သင်္ကြန်ရေကစားမဏ္ဍပ်များသို့ ရေပေးဝေမှု အချိန်သတ်မှတ်ချက်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းမှု အင်ဂျင်နီယာဌာနမှ မတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ သင်္ကြန်အကျနေ့မှ အတက်နေ့များတွင် တာမွေ၊ မင်္ဂလာတောင်ညွှန်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်မြို့နယ်များနှင့် ရန်ကုန်ဆေးရုံးကြီးတို့တွင် ၂၄ နာရီ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်မြို့များအား အချိန်သတ်မှတ်၍ ခွဲဝေပေးမည်ဖြစ်ပြီး ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ပေးဝေသွားမည်ဖြစ်ကာ ညနေ ၃ နာရီမှ ၆ နာရီထိ တစ်ကြိမ် သတ်မှတ်၍ တစ်နေ့နှစ်ကြိမ် ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အလုံကြည့်မြင်တိုင်နှင့် စမ်ချောင်း မြို့နယ်များတွင် နံနက် ၇ နာရီမှ ၁၀ နာရီထိ ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလပ၊ သင်္ဃန်ကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း) မြို့နယ်များတွင် မူလရေပေးဝေချိန်အတိုင်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ရေပေးဝေချိန်အတွင်း ရေပိုက်များပြင်ဆင်ရန် လိုအပ်ပါက ၂၄၉၆၅၅၊ ၂၄၃၅၅၀၊ ၃၈၂၉၈၉၊ ၃၈၂၉၉၀ သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်းသိရှိရသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge