Tuesday, April 3, 2012

တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေ



ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးမှ လွဲ၍
ကျန်ရှိသည့်ပြည်နယ်တိုင်းများတွင် မတ်လလကုန်ပိုင်းက ထုတ်ခဲ့သော
တန်ဖိုးနည်း GSM ဖုန်းများ သုံးစွဲရာတွင် အဆင်မပြေမှုများဖြစ်နေကြောင်း
မကွေးတိုင်းတွင် သုံးစွဲသူများနှင့် ဖုန်းဆိုင်အချို့က သိရှိရသည်။

“မကွေးတိုင်းရဲ့ လိုင်းဆွဲအားဟာ နှေးကွေးမှုတွေ ရှိနေတယ်။
ဖုန်းလိုင်းတွေလည်းကြပ်တယ်။ တခါတလေ ငွေဖြည့်ကတ်ထည့်တဲ့ အခါတွေမှာပါပြဿနာတွေ ဖြစ်ပြီး ဆိုင်ရောက်လာ တာတွေရှိတယ်။”ဟု
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖုန်းဆိုင်က အရောင်းကိုယ်စားလှယ် တစ်ဦးကပြောသည်။

အဆိုပါ မကွေးတိုင်းတွင် ဖုန်းလိုင်း မိသော်လည်း  ခေါ်၍မရကြောင်း
ဖုန်းငွေဖြည့်ကဒ် ထည့်သည့် အခါတွင် ကဒ်အသစ်တွင် ရှိသည့် ငွေများ
အလွန်အကျွံ လျော့နည်းသွားခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ဖုန်းလိုင်းကတိုင်အပြည့်ရှိနေတယ်။ ဒါပေမယ့် ခေါ်လို့မရတာတွေ
ငွေဖြည့်ကဒ်ထည့်ပြီး ပြန်စစ်ကြည့်တဲ့အခါ ငွေမရှိတော့တာတွေ အဲလို ပြဿနာတွေအဖြစ်များနေတယ်။”ဟု ဖုန်းသုံးစွဲသူများမှ ပြောသည်။

အဆိုပါ ကိစ္စရပ်များဖြစ်ပေါ်ရခြင်းသည် မကွေးတိုင်း ဒေသကြီးတွင်ရှိသော
ဖုန်းတာဝါတိုင် အရေအတွက်နှင့်  ဖုန်းချထားမှု ပမာဏ မညီမျှမှုများကြောင့်
ယခုလို ပြဿနာ အချို့ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဖုန်းအရောင်းဆိုင်များက
သုံးသပ် ပြောကြားကြသည်။

မကွေးတိုင်း ဒေသကြီးတွင် ဖုန်းလိုင်းဆွဲအား
နှေးကွေးများဖြစ်ပေါ်နေသော်လည်း ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်
ဖုန်းလိုင်းဆွဲအား ကောင်းမွန်လျက်ရှိကြောင်းနှင့် သုံးစွဲရာတွင် အဆင်ပြေ
ကောင်းမွန်လျက်ရှိကြောင်း အဆိုပါ ဒေသများရှိ ဖုန်းအရောင်းဆိုင်များက
စုံစမ်းသိရှိရသည်။

အဆိုပါ GSM တန်ဖိုးနည်း ဖုန်းများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း
ဒေသကြီးများတွင် ဧပြီလ(၉) ရက်နေ့မှသာ စတင်ချထားပေးမည် ဖြစ်ပြီး ဧပြီလ ၉ရက်မှ ၁၁ ရက် အထိ ရောင်းချပေးမည်ဖြစ်ပြီး သင်္ကြန်ကျမည်ွှ အစိုးရရုံးပိတ်ရက်များတွင် ရောင်းချခြင်းအား ခေတ္တပိတ်ထားမည် ဖြစ်ပြီး နှစ်ဆန်း
၂ ရက် နေ့တွင် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
 ထွန်းနေအောင်(မြစ်မခ)
Unknown at 8:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.