ထင်ရှားရှား အာဏာအပြည့်အ၀ ရှိသော စနစ်တစ်ခုဖြစ်သည်။ ဒီမိုကရေစီစနစ် နှင့် ကွန်မြူနစ်စနစ်တို့သည် အယူ ၀ါဒဖြင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သည်။ ပြည်သူကတင်မြှောက်သော စနစ်နှင့် အာဏာရှင်များက ချမှတ်ပေးသော စနစ်များမှာ များစွာကွဲပြားခြားနားသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲ ကာလအပြီး NLD ပါတီလွှတ်တော်ထဲ ရောက်ရှိလာသောအခါ ဗကပ ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာပါသည်။ တရုတ်-မြန်မာနယ်စပ်ရှိ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နှင့် သမီးဖြစ်သူ ဒေါ်လှကျော်ဇော် တို့သည် NLD ပါတီမှ ဦးဝင်းတင်နှင့် ဆက်သွယ်ကာ မြန်မာနိုင်ငံအတွင်း ပြန်လည်ခိုလှုံခွင့်ရရှိစေရန် ကြိုးပမ်းနေကြသည်။ ဗကပ ထိပ်တန်းခေါင်းဆောင်ကြီး သခင် သန်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်၏ အဒေါ်အရင်းဖြစ်ပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးခဲ့တာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ကျော်ဇော နဲ့ သူ့သမီးကို ပြည်ဝင်ခွင့် ရအောင် လုပ်ဆောင်ပေးနေတာဟာ အစွန်းရောက်ဝါဒကို လက်ကိုင်ထားတဲ့ ကွန်မြူနစ်စနစ်ကို ပြန်လည် အသက်သွင်းမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တရားဝင်ဖွဲ့စည်းခွင့်ရအောင် NLD ကကူညီပေးနေတာ ဖြစ်ပါ တယ်။

ယခုအချိန် ကွန်မြူနစ် စနစ် မြန်မာနိုင်ငံရေးလော က ထဲ ပြန်သွင်းမယ် ဆိုရင် နိုင်ငံရေး မတည် မငြိမ်မှု တွေဖြစ်ပေါ် လာပြီး ပြည်သူများ ၏ လျှောက်လှမ်းနေသော ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆူးညောင့် ခလုတ်တွေ ပေါ်ပေါက် လာပါလိမ့် မယ်။ ပြည်သူ အတွေရဲ့ အေးချမ်း သာယာမှုတွေ ပျက်စီးပြီး နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးအကြပ်အတည်းတွေ့ကြုံတွေ့ရနိုင်ပါတယ်။ NLD အဖွဲ့အနေဖြင့် လွှတ်တော်အတွင်းမှာ နိုင်ငံရေးလုပ် ငန်းစဉ်ဆောင် ရွက်ဖို့အတွက် လွှတ်တော်ပြင်ပမှာ ကွန်မြူနစ် ပါတီ ထူထောင်ပြီး ကျောထောက်နောက်ခံရအောင် ဆောင်ရွက်ဖို့လား??? NLD ပါတီအနေနဲ့ ကွန်မြူ နစ်ပါတီကို ပြန်လည် ဖွဲ့စည်းပြီး အာဏာတည်မြဲရေးနဲ့ အင်အားတောင့် တင်းရေးအတွက် ဆောင်ရွက်ခဲ့မယ်ဆိုရင် ဒီမိုကရေစီနစ်နဲ့ ကွန်မြူစနစ် ဘယ်လိုမှပေါင်းစပ်လို့မရတဲ့အတွက် ခေတ်စကားနဲ့ ပြောရရင် ပြည်သူတွေ အတွက် ရှော့ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပဲ ရှော့ ဖြစ်သွား ပါလိမ့်မယ်… NLD ရေ ရှော့ ရှိတယ်နော်…..

Myanmar Express
Unknown at 11:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြို့တော်စည်ပင်မှ သင်္ကြန်မဏ္ဍပ်များအား ရေပေးဝေမည့် အချိန်စာရင်း ထုတ်ပြန်




သင်္ကြန်ရေကစားမဏ္ဍပ်များသို့ ရေပေးဝေမှု အချိန်သတ်မှတ်ချက်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းမှု အင်ဂျင်နီယာဌာနမှ မတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ သင်္ကြန်အကျနေ့မှ အတက်နေ့များတွင် တာမွေ၊ မင်္ဂလာတောင်ညွှန်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များနှင့် ရန်ကုန်ဆေးရုံးကြီးတို့တွင် ၂၄ နာရီ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်မြို့များအား အချိန်သတ်မှတ်၍ ခွဲဝေပေးမည်ဖြစ်ပြီး ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ပေးဝေသွားမည်ဖြစ်ကာ ညနေ ၃ နာရီမှ ၆ နာရီထိ တစ်ကြိမ် သတ်မှတ်၍ တစ်နေ့နှစ်ကြိမ် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အလုံကြည့်မြင်တိုင်နှင့် စမ်ချောင်း မြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၀ နာရီထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလပ၊ သင်္ဃန်ကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း) မြို့နယ်များတွင် မူလရေပေးဝေချိန်အတိုင်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ရေပေးဝေချိန်အတွင်း ရေပိုက်များပြင်ဆင်ရန် လိုအပ်ပါက ၂၄၉၆၅၅၊ ၂၄၃၅၅၀၊ ၃၈၂၉၈၉၊ ၃၈၂၉၉၀ သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်းသိရှိရသည်။
Unknown at 10:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက်မျက်မှန် Google မိတ်ဆက်

ဓါတ်ပုံ (AP)
အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Google က မကြာခင် အနာဂတ်မှာ တွေ့မြင်လာရမယ့် တီထွင် ဖန်တီးမှုတခုအဖြစ် Project Glass လို့ အမည်ပေးထားတဲ့ မျက်မှန် နည်းပညာအသစ်တခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အသုံးပြုသူအနေနဲ့ အင်တာနက်နဲ့ ဆက်သွယ်ထားတဲ့ ခေတ်လွန်ပုံစံ မျက်မှန်သစ် တမျိုးကို နယူးယောက်မြို့မှာ ဒီတပတ်ထဲ ထုတ်ပြလိုက်တာပါ။
မျက်မှန်တပ်ထားသူဟာ လမ်းလျှောက်ရင်း အင်တာနက်ပေါ်မှာ Chatting စကားပြောလို့ ရမှာဖြစ်သလို မြေပုံလမ်းညွှန်တွေ၊ ကိုယ် သွားမယ့် မြေအောက်ရထားဘူတာ ပိတ်ထားသလား ဆိုတာကိုတောင် သိနိုင်မှာဖြစ်ပါတယ်။ မျက်မှန်နဲ့ ဓာတ်ပုံရိုက်ယူလို့ ရသလို အနီးအနားမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရှိနေသလား ဆိုတာကိုလည်း ရှာဖွေပေးမှာပါ။
ကော်ဖီသောက်ချင်တယ်ဆိုရင်လည်း အနီးဆုံးဘယ်နေရာမှာရှိမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း မျက်မှန်သစ်ဟာ လတ်တလော စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပြီး ဆိုင်တွေမှာ ၀ယ်လို့တော့ မရသေးဘူးလို့ Google ကပြောပါတယ်။ ဒီမျက်မှန်ကို တခြား ဘယ်နေရာတွေမှာ သုံးလို့ ရဦးမလဲဆိုတာ လူတွေရဲ့ အကြံပေးချက်တွေကို လိုချင်တယ်လို့လည်း ပြောပါတယ်။
ဒီလိုပဲ လူတဦးချင်း လွတ်လပ်ခွင့် ထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိမရှိ၊ နည်းပညာကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ ပါဝါမျက်မှန် တပ်ဆင်ရသူတွေအတွက် မျက်မှန်သစ်ကို ဘယ်လိုသုံးလို့ ရနိုင်မလဲဆိုတာတွေကိုလည်း စဉ်းစားမယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။

 VOA
Unknown at 10:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ဆုံ စီမံကိန်း ဆက်လက်လုံးဝ လုပ်ဆောင်ခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား




 ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေး တပ်ဖွဲ့ တစ်ချို့သာကျန်ရှိတော့ပြီး စက်ယန္တရား ပစ္စည်းများ ကိုလည်း ရွှေ့ထုတ်ခြင်း၊ ပြန်သယ်ခြင်းများပြုလုပ်သွားရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိပါကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း မှ ပြောကြားခဲ့ပါသည်။

အဆိုပါအချက်ကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel တွင် ပြုလုပ်ခဲ့သော ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်းလင်းပွဲတွင် Sky Net ရုပ်သံမှ မေးမြန်းမှုကို ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် Sky Net ရုပ်သံမှ ဒေါက်တာ တင်အောင်ရွှေ မြစ်ဆုံစီမံကိန်းအား သမ္မတကြီးမှ ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည် ဟု ကြေညာ ထားသော်လည်း ပြည်လည်လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေခြင်းနှင့် ပတ်သက်၍ တကယ်ဟုတ်၊ မဟုတ် ပြောကြားပေး ပါရန် မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ

" မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာ ပို့ပြီးတော့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ လွှတ်တော်မှာ အတည်ပြုကြေညာထားတဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တို့က ဆုံးဖြတ်ထားတဲ့ ကိစ္စ၊ အတည်ပြုထားတဲ့ ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာ ဘာမှ မရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝ ရပ်ဆိုင်း ထားပါတယ်။

သို့သော်လည်း စီမံကိန်းက စတင်လုပ်ဆောင်တဲ့အချိန်က သုံးလေးနှစ်လောက်ရှိခဲ့တဲ့ အခါကျတော့ သုံးခဲ့တဲ့ စက်ယန္တရားတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေ၊ အချို့သော တည်ဆောက်ရေး ပစ္စည်းတွေ၊ ဥပမာအားဖြင့် သံချောင်းလိုဟာမျိုးတွေပေါ့။ နောက် စမ်းသပ်စစ်ဆေးရတဲ့ Laboratory ပစ္စည်း၊ ပစ္စယမျိုးတွေ စသဖြင့် ချက်ချင်းရွှေ့ထုတ်လို့ မရတဲ့ ပစ္စည်းတွေ ကျန်ပါတယ်။

အဲဒါတွေကို မပျောက်ပျက်အောင် စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့အချို့တော့ ကျန်ပါတယ်။ စက်ယန္တရား ပစ္စည်းတွေကိုလည်း ရွှေ့ထုတ်ဖို့၊ ပြန်သယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း တင်ပြအပ်ပါတယ်" ဟု ပြန်လည်ဖြေကြားသွားခဲ့ပါသည်။
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန် သံချပ် ကိစ္စအပေါ် အစိုးရသူ အချင်းချင်း သဘောကွဲလွဲတာ အန္တရာယ်ကြီးတခု

သင်္ကြန် သံချပ် ကိစ္စအပေါ် အစိုးရသူ အချင်းချင်း သဘောကွဲလွဲတာ အန္တရာယ်ကြီးတခု
“သင်္ကြန်မှာ သံချပ်မတိုင်ရ”လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပိတ်ပင်လိုက်တာဟာ အကြီးအကျယ် လွဲမှားနေပြီး ရှေ့အနာဂတ် တိုင်းပြည်အရေးတွေအတွက် စိုးရိမ်စရာကောင်းနေတဲ့ ကိစ္စပါ။
ပြည်နယ် (သို့) တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို သီးသန့် ဖော်ပြထားတာ ရှိတဲ့အပြင် အဲဒီက ကင်းလွတ်နေတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားခြင်း မရှိမှသာ သက်ဆိုင်ရာ ပြည်နယ် (သို့) တိုင်းဒေသကြီးရဲ့ “ဥပဒေ ပြဌာန်းချက်” အရသာ ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ အမိန့်၊ ကြေညာစာ၊ လမ်းညွှန်ချက်နဲ့ မလုံလောက်ပါဘူး။

အမျိုးသားလွှတ်တော်က ပြောဆိုပြီး နိုင်ငံပိုင် သတင်းစာတွေမှာ အတိအလင်း ဖော်ပြထားတဲ့ကိစ္စကို ရန်ကုန်တိုင်း ဒေသကြီးက ကြားဝင်စွက်ဖက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ်ချက်အပိုဒ် (၁၈) ဆိုတာ အာဏာသက်ရောက်ဖို့ မဖြစ်နိုင်ပါဘူး။
ပြည်ထောင်စုလွှတ်တော်တခုအပေါ် ပြည်နယ် (သို့) တိုင်းဒေသကြီးတခုရဲ့ အစိုးရတရပ်က သြဇာညောင်း လွှမ်းမိုးနေတဲ့အဖြစ်ကို လက်ခံလိုက်ရင် အစရှိ အနောင်နောင် ဆိုသလို အနာဂတ်မြန်မာနိုင်ငံရဲ့အရေးဟာ အလွန်ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာရပါလိမ့်မယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား မလိုက်နာရာ ရောက်သွားဖို့ အစပြုပေးသလို ဖြစ်သွားနိုင်ပါတယ်။
ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလိုက်လို့ မဖြစ်ပါဘူး။ အခြား ပြည်နယ် (သို့) တိုင်းဒေသကြီးတွေကလည်း ကြိုတင် မမှန်းဆနိုင်သေးတဲ့ အခြားကိစ္စတွေမှာ အလားတူ လုပ်ဆောင်လာဖို့ မီးစိမ်းပြသလို ဖြစ်စေပါတယ်။
(၁) အမျိုးသားလွှတ်တော်အနေနဲ့ မိမိပြောဆိုထားပြီးကိစ္စမှာ အခိုင်အမာ ပြတ်ပြတ်သားသား ရပ်တည်စေချင်ပါတယ်။
(၂) လိုအပ်မယ် ဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာခုံရုံးကို တင်ပြပြီး ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူစေချင်ပါတယ်။ (သို့) အရေးပေါ် ပြည်ထောင်စုလွှတ်တော် (လွှတ်တော် ၂ ရပ်ပေါင်း) ကို ခေါ်ယူပြီး မဲခွဲဆုံးဖြတ် အတည်ပြုပေးစေချင်ပါတယ်။
လွင်အောင်စိုး
ဧပြီ ၇ ရက် ၂ဝ၁၂ ခုနှစ်
Unknown at 10:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖိုးလပြည့် စောင့်နေရလို့ လေယာဉ်ထွက်ချိန်နောက်ကျ



နေပြည်တော်ရောက်တော့ ဖိုးလပြည့်ကို လေတပ်အရာရှိက လာကြိုစဉ်

ဧပြီလ-၆၊ ၂၀၁၂- မနက် ၇နာရီထွက်မယ့် ရန်ကုန်-နေပြည်တော် မြန်မာ့
လေကြောင်းလိုင်း အတွက် ခရီးသည် ၈၀ကျော်မှာ သာမာန်ပြည်သူတွေ
အပြင် အစိုးရ အရာရှိကြီးများ၊ ကိုရီးယား NGO အရာရှိများ နှင့် သံအမတ်
တဦးပါဝင်ပါတယ်။

ကွင်းချိန်း မနက်၅နာရီတည်းက ရောက်ရှိနေကြပြီး လေယာဉ်ပေါ်ကို မနက် ၆နာရီကျော်တည်းက ရောက်နေကြပါတယ်။ ဒါပေမယ့် လေယာဉ်ထွက်ချိန်
ကျော်ပြီး ၇း၃၀ ထိမထွက်တာကြောင့် ခရီးသည်တွေမှာ လေယာဉ်ထဲမှာ
ချွေးတရွှဲရွှဲနဲ ဒုက္ခရောက်ကြရပြီး နောက်ဆုံး လေယာဉ်ဝန်ထမ်းတွေနဲ့ စကားများပြီး လေယာဉ်ပေါ်ကဆင်းကာ ကွင်းထဲဆင်းနေကြပါတယ်။

ကြာလာတော့ ခရီးသည်တွေကို ထွက်ခွာအဆောက်အအုံထဲ ကားနဲ့ပြန်ခေါ်
လာရပါတယ်။ ခရီးသည်တွေကို အရေးကြီးသံတမန်တဦး ကိုစောင့်နေတာ
ကြောင့် ပါလို့ပြောပါတယ်။ ၈း၃၀လောက်မှာ လေယာဉ်ပေါ်ပြန်တက်ခွင့်ရခဲ့
ပါတယ်။

ခရီးသည်တွေ လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာ ဗိုလ်ချုပ်သန်းရွှေရဲ့မြေး ဖိုးလပြည့်တက်လာပါတယ်။

သူတက်လာပြီးမကြာခင်မှာ လေယာဉ်ထွက်ခွာပါတယ်။ လေယာဉ်ဝန်ထမ်း
ပြောတဲ့ သံတမန်ကတော့ ခရီးသည်တွေနဲ့အတူ ရှိနေခဲ့ပြီး သူ့ကို ရာသီဥတု မကောင်းလို့ပါလို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

ဖိုးလပြည့်က ရှေ့ဆုံးထိုင်ခုံမှာထိုင်လိုက်ချိန်မှာတော့ အနောက်ဘက်က လူငယ်
တဖွဲ့ "ဟေး" အော်လိုက်ကြကြောင်း သိရပါတယ်။ နေပြည်တော်ရောက်တော့ ဖိုးလပြည့်ကို လေတပ်အရာရှိက လာကြိုတာ ဓါတ်ပုံမှာ တွေ့ရတဲ့ အတိုင်းပါဘဲ။

မေးခွန်း- လက်ရှိ ဒီမိုကရေစီအစိုးရကို သင်ဘယ်လိုမြင်ပါလဲ??
 

By: အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)
Unknown at 10:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ




မြန်မာမိန်းကလေးတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
ဒါဟာ အခုပြဿနာလုပ်နေရတယ်။



ဘာဖြစ်လို့လဲဆိုတော့
ဒီခေတ်တက်လူမိန်းကလေးတွေက ခါးမှာ ထဘီမဟုတ်ဘဲနဲ့ စကတ်တို့၊ ဘောင်းဘီတို့
ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီမဟုတ်ဘဲနဲ့ ထဘီယောင်ဆောင်လာတဲ့
အဝတ်တစ်မျိုးပါ။ သူက ခါးပေါ်မှာတော့ ဝတ်တယ်။ ဒါပေမယ့် ထဘီလို
လုံလုံခြုံခြုံ ချီထား ဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။
ပေါင်ရင်းလောက်တိုတဲ့ စကတ်ရှိတယ်။ ဒူးအောက်ရောက်တဲ့စကတ်ရှိတယ်။ စကတ်ကို
ပေါင်ရင်းအထိ ခွဲထားတဲ့ စကတ်ရှိတယ်။ တချို့
နောက်တည့်တည့်ကခွဲတဲ့စကတ်တောင် ရှိသေးတယ်။ အခု မြန်မာမလေးတွေဝတ်တဲ့ စကတ်က
ပေါင်လောက်ထိတိုတဲ့ စကတ်မျိုးတွေတောင် ရှိနေပြီ။ ဝတ်ရတဲ့လူတွေက
ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ၊ နောက်ခွဲနဲ့ စကတ်ရှည်ရှည်တွေကတော့
မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာ မြင်နေရပါပြီ။



 



 အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွှန့်အထက် ဘာမှ မရှိဘူး။
အမေတို့ ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့လူထဲ မထွက်ရဲကြပါဘူး။
ခုတော့ ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတစ်ခြမ်းလောက်
ကြိုးလေးတွေသာ ပခုံးမှာ ချိပ်လို့။ လူမြင်ကွင်းမှာ သွားနေလာနေကြတာ
မသင့်လျော်လွန်းပါဘူး။ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက အရှက်ကို အသက်နဲ့လဲမယ်
ဆိုပြီး အမေတို့ မြန်မာမိန်းမတွေ ကြွေးကြော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို
အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားတွေပါ။ ဒါကြောင့် သမီးလေးတို့ကရော
အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။

 





နောက်တစ်ခုက အခုခေတ် မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့
ဘောင်းဘီမျိုးကိုတော့ အမေ အတော် အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။
အပေါ်အင်္ကျီ တိုနံ့နံ့နဲ့ မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ
ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတောင်
တွေ့နေကြရပြီဆိုပဲ။ အမေတို့ မြန်မာ့ဓလေ့ထုံးစံက မိန်းကလေးဝတ်တဲ့
အဝတ်အစားဟာ လျှပ်ပေါ်တယ် လော်လီတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ အခုတော့
တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကို ရွေးဝတ်နေကြတယ်။ အမေတို့
မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့ အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်
ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ၊ ခေတ်ဆန်တာလို့ ထင်နေသလား။

အဲဒီနေရာမှာ တို့မြန်မာနဲ့ တခြားလူမျိုးက ပြောင်းပြန်ပါ။
တခြားက မိန်းကလေးတွေက ဘာနဲ့မဆို ဆွဲဆောင်နိုင်တယ်လို့ ခံယူတယ်။
တို့မြန်မာက အဲဒီလို မဟုတ်ဘူး။ မြန်မာမတွေက ကိုယ့်မှာ ရှိတဲ့
အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။

ခုခေတ် တချို့မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို
ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့ တစ်သက်လုံး လက်ခံလာတာက ချက် ဆိုတာ
မိန်းမတစ်ယောက်ရဲ့ဖော်အပ်လှစ်အပ်တဲ့ အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ
ဖုံးကွယ်ထားရမယ့်အရာမျိုး။ အခုခေတ် တချို့မိန်းကလေးတွေက ဒီချက်ကြီးကို
ဖော်ရုံလှစ်ရုံမက ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။
သူတို့ အဖေတွေကလည်း ဒါကို ကြည့်နေကြသတဲ့။ အဲဒီတော့ ခေတ်ကြီးကိုပဲ
အပြစ်တင်ရမလား။ လူတွေ ကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား။ အမေ
အသက်ရှည်နေသေးတာကိုပဲ အပြစ်တင်ရမလား။ မပြောတတ်တော့ဘူး။


Myanmar Express
Unknown at 10:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူထုအကျိုးပြုလုပ်ငန်း အမြန်စတင်မည် NLD ကြေညာချက်ထုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် လူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ပြန်လည်ပြုပြင်ရေးမှာ ဒီမိုကရေစီမူတွေနဲ့အညီ အမြန်ဆုံး စတင်ဆောင်ရွက်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

RFA
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် မဲအရေအတွက် ကြေညာချက်ကို စောင့်မျှော်နေကြသော ပရိသတ်ကို တွေ့ရစဉ်။
ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး သိန်းတရာ မ-တည်ပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ်မှာ စတင်မှာ ဖြစ်ပေမယ့် တပြည်လုံးမှာ လုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။ NLD အနေနဲ့အရင်က ပြောဆိုထားတဲ့အတိုင်း ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကြေညာချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ ပြည်သူလူထု အပါအဝင်၊ နိုင်ငံတော်သမ္မတ၊ ပါတီတွေနဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာသမားတွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း NLD က ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ကြားဖြတ်ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်တွေကို ပြန်လှန် သုံးသပ်သလို၊ နောင်လာမယ့် ရွေးကောက်ပွဲတွေ အတွက် ပြုပြင်စရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ မိတ္ထီလာ မဲဆန္ဒနယ်က NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။ အခု အနိုင်ရလိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလကုန်ပိုင်းလောက်မှာ လွှတ်တော်အစည်းဝေးတွေ စတင် တက်ရောက် နိုင်တော့မယ်လို့လည်း သိရပါတယ်။

RFA
Unknown at 9:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ





၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။
သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ၊ ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။

မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။ လူဆိုးများ ထွက်မပြေး နိုင်ရန် ၊ ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
Unknown at 9:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပဏာမ ရွေးချယ်ထားသူ များအား လူတွေ့စစ်ဆေး



ယနေ့ ၂၀၁၂ ခုနှစ် ဧပြီလ ၇ ရက်နံနက် ၉နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံး ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင်သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသော ၁၄ ဦး အနက် လာရောက်သူ (၁၃)ဦးအား လူတွေ့စစ်ဆေးခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ နှင့် အကဲဖြတ်ဒိုင်လူကြီးများဖြစ်ကြသော ဦးညွှန့်ဝင်း ၊ ဦးအောင်လွင် ၊ ဦးကြည်စိုးထွန်း ၊ ဦးချစ်ဦးညို ၊ ဒေါ်ဆွေဇင်ထိုက် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ကြည်ဖြူသျှင် ၊ ဦးဇင်ဝိုင်း ၊ ဦးလူမင်း ၊ ဦးဝေဠုကျော် နှင့် ဦးဇာဂနာ တို့မှ အကဲဖြတ် စစ်ဆေးခဲ့ကြပါသည် ။ မကြာမီ နောက်ဆုံးဆန်ကာတင် ၃ ဦး စာရင်းကို သတင်းထုတ်ပြန်ကြေညာ ပေးမည် ဖြစ်ပါသည် ။ သရုပ်ဆောင်ရွေးချယ်ရေး နှင့် ပတ်သတ်သော အခြား သတင်းထုတ်ပြန်ချက်များရှိလျှင် လည်း ဆက်လက်ပြီး အသိပေး ထုတ်ပြန် ပေးသွား မည် ဖြစ်ပါသည် ။
 

By: Bogyoke Aung San Movie
Unknown at 9:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပဲခူးမှ မီးပူဖြင့် အကပ်ခံရသည့် အိမ်ဖော်မလေး၏ နောက်ဆက်တွဲ သတင်း


နောက်ဆက်တွဲ သိရသည့် သတင်းအချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ ဒုတိယမြို့ နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်း ပြောင်းရွှေ့ပေးလိုက်သည်ဟု သိရပါသည်။ အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု သတင်းထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူလောင်သည်ဟု ပြောကာ အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက်ထားသည်ဟု သိရပါသည်။ အခု လက်ရှိအခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို ပိတ်ထားပြီး တရားရုံးနှင့် ဌာနဆိုင်ရာများက ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်းဆက်မတင်ရန် လာရောက် တောင်းပန်နေကြောင်းလည်း သိရှိရပါသည်။
Unknown at 9:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပူးပေါင်းကူညီပေးရန်မေတ္တာရပ်ခံခြင်း

လူကြီးမင်းခင်ဗျား...
ကျွန်တော်က လှမျိုးဝင်း(တိုင်းရင်းဆေးတက္ကသိုလ်)ပါခင်ဗျား....
လူကြီးမင်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိလာသည့်
တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ငရဲခွေးကြီးလွှတ်နေပြီ ဆိုသည့်
ဖော်ပြထားသည့်အတွက် အမှန်တရားပေါ်ပေါက်ရေးအတွက်
ပူပေါင်းကူညီပေးစေလိုပါသည်။
 တိုင်းရင်းဆေးပညာဦးစီးဌာန
လက်ရှိညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာအောင်မြင့်သည်
မြန်မာ့တိုင်းရင်းဆေးလောကတိုးတက်ရေးအတွက် ကိုယ်ကျိုးစွန့်
ကြိုးပမ်းနေသူတစ်ဦးဖြစ်ကြောင်းကို ကျွန်တော်အနေဖြင့် အထူးအာမခံပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာတိုင်းရင်းဆေးလောကတွင်
အချိန်ကာလနှစ်ပေါင်းများစွာ မဖြစ်နိုင်ခဲ့သည့်  ယခင်
တိုင်းရင်းဆေးပညာဒီပလိုမာဘွဲ့သမားများကို
ပေါင်းကူသင်းတန်းတွေဖွင့်လှစ်နိုင်ခဲ့အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း၊
တိုင်းရင်းဆေးတက္ကသိုလ်အတွက် မဟာဘွဲ့သင်တန်းတွေကို
မဖြစ်မနေဖွင့်လှစ်နိုင်ရန် ကြိုးစားအားထုတ် ပေးနိုင်ခဲ့သည့်
ကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေးလောကအတွက်
ဖခင်ကြီးတစ်ဆူလည်းဖြစ်ပါသည်။ 
တိုင်းရင်းဆေးတက္ကသိုလ်တွင်လည်း ယခင်က
စနစ်မကျခဲ့သည့်များ တက္ကသိုလ်တစ်ခုအနေ့ဖြင့် ပြုပြင်ပြောင်းလဲမှုများဖြင့်
နိုင်ငံတကာအဆင့်မီ ဆေးပညာသင်ကြားရေးတက္ကသိုလ်တစ်ခုဖြစ်အောင်
ဆေးပညာသင်ကြားရေးယူနစ်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း၊
မြန်မာ့တိုင်းရင်းဆေးပညာအတွက် ဆွေးနွေးပွဲများ
တစ်လလျှင်တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ခြင်း၊ တိုင်းရင်းဆေးတက္ကသိုလ်
သာရေးနာရေးထောက်ပံ့ခြင်းရံပုံငွေများထူထောင်ပေးခြင်း၊
သင်ကြားရေးနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲများကို နှစ်စဉ်
(၂)ကြိမ်ကျင်းပခြင်း၊ သုတေသနနည်းစနစ်အလုပ်ရုံဆွေးနွေးပွဲများ နှစ်စဉ်
(၂)ကြိမ်ကျင်းပခြင်းများကို
စတင်လမ်းကြောင်းဖော်လုပ်ကိုင်ဆောင်ရွက်ပေးသွားသူလည်းဖြစ်ပါသည်။ 

ထိုပြင်ခေတ်နှင့်အညီမြန်မာ့တိုင်းရင်းေ
ဆးအား နိုင်ငံတကာက
မှတ်တမ်းတင်နိုင်ရန်အတွက် ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် ပညာတော်သင်များ
များစွာစေလွှတ် ပေးခဲ့ခြင်းများသည် ကျွန်တော်တို့
မြန်မာ့တိုင်းရင်းဆေးလောကသားများအတွက် ရှေ့မှနေပြီး ဦးဆောင်ဦးရွက်နှင့်
ပညာရပ်ပိုင်းဆိုင်ရာများတိုးတက်အောင် နေရောည ပါ
ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ လူတစ်ထောင်တွက် တစ်ယောက်မလုပ်နိုင်ခဲ့သည့်
မြန်မာ့တိုင်းရင်းဆေးတိုးတက်ရေးအတွက် ရှေ့တန်းမှနေကာ
ကြိုးပမ်းတိုက်ပွဲဝင်ဆောင်ရွက်နေသည့် ပါမောက္ခ ဒေါက်တာအောင်မြင့်အား
မပြိုလဲစေရန်အတွက် ကျွန်တော်တို့ တိုင်းရင်းဆေးဆရာများအနေဖြင့်
အထူးကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည်မှာ ကျွန်တော်အပါအ၀င်
မြန်မာ့တိုင်းရင်းဆေးဆရာတိုင်းနှင့် တိုင်းရင်းဆေးကို
တိုးတက်အောင်ကြိုးပမ်းကြသူတိုင်းတွင် ရှိအပ်သည့်
ကိုယ်ပိုင်တာဝန်တစ်ခုဖြစ်သည်ဟု အားလုံးက တညီတညွတ်တည်းခံယူကြပါသည်။
               ယခုကဲသို့ မြန်မာ့တိုင်းရင်းဆေး၏ ဖခင်ကြီးတစ်ဆူဖြစ်သည့်
ပါမောက္ခဒေါက်တာအောင်မြင့်အား ဂုဏ်သိက္ခာထိခိုက်စေရန်နှင့်
ပြိုလဲပျက်စီးစေရန်အတွက် တိုက်ခိုက်လာသည့် မသမာလူတစ်စု၏
သွေးတိုးဆောင်ရွက်မှုများကို ကျွန်တော်တို့
မြန်မာ့တိုင်းရင်းဆေးဆရာများအနေဖြင့် အမှန်တရားပေါ်ပေါက်ရေးအတွက်
စီစစ်ဖော်ထုတ်နိုင်ပါရန်အတွက် လူကြီးမင်းတို့online တာဝန်ခံများအနေဖြင့်
ကျွန်တော်တို့ဖြင့် ပူပေါင်းဖော်ထုတ်ပေးပါရန်နှင့်
မြန်မာ့တိုင်းရင်းဆေးတိုးတက်ရေးအတွက် ကျွန်တော်တို့နှင့်အတူ
တစိတ်တဒေသဖြစ်စေ၊ ပူပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် ကျွန်တော်မေတ္တာရပ်ခံ
အပ်ပါသည်။
ရိုသေစွာဖြင့်
    လှမျိုးဝင်း (တိုင်းရင်းဆေတက္ကသိုလ်)

ယခင်ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးကိုအောက်ပါ LLink မှာပြန်လည်ဖတ်ရှုနိုင်ပါသည်။  
http://mgthetnaing.blogspot.com/2012/03/blog-post_4069.html
သစ်ထူးလွင် 
 
Unknown at 9:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.