Tuesday, April 3, 2012
ကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ် . . .ဆိုတဲ့ ရန်ကုန်က လျှပ်စစ်မီးအကြောင်း
မီးအကြောင်းစပြီး စဉ်းစားလိုက်တော့ မြန်မာလူမျိုးတွေ သိန်းပေါင်းသုံးဆယ်၊ လေးဆယ်လောက် ထိုင်းနိုင်ငံထဲ သွားအလုပ်လုပ်နေကြတယ် ဆိုတဲ့အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။ ထိုင်းနိုင်ငံက မြန်မာပြည်က ဓာတ်ငွေ့တွေနဲ့ စက် မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာနေတယ်။ ဒီတော့ ဓာတ်ငွေ့ပိုင်ရှင် မြန်မာတွေက သူတို့ဆီသွားပြီး အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ ဂုတ်သွေး (ကုပ်သွေး)စုပ်ချင်တိုင်းစုပ်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်တာခံရတယ်။ ရင်နာစရာ သိပ် ကောင်းတယ်။ တွေးလေ တွေးလေ အရိုးထိအောင်နာပြီးကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိုးပျံရထား လမ်းဖောက်မယ့် စီမံကိန်း၊ မြေအောက်ရထား လမ်းဖောက်မယ့် စီမံကိန်းတွေပါ ထည့်သွင်းစဉ်းစားနေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အထူးစိတ်ဝင်စား ကြတယ် ဆိုတာတွေဖတ်ပြီး လျှပ်စစ်မီး လုံလောက်အောင် အရင်ကြံဆပါဦး။ ကျန်တာတွေ ဖြည်းဖြည်းမှ စဉ်းစားကြပါလို့ ပြောခွင့်ရရင် ပြောချင်တယ်။
ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းသာ ပြောပါ။ ကျွန်တော်တို့က လက်ခံဖို့ အသင့်ပါပဲ။ နွေရာသီရေခန်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ ပေးမှဖြစ်တော့မယ်လို့ အမှန်အတိုင်းပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထားကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေးပြောကြားတယ်ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ်နေကြတာပါ။ 
(လူထုစိန်ဝင်း)
Unknown at 7:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ်သေနတ်ဖြင့် ပစ်ခတ်မှု
ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။
သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင်
ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။
အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။ 
 Yangon Press International
Unknown at 6:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
သမိုင်းကြောင်း လှနေပါစေ
‘အလုပ်သွားရင် ဦးနှောက်ကို ယူသွား ပါ။ အလုပ်ပြန်ရင် စိတ်ကို ယူလာခဲ့ပါ’ ဒီစကားရပ်ဟာ စာပေ ပညာရှင် တစ်ဦး ရဲ့စကားလုံးပါ။ ကျွန်တော် ဒီစကားရပ်နဲ့ ဘယ်သူ့ကို ရည်ညွှန်း တာလဲ၊ ဘယ်အဖွဲ့ကို ရည်ညွန်းတာ လဲဆိုတာ… အောင်မြင်မှု တစ်ခုအတွက် မဖြစ်မနေ လုပ်ရမယ် ဆိုရင် မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ် က ပြင်းပြင်း ထန်ထန် ရှေ့ဆုံးက ရှိနေတာပါ။ ရုပ်ရှင်လောကမှာ ရေပန်းစားနေတာ ကတော့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား အကြောင်းပါပဲ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင် အနုပညာရှင် များကို ဖိတ်ကြား တွေ့ဆုံပြီး၊ ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးလိုကြောင်း၊ ၂ဝ၁၅ ခုနှစ်မှာ နှစ်၁ဝဝပြည့် ဖြစ်လို့ သုံးနှစ်တာ အချိန်တိုကာလ အတွင်း ပြီးစီးလိုကြောင်း၊ ဥပမာ အနေနဲ့ အိန္ဒိယနိုင်ငံရဲ့သမိုင်းဝင်မှတ်တမ်း ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ MAHATMA GANDI လွတ်လပ်ရေး တိုက်ပွဲ ဝင်ခဲ့တဲ့အကြောင်းကို အနီးစပ်ဆုံး လုပ်ကိုင် နိုင်အောင် ပြောသွားတာပါ။ အဲဒီလောက်နဲ့ပဲ ကျွန်တော်တို့ ရုပ်ရှင် အနုပညာ ရှင်တွေရဲ့မျက်နှာ လန်းဆန်းရုံမက တအားကို စိတ်ဓာတ် တက်ကြွသွားတယ်။ အန်တီစု ဆက်ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို သုတေသန ပြုမယ် ဆိုရင် ၁နှစ်မျှ ကြာမှာပါ။ အချိန်က ၃နှစ်ပဲ ရတာဆိုတော့ ပြီးနိုင်ပါ့မလား လို့ စိတ်ပူမိကြောင်း။ ဒါဆို လုပ်ငန်းကို မနက်ဖြန်ပဲ စတာပေါ့ လို့ ဆိုလိုက်တဲ့ ကိုဇင်ဝိုင်းရဲ့ အသံကြောင့် အန်တီစု အားတက်သွားပုံ ရတယ်။ အဲဒီနေ့ကပဲ ယာယီ ကော်မတီ ဖွဲ့လိုက်ပါတယ်။ ပြီးတော့ အန်တီစုက ဆက်ပြောပါသေးတယ်။ အရင်ခေတ် လွတ် လပ်ရေး တိုက်ပွဲဝင်စဉ် ကာလက တေးသီချင်းတွေ အသုံးပြုရာမှာ စာသားယူပြီး အခုခေတ် တေးဂီတနဲ့ ကနေ့ လူငယ်အဆိုတော် များကို ပြန်လည် တီးခတ် သီဆိုစေ လိုကြောင်း၊ ရုပ်ရှင်နဲ့ ဂီတကို တွဲဖက်ပြီး စည်းလုံးစွာ ကြိုးပမ်းကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ အန်တီစုက လူငယ်တွေ အားကိုယူလိုကြောင်း လူငယ်တွေ ကို နေ ရာပေးနိုင် ကြောင်း၊ အထပ်ထပ်အခါခါ ပြောပါတယ်။ ဒါဆို လူငယ်တွေ မီးကုန် ယမ်းကုန် ကြိုးစားရ မှာပါ။ တကယ်တော့ အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဂဃနဏ သိတဲ့လူ အလွန် နည်းပါတယ်။ အန်တီစုက ဖခင် အကြောင်း စုံစုံလင်လင် ပြောတာနဲ့ပဲ ခန့်မှန်း လို့ရတာက ဖခင် ဗိုလ်ချုပ် အကြောင်းကို အန်တီစု လောက် သိမယ့်လူ ဒီတွေ့ဆုံပွဲထဲမှာ ခပ်ရှားရှားပါ။ အဲဒီနေ့က ကျွန်တော်ဘာကို သတိထားမိလဲ ဆိုရင် အန်တီစု အချိန်တိကျတာကိုပါ။ ၃နာရီလို့ ဖိတ်ကြားထားတဲ့ အတွက် နေ အိမ် ခြံဝင်း ထဲက တွေ့ဆုံပွဲလေး ရှိရာကို နေအိမ်ထဲ ကနေ အန်တီစု ၃နာရီ အတိအကျ ထွက်လာတာပါ၊၊ ရောက်ရှိနေတဲ့ အနုပညာရှင်တွေကို နှုတ်ဆက်ပြီးပြောစရာ ရှိတာ ကိုပြောသွားပါတယ်။ ၅မိနစ်၊ ၁ဝမိနစ်၊ ၁၅မိနစ်လောက် နောက်ကျပြီး ရောက်လာတဲ့ သူတွေလည်း ရှိပါတယ်။ အန်တီစု ဖခင် ဗိုလ်ချုပ်အကြောင်း ပြောရင်းက… ”နောက်ကျပြီး ရောက်လာတဲ့ သူတွေကို မစောင့်ဘဲ အစီအစဉ်ကို စမိတဲ့အတွက် တောင်းပန်ပါတယ်” လို့ ရုတ်တရက်ပြော လိုက်တာကို ကျွန်တော် သတိထားမိလိုက် တယ်။ အဲဒါအချိန်ကို လေးစားဖို့၊ တိကျဖို့ ပြောတာလို့ ကျွန်တော် နားလည် လိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပါလို့ အန်တီစု ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေမှာ ကျွန်တော် နားထောင်ခဲ့ ဖူးပါတယ်။ ကျွန်တော်တို့ ရုပ်ရှင် အနုပညာရှင်တွေ မှ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့အခါ အချိန်ကို လေးစား တိကျဖို့လို မယ်လို့ သိရှိခဲ့ရတာပါ။ ဒါကိုလေးစား လိုက်နာဖို့ လိုပါမယ်။ ပြည်သူ တစ်ရပ်လုံးက ဒီမိုကရေစီ အရေးမှာ အန်တီစုကို အားကိုးလို့၊ အန်တီစု က လူထုခေါင်းဆောင် ဖြစ်အောင်၊ ထူးချွန်ထက်မြက်အောင် ကြိုးစားခဲ့ပါရင်.. ”အန်တီစုက အဖေဖြစ်သူ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အကြောင်း ရုပ်ရှင် ရိုက်ချင်လို့ပါ ဆိုရင် ကျွန် တော်တို့ အနုပညာရှင်တွေနဲ့ ပြည်သူများ၊ လူငယ်များ စည်းစည်းလုံးလုံး၊ ညီညီညွတ် ညွတ်နဲ့ ကြိုးစား အားထုတ်ပေးရမှာ မဟုတ်ဘူးလား။ ကျွန်တော် ဒီလိုပြော တာ အကြောင်း ရှိပါတယ်။ အန်တီစုနဲ့ တွေ့ဆုံတဲ့နေ့က ယာယီ ကော်မတီလို့ အမည်တပ်လိုက်တဲ့ အတွက် ပါဝင်လုပ်ဆောင်မယ့် သူတွေ တာဝန်ကြီး သွားသလို၊ အမည် အတပ်မခံရသူ တချို့ စိတ်မကောင်းကြပါဘူး။ နောက်ကွယ်မှာတော့ ဘာညာဘာညာ ပေါ့၊ဒါကိုက ဒီမိုကရေစီပဲ မဟုတ်လား။ ထောက်ခံတာရော၊ မထောက်ခံတာရော ဒီမိုကရေစီ ပဲပေါ့။ ကျေနပ်တာ၊ မကျေနပ်တာဟာ ဒီမိုကရေစီပါပဲ။ ဒါဆို ရှင်းပြရမယ်၊ ညှိနှိုင်းရမယ်။ သဘောပေါက်အောင် ပြောရမယ်။ ဒါ ဒီမိုကရေစီ ပဲလေ ။ ဖြစ်မြောက်ရေး ကော်မတီက ရုံးထိုင်ပြီး လုပ်ငန်းစတင် လုပ်နေပါပြီ။ ဒီလူတွေ အချိန်ပြည့် အလုပ်လုပ်နေတာပါ။ ကိုယ်ကျိုးလည်း စွန့်ရမှာပါ။ ဒါရိုက်တာဝိုင်း ပြောသ လိုပဲ၊ တာဝန်ယူထားတဲ့ အနုပညာရှင် တွေဟာ သုံးနှစ် အတွက် ပေးဆပ်ဖို့ ကိုယ့်ရှိတဲ့ အလုပ်တွေ ရပ်နားထားမှ ဖြစ်မယ် ဆိုသလိုပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ အဲဒီလို ကိုယ်ကျိုးစွန့် ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ ပြောရရင် အချင်းချင်း ချိန်ခွင်လျှာ ညီညီမျှမျှ လုပ်ကိုင်နေဖို့ပဲ လိုတယ်။ ကိုဇာဂနာ နဲ့အဖွဲ့က လည်း ပြည် ပနိုင်ငံ ထွက်ပြီး လေ့လာရေးတွေ လုပ်ခဲ့ပါပြီ။ ဒါ ကြိုးစား အားထုတ်မှုပါ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဇနီးဒေါ်ခင်ကြည်၊ အဲဒီခေတ်အခါက ဗိုလ်ချုပ် အောင်ဆန်း နဲ့လက်တွဲခဲ့ တဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီး တွေ၊ သမိုင်းကြောင်း ရှိသူတွေ၊ အာဇာနည် ခေါင်းဆောင်တွေ စတဲ့ပါဝင်နိုင်သူများ အတွက် တူညီတဲ့ သရုပ်ဆောင် ရှာဖွေရတာ မလွယ်ပါ ဘူး။ အဲဒီ ရွေးချယ်ရေး အလုပ်ကိုလည်း သတင်းစာ ထဲထည့်ပြီး ခေါ်နေပါပြီ။ ခုလုပ်နေတဲ့ အလုပ်က သိပ်ကို ကျယ်ပြန့်ပါတယ်။ ဒါကြောင့် ဖြစ်မြောက်ရေး ကော်မတီမှာ ပဲ တာဝန်ရှိတယ်လို့ မယူဆစေချင် ဘူး။ အနုပညာရှင်တွေ တင်မကဘူး။ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်တဲ့၊ လေးစားတဲ့ ပြည်သူလူထု မှာလည်း တာဝန် ရှိပါတယ်။ ကိုယ့်မှာ ရှိတဲ့ အင်အားကို အများအတွက် မသုံးရင် ဘာမှ တန်ဖိုးမရှိဘူးလို့ အန်တီစု ပြောခဲ့တာပါ။ ကျွန်တော် ပြောချင်တာက ကျွန်တော် တို့မှာရှိတဲ့ အင်အားကို လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများ အတွက် အသုံးမပြုဘူး ဆိုရင် အနုပညာရှင် တွေအဖို့ ဘာမှ တန်ဖိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံး ပါဝင်ကြဖို့ လိုမယ်လို့ ပြောပါရစေ။ ဥပမာ.. ဗိုလ်ချုပ်အောင်ဆန်း မြို့တော်ခန်းမ ပေါ်ကနေ လူထု ဟောပြောပွဲ လုပ်တာကို ရိုက်ရင် တက်ရောက်မယ့် လူထုထောင်သောင်း ချီပြီး လိုမယ်။ အဲဒီမှာ တက်ရောက်ပေးမယ့် လူထုကရော ဗိုလ်ချုပ် အတ္ထုပ္ပတ္တိအတွက် ပါဝင် ကူညီပေးတာပဲပေါ့။ ဒါဆို တာဝန်ရှိ သွားပြီလေ။ ကူညီမယ့်သူ အားလုံးမေတ္တာကို ရှေ့ထားပြီး လုပ်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေးဟာ တကယ်တော့ လွယ်မယောင် နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်ပါ တယ်။ လောလောဆယ် သုတေသန လုပ်ဖို့၊ စာတမ်း ပြုစုဖို့ ကိစ္စက အလွန် အရေးကြီးတာ ပါ။ အဲဒီအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး စာတစ်ကြောင်း ပဲရရ၊ စာတစ်ပိုဒ် ပဲရရ၊ နှိုက်နှိုက်ချွတ်ချွတ် ပြောတာပဲဖြစ်ဖြစ်၊ ထူးခြား ဖြစ်စဉ်ပဲ ဖြစ်ဖြစ်၊ ကူညီကြ၊ ပါဝင်ကြရင် ဝမ်းမြောက်စရာပါပဲ။ ခုချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရေး ကော်မတီရုံးခန်းကို လည်း ဖွင့်ခဲ့ပါပြီ။ ရုံးထိုင်ပြီး အလုပ်လည်း လုပ်နေကြပါပြီ။ (ကို)ကျော်သူ (နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ) ကလည်း အမျိုးသား ရုပ်ရှင် ထုတ်လုပ်ရေးကို လှူဒါန်းခဲ့ပါပြီ။ သာဓုခေါ်ပါရစေ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးစိန်တင်နဲ့ ဇနီးကလည်း ရုံးခန်းဖွင့်ပွဲ အခမ်းအနား မှာပဲ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေး စာချုပ်စာတမ်း များကို လက်မှတ်ထိုး လွှဲပြောင်းပေးတာလည်း ဂုဏ်ယူပါတယ်။ ထို့အတူ အလှူရှင်တွေ ပါဝင်နေတာ တွေ့ရ လို့လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားကြီး အတွက် တာဝန်ယူ လုပ်ကိုင် သူများကို ကျွန်တော် အဖြူစင်ဆုံး ဆန္ဒတစ် ခုပြုချင်ပါတယ်။ ရွေးချယ် ခံရတဲ့ သရုပ်ဆောင်များ၊ ပါဝင်တာဝန်ယူ လုပ်ကိုင်သူများဟာ သမိုင်းကြောင်း ရှိဖို့လိုမယ်။ သမိုင်းကြောင်းကောင်း ဖို့လိုမယ်။ အကျင့် စာရိတ္တကောင်း သူလည်းဖြစ်၊ စာဖတ်သူလည်းဖြစ်၊ အတတ်ပညာအရာ မှာ တော်တဲ့သူ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူ၊ စွန့်လွှတ် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်သူ အစ ရှိတဲ့ အရည်အသွေး အားလုံး မဟုတ်ရင်တောင် အတိုင်းအတာ တစ်ခုထိ ရှိစေချင်ပါတယ်။ ဘယ် Subject ကိုပဲဖြစ်ဖြစ် ပါဝင်တာဝန်ယူတဲ့ သူဟာ ဒီလို စိတ်မျိုးတွေ ရှိစေချင် တာပါ။ ဒါမှ သမိုင်းကြောင်းက လှနေမှာ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ.. ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ထားသူများ.. We Can Do It လို့ ပြောပါရစေ။
ဒါရိုက်တာ မောင်ဗေဒါ
Unknown at 6:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
TIME မဂ္ဂဇင်းကြီးမှာ မဲဆက်ပေးကြပါစို့
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမှတ်စဉ် ၁၃ ၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမှတ်စဉ် ၅၄ မှာ အသီးသီးရပ်တည်လျှက်ရှိပါတယ် ။ မဲပေးလိုသူများ တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ အင်တာနက်စာမျက်နှာမှာ မဲပေးနိုင်ကြောင်းသိရှိရပါတယ် ။အပြီးသတ်ရွေးချယ်မှုကို ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်းလည်းသိရပါတယ် ။
သမ္မတကြီးဦးသိန်းစိန်ကို မဲပေးလိုသူများ ဒီနေရာ ကိုနှိပ်ပြီးမဲပေးနိုင်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုသူများ ဒီနေရာ ကိုနှိပ်ပြီးမဲပေးနိုင်ပါတယ် ။
အဆင့်လိုက် မဲရရှိမှုအခြေအနေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ် ။
တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ ၊ မြန်မာကိုကမ္ဘာကသိစေလိုသူများ မြန်မာနိုင်ငံသား ထင်ရှားကျော်ကြားပုဂ္ဂိုလ်များအား တက်ညီလက်ညီ မဲပေးကြပါရန် ဘကြီးသက် မှ တိုက်တွန်းရေးသားအပ်ပါတယ် ။
Unknown at 6:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မိန်းကလေးငယ်တစ်ဦးခိုးယူပေါင်းသင်းခဲ့သည့်ကုမ္မဏီဝန်ထမ်းတစ်ဦး
          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ဒုန်းတောကျေးရွာနေ အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးကို ရွာအနီးရှိ မြန်မာ-ကမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်းခဲ့သည့် ဖြစ်မှုတစ်ခုကို မတ်လ ၂၈ ရက်မနက် ၁၀ နာရီ၄၅ မိနစ်အချိန်ခန့်က သက်ဆိုင်ရာက ဥပဒေအရရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ်သို့ရောက်ရှိနေသူ ယင်းကုမ္မဏီရှိအမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
          “ဒုန်းတောရွာထဲက ဒေါ်စိန်ရဲ့ သား မောင်သန်းဇော်ထိုက်နဲ့ သမီး မအေးအေးခိုင်တို့မောင်နှမနှစ်ယောက်က ဒီလ ၁၆ ရက်နေ့မွန်းလွဲအချိန်လောက်မှာ အဝေရာတောဘက်ကို နွားကျောင်းသွားခဲ့တာ။ မအေးအေးခိုင်ကို လူကြီးတစ်ယောက်က တောထဲမှဆွဲခေါ်သွားလို့ဆိုပြီး မောင်ဖြစ်တဲ့ မောင်သန်းဇော်ထိုက်ကရွာပြန်လာပြောတယ်။ ရွာကလူတွေတောထဲကိုလိုက်သွားရှာကြတော့ မအေးအေးခိုင်ကိုတွေ့ခဲ့ကြတယ်”ဟု ဒုန်းတောကျေးရွာသားတစ်ဦးက ပြောကြားသည်။
          “ဒီသတင်းက ချက်ချင်းပြန့်သွားတယ်။ အချို့လူငယ်တွေက ဘယ်ကကောင်လဲ၊ ဘာကောင်လဲဆိုပြီး တောက်တစ်ခေါက်ခေါက်နဲ့ဖြစ်ကြတယ်။ အရင်တုန်းက ရွာဘက်မှာဒီလိုကိစ္စမျိုးတွေမရှိခဲ့ဘူး” ဟုမုံရွာ-ပုသိမ်ကားလမ်းအနီးဥယျာဉ်ခြံလုပ်ကိုင်နေသူဒုန်းတောရွာသားတစ်ဦးက ပြောကြားသည်။
          အဆိုပါ ဖြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဒေသခံလူ့အဖွဲ့အစည်းအချို့ထံဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ပြောဆိုရန် အခက်အခဲရှိကြောင်း၊ ပြောပြဖို့ရန်လည်း အလျင်းမသင့်ကြောင်း၊ အခင်းဖြစ်ပွားမှုအားကြားမိကြောင်း၊ အချက်အလက်စုံလင်စွာမသိရသေးပါကြောင်း ပြောဆိုသည်။
          ယင်းဖြစ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆားလင်းကြီးရဲစခန်း(ပ)၆၉/၂၀၁၂-ပြစ်မှုပုဒ်မ ၃၆၃ အရအမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အမှုအား ရဲအုပ်လှငွေဆိုသူက စစ်ဆေးလျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခြင်းခံရသူမှာ မြန်မာ-ယမ်စီကြေးနီထုတ်လုပ်ရေးကုမ္မဏီလုံခြုံရေးဝန်ထမ်းဖြစ်သူ ယင်းမာပင်မြို့နယ်၊ သဲတောကျေးရွာနေ(ဘ)ဦးငွေအေး၏သားမောင်ခင်ဇော်လတ် အသက် ၂၄ နှစ်ဆိုသူဖြစ်ကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 The Express Times
Unknown at 6:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကာတာလေကြောင်းလိုင်းက မြန်မာနှင့်အီရတ်သို့ ပျံသန်းခွင့်ရရန်စီစဉ်မည်
၎င်းတို့အနေဖြင့် အဆင့်အတန်းမြင့်မြင့် (Luxury)ပုံစံမျိုးဖြင့်သာ လေကြောင်းလိုင်း ပြေးဆွဲလိုနေပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ၏ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် လေယာဉ်ဝန်ဆောင်မှုများ အဆင့်မြင့်တင်လာခြင်းကို လက်ခံကြောင်း မတ်လ ၇ ရက်ကကျင်းပသော ဘာလင်ခရီးသွား ပြပွဲတွင်ပြောကြားသည်။ ''နိုင်ငံတကာ လေကြောင်းလိုင်းတွေက ဒီမှာပြေးဆွဲဖို့ ကမ်းလှမ်းတာက အများကြီးပဲ။ ကိုယ့်ဘက်က ရွေးချယ်တတ်ဖို့ပဲ လိုတော့တာ။ ပြီးခဲ့တဲ့ တလောတုန်းကတောင် AirAsiaလို တန်ဖိုးနည်းလေကြောင်း လိုင်းတစ်ခုက နေပြည်တော်ကို ပြေးဆွဲချင်တယ်လို့ ပြောလာတာပဲ။ သိပ်ပြီးမကြာတော့ပါဘူး။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အများကြီးဝင်လာမယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။''ကာတာအနေနဲ့ A350s လေယာဉ် အမျိုးအစားသုံးမျိုးကို မော်ဒယ် ပိုမြင့်တဲ့ ပုံစံနဲ့ အော်ဒါမှာထားတာရှိပါတယ်။ ၂၀၁၇ မတိုင်မီမှာ ပိုပြီးကောင်းတဲ့ ၀န်ဆောင်မှုတွေနဲ့ သွားဖို့စီစဉ်နေတယ်''ဟု ကာတာအဲဝေးမှ CEOမစ္စတာ Akbar AI Bakerက ပြောကြားသည်။
Unknown at 6:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့် မင်းအောင်လှိုင်
ဧပြီလ ၃ ရက်နေ့ ၂၀၁၂
ဧပြီလ ၃ ရက်နေ့ ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေ မှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဟု ဖော်ပြထားပါသည်။
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကိုလည်း
ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးစိုးဝင်း ဟု နိုင်ငံပိုင်
သတင်းစာများမှာ ရာထူးတိုးမြှင့်ဖော်ပြထားတာတွေ့ ရပါသည်။
ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ တပ်မတော်နေ့  အခမ်းအနားမြင်ကွင်း Photo: Khin Maung Win
Unknown at 5:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မိန်းမလေးတစ်ယောက်ရဲ့ အရှက်တွေ ဣနြေ္ဒတွေ သိက္ခာတွေ လုံခြုံမှုတွေ
ဒီပို့စ်လေးကို မဖတ်ခင် ရေးရတယ့် ရည်ရွယ်ရင်းလေးကို သိအောင် အရင်ဆုံး စကားဦးသမ်းချင်ပါတယ် .။
ညီမငယ်လေးများ အထူးသဖြင့် အတိုဝတ်ရတာကို နှစ်ခြိုက်တယ့် ညီမငယ်လေးများ သေသေချာချာ ဖတ်ပေးစေချင်ပါတယ် .။ ဖတ်ရူအပြီးမှာ တစ်စုံတစ်ခုသောအသိနဲ့ ဆင်ခြင်ဥာဏ်ကို ရစေချင်ပါတယ် .။ ပြုပြင်စေချင်ပါတယ် .။ ဒီလောက်ပါပဲ.။
အတိုဝတ်မှ လွတ်လပ်တာအမေရဲ့လို့ ပြောသံကို ကြားဖူးပါတယ် .။ ဟုတ်ပါတယ် .။ ဒူးလောက်အတိုကို (အားကစား ဘောင်းဘီ) ၀တ်လိုက်ရင်ပဲ နေရတာ ပေါ့ပါးပါတယ် .။ တင်သားဖုံးရုံးလေး တင်ဝတ်ထားတယ့် အတိုတော့ အိမ်မှာနေရင်းတောင်မှ မ၀တ်ဖူးပါ.. လူလယ်ခေါင်မှာဆို ပိုဆိုး ဒီတစ်သက် ၀တ်ဖို့ရာ အကြောင်းမမြင် ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပါ .။ ယောက်ျား တစ်ယောက် တောင်မှ ရှက်လို့ရှိတာကို မိန်းမသားလေးတွေက....။ ဘယ်လောက်အထိ အရှက်နည်းကြတယ်ဆိုတာ တွေးမိလေ ပေါ်လေပဲ နော် .။
အတိုဝတ်မှ လွတ်လပ်တာအမေရဲ့လို့ ပြောသံကို ကြားဖူးပါတယ် .။
ဘာတွေများ လွတ်လပ်လဲဆိုတော့ မိန်းမလေးတစ်ယောက်ရဲ့ အရှက်တွေ ဣနြေ္ဒတွေ သိက္ခာတွေ လုံခြုံမှုတွေ ပေါ့ ။ အကုန်လုံး လွတ်ပြီးတော့ လပ်ကုန်တာလေ .။ အဲ့ဒါတွေ မရှိမှတော့ မိန်းမတစ်ယောက်ရဲ့ ဣနြေ္ဒတွေ သိက္ခာတွေက အဲ့ဒီမိန်းမကို ဘယ်လိုမှ ကာကွယ်ပေးနိုင်စွမ်း မရှိနိုင်တော့ဘူးလေ.။ တကယ်တော့ မိန်းကလေးဆိုတာ ဘယ်ပတ်ဝန်းကျင်မှာမဆို ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေနိုင်မှ တော်ကာကျတာပါ.။ မိန်းမတို့ဘ၀ဆိုတာ နစ်နာစရာရှိရင် ကိုယ်ကပဲ နစ်နာရတာမျိုးလေ.။
အဲလို ဣနြေ္ဒတွေ သိက္ခာတွေ မရှိမှတော့ ဘယ်လိုမျိုး ဖြစ်လာသလဲဆိုတာ ဆက်ဖတ်ကြည့်နော် .။ (လူတိုင်းက စော်ကားရဲတာပေါ့ စော်ကားချင်လောက်အောင် ၀တ်ထားတာကိုးဗျ)
ဒီနေ့ ၁၉ရက်နေ့ အောင်မင်္ဂလာကားကွင်းကနေ ပြန်လာခဲ့တယ် .။ ၄၃ အထူးနဲ့ .။ ကမ္ဘာအေး ဘုရားမှတ်တိုင်မှာ ဆင်းတယ် .။ ဆင်းဆင်းချင်း သတိထားမိတာက ဘောင်းဘီ တင်သားအုပ်မိရုံလေး ၀တ်ထားတယ့် အကျီ င်္ ပန်းရောင်နဲ့ မိန်းမလေး နှစ်ယောက် .။ အချိန်က ည ၇နာရီခွဲ .။ အတိုဝတ်ထားတာတင်လားဆိုတော့ မဟုတ်ဖူး အပေါ်အကျီ င်္ကလည်း ရင်ခုန်စရာ ကောင်းလောက်အောင် အလှပတွေကို -ထုတ်- ပြထားတယ် .။ ဘေးနားက ပန့်လား အီမိုလား မသိပါဘူး .။ ဆံပင်ရွှေရောင် ထိုးထိုးထောင်ထောင်နဲ့ ပုံမလာတယ့် ကောင်လေးနှစ်ယောက် .။ အော် သူတို့အတွဲလေးတွေပဲလို့ပဲ ခပ်ပေါ့ပေါ့ တွေးလိုက်မိတယ် .။ ကောင်လေးနှစ်ယောက်ဆီက ဆေးလိပ်နံ့ နံလို့ ကျွန်တော် နေရာပြောင်းပြီးတော့ ကားစောင့်နေတယ် .။ ( ၁၅၇ / ၉၂ အထူး )။
ကျွန်တော်နေရာပြောင်းသွားတော့ ခဏနေတော့ ကျွန်တော့်နားကို ကလေးမလေး နှစ်ယောက်လိုက်လာကြတယ် .။ အော် အဲ့ဒီကျမှ သတိထားလိုက်မိတယ် .။ ကောင်လေးနှစ်ကောင်က သူတို့နားမှာ ရစ်သီရစ်သီလုပ်နေတာကိုး .။ နည်းနည်းတော့ သဘောပေါက် လိုက်မိပါတယ် .။ ကဲ ဒါက ပြောချင်တယ့် အချက်တစ်ချက် .။ အနားနားမှာ လှလှပပ လုံလုံခြုံဝတ်ထားတယ့် မိန်းကလေးတွေ အများကြီးပဲ .။ တစ်ချို့ဆို တစ်ယောက်တည်း .။ သူတို့ကို အဲ့ဒီ အီမို နှစ်ကောင်က ဘာလို့မနှောင့်ယှက်တာလဲ .။ ရှင်းပါတယ် .။ သူတို့မှာ အကာကွယ် ပါတယ်လေ .။ ဘာများလဲ ..??? ။
ညီမငယ်တို့ရဲ့ မွေးရာပါ မိန်းမတို့ဣနြေ္ဒ မိန်းမတို့သိက္ခာလေ .။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေတယ့် မိန်းကလေးတစ်ယောက်ကို ဘယ်ပတ်ဝန်းကျင်ကမှ မနှောင့်ယှက်ရဲပါဘူးဗျာ .။
နောက် ကလေးမလေး နှစ်ယောက်က တိုးတိုး တိုးတိုးနဲ့ ပြောနေကြတယ် .။ ကျွန်တော့်ကို ကြည့်ကြည့်ပြီးတော့ ပြောနေကြတယ် .။ ကားမစီးတတ်လို့ မေးချင်တာထင်တယ်.။ ကျွန်တော့်ဘေးမှာ ကပ်လျက် .။ တာမွေအ၀ိုင်းတယ့် .။ အဲ့ဒါကိုဗျာ .။ အဓိပတိ အပြာက (အခုမှ ဆိုက်လာတယ့်ကား) ဘယ်လိုများ ကြားသွားလဲမသိပါဘူး .။ စာဖတ်သူ တွေးကြည့်နော် ကမ္ဘာအေး ဘုရားမှတ်တိုင်ကနေ တာမွေအ၀ိုင်းကိုသွားဖို့ ကားစောင့်နေတာ ။ ရောက်တယ့်ကားတွေက ကျွန်တော်သိသလောက် ( ၁၅၇ / ၉၂ / ၃၃၃ အထူး ) ရယ်၊ ၄၃ အဖြူရယ် ၊ ၇၄ ရွှေရန်ကုန် ၊ ၁၀၅ / ၁၀၃ ဒိုင်နာ။ ကားတွေပဲရောက်တာလေ .။ အဓိပတိ အပြာက မရောက်ဘူးလေ.။ အဲ့ဒါဗျာ အတင်းကို ရပ်စောင့်ပြီး ခေါ်တင်သွားတယ် .။ ကျွန်တော်ကတော့ မရောက်တယ့် အကြောင်း ခေါင်းရမ်းပြလိုက်ပါတယ်.။ မရပါဘူး.။ အောက်မှာထိုင်နေတယ့် အတွဲလေးဆီက ကောင်လေးကလည်း လှမ်းပြောသံ ကြားလိုက်ရပါတယ် .။ Taxi ငှားသွားရင် ပြီးရောကွာ.တယ့် .။ အားလုံးကလည်း မှင်သက်ပြီးတော့ ငေးနေကြပါတယ် .။ ဒိုင်နာကား စပယ်ယာကြီးရော ..။ ပတ်ဝန်းကျင်မှာ တဒင်္ဂလေးတော့ ငြိမ်သက်သွားပါတယ် .။
ကဲ ညီမငယ်လေးတို့ စာဖတ်သူတို့ ဒီကလေးမလေး နှစ်ယောက်ကို သွားချင်တယ့်မှတ်တိုင်ကို မရောက်ဘဲနဲ့ အဓိပတိအပြာရဲ့ စပယ်ယာက အတင်းခေါ်သွားတာ.။ ဘာလို့လဲ.??? ။ ကျွန်တော်ကတော့ ကလေးမလေးတွေရဲ့ အ၀တ်အစားက အရှက်လုံရုံပဲ ၀တ်ထားတာကိုပဲ အပြစ်တင်ချင်တယ် .။ အရမ်းဟော့တယ် ဟာလေးတွေ ဆိုပြီးတော့ ..။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေတယ့် မိန်းကလေးတစ်ယောက်ကို တော့ ရုပ်ပျက်လောက်အောင်ကို စောင့်ခေါ်တင် မသွားရဲဘူးလို့ မြင်မိပါတယ် .။
ကျွန်တော်လည်း အစကတည်းက သူတို့သွားချင်တယ့် မှတ်တိုင်ကို ဘယ်ကားတွေ စီးရတယ် ဆိုတာကို ပြောချင်ပါတယ် .။ ဒါပေမယ့် သူတို့လေးတွေ ၀တ်ထားတာက မလုံမခြုံ ဖြစ်နေတာဆိုတော့ တော်ကြာကိုယ့်ကို နာဘူးလို့ ထင်ခံရမှာလည်း စိုးရိမ်မိတယ် .။ ပြီးတော့ ယောက်ျားတစ်ယောက်ရဲ့ တည်ကြည်တယ့် သိက္ခာကိုလည်း ငဲ့ရတယ်လေ ဗျာ .။
အခုတော့ ကျွန်တော့်မှာ ဆက်တွေးစရာတွေချည်းပဲ .။ တကယ်တော့ အဓိပတိ အပြာကို စီးရင် ပါရမီ ကားကွင်းကိုရောက်မယ် .။ ပြီးမှ တစ်ခါ ပြန်စီးရမယ်.။ အနည်းဆုံးတော့ နှစ်ဆင့်စီးရမယ်လေ.။ နည်းနည်းလေး စိုးရိမ်တတ်တယ့်သူ.။ နောက် နည်းနည်းလေး အဆိုးမြင် တတ်တယ့်သူ ဆိုရင်တော့ တစ်ခုခုကို တွေးမိမှာပါ .။ အကောင်းမြင်တတ်တယ့်သူဆိုရင်တော့ နှစ်ဆင့်စီးပြီးတော့ ရောက်သွားပါလိမ့်မယ်လို့ ဖြေတွေး တွေးနေလောက်တယ် .။
အဓိပတိအပြာက စပယ်ယာကိုကိုတို့ကပဲ ညီမနှေးတွေကို ကူညီချင်စိတ် လွန်ကဲနေတာလားတော့မသိပါဘူးဗျာ .။
ကိစ္စလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ တင်ပြနေတာတော့ မဟုတ်ပါဘူး .။
ညီမငယ်လေးတွေအတွက် စိုးရိမ်စိတ်လွန်ကဲစွာနဲ့ တင်ပြနေခြင်းပါ.။ ကျွန်တော်လည်း နောက်ဆို တတ်နိုင်သရွေ့ကူညီ ပြောပြ တော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ် .။ ထင်ချင်တာ ထင်ပါစေ .။ မတော် ကိုယ့်ရှေ့မှာ ဒုက္ခရောက်သွားရင်.. ။ မိန်းကလေး အချင်းချင်း ကူညီကြတာ ပိုကောင်းပါတယ် .။ ညီမငယ်လေးတွေလည်း အမြင်မတော်တာတွေ တွေ့ရင် မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့ ကူညီကြပါလို့ ပြောချင်ပါတယ် .။
အင်းဗျာ အမှတ်တမဲ့ တွေ့ခဲ့ရတယ့် မကူညီနိုင်ခဲ့တယ့် ညီမငယ်လေး နှစ်ယောက် အဆင်ပြေပါစေလို့ စိတ်ထဲမှာ ဆုတောင်းနေမိတယ်။
၁.။ အဓိက အချုပ်ပြောရရင် ညီမငယ်လေးတွေ အရမ်းတိုလွန်းတာတွေ အရမ်းပေါ်လွန်းတာတွေကို မ၀တ်ကြပါနဲ့ .။ မိန်းမတစ်ယောက် ဆိုတာ ပတ်ဝန်းကျင်မှာ ဣနြေ္ဒနဲ့ သိက္ခာနဲ့ ရပ်တည်ရတာ .။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ ရှိမှာ ပတ်ဝန်းကျင်ကမစော်ကားရဲမှာ .။ အ၀တ်မတော်ရင် အလွယ်တကူ စော်ကား ခံရနိုင်ပါတယ် .။ သတိချပ်စေချင်ပါတယ် .။
သောက်ရေအိုးထဲကရေဆိုရင် ဘယ်သူမဆို တန်ဘိုးထားကြမှာပါ.။ အေး... အိုင်လိုမျိုး လူတကာ မျက်စိကို တဏှာကျွေးဖို့တို မိမိအရှက်ကို ဖော်ထားတယ် ဆိုရင်တော့ တဏှာ ဘီလူးတွေရဲ့ အစားကို ခံရမှာဆိုတာ သိစေချင်ပါတယ် ညီမလေးတို့ရယ် .။
ညီမငယ်တို့ ညရေးညတာ သွာတာလာတာဆိုရင် အစ်ကို မောင်တစ်ယောက်ယောက် တော့ ခေါ်သွားသင့်ပါတယ် .။
၂။ နောက် တစ်ခုကတော့ သူငယ်ချင်းတွေ ဘယ်သူမဆို ပတ်ဝန်းကျင်က ညီငယ် ညီမငယ်လေးတွေလမ်းမှား နေတာကို တွေ့ရင် အမုန်းခံပြီးတော့ တားဆီးကြ ပဲ့ပြင်ကြ လမ်းညွှန်ကြပါလို့ .။ ညီငယ် ညီမငယ်တို့ကလည်း လိုက်နာကြပါလို့ .။
မြန်မာအမျိုးသား မြန်မာအမျိုးသမီးတို့အတွက် အသင့်တော်ဆုံးဖြစ်တယ့် မြန်မာ့ ယဉ်ကျေးမှုကို အစဉ်တန်ဘိုးထားလျက် (နိုင်ကြစေ)
အောင်သက်
၂၁နာရီ ၃၅ မိနစ် .။
မှတ်ချက်။ ။ မည်သူ့ကိုမှ ရည်ရွယ်ခြင်းမရှိပါ .။ တိုက်ဆိုင်မှုများ ရှိခဲ့ပါက တောင်းပန်အပ်ပါသည် .။ ယခုလို အဖြစ်မျိုး မကြာခဏတွေ့ဖူးပါတယ် .။ နောင်မှ အခွင့်သင့်ရင်ရေ့းပါဦးမယ် .။
Unknown at 12:51 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
အနိုင်ရသွားတဲ့ ရှမ်းပြည်မြောက်ပိုင်းက ကျားဖြုပါတီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် လားရှိုး၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ ကွမ်းလုံ ငါးမြို့နယ် မဲစာရင်းပေါင်းအရ ကျားဖြူပါတီမှ ဦးစိုင်းစံမင်းက NLD ပါတီအား ၁၅၂၆ မဲအသာဖြင့် ပွတ်ကာသီကာအနိုင်ရရှိသွားပြီဖြစ်ကြောင်း ရလဒ်ထွက်ပေါ်လာပြီဖြစ်သည်။ 
ကျားဖြူပါတီ၏ မဲရရှိမှုမှာ ၄၇၂၂၆ မဲဖြစ်ပြီး NLD ပါတီမှာ ၄၅၇၀၀ မဲရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက ၄၅၂၉၆ မဲ၊ ကိုးကန့်ပါတီက ၁၇၈၇၄မဲ၊ လားဟူပါတီက ၆၃၀၆ မဲ ကိုယ်စီရရှိခဲ့ကြ သည်။ ကျားဖြူ၊ NLD ၊ ပြည်ခိုင်ဖြိုးပါတီတို့မှာ မဲရလဒ်များ မတိမ်းမယိမ်းဖြစ် ကြသည်။
  7Day News Journal
Unknown at 10:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကျန်းမာရေးကိုအထောက်အကူဖြစ်စေရန်...မိမိချစ်သူအားနမ်းပါ
ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ 
သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
 ၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။
ဟုတ်ရော ဟုတ်ရဲ့လား???။
Unknown at 10:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကမ္ဘာ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့များ မိုင်ဂျာယန် သို့ ရောက်ရှိ
(၂.၄.၂၀၁၂)ရက်နေ့ ညနေ (၀၆း၀၀) နာရီ အချိန်တွင် KIO အရှေ့ပိုင်းတိုင်း ဋ္ဌာနချုပ် ၊ မိုင်ဂျာယန်မြို့သို့
စစ်ပြေး ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်အတွက် ကမ္ဘာ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးအဖွဲ့များ
ရောက်ရှိလာကြောင်းသိရှိရပါသည်။
ကား (၅) စီးစာ အပြည့်ဖြင့် ကူညီထောက်ပံ့ရေး ရိက္ခာ၊ပစ္စည်းများ တင် ဆောင်လာကြောင်း သိရှိရပါ
သည်။
ရောက်ရှိလာသော အဖွဲ့အစည်းများမှာ UNOCHA,UNICEF,UNHCR နှင့် WFP အဖွဲ့တို့ဖြစ်ကြောင်း
သတင်းရရှိပါသည်။
2012ning,April (2) ya shana maga hkying (6:00)pm aten, Sinpraw Ginwa Ginjaw Mai
Ja Yang de hpyen yen masha ni hpe garum madi shadaw na matu, Mungkan Garum
Ningtum hpung ni du shang wa ai hpe chye lu ai.
Mungkan Garum Ningtum hpung ni hpe UNOCHA, kaw na Miss Barbara Manzi woi awn
ai rai nna Garum Ningtum Gunrai mawdaw (5) lawm ai lam hpe chye lu ai.
Dusa wa ai wuhpung ni gaw UNOCHA, UNICEF, UNHCR hte WFP ni re hpe chye lu ai.
(source- kachinnet)
Unknown at 8:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ          မပြောပြရန်အမျိုးမျိုးခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊
 နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများက       တွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်းငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ                              ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သော် လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
Facebook  ပေါ်မှ သတင်းကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။
Unknown at 8:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ကြံ့ ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို
ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပါ လို့ ဦးလှသိန်းဆွေ ကဆို
ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရှုံးနိမ့် သွားရပေမဲ့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံးဝ ဆုံးရှုံးသွားပြီလို့တော့ မယူဆဘူးလို့ နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။
ရှုံးနိမ့်သွားတဲ့အတွက်လည်း သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူးလို့ သူက ဆိုပါတယ်။ တိုင်းပြည် ကောင်းကျိုးကို ဆောင်ရွက်ချင်သူတွေ အနိုင်ရသွားတာလဲ ကောင်းတယ်လို့ သူက ဆိုပါတယ်။သူအနေနဲ့လည်း တိုင်းပြည် ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ဆက်လုပ်သွားမယ်လို့ ဦးလှသိန်းဆွေ က ဘီဘီစီကို ပြောပါတယ်။
ပါတီစွဲ၊ လူမျိုးစွဲ၊ဝါဒစွဲ နဲ့ ဂိုဏ်းဂဏ စွဲ မထားပဲ အားလုံး လက်တွဲ ပူးပေါင်းမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မယ်၊ ဒါကြောင့် ကြံ့ခိုင်ရေးကလဲ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။သူ့အနေနဲ့ နေပြည်တော်မှာ အနိုင်ရတဲ့ အန်အယ်ဒီ ကိုယ်စားလှယ်တွေနဲ့လည်း တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။
ဦးလှသိန်းဆွေ ဟာ နအဖ အစိုးရ လက်ထက်တုန်းက ဘဏ္ဍာရေး ဒုတိယ၀န်ကြီး တာဝန် ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်ပါတယ်။
ဘီဘီစီ
Unknown at 8:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေ
ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးမှ လွဲ၍
ကျန်ရှိသည့်ပြည်နယ်တိုင်းများတွင် မတ်လလကုန်ပိုင်းက ထုတ်ခဲ့သော
တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေကြောင်း
မကွေးတိုင်းတွင် သုံးစွဲသူများနှင့် ဖုန်းဆိုင်အချို့က သိရှိရသည်။
“မကွေးတိုင်းရဲ့ လိုင်းဆွဲအားဟာ နှေးကွေးမှုတွေ ရှိနေတယ်။
ဖုန်းလိုင်းတွေလည်းကြပ်တယ်။ တခါတလေ ငွေဖြည့်ကတ်ထည့်တဲ့ အခါတွေမှာပါပြဿနာတွေ ဖြစ်ပြီး ဆိုင်ရောက်လာ တာတွေရှိတယ်။”ဟု
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်က အရောင်းကိုယ်စားလှယ် တစ်ဦးကပြောသည်။
အဆိုပါ မကွေးတိုင်းတွင် ဖုန်းလိုင်း မိသော်လည်း  ခေါ်၍မရကြောင်း
ဖုန်းငွေဖြည့်ကဒ် ထည့်သည့် အခါတွင် ကဒ်အသစ်တွင် ရှိသည့် ငွေများ
အလွန်အကျွံ လျော့နည်းသွားခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
“ဖုန်းလိုင်းကတိုင်အပြည့်ရှိနေတယ်။ ဒါပေမယ့် ခေါ်လို့မရတာတွေ
ငွေဖြည့်ကဒ်ထည့်ပြီး ပြန်စစ်ကြည့်တဲ့အခါ ငွေမရှိတော့တာတွေ အဲလို ပြဿနာတွေအဖြစ်များနေတယ်။”ဟု ဖုန်းသုံးစွဲသူများမှ ပြောသည်။
အဆိုပါ ကိစ္စရပ်များဖြစ်ပေါ်ရခြင်းသည် မကွေးတိုင်း ဒေသကြီးတွင်ရှိသော
ဖုန်းတာဝါတိုင် အရေအတွက်နှင့်  ဖုန်းချထားမှု ပမာဏ မညီမျှမှုများကြောင့်
ယခုလို ပြဿနာ အချို့ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဖုန်းအရောင်းဆိုင်များက
သုံးသပ် ပြောကြားကြသည်။
မကွေးတိုင်း ဒေသကြီးတွင် ဖုန်းလိုင်းဆွဲအား
နှေးကွေးများဖြစ်ပေါ်နေသော်လည်း ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်
ဖုန်းလိုင်းဆွဲအား ကောင်းမွန်လျက်ရှိကြောင်းနှင့် သုံးစွဲရာတွင် အဆင်ပြေ
ကောင်းမွန်လျက်ရှိကြောင်း အဆိုပါ ဒေသများရှိ ဖုန်းအရောင်းဆိုင်များက
စုံစမ်းသိရှိရသည်။
အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း
ဒေသကြီးများတွင် ဧပြီလ(၉) ရက်နေ့မှသာ စတင်ချထားပေးမည် ဖြစ်ပြီး ဧပြီလ ၉ရက်မှ ၁၁ ရက် အထိ ရောင်းချပေးမည်ဖြစ်ပြီး သင်္ကြန်ကျမည်ွှ အစိုးရရုံးပိတ်ရက်များတွင် ရောင်းချခြင်းအား ခေတ္တပိတ်ထားမည် ဖြစ်ပြီး နှစ်ဆန်း
၂ ရက် နေ့တွင် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
 ထွန်းနေအောင်(မြစ်မခ)
Unknown at 8:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မြန်မာ နှုန်းရှင် ငွေ လဲလှယ်နှုန်း စနစ် စတင်
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာသုံး ကျပ်ငွေ ကို နိုင်ငံခြား ငွေနဲ့ လဲလှယ်တဲ့ နေရာမှာ အစိုးရ အရင်က သတ်မှတ် ထိန်းချုပ်လာတဲ့ စနစ်ကို အခုတော့ လျှော့ပေးလိုက်ပါပြီ။ ဒါကြောင့် မို့လို့ ဒီကနေ့ က စပြီး အသက်ဝင်တဲ့ ငွေလဲနှုန်းက ဈေးကွက်ထဲ မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၁၈ ကျပ်နှုန်း နဲ့ ဈေးကွက်ထဲမှာ ပေါက်သွား ပါတယ်။ အရင် ငွေလဲ နှုန်း မျိုးစုံ နဲ့ တွက်ချက်နေ လို့ ရှုပ်နေတာက နေ အခုလို မျိုး ငွေလဲနှုန်း တစ်ခုတည်း ဖြစ်လာတာက အစကောင်း ပြောင်းလဲ တာဖြစ်တယ် လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီလိုဘဲ လိုအပ် တစ်ချို့  ရှိနေသေးတာ ကိုလည်း သူတို့ က အကြံပေးပြီး ထောက်ပြ ကြပါတယ်။
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာ အပြီး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေ စ လုပ်လာခဲ့ ရာမှာ အခုလို ငွေလဲနှုန်းကို ဈေးကွက် အတိုင်း နီးပါး တစ်သတ်မတ်တည်း ဖြစ်သွားအောင် လျှော့ပေါ့ ဖန်တီးပေးလိုက်တာ ဟာ ကြီးမားတဲ့ လုပ်ရပ် တစ်ခုဖြစ်တယ် လို့ သုံးသပ် သူတွေ က ဆိုကြပါတယ်။
မြန်မာ နိုင်ငံ ဗဟိုဘဏ်က သတင်း ဆိုင်ရာ တာဝန် ရှိသူ ဗိုလ်မှူးကြီး ဝင်းသော် က အခုလို ပြောင်းလဲ လိုက်တာဟာ အရင်လို လိုသလို ဆုံးဖြတ်ချက် ချ လုပ်တာ မဟုတ်ဘဲ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ အပါအဝင် အားလုံး နဲ့ တိုင်ပင် ညှိနှိုင်းပြီး လက်တွေ့ကျအောင် လုပ်လိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။
“ကျနော်တို့ သဘောနဲ့ ကျနော်လို့ လုပ်တာ မဟုတ်ဘဲ နဲ့ အင်တာနေရှင်နယ် က အကြံပြုချက် နဲ့ IMF ရဲ့  အကြံပြုချက်ရယ်၊ သူ့ရဲ့ Experts တွေပါ ပါဝင်ပြီးတော့မှ ကျနော်တို့က ကော်မတီလေး တစ်ခု ဖွဲ့တယ်။ အဲဒီ ကော်မတီကနေ ပြီးတော့ မှ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရထားတဲ့ Authorized Dealers License ရထားတဲ့ ပုဂ္ဂလိက ဘဏ် (၁၁) ဘဏ် ကို ခေါ်ပြီးတော့ မှ သူတို့နဲ့ လေလံ လုပ်တာပေါ့ဗျာ။ လေလံ လုပ်ပြီးတော့ သူတို့ ဆီက ဝယ်လိုအား ရောင်းလိုအား ပေါ် မူတည် ပြီးတော့မှ ချိန်တွက် ပြီးတော့မှ တွက်တဲ့ method တွေ အများကြီး တွေထဲက နည်းတစ်နည်း နဲ့ တွက်တာပေါ့ဗျာ။ ထွက်လာတဲ့ rate က reference rate ပေါ့။ reference rate ကို ကျနော်တို့က ဒီနေ့ ကြေငြာလိုက်တာ။”
ဗိုလ်မှူးကြီး ဝင်းသော် ကပဲ အရင် အစိုးရ ငွေလဲနှုန်း က တစ်ခု၊ ဈေးကွက်ထဲမှာ ဖြစ်နေတဲ့ ငွေလဲနှုန်းက တစ်ဖုံ နည်းမျိုးစုံ ဖြစ်နေရာကနေ ဒီနေ့ တစ်သတ်မတ်တည်း ဖြစ်လာတဲ့ ငွေလဲနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ (၈၁၈) ကျပ်နှုန်း ဖြစ်ပြီး ဈေးကွက်နဲ့ အညီ နေ့စဉ် အပြောင်းအလဲ လုပ်ပေးသွားမယ် လို့ ဆိုပါတယ်။
“ဟုတ်ကဲ့။ ၈၁၈ က ကျနော်တို့ ဒီနေ့ ကြေငြာလိုက်တဲ့ rate ပေါ့။ ကျနော်တို့ အခု ကျင့်သုံး လိုက်တဲ့ ဟာက manage floating exchange rate regime ပါ။ အဲဒီ အတွက် ကျနော်တို့ က ဒီဟာကို auction လုပ်ပြီးတော့ မှ နေ့စဉ် ထုတ်ပြန်သွားပါမယ်။”
ဒါ့အပြင် အခုလို ပြောင်းလဲ လိုက်တာကို IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကလည်း ကြိုဆိုတာ မို့ မြန်မာ့ စီးပွားရေး အတွက် အလားအလာကောင်းတယ် လို့ ဗိုလ်မှူးကြီး ဝင်းသော် က ဆက်ပြောပြပါတယ်။
“ဒီနေ့ ထုတ်ပြန်တဲ့ အပေါ်မှာ IMF အနေနဲ့ကလည်း ကျနော်တို့ ဆောင်ရွက်မှု ကို ကြိုဆိုကြောင်းပေါ့ဗျာ။ ကြိုဆိုကြောင်း အီးမေးလ် ပို့တယ်။ ပြောတယ်။”
သုံးသပ်သူတွေ ဘက်ကလည်း အရင် အရမ်းကွာခြားနေတဲ့ အစိုးရ ငွေလဲနှုန်းနဲ့လည်း အပြင်ဈေးကွက် ပေါက်နှုန်းကို တစ်ခုတည်း အခုလို ဖြစ်အောင် လုပ်လိုက် နိုင်တာကြောင့် အစိုးရ နဲ့ ပုဂ္ဂလိက အကြား မမျှ မတ ငွေလဲ နေရတာနဲ့ ဒီငွေကြေး လဲလှယ်မှုက နေ လာဘ်စားမှုတွေ လုပ်တာကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ထောက်ပြလိုက် ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်း အတွင်းရေးမှူး ကိုရဲမင်းအောင်ကလည်း အခုလို ပြောင်းလဲ လိုက်တာဟာ အစကောင်း ဖြစ်တယ် လို့ ကြိုဆိုလိုက်ပါတယ်။
“ပြည်တွင်းမှာလည်း ဒါ တကယ်ကို လိုအပ်နေတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ တိုင်းပြည်ကို investment လာလုပ်မယ့် နိုင်ငံခြား investors တွေ ကဘဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေက ဘဲ ဖြစ်ဖြစ်၊ အရင်ကလို multiple rate တွေ ဖြစ်နေတာ business environment က healthy မဖြစ်ဘူး လို့ သူတို့ ပြောကြတယ်လေ။ ဒါကလည်း ကျနော်တို့ အဓိက အချက်ဖြစ်တော့ အခုလိုမျိုး စပြောင်းလိုက်တာ ကောင်းတဲ့ beginning တစ်ခု ဖြစ်တယ်လို့ အနေအထားက တော့ သုံးသပ် ထားရှိပါတယ် ခင်ဗျ။”
ဒါပေမဲ့ ဆန်စပါး အပါအဝင် မြန်မာနိုင်ငံက အဓိက Export နိုင်ငံခြား ပို့ကုန် လုပ်ငန်းကို ပိုအားကောင်း လာစေချင် ရင်တော့ Export တင်ပို့ တဲ့ ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်တဲ့ ငွေလဲနှုန်း အနေအထား ရောက် အောင် ထိန်းညှိဖန်တီးပေး ဖို့ လိုမယ် လို့ ဆိုပါတယ်။
“လက်ရှိ သတ်မှတ်ထားတဲ့ Exchange rate က ဒီ ဟားဗတ် တက္ကသိုလ်က အဖွဲ့တွေ ပြောထားတဲ့ နှုန်းထားနဲ့ ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ competitive level ကို အစွမ်းကုန် မြှင့်တင်ပေးတဲ့ အနေအထား မရှိသေးဘူး ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဆန်စပါးတို့၊ ပဲတို့၊ ရေလုပ်ငန်းတို့ လုပ်နေတဲ့ လူတော်တော် များများက ဒီ Exchange rate အနေအထား အပေါ်မှာ အများကြီး မှီခိုရပါတယ် ခင်ဗျ။ အဲဒီလို Exchange rate ကောင်းကောင်းဖြစ်မှ အထူး သဖြင့် ကျနော်တို့က ပြောကြတာတော့ ၉၀၀ လောက်ဖြစ်မှ သူတို့က competitive level ရှိတယ် လို့ ပြောကြပါတယ်။”
ဒါ့အပြင် ကိုရဲမင်းအောင် ကဘဲ အခုလို ပြောင်းလဲ လိုက်တာက အစကောင်း ဖြစ်ပေမဲ့ Import သွင်းကုန် သမားတွေ အတွက်လည်း ဒီလက်ရှိ ဈေးနှုန်းကြောင့် ဈေးကြီးမှုတွေ တစ်စုံတစ်ရာ ထိခိုက်စေ သေးတယ် လို့ ထောက်ပြ လိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီး အနောက်နိုင်ငံတွေ ဘက်က စီးပွားရေး ပိတ်ဆို့မှု တွေ တစ်ချို့ လျှော့ချ လာပေးပြီး ရင်းနှီး မြုပ်နှံမှုတွေ ပြန်ဝင် လာနိုင်တဲ့ အခြေအနေမှာ အဟန့် အတား ဖြစ်နေသေးတဲ့ ပြည်တွင်း စီးပွားရေ ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေ လိုအပ်လာတယ် လို့ ဝိုင်းဝန်း ထောက်ပြနေကြ ချိန်မှာ အခုလို ငွေလဲနှုန်း အပြောင်းအလဲ ဖြစ်လာတာ ဖြစ်ပါတယ်။
VOA
Unknown at 8:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ငွေလဲလှယ်ရေးကောင်တာနှင့် ATM စက်များ ပိတ်မည်
နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာများနှင့် ATM စက်များအား ဖွင့်လှစ်ပေးမည်မဟုတ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။ ယင်းကာလအတွင်း Exchange ကောင်တာများနှင့် ATM စက်များ ပိတ်ထားခြင်းကို ဘဏ်များအားလုံး ညှိနှိုင်းဆုံးဖြတ်ပြီးဖြစ်ကာ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)နေ့ နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်သည်ဟု ဆုံးဖြတ်ထားကြောင်း သိရသည်။ “Exchange ကောင်တာတွေနဲ့ ATM စက်တွေကို ရုံးပိတ်ရက်ရှည်မှာ ဖွင့် မဖွင့်ဆိုတာကတော့ သက်ဆိုင်ရာ ဘဏ်တွေရဲ့ အပိုင်းပါ။ သူတို့အနေနဲ့ ဖွင့်ချင်တယ်ဆိုလဲ ဖွင့်လို့ရတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဘဏ်အားလုံးက ဖွင့်မယ်ဆိုလဲ ဖွင့်မှာပေါ့။ တစ်သဘောတည်းပါပဲ။ အခု ဘဏ်တွေအားလုံးရဲ့ ဆုံးဖြတ်ချက်အရ ပိတ်ဖို့ပဲများပါတယ်။ သင်္ကြန်နောက်ပိုင်း ဖွင့် မဖွင့်ကတော့ Confirm မဖြစ်သေးဘူး” ဟု ကမ္ဘောဇဘဏ် လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းချိုက ပြောသည်။ သို့ဖြစ်ရာ ဧပြီ ၁၀ ရက်အထိသာ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများနှင့် ATM စက်များကို ဘဏ်များအားလုံး ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း  သိရှိရသည်။
Unknown at 8:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.