Saturday, March 17, 2012

ရန်ကုန်တိုင်းဒေသကြီး တွင် ကြိုတင်မဲ ရှစ်ထောင်ဝန်းကျင်သာရှိမည်

ရန်ကုန်တိုင်း ဒေသကြီး တွင် နိုင်ငံတကာသံရုံးများမှရောက် ရှိနိုင်မည့် ကြိုတင်မဲနှင့် လစ်လပ်မဲဆန္ဒ နယ်(၆)နေရာအတွက် မြို့နယ်နှင့် ရပ်/ကျေး ကြိုတင်မဲ စုစုပေါင်းမှာ ရှစ်ထောင်ဝန်းကျင် သာရှိနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
 ရန်ကုန်တိုင်းဒေသကြီး အတွင်းလစ်လပ်  ခြောက်နေရာအ တွက်မဲရုံဝန်ထမ်းစုစုပေါင်း(၆၀၀၀) ကျော် ၊ ရပ်/ကျေး ကြိုတင်မဲအဖြစ်  မဲရုံဝန်ထမ်း ၆၀၀၀ ကျော်အတွက် ကိုလည်းကောင်း ၊ နိုင်ငံခြားရေးရာ  ဝန်ကြီးဌာန မှတဆင့် ရရှိမည့် မဲဆန္ဒ နယ် ပြင်ပရောက် ကြိုတင်မဲ ( ၁၇၃ )ဦး၊ မြို့နယ် ကြိုတင်မဲ  အဖြစ် ပုံစံ(၁၅)ဖြင့် လျှောက်ထားလာသူ (၁၄၁)ဦး နှင့် လှည်းကူး မဲဆန္ဒ နယ် တွင်ပါရှိသည့် တပ်ရင်း  တစ်ခုမှပုံစံ(၁၅)ဖြင့်လျှောက် ထားသူ (၂၅၂)ဦးနှင့်   ကျန်ရှိသည့် တပ်ရင်းများ မှကြိုတင်မဲ များ အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး တွင် စုစု ပေါင်း ကြိုတင်မဲ  အရေအတွက် (၈၀၀၀) ဝန်းကျင်သာ  ရှိနိုင်ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး  ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဌကဆိုသည်။

''အခု လောလောဆယ် မှာတော့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနအနေနဲ့ ကြိုတင်မဲက(၁၇၃)ဦး ပဲရှိမယ်။ ဒါကထပ်တိုးစရာမရှိတော့ဘူး။ နောက်ပြီး ပုံစံ(၁၅)နဲ့ကြိုတင်မဲ လျှောက်ထားတဲ့မြို့နယ် ကြိုတင်မဲကလည်း သိပ်မများပါဘူး။ လှည်းကူး မှာ ဆိုရင် တပ်တွေက များတော့ အခုထိ တော့တပ်ရင်း တစ်ရင်းက ကြိုတင်မဲ (၅၂၅)ဦးအတွက်  စာရွက်တွေရောက် ထားတယ်။အခြားတပ်ရင်းတွေတော့ ကျန်သေး တယ်။ ရပ်/ကျေး ကြိုတင် မဲအနေနဲ့ ဒီလ(၃၀)နဲ့(၃၁)ရက်နေ့ဆို တော့ အဲ့ဒီနေ့တွေမှာ လာမယ့် အရေ အတွက်ပဲရှိပါမယ် ။ မဲရုံဝန်းထမ်း တွေက တော့ရပ်/ကျေး ကြိုတင်မဲအ နေနဲ့ပဲရှိမှာ ဆိုတော့ မဲရုံဝန်ထမ်းက တင် ရန်ကုန်တိုင်း ဒေသကြီးမှာ ခြောက် ထောင်ကျော်ရှိတဲ့အတွက် အဲ့ဒါနဲ့  ကြိုတင်မဲပေး ပိုင်ခွင့်(၇) မျိုးထဲကအ ကျုံးဝင်မယ့် ရပ်/ကျေး ကြိုတင်မဲ လောက်ပဲရှိနိုင်ပါတယ်။ရန်ကုန်မှာ ဆိုရင်(၆)နေရာ အတွက် စုစုပေါင်း ကြိုတင်မဲက ရှစ်ထောင်ဝန်းကျင်ပဲရှိ နိုင်ပါတယ်'' ဟုရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဥက0x081ကဌဦးကိုကိုက ဆိုသည်။


ရန်ကုန်တိုင်း ဒေသကြီး တွင် မြို့နယ်ကြိုတင်မဲအဖြစ်ပုံစံ (၁၅)ဖြင့်လျှောက်ထားလာသူ မတ် လ(၁၆)ရက်နေ့ထိမင်္ဂလာတောင်ညွှန့်မြို့ နယ်တွင်မရှိကြောင်း၊ မရမ်းကုန်းမြို့ နယ်တွင်တစ်စောင်၊ဒဂုံဆိပ်ကမ်းမြို့ နယ်တွင်(၁၂၄)စောင်၊ကော့မှူးမြို့ နယ်တွင်တစ်စောင်၊ လှည်းကူးမြို့ နယ်တွင်(၂)စောင်၊သုံးခွမြို့နယ်တွင် (၁၂)စောင်ရှိကြောင်းစုစုပေါင်း (၁၄၁)စောင်ရှိကြောင်းသိရသည်။


ရန်ကုန်တိုင်းဒေသကြီး ရှိ လစ်လပ်မဲဆန္ဒ နယ်(၆)ခုအတွက် မဲရုံဝန်းထမ်းအဖြစ်ဆောင်ရွက် သူ များ ရပ် /ကျေးကြိုတင်မဲအဖြစ်ပေး ခွင့်ရှိသူများမှာမင်္ဂလာတာင်ညွှန့်မြို့ နယ်တွင်(၁၀၆၈)ဦး၊မရမ်း ကုန်း မြို့ နယ်တွင် (၁၂၃၈)ဦး၊ဒဂုံဆိပ်ကမ်းမြို့ နယ်တွင် (၅၃၆)ဦး၊ ကော့မှူးမြို့ နယ်တွင်(၉၇၉)ဦး၊လှည်းကူးမြို့ နယ်တွင်(၁၂၂၀)ဦး၊သုံးခွမြို့နယ်တွင် (၁၁၃၀)ဦးရှိကြောင်းစုစုပေါင်း (၆၂၇၁)ဦးရှိကြောင်း၊ နိုင်ငံခြားသံရုံး များမှရောက်ရှိလာသည့် မဲဆန္ဒ နယ် ပြင်ပရောက်ကြိုတင်မဲမှာမင်္ဂလာတောင် ညွှန့်မြို့နယ်တွင်(၅၂)စောင်၊မရမ်း ကုန်းမြို့နယ် တွင်(၁၀၃)စောင်၊ ဒဂုံဆိပ် ကမ်းမြို့နယ်တွင်သုံးစောင်၊ကော့ မှူးမြို့ နယ်တွင်နှစ်စောင်၊လှည်းကူး မြို့နယ်တွင်(၁၃)စောင်၊ သုံးခွမြို့နယ် တွင်မရှိကြောင်း စုစုပေါင်း(၁၇၃) စောင်ရှိကြောင်းသိရသည်။


''ရပ်ကွက်၊ မြို့နယ်တွေ မှာကြိုတင်မဲဘယ်လောက်ရှိတယ် ဆိုတာ ကြိုကြေညာသင့်တယ်။ဒါမှ လည်းမဲရုံးကိုယ်စားလှယ်တွေ၊ရွေး ကောက်ပွဲဝင် ကိုယ်စားလှယ်တွေက ကိုယ့်မြို့နယ်မှာ ကြိုတင်မဲဘယ် လောက် ရှိမယ် ဆိုတာ ကိုသိပြီးမှ မဲရေတွက်တဲ့ အခါမှာ တိတိကျကျ ပိုပြီး သိနိုင်တယ်'' ဟုအမျိုးသား ဒီမိုက ရေ စီအင်အားစုပါတီနိုင်ငံရေးခေါင်း ဆောင်ဦးခင်မောင်ဆွေကဆိုသည်။ '' ကြိုတင်မဲတွေနဲ့ပက် သက်ပြီး ကော်မရှင်တွေ မှာကိုယ်စား လှယ်လောင်း တွေတောင်းယူကြည် ရှု့နိုင်ပါတယ် ။ ရပ်/ကျေး ကြိုတင်မဲနဲ့ မြို့နယ် ကြိုတင်မဲတွေက ဒီလ(၃၀)နဲ့ (၃၁)ရက်နေ့မှာ  ပေးနိုင်တာဆိုတော့ အဲ့ဒီ နောက်ပိုင်း ရက်တွေမှာ ကြည့် နိုင်ပါတယ်'' ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးကိုကိုက ဆိုသည်။

 ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင်မဲဆန္ဒ နယ်ပေါင်း(၁၁၅၄)နယ် ကျင်းပခဲ့ပြီး တစ်သီးပုဂ္ဂလ  ကိုယ်စား လှယ်အပါအဝင် ကိုယ်စားလှယ် ပေါင်း(၃၀၆၉)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးနိုင်သည့် မဲ ဆန္ဒ ရှင်၂၉.၀၂ သန်းရှိပြီး မဲပေးခဲ့မဲ ဆန္ဒ ရှင်၂၂.၄ သန်းရှိကြောင်းသိ ရသည်။

ရန်ကုန်တိုင်းမ်
သစ်ထူးလွင်
Unknown at 9:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွင်းတို ပျံသန်း ပြေး ဆွဲနိုင် ရန် မြန်မာ့ လေကြောင်း မှ ရဟတ် ယာဉ်သစ် ၂ စင်း ၀ယ်ယူထား

နိုင်ငံပိုင် လေကြောင်း လိုင်းဖြစ်တဲ့ မြန်မာ့ လေကြောင်းဟာ လက်ရှိ ပြေးဆွဲနေတဲ့ ခရီးစဉ်များ အပြင် ဝေးလံတဲ့ ဒေသတွေ မှာရှိတဲ့ ကွင်းတို လေယာဉ် ကွင်းများမှာ
ပျံသန်း ပြေးဆွဲ ပေးနိုင်ဖို့ အတွက် ရဟတ်ယာဉ်သစ် ၂ စင်းကို ၀ယ်ယူ ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရဟတ်ယာဉ် ၂ စင်းကို လက်ရှိ မြန်မာ့ လေကြောင်း မှာရှိတဲ့ ရဟတ်ယာဉ် တွေနဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ အဲ့ဒီ လေယာဉ် တွေဟာ ခရီးသည် ၁၉ ယောက်သာ တင်ဆောင် နိုင်တာ ဖြစ်ပြီး ပြည်တွင်းရဲ့ ဝေးလံတဲ့ ဒေသတွေ ဖြစ်တဲ့ ပုလော၊ ဂန့်ဂေါ၊ တနိုင်း၊ လုံးခင်၊ မိုးမိတ်၊ မိုင်းယောင်း၊ တာလေ စတဲ့ လေယာဉ်ကြီးတွေ ဆင်းသက်ဖို့ ခက်ခဲတဲ့ ကွင်းတို လေယာဉ်ကွင်း တွေမှာ ပျံသန်း ဆင်းသက် နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်း မှာရှိတဲ့ လေယာဉ်ကွင်း ၅၀ မှာ ကွင်း ၂၆ ကွင်းမှာပဲ ပျံသန်း ပြေးဆွဲနိုင်ပြီး အချို့လေယာဉ်ကွင်း တွေဟာ လူနေထိုင်မှုများ၊ နွားစားကျက်နဲ့ အခြား နည်းလမ်း တွေကြောင့် ပျက်စီးမှုတွေ ရှိနေပါတယ်။ အဲ့ဒီအတွက် လေယာဉ်သစ် ၀ယ်ပြီး ပါကလည်း ခရီးစဉ်သစ် များကို ပျံသန်း ပြေးဆွဲ နိုင်ဦးမှာ မဟုတ်သေးဘဲ စီးပွားရေး တွက်ခြေ ကိုက်မှု ရှိ၊ မရှိကို စမ်းသပ် ပျံသန်း ကြည့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ လေယာဉ်ကို ရေနံ တူးဖော်ရေး လုပ်ငန်းများ၊ အထူး ခရီးစဉ်များ၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ စတာတွေ အတွက် ငှားရမ်း အသုံးပြု နိုင်ပါတယ်။ နောက်ပိုင်း လေယာဉ် ကွင်းတွေ ပြင်ဆင်ပြီး ပျံသန်း ပြေးဆွဲဖို့ အဆင်ပြေ လာပါက ခရီးစဉ် သတ်မှတ်ကာ ပျံသန်း ပြေးဆွဲနိုင် အောင်လည်း စီစဉ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



Unknown at 8:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မလျှော့တမ်း ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ပြိုင်ဘက်

ရစ်ချက်ဆာဂျင့်
(အေအက်ဖ်ပီ)
ဆန်းဦး ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ - ၂၂ ၊ ၃၊ ၂၀၁၂)

ပြည်ခိုင်းဖြိုးကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကော့မှုးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံများအား မဲဆွယ်ဟောပြောနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
အရှိန်အ၀ါကြီးမားလှတဲ့ ပြိုင်ဘက်နဲ့ ယှဉ်လိုက်ရင် သူ့မှာ လှိုက်လှိုက် လဲလဲနဲ့ ကြိုဆိုနေတဲ့ ပရိသတ်မရှိပါဘူး။ ဒါပေမယ့် လာမယ့်ဧပြီလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်အရွေးချယ်ခံမယ့် လက်ရှိအာဏာရ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအနေနဲ့ ရှုံးနိမ့်မှုဆိုတဲ့ စကားမျိုးကိုတောင် ပြောဖို့ အချိန်မရှိပါဘူး။
စစ်တပ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါက်တာစိုးမင်းတစ်ယောက် ကတော့ တစ်ရွာပြီးတစ်ရွာလှည့်လည်ရင်း ဆေးအခမဲ့ကုသပေးရင်းနဲ့ပဲ သူ့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြဖို့ သတင်းစကားကို ဖြန့်ဝေ ပေးနေပါတယ်။
ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်တိုင်းမှာ ထောင်ပေါင်းများစွာသော လူထုကြီးကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရ ခြင်းရဲ့ စိန်ခေါ်မှုကြီးကိုတော့ သူက အေးဆေးစွာပဲ တုံ့ပြန်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူနဲ့ ကျွန်တော်တို့ဟာ မိသားစုတစ်ခုတည်း လိုပါပဲ။ ကျွန်တော်တို့ဟာ မိသားစုတွေပါ။ ပြည်သူ တွေဟာ ကျွန်တော်တို့ရဲ့ အမိ အဖတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့ရဲ့ အစ်မကြီးပါ" လို့ ဒေါက်တာ စိုးမင်းက အေအက်ဖ်ပီကိုပြောပါ တယ်။
"ကျွန်တော်က ကျွန်တော့ကို တိုင်းပြည်က အပ်နှင်းထားတဲ့ တာဝန်ကို ကျေချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင် အနိုင်ယူချင်လို့မဟုတ်ပါဘူး။ ကျွန်တော့ကိုယ်ကျွန်တော်ပြိုင်နေတာပါ" လို့ သူက သူ့ထက် အသက် ၁၇ နှစ် ကြီးတဲ့ ဒေါ်အောင်ဆန်း စုကြည်နာမည် ရှေ့မှာ လေးလေးစားစားနဲ့ ဒေါ်တပ်ခေါ်လို့ ပြောပါတယ်။
အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာ စိုးမင်းဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က တပ်မတော်က အနားယူခဲ့ပြီး အခုတော့ ပြည်ခိုင်ဖြိုးက ဖွင့်ထားတဲ့ အခမဲ့ဆေးခန်းမှာ သူဟာ အမြဲမြင်တွေ့နေကျပုံရိပ် တစ်ခု ဖြစ်နေပါပြီ။
ပြည်ခိုင်ဖြိုးဝတ်စုံဖြစ်တဲ့ ရှပ်အဖြူနဲ့ ပုဆိုးအစိမ်းကို ၀တ်ဆင်ထားပြီး လက်ထဲ မှာ နားကြပ်ကိုကိုင်ထားတဲ့ သူဟာ ဖုန်ထူ ထူသူ့ ဇာတိမြို့လေးမှာ ကျန်းမာရေး အသိတွေပြောပြပေးရင်း လူတွေကို ကျန်းမာရေး စစ်ဆေးပေးတာတွေကို ပါတီရဲ့ ခြင်္သေ့တံဆိပ် အောက်ကနေ ဆောင်ရွက်ပေးနေပါတယ်။
တစ်ခါတစ်ရံမှာလည်း သူ့ကိုမဲပေး မယ့်သူတွေဖြစ်လာနိုင်တဲ့ တိုင်းရင်းသား တွေနဲ့ လူနာတွေနဲ့ တွေ့ဆုံချိန်တွေမှာ ကရင်အမျိုးသား ၀တ်စုံကို ၀တ်ဆင်ထား ပါသေးတယ်။
ကော့မှူးမြို့နယ်က ကျေးလက်မဲဆန္ဒ နယ်တွေကို ဒေါက်တာစိုးမင်းသွားတဲ့ အချိန်တွေမှာ လမ်းမပေါ်မှာ သူတစ်ယောက်တည်းပါ။
ဒါဟာ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခဏလောက်မြင်တွေ့ခွင့် ရဖို့သွားရာ လမ်းဘေးတစ်လျှောက် လာရောက်စုရုံးနေတဲ့ လူထုကြီးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဆန့်ကျင်ဘက် မြင်ကွင်းတစ်ခုပေါ့။
ပြည်ခိုင်ဖြိုးကို မဲပေးမယ့်သူတွေကို သူပေးတဲ့သတင်းစကားကတော့ ပြည်ခိုင်ဖြိုးကိုပေးတဲ့ မဲတစ်မဲဟာ ခေတ်မီ ဒီမိုကရက်တစ် နိုင်ငံတည်ထောင်ဖို့၊ အချုပ်အချာအာဏာကို ထိန်းသိမ်းဖို့ နဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ တိုင်းရင်း သားတွေရဲ့ နယ်စပ်ဒေသတွေမှာ စည်းလုံးညီညွတ်ရေးကို ပြန်လည်တည် ဆောက်ဖို့ အထောက်အကူဖြစ်မယ် ဆိုတာပါပဲ။
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရခဲ့ ပါဘူး။
အဲဒီအချိန်တုန်းက သူဟာ နေအိမ်မှာအကျယ်ချုပ် ကျခံနေရတဲ့ အချိန်ပါ။
ဆယ်စုနှစ်နှစ်ခုလောက် အထိန်းသိမ်းခံခဲ့ရတဲ့ သူမဟာ ရွေးကောက်ပွဲအပြီး ရက်အနည်းငယ် အကြာမှာ လွတ်မြောက်လာပါတယ်။
နှစ် ၅၀ လောက် စစ်တပ်အုပ်စိုးမှုကို ရပ်တန့်သွားစေခဲ့တဲ့ အာဏာရအရပ် သားအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် ဆောင်ရွက်ခဲ့ပြီး ဝေဖန်သူတွေကို အံ့အားသင့်စေခဲ့ပါတယ်။
အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး အင်န်အယ်လ်ဒီ ကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်ကြီးထဲ ပြန်ဝင်လာဖို့ ဖိတ်ခေါ် ခဲ့ပါတယ်။
လေ့လာသူတွေကတော့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ နိုင်စေချင်တယ်လို့ဆိုကြ ပါတယ်။
ဒါမှသူတို့ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေဟာ အသိအမှတ်ပြုခံရပြီး အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျော့ကျ သွားစေမှာ ဖြစ်ပါ တယ်။
လက်ရှိအချိန်မှာတော့ လွှတ်တော် တွင်းမှာ နေရာလေးပုံတစ်ပုံက တပ်မတော်သားကိုယ်စားလှယ်တွေဖြစ်ပြီး ကျန်နေရာတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ကို ပြည်ခိုင်ဖြိုးအမတ်တွေက လွှမ်းမိုးထားပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်လာခြင်းဟာ ထူးခြား ပြီး အတိုက်အခံတွေဟာလည်း ဥပဒေပြု ရေးလုပ်ငန်း စဉ်မှာ တရားဝင်နေရာ တစ်ခု ရလာမှာဖြစ်ပါတယ်။
"အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်စုကို ကျွန်တော်တို့ ထောက်ခံသွားမှာပါ။ သူ့ကိုကျွန်တော်တို့ ယုံကြည်တယ်" လို့ လယ်သမားကြီး ကိုအေးလှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ လွပ်လပ်ရေးခေါင်ဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓာတ်ပုံရှေ့မှာ မတ်တပ် ရပ်ရင်း ပြောပါတယ်။
ဒေါက်တာစိုးမင်းကတော့ မဲဆွယ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူနာတွေဟာ သူ့ကို ထောက်ခံမဲပေးကြမယ် လို့ မျှော်လင့်ထား ပါတယ်။
"ကျွန်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်နှစ်နှစ်ကာကာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ပါတီနိုင်မှာပါ"လို့ သူက ဆိုပါတယ်။ 

 မြန်မာတိုင်း(မ်)
Unknown at 8:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခုချိန်မှာမှားတဲ့ဆုံးဖြတ်ချက် တစ်ခု လုပ်မိမှာ ကြောက်တယ် သင်ဇာဝင့်ကျော်


cစကားပြောရင် ပွင့်ပွင့်လင်း လင်းပဲပြောတတ်ပြီး အင်တာဗျူး မေးလာခဲ့ရင်လည်း စိတ်ထဲရှိတဲ့အ ဖြူထည်အတိုင်းစကားပြောရင် ပွင့်ပွင့်လင်း လင်းပဲပြောတတ်ပြီး အင်တာဗျူး မေးလာ ခဲ့ရင် လည်း စိတ်ထဲရှိ တဲ့အ ဖြူထည် အတိုင်း ဖြေတတ် တဲ့ သူက တော့ လူငယ် သရုပ်ဆောင် သင်ဇာ ဝင့်ကျော် ပဲဖြစ်ပါတယ်။ သူနဲ့စကား ပြောတဲ့အခါ ကျလာတဲ့ ဝါကျလေး တွေကိုခုလို စုစည်း ကြည့်လိုက်တော့ ...
Q. လျော့ပါးသွားတဲ့ဆင်ဆာ မူဝါဒနဲ့ပတ်သက်ပြီးတော့ရော . . ..
A. ဆင်ဆာတွေဘာတွေ လျော့ပေးလိုက်တယ်ဆိုတော့ သင်ဇာတို့ဖက်က ကြိုးစားပြမယ့် အခွင့်အရေးတွေရှိလာတာပေါ့။ ဆင်ဆာက အဝတ်အစားသာမက ရိုက်ကူးဖို့အပိုင်းတွေပါလျော့တော့ မယ်ဆိုတော့ အများကြီးကောင်း လာမှာပါ။
Q. ဆင်ဆာမရှိတုန်းကနဲ့ ရှိ တဲ့အခါတုန်းက ဘာတွေကွာခြား သွားလဲ
A. အရင်တုန်းကဆို စကတ်ဆိုရင် ဒူးဖုံးရမယ်ဆိုပြီး တော့ပါတယ်။ အခုတော့ မရှိတော့ ဘူးပေါ့။ အဲဒါကိုပြောချင်တာပါ။
Q. ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ် ကားကြီးမှာဘယ်နေရာကနေ သရုပ်ဆောင်ချင်လဲ။
A. မမှန်းရဲဘူး။ ဒါကလည်း ကိုယ့်ထက်ဝါရင့်တဲ့သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေပေါင်းပြီးလုပ်ကြတဲ့ အလုပ်တစ်ခုဆိုတော့ ကိုယ်လိုမျိုး အသစ်တစ်ယောက် က ဘာမှ ဝင်မပြောချင်ဘူး။ တကယ်လို့ သူတို့လာပြီးခေါ်တဲ့အခါကျရင် လည်းရိုက်ပေးဖို့အဆင်သင့်ပါပဲ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီဇာတ်ကားကြီး ထွက်လာတဲ့ အခါ ကျရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားကြီးတစ်ကားဖြစ်မှာ ကျိမ်းသေပါတယ်။
Q. အဲဒီဇာတ်ကားကြီးကရော နိုင်ငံတကာက အရည်အသွေးမီတဲ့ ဇာတ်ကားကြီးဖြစ်နိုင်မယ်လို့ထင် ပါသလား။
A. ဒါကတော့ ရိုက်မယ့် ဒါရိုက်တာပေါ်မူတည်ပါလိမ့်မယ်။
Q. အခုဆိုရင် NLDပါတီ အတွက် အနုပညာရှင်တော်တော် များများ မဲဆွယ်စည်းရုံးရေးဆင်း နေတယ်လို့ကြားရပါတယ်။ သင် ဇာကရော။
A. ကိုယ့်ဘက်က လုပ်နိုင် တာလေးတွေကို လုပ်ဖြစ်မှာပါ။ ဘယ်အရာလေးတစ်ခုမဆို ကိုယ်လုပ် လိုက်လို့ ဆုံးဖြတ်ချက်ချလိုက်လို့ အကုန်လုံးကောင်းသွား မယ်ဆိုရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုရင်တော့ လုပ်ဖြစ်မှာပါ။ အခုချိန်မှာ မှားတဲ့ ဆုံးဖြတ်ချက်တစ်ခုလုပ်မိမှာကို လည်းကြောက်မိတယ်။
Q. နိုင်ငံရေးပြောင်းလဲလာ သလို အနုပညာလောကလည်း ပြုပြင်တိုးတက်ပြောင်းလဲသွားမယ်လို့ ထင်ပါသလား။
A. အဲဒီလောက်ထိလည်း သင်ဇာသိလည်းမသိချင်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ကိုယ့်အနုပညာ ကိုယ်လုပ်နေရတယ်ဆိုရင် တော် ပါပြီ။ အဲဒီလောက်ထိလည်းမတွေး ဘူး။
Q. ဒီနှစ်ထဲမှာရော သင်ဇာ့ အနေနဲ့ ကာရိုက်တာ ထူးထူးခြား ခြားရိုက်ကူးထားတဲ့ဇာတ်ကားမျိုး ရှိပါသလား။
A. 'မှော်ဝင်ကျားသစ်' ဆိုတဲ့ ဇာတ်ကားရိုက်ထားတယ်။ လူက နေမှော်ဝင်ပြီး ကျားသစ်ပြောင်း သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ရိုက်နေ ကျဇာတ်ကားမျိုးတွေထက်စာရင် တော့ ထူးဆန်းတယ်လို့ထင်ပါ တယ်။
Q. အကယ်ဒမီမှန်းနိုင်မယ့် ဇာတ်ကားမျိုးတွေရောရိုက်ကူးတာ ရှိပါသလား။
A. ရှိပါတယ်။ ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးတဲ့ ဇာတ် ကားတစ်ကားမှာ လုပ်ကွက်တော် တော်လေးရထားတယ်။ အဲဒီဇာတ် ကားက ဟာသရော၊ ဒရာမာရော ပေါင်းထားတာ။ ကိုယ်တစ်ယောက် တည်းဒရာမာလုပ်ရတာ။ ဒါပေမဲ့ အဲဒီဇာတ်ကားထက်ကောင်းတဲ့ ဇာတ်ကားမျိုးတွေပါလာရင်တော့ ဘယ်တတ်နိုင်မလဲပေါ့။
Q. မင်းသမီးသင်ဇာဝင့်ကျော် ကို အရပ်သူ သင်ဇာဝင့်ကျော် ကဘာတွေထိန်းချုပ်ထာပါသလဲ။
A. အရပ်သူတစ်ယောက်က တော့ မင်းသမီးကိုဘယ်လိုမျိုးမှ မထိန်းချုပ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မင်းသမီးဖြစ်နေတယ်ဆိုတဲ့စိတ်တစ် ခုတည်းနဲ့ပဲ အရပ်သူဘဝမှာ အဆင် ပြေအောင်နေရတာလေ။ အရပ်သူ သင်ဇာဝင့်ကျော်က မင်းသမီး သင်ဇာဝင့်ကျော်ကို ထိန်းချုပ်နိုင် စွမ်းမရှိပါဘူး။
Q. တစ်ခါတလေ လူမသိ သူမသိတဲ့ လက်ဖက်ရည်ဆိုင်မျိုးမှာ ထိုင်ချင်မိတဲ့စိတ်မျိုးရှိလား။
A. ဒါပေမဲ့ ဒီမှာက ဘယ် သွားသွား လူကသိနေတာလေ။ (ရယ်လျက်) ကိုယ်ဘယ်ကိုသွား သွား လူသိတဲ့နေရာကိုပဲသွားတာ လေ။ လူမသိဘူးထင်တဲ့နေရာတွေ လည်း ရှိချင်ရှိခဲ့မယ်။ သင်ဇာက အဲဒီလိုမျိုးနေရာတွေမသွားဘဲနဲ့ လူသိတဲ့ နေရာမျိုးတွေပဲ သွားတာ များတယ်။ သင်ဇာကျတော့ သွားတဲ့နေရာက လူသိတဲ့နေရာဆိုတော့ လူတိုင်း သိပါတယ်။
Q. သင်ဇာဝင့်ကျော်နဲ့ ချွတ် စွပ်တူတဲ့ကောင်မလေးတစ်ယောက် နဲ့လမ်းမှာမျက်နှာချင်းဆိုင်ဆုံမိခဲ့ရင် ဘာလုပ်ဖြစ်မှာပါလဲ။ A. သွားမေးဖြစ်မှာသေ ချာတယ်။ အဖေအမေဘယ်သူ လဲဆိုတာပေါ့။ (ရယ်လျက်) ညီမတွေဘာတွေများဖြစ်နေမလား ပေါ့။
Q. သင်ဇာဝင့်ကျော်က တခြားလူတစ်ယောက်ကို "သင်ဇာ့ကိုသိလား" လို့မေးတဲ့အခါ တခြားတစ်ယောက်ကမသိဘူးလို့ ပြန်ဖြေရင်ဘာလုပ်ဖြစ်မလဲ။
A. အများကြီးကြုံဖူးတယ်။ သင်ဇာကလည်း မင်းသမီးတစ် ယောက်ဖြစ်နေတဲ့အတွက် တခြား တစ်ယောက်ကိုလည်း ညီမကိုသိ လားလို့ တစ်ခါမှ မမေးဖူးဘူး။ သူ များကသာ မိတ်ဆက်ပေးပြီး ဒါက သင်ဇာဝင့်ကျော်လေ။ တခြားတစ် ဖက်ကလည်း ဪသ်ာဟုတ်လား မသိ ဘူးလေဆိုပြီး လုပ်တာတွေလည်း ရှိခဲ့ဖူးတယ်။ မသိလို့လည်း ဖြစ် မယ်။ သိရဲ့သားနဲ့ လုပ်တာလည်း ဖြစ်မယ်လေ။ ဒါကလည်း လူအမျိုး မျိုးစိတ်အဖုံဖုံလေ။ သင်ဇာစိတ် လည်းမဆိုးပါဘူး။ သိတဲ့သူတွေရှိ ရင်ကိုယ် အောင်မြင်တာပေါ့။ မသိရင် မသိတဲ့သူတွေသိအောင် ထပ်ကြိုးစားရမှာပေါ့
Q. မြို့လယ်ခေါင်ဆိုင်တစ်ခု မှာ ရုပ်ဖျက်ပြီးတော့ ကျွန်မ သင်ဇာ ဝင့်ကျော်ပါလို့ပြောရဲပါသလား။
A. မဖြစ်နိုင်တဲ့ဟာမျိုးတော့ မစဉ်းစားမိဘူး။ သေချာတာက တော့ အဲဒီလိုမျိုးလုပ်တဲ့သူက အချိန်တွေတော်တော် အားနေလို့ ဖြစ်မယ် ထင်တယ်။
Q. အော်စကာပွဲမှာ သင်ဇာဝင့်ကျော်ကို တက်ရောက် ဖို့ဖိတ်ခေါ်ခဲ့ရင် ဘာလုပ်ဖြစ်မှာပါ လဲ။
A.အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေမှာတော့ သေချာတယ်။ ဒါပေမဲ့ အဲဒီလို ပွဲမျိုးကိုတက်ဖို့ ကတော့ စိုးရိမ်စိတ်၊ ကြော်က်ရွံစိတ် တော့ ရှိနေ မှာတော့သေချာ တယ်။ ဒါပေမဲ့ အဲဒီလို ပွဲမျိုးက ကိုယ့်ကို ဖိတ်တဲ့အတွက်ကြောင့် အကောင်း ဆုံးပြင်ဆင်ပြီးတော့ တက်ဖြစ်မှာ သေချာပါတယ်။
Q. သဘာဝတရားကိုလွန် ဆန်တဲ့ အလှတရားတွေကိုကြိုက် နှစ်သက်ပါသလား။
A. ကြိုက်ပါတယ်။ ဒီခေတ်မှာ က ဒီလိုဟာမျိုးတွေပဲလေ။ ဘန် ကောက်ဆိုရင် ဒီလိုဟာမျိုးတွေ ချည်းပဲ။ ကိုရီးယားဆိုရင် ဒီလိုမျိုး တွေချည်းပါပဲ။ ရန်ကုန်ဆိုရင်လည်း တဖြည်းဖြည်း ဒီလိုဟာမျိုးတွေချည်း ပဲဖြစ်လာပြီ။ အလွန့်အလွန်မဟုတ် ဘဲ လိုအပ်တဲ့နေရာမျိုးဆိုရင်လက် ခံပါတယ်။ မျက်နှာတစ်ခုလုံး၊ ခန္ဓာ ကိုယ်တစ်ခုလုံးပြုပြင်ထားတာမျိုး ဆိုရင် လက်မခံဘူး။ ကိုယ့်မှာ Originalဆိုတာမရှိတော့ဘူး။ နည်းနည်းပါးပါးဆိုရင်လက်ခံပါတယ်။
Q. သင်ဇာခံယူထားတဲ့ တ ကယ့်အလှတရားဆိုတာဘာဖြစ် နိုင်မလဲ။
A.မိန်းကလေးတစ်ယောက် အနေနဲ့ ပြင်ဆင်မထားတဲ့ အလှ တရား၊ ရေချိုးပြီးခါစ မိတ်ကပ်တွေ ဘာတွေလိမ်းမထားတဲ့ အနေအ ထားက တကယ့် သဘာဝအလှ တရားစစ်စစ်တစ်ခုပါ။ သင်ဇာဆို ရင်လည်း တချို့မိန်းကလေးတွေ မိတ်ကပ်မပြင်ဆင်ဘဲနဲ့ လှနေတဲ့ မိန်းကလေးတွေတွေ့ရင်အားကျပါ တယ်။
Q. သင်ဇာဝင့်ကျော် သဘော ကျလက်ခံတဲ့ယောကျာ်းအမျိုးအစား က ဘာဖြစ်နိုင်မလဲ။
A. ပုံပန်းသဏ္ဍာန်ဆိုရင်၊ အရပ်ရှည်ရှည်၊ ထောင်ကောင်း ကောင်း၊ ဗလကောင်းကောင်း ရုပ် ဖြောင့်ပေါ့။ စိတ်ဓာတ်ဆိုရင်လည်း နားလည်မှု ရှိပြီးယောကျာ်း ပီသတဲ့ စိတ်မျိုးရှိပြီး စိတ်ထားကောင်းရ မယ်။
Q. အခုလက်ရှိဘဝလက်တွဲ ဖော်ကရော သင်ဇာ့ရဲ့ စိတ်ကြိုက် နဲ့ညီလား။
A. အခုချိန်ထိ သင်ဇာ့ဘဝမှာ သင်ဇာအရမ်းကြိုက်တဲ့ယောကျာ်း မျိုးကို မကြုံဖူးသေးဘူး။ တစ်ခု မဟုတ်တစ်ခုတော့ ယောကျာ်းတိုင်း က မကောင်းနိုင်ပါဘူး။ Perfect မဖြစ်နိုင်ဘူး။ သင်ဇာက Perfect ဖြစ်တဲ့ ယောက်ျားမျိုးကိုပဲ လိုချင်တာ။ ဒါပေမဲ့ ရမှာလည်း မဟုတ်ပါဘူး။
Q. ကိုယ့်ကိုယ်ရော Perfect ဖြစ်တယ်လို့ ယုံကြည်လား။
A. ကိုယ့်ကိုယ်ကိုယ်လည်း Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ သင် ဇာက ဘယ်အရာမဆို အကောင်း စားတွေပဲကြိုက်တတ်တယ်။ ပစ္စည်းတွေလည်းအကောင်းစား၊ ကိုယ်ကြိုက်တဲ့သူကလည်း ပြီးပြည့်စုံ တဲ့ လူစားမျိုးဖြစ်နေမှ ကြိုက်တာပါ။
Q. Onlineပေါ်မှာ သင်ဇာနဲ့ အတူတခြား မင်းသမီးတစ် ယောက်တွဲပြီးရိုက်ကူးထားတဲ့ပုံက Sexy အထာနည်းနည်းကျတယ် နော်။
A. အဲဒါက အမှန်တိုင်းပြော ရမယ်ဆိုရင်တော့ သူငယ်ချင်း တစ်ယောက်နဲ့အပျော်တမ်းရိုက် ဖြစ်တဲ့ ဓာတ်ပုံပါ။ သူတို့နဲ့ အဆင် မပြေတဲ့အခါကျတော့ သူတို့က blackmail လုပ်ပြီးတင်လိုက်တဲ့ သဘောပါ။ ဘာမှလည်းမပြောချင် ပါဘူး။ မိန်းကလေးသူငယ်ချင်း ခင်မိလို့ ယုံမိပြီး ရိုက်လိုက်မိတာ။ သူတို့ကို ယုံစားလို့မရတဲ့ တစ်နေ့မှ ကိုယ့်ကို သူတို့က ဒီလိုမျိုး လုပ်လိုက်တာပေါ့။ ဟိုးအရင်တုန်း ကလည်း အဲဒီလိုမျိုးခံရဖူးတယ်။ သူငယ်ချင်းတစ်ယောက်ကို ယုံ ကြည်မှုထားတဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးဖြစ်တာပေါ့။ ဒါပေမဲ့ ကိစ္စ တော့မရှိပါဘူး။ လူပိုသိသွားတာ ပေါ့။
Q. အဲဒီဓာတ်ပုံကြည့်တဲ့သူနဲ့ Online ပေါ်ကိုတင်တဲ့သူကို ဘာ ပြောချင်လဲ။
A. ဓာတ်ပုံတင်တဲ့သူကလည်း သင်ဇာ့ထက်တောင် အသက်ငယ် တဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံထဲမှာ ပါတဲ့ကောင်မလေးကပဲ Online ပေါ်ကို တင်လိုက်တာ ဆိုတော့ ဘာမှတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ အကုန်လုံးကိုတော့ သူငယ်ချင်းပေါင်းရင် သတိထား ပြီးပေါင်းဖို့ မနာလိုစိတ်ရှိနေတယ် ဆိုတာ ခေါင်းထဲမှာ ထည့်ထားဖို့ ပေါ့။ ဘယ်သူမှ မယုံရပါဘူး။ မိန်း ကလေးတွေအတွက် သင်ခန်းစာ တစ်ခုပေါ့။
Q. မြန်မာအမျိုးသမီးတစ် ယောက်အနေနဲ့ ထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်သိက္ခာတရားတွေက ဘာတွေဖြစ်နိုင်ပါလဲ။
A. အခုဆိုရင် (၂၀) ရာစု လည်းမဟုတ်တော့ဘူး။ ခေတ်နဲ့အညီပြောင်းလဲလာပေမယ့် လူငယ်ပီပီ ပျော်ချင်ပါးချင်တာ တွေရှိမယ်။ လွတ်လွတ်လပ်လပ်နေ ချင်မိတာရှိမယ်။ ဒါပေမယ့် ကိုယ်က မင်းသမီးတစ်ယောက်ဖြစ် နေတဲ့အတွက် သူကမင်းသမီးပဲဆို ပြီး မကောင်းတာတွေလုပ်ချင်မိတာ အများကြီးရှိမှာပဲ။ ကိုယ့်ဖက်က အဲဒါကိုရှောင်နိုင်မှ ကိုယ့်ဖက်က ကောင်းတာတွေလုပ်နေပေမယ့်၊ တခြားတစ်ဖက်က မကောင်းတာ ကို ဆွဲထည့်လိုက်ရင်သွားပြီလေ။ သင်ဇာလိုလူမျိုးကလည်း ဂရုမစိုက် တဲ့ လူမျိုးဆိုတော့ ခုနက ကိစ္စမျိုး တွေဖြစ်လာတာပေါ့။
Q. 8 Days ပရိသတ်ကို နှုတ် ဆက်ပေးပါဦး။
A. အခုလို  8 Days စာဖတ် ပရိသတ်ကြီးနဲ့ သင်ဇာ့ကိုပြန်ဆုံ တွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ 8 Days ပရိသတ် တွေနဲ့ ပြန်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ သင်ဇာတို့အား ပေးနေတဲ့ပရိသတ်တွေကို အရမ်း ချစ်တယ်။ ပရိသတ်ကြီး ကျန်းမာပါ စေ။ ချမ်းသာပါစေ။ အလုပ်အကိုင် တွေ လည်း အဆင်ပြေ ပါစေ လို့ နှုတ် ခွန်းဆက်လိုက်ပါတယ်။
ရိုးရာလေး
Unknown at 8:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ၏ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံလုပ်ကွက်များကို ထိခိုက် မည် မဟုတ်ဘဲ တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် အချပ်ပိုဖြင့် ဖေါ်ပြပါရှိသည်။
sea
"ခုံရုံးက သတ်မှတ် ဆုံးဖြတ်ခဲ့သည့် အနီရောင်လိုင်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ရေနံ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ်းလွန် ရေနံလုပ်ကွက်များကို ထိခိုက်မှု မရှိကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း" သတင်းစာတွင် ရေးသားထားသည်။

၂ဝဝ၈ ခုနှစ်အတွင်း အငြင်းပွားခဲ့ကြသည့် မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားသော ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် AD 7 သည်လည်း ITLOS ၏ဆုံးဖြတ်ချက် အရ မြန်မာ့ ပိုင်နက်အတွင်း ရှင်းလင်း သိသာစွာ ပါဝင်လာပြီ ဖြစ်သည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းပြီးဖြစ်၍ "အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များ၌ မိတ်မပျက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်" ဟုလည်း သတင်းစာက ရေးသားသည်။

ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်းတောမြို့ အနီးရှိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ် စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော်ရှိ အခြေခံမျဉ်းမှ အနောက်တောင် ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်မည် ဖြစ်သည်။

ကမ်းရိုးတန်းအလျား သတ်မှတ်ပေးမှုတွင် မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ် မောင်တောမြို့အနီး အခြေခံမျဉ်းမှ ဧရာဝတီတိုင်း မော်တင်စွန်းအထိ ၃၆၄ မိုင်အထိ သတ်မှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ အဆိုပါ အခြေခံမျဉ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mandabaria ကျွန်းအထိ ၂၅၆ မိုင် ပိုင်ဆိုင်သည်ဟု သတ်မှတ်ပေးထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်တို့ နှစ်နိုင်ငံ ရေပိုင်နက် သတ်မှတ်နိုင်ရန် ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ၈ ကြိမ် ဆွေးနွေး ခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ၄ ကြိမ်အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ ဖြစ်ခဲ့ရမှ ၂ဝဝ၉ ခုနှစ်တွင် ITLOS ၏ ဆုံးဖြတ်ချက်ကို ခံယူရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ITLOS ခုံရုံး ရုံးစိုက်ရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကြားနာစစ်ဆေးသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုကို နိုင်ငံတကာမှ တရားသူကြီး ၂၂ ဦးက ကြားနာစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ကြားနာစစ်ဆေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ တွဲဖက် ကိုယ်စားလှယ်များ ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လှမျိုးနွယ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ဘက်ကမူ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ကူရှတ်အလန်တို့အပြင် ပါမောက္ခများ၊ ပညာရှင်များနှင့် နိုင်ငံတကာရှေ့နေ အများအပြား လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
Unknown at 8:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့

ရေပြင်ပိုင်နက် အငြင်းပွားမူ စီရင်ချက် ထွက်လာပြီး နောက်ပိုင်း မြန်ဘက်က နယ်စပ် တလျှောက်တွင် စစ်တပ်များ တိုးချဲ့ ချထားနေကြောင်း နယ်စပ် တလျှောက်၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု သတင်းများ ရရှိသည်။
မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)
မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)

" အခု ကျွန်တော်တို့ သိရသလောက် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ တမန်းသားဘက်မှာ စစ်တပ်တွေ တိုးချထားတယ်ဆိုပြီး သတင်းတွေ ရပါတယ်။ ဘူးသီးတောင် မြို့နယ် မြောက်ဘက် နယ်စပ်ကိုလည်း စစ်တပ်တွေကို ပို့နေတယ်ဆိုပြီး သတင်းရပါတယ်" ဟု တက်ကနက်တွင် ရောက်ရှိနေသော နိရဉ္စရာ သတင်းထောက် ကိုခိုင်သိန်းက ပြောသည်။

မောင်တောမြို့တွင် အခြေအနေမှာ ပုံမှန်အတိုင်း ရှိနေကြောင်း၊ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့နှင့် နီးစပ်သော နယ်စပ် ဒေသများတွင် အခြေအနေမှာ ထူးခြားမူ ရှိနေကြောင်း သူက ပြောသည်။

" စစ်တပ်တွေ ရောက်နေတဲ့ သတင်းကတော့ တော်တော့ကို ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်နေ ပါတယ်။ ဒါကြောင့် ဘင်္ဂလာဒေခ်ျ့ဘက်က ထောက်လှမ်းရေးတွေလည်း ဒီသတင်းကို ဟုတ် မဟုတ်ကို စုံစမ်းဖို့ နယ်စပ်တလျှောက်မှာ ရောက်နေကြတယ်။ နယ်စပ် တလျှောက်မှာရှိတဲ့ ဘင်္ဂလာဘက်က ရခိုင်ရွာတွေကို လာပြီး စုံစမ်း မေးမြန်းတာတွေလည်း ရှိနေပါတယ်" ဟု ကိုခိုင်သိန်းက ဆက်ပြောသည်။

ဘူးသီးတောင်တွင်လည်း လူတင် သင်္ဘော (၅) စီးကို စစ်တပ်က ချောဆွဲထားပြီး နယ်စပ်သို့ စစ်တပ်များကို စေလွှတ်ရန် စီစဉ်နေကြောင်း အမည် မဖေါ်လိုသူ အရာရှိ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ ရုပ်သံ သတင်းဌာနများနှင့် သတင်းစာများကလည်း မြန်မာတပ်များ နယ်စပ်တွင် စုရုံးရောက်ရှိနေ သည်ဟုဆိုကာ သတင်းများ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းများကြောင့် စစ်တကောင်းတိုင်း နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီဘီ တိုင်းမှူး ကာနယ် ဘချီရု အစ္စလာမ်သည် ယမန်နေ့က မြန်မာနှင့် ကပ်ရပ်တည်ရှိရာ နတ်ကျောက်ဆရီ နယ်စပ် ဒေသ တလျှောက် သွားရောက်ပြီး အခြေအနေများကို (၇) နာရီကြာ စစ်ဆေးခဲ့သည်။

၎င်းပြင် ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) တပ်မှူး ဒုဗိုလ်မှူးကြီး ခါလီ ကွာဇမန် သည်လည်း မနေ့ညနေ (၅) နာရီက နယ်စပ် တလျှောက်သို့ သွားရောက်ကာ စစ်ဆေးမူများ ပြုလုပ်ခဲ့သည်။

၎င်းနောက်ပိုင်း နယ်စပ် တလျှောက်တွင် မြန်မာဘက်မှ တပ်များ တိုးချဲ့ချထားခြင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုပြီး ဘင်္ဂလာဒေခ်ျ့က ပယ်ချခဲ့သည်။ “ အဆိုပါ သတင်းများမှာ ၀ါဒဖြန့်ချီရေး သက်သက်ထက် မပိုပါဘူး” ဟု ခါလီ ကွာဇမန်က ပြောသည်။
Unknown at 8:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အားလုံး ပါဝင်သော နိုင်ငံရေး (All-inclusive politics)


မူရင်း  - Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင်


  • "တံတားနီဖြစ်စဉ်ကာလ၌ သူ့အနေဖြင့် မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါ တံတားနီဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း၊
  • သူ့အနေဖြင့် အားလုံးပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိုကြောင်း၊
  • အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း၊
  • စစ်အာဏာရှင် စနစ်ဆိုသည်မှာ စစ်တပ်က အုပ်ချုပ်ရေးတွင် ပါဝင်ခြင်းသာဖြစ်ကြောင်း၊
  • နိုင်ငံရေးသဘောအရ အုပ်ချုပ်ရေးဆိုသည်မှာ ဒီမိုကရေစီနည်းအရ ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူများကသာ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊
  • နိုင်ငံရေးတွင် အမှား အမှန် ဆိုသောအဖြေ တစ်ခုတည်းသာ မရှိကြောင်း၊
  •  မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုနှင့်သာ သက်ဆိုင်ကြောင်း၊
  • အားလုံး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊
  • ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းသည် ခြေလှမ်းတစ်လှမ်း၊ အဆင့် တစ်ဆင့်သာဖြစ်ကြောင်း၊
  • ထိုမှတစ်ဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊
  • ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း"
စသည်ဖြင့် ပြောကြားခဲ့ပါသည်။

...........................................................


ကော့မှူး သတင်းဌာနမှာ အထက်ပါအကြောင်းကို ကိုမျိုးမြတ်မင်း ပို့စ်တင်ပေးလို့ ဖတ်ရပြီး အခုလို ကွန်မန့်ပေးခဲ့ပါတယ်။

..................

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ ဖြစ်ထွန်းရေး နိုင်ငံရေး လုပ်ငန်းစဉ်တွေ မှန်သမျှ All-inclusive politics ဖြစ်စေချင်တာကို လေးလေးနက်နက် ထောက်ပြသွားတယ်လို့ ဆိုရပါမယ်။ ဒါဟာ ဒီမိုကရေစီကို တန်ဖိုးထား ရယူ ထိန်းသိမ်းဖို့ အခိုင်ခန့်ဆုံး နိုင်ငံရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ နိုင်ငံရေးလမ်းကြောင်း မရှိတော့ဘူးလို့ ကျနော် ထင်ပါတယ်။


ဒီတော့ All-inclusive politics မှာ ဘယ်သူတွေ မပါဝင်ဘဲ ကျန်ရှိနေပါသေးလဲ။ ကိုယ့်ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပါ။ ကိုယ်ကိုယ်တိုင်ကရော ပါဝင်နေပြီလား။


အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်မှာ …..


• မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ပြီး ပါဝင်လာစေချင်ပါတယ်။

• အာဏာရှင် ဝါဒမှိုင်းအောက်က မရုန်းထွက်နိုင်သေးတဲ့၊ သာယာနေတဲ့သူတွေ ဒီမိုကရေစီ တည်ဆောက်မှုမှာ ပါဝင်စေချင်ပါတယ်။
• ဘေးထိုင်ဘုပြော အပြစ်တင် ရှုတ်ချရင်း အချိန်ပေးနေသူတွေကို ဒီမိုကရေစီဘက်မှာ ပိုပြီး အချိန်ပေးစေချင်ပါတယ်။
• ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ ကြီးမားစွာနဲ့ စောင့်ကြည့်လိုက်ဦးမယ် ဆိုသူတွေကို ပါဝင်လာစေချင်ပါတယ်။
• အကြောက်တရားကြောင့်ဖြစ်ဖြစ်၊ ဘက်ပြောင်း-သာကူးလို့ အပြောခံရမှာကို စိုးရိမ်လို့ဖြစ်ဖြစ် ဝင်မလာရဲသေးသူတွေကို ဝင်လာစေချင်ပါတယ်။

နိုင်ငံရေးဖြစ်စဉ် မဟုတ်ပေမယ့် လက်ရှိမှာရော အနာဂတ်အတွက်ရော ဒီမိကရေစီကို မြှင့်တင် ထိန်းသိမ်းသွားနိုင်ဖို့အတွ

က် ….

• ကလေးသူငယ်တွေကအစ ပညာသင်ရာမှာ ဒီမိုကရေစီ အလေ့အထတွေ ကျင့်သုံးရသွားစေချင်ပါတယ်။

• ပွင့်လင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ ပြည်သူလူထုအနေနဲ့လည်း ဒီမိုကရေစီကို အသိပညာ ဖြန့်ဖြူး အားပေးတာ၊ လေ့လာမှတ်သား ကျင့်သုံးပြုမူကြတာတွေ ရှိစေချင်ပါတယ်။

လွင်အောင်စိုး

၁၆-၃-၂ဝ၁၂
..............
Unknown at 8:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီနဲ့ ထိုက်တန်အောင် ဘယ်လို စိတ်ထားရှိရမလဲ




“ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား”ကို သာရလင်းက အဓိပ္ပာယ်ဖွင့်ဆိုသွားတာ ဖတ်လိုက်ရပါတယ်။ ဒီမိုကရေစီကို အများပြည်သူ သိအောင် ကူညီပေးသူ၊ ဒီမိုကရေစီကို ထိန်းသိမ်းပေးနိုင်သူတဦး ထွက်ပေါ်လာပြန်ပြီလို့ တကယ်ပဲ ဝမ်းသာအားရ ဖြစ်မိပါတယ်။ ကျနော့်ဆီကို Tag ပေးတဲ့ သိုးကလေးကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောလိုက်ပါတယ်။  


သာရလင်းက “ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား”ကို “တူညီမျှတဲ့ စိတ်ထား (တနည်းအားဖြင့်) ညီညွှတ်တဲ့ စိတ်ထား” လို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး ဥပမာပေး ရှင်းပြသွားတာ အတော်ကောင်းလှပါတယ်။

မှန်လည်း မှန်ပါတယ်။ ကျနော်အနေနဲ့ ပိုပြီး ပြည့်စုံအောင် ဖြည့်ဆည်းပေးချင်တာ ရှိပါတယ်။

ဒီမိုကရေစီကို လူတိုင်း ခံစားခွင့် ရှိတဲ့အတိုင်း လူတိုင်းမှာ တန်းတူညီမျှမှု ရှိနေရတာကလည်း ဒီမိုကရေစီရဲ့ တန်ဖိုးတခု ဖြစ်ပါတယ်။ နောက်ပြီးတော့ လွတ်လပ်မှုလည်း ရှိရပါမယ်။ လွတ်လပ်စွာ ဆုံးဖြတ် ရွေးချယ် ပြုမူနိုင်တာဟာလည်း ဒီမိုကရေစီရဲ့ နောက်ထပ် တန်ဖိုးတခု ဖြစ်ပါတယ်။


ဒီမိုကရေစီ တန်ဖိုးတွေကို ထိန်းသိမ်း ကာကွယ်နိုင်ဖို့ Rule of Law လို့ခေါ်တဲ့ တရားဥပဒေ စိုးမိုးရေးက ခိုင်ခိုင်မာမာနဲ့ မှန်မှန်ကန်ကန် ရှိနေရပါမယ်။ ပြီးရင် ကိုယ်လုပ်သမျှ ကိုယ်တိုင် တာဝန်ခံယူနိုင်ရမှာ ဖြစ်တဲ့အပြင် ပွင့်လင်းမြင်သာအောင်လည်း ပြုမူနိုင်ရမှာ ဖြစ်ပါတယ်။


ဒါတွေနဲ့တင် မကသေးပါဘူး။ ကွဲပြားခြားနားတတ်တဲ့ လူ့သဘောကို လက်ခံပေးရပါသေးတယ်။ တနည်းအားဖြင့် အခြားသူတဦးရဲ့ လွတ်လပ်ပိုင်ခွင့်ကို လေးစားတာ ဖြစ်ပါတယ်။ ကိုယ်ကချည်း (လူ့) အခွင့်အရေး မှန်သမျှ လိုချင်နေလို့ မရပါဘူး။ အခြားသူ ရတာ ပိုင်ဆိုင်တာကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း တန်းတူညီမျှမှာ ဖြစ်ပါတယ်။


ဒီမိုကရေစီဟာ လူအများနဲ့ စုစည်းနေထိုင်ကြတဲ့ လူ့ဘောင်အသိုင်းအဝိုင်းမှာ ကျင့်သုံးရတဲ့ အလေ့အထတွေသာ ဖြစ်ပါတယ်။ အများနဲ့ ပတ်သက်လာတဲ့အတွက် ကိုယ်တဦးတည်းထက်စာရင် အများအတွက် ဖြစ်လာမှာကို ဦးစားပေးရပါတယ်။ ဒါကြောင့် အများသဘောကို လိုက်လျောရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အများသဘောကို မလိုက်နိုင်ကြသေးတဲ့ အနည်းစုရဲ့ သဘောကိုလည်း အသိအမှတ်ပြု တန်ဖိုးထားရပါဦးမယ်။   


ဒါကြောင့် “ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား” ဆိုတာ
“ လူတိုင်း လူတိုင်းမှာ ထားရှိအပ်တဲ့ တန်းတူညီမျှမှုနဲ့ လွတ်လပ်ခွင့်ကို ဖော်ဆောင်နိုင်သလောက် အခြားတဖက်မှာ တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာရင်း ကိုယ်တိုင်ကိုယ်ကျ တာဝန်ခံပြီး ပွင့်လင်းမြင်သာစွာ ပြုမူတဲ့အခါမှာ ကွဲပြားခြားနားမှုကို လက်ခံပေးရရုံမက အများသဘောကိုလည်း လိုက်လျောပေးရတဲ့ စိတ်ထားဖြစ်တယ် ” လို့ ကျနော် ပြောချင်ပါတယ်။

လွင်အောင်စိုး

၁၇-၃-၂ဝ၁၂

Source -
သာရလင်းရဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ထား
Unknown at 8:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပိုင် စိန့်မာတင် ကျွန်းပေါ်မှာ မဟာဗန္ဓုလ ကိုယ်တိုင် မြန်မာအလံ စိုက်ခဲ့ပေမယ့် ဗြိတိသျှအင်္ဂလိပ် ဝင်မွှေသွားလို့ ဘင်္ဂလား ပိုင်ဖြစ်ခဲ့ရ


စစ်တကောင်းဒေသဟာ ဟိုးရှေးရှေးကတည်းက ရခိုင်နဲ့ ဘင်္ဂလီတွေ သူအင်အားကြီးသူပိုင် ငါအင်အားကြီးငါပိုင် နယ်လုလာခဲ့တဲ့ ဒေသပဲ။

ဂင်္ဂါမြစ်ဝ မြစ်ဝကျွန်းပေါ်ကြီးနဲ့ကပ်နေတော့ ဆန်ရေစပါးစိုက်ပျိုးမှုအတွက်ရော ကူးသန်းရောင်းဝယ်ရေးအတွက်ပါ အရေးပါတဲ့ဒေသမို့ အရေးကြီးတဲ့ နယ်မြေပါ။ အရေးကြီးဆုံးက ထူထဲတဲ့ လူဦးရေရှိတာပဲ။ အဲဒီခေတ်က ခေတ်စားတဲ့ အင်အားအခြေပြု နိုင်ငံရေးအရ လူများတဲ့ဒေသဟာ အရေးပါတယ်၊ အခွန်အကောက်လည်းများမယ် လိုအပ်လို့ စစ်သည်စုဆောင်းရမယ်ဆိုရင်လည်း အဆင်ပြေတယ်။

ဒေသခံတွေက ဘင်္ဂလီတွေလည်းရှိတယ် ရခိုင်လည်းရှိတယ်၊ ဘင်္ဂါလီတွေက များမှာပေါ့။

ရှေးတုန်းက ဟိန္ဒူတွေ ဗုဒ္ဓဘာသာတွေ များပါလိမ့်မယ်။ သမိုင်းသမားတွေက စစ်တကောင်းဟာ ဟိနယာန ဗုဒ္ဓဘာသာရဲ့အချက်အချာဇာတိလို့ ဆိုသလို၊ တိဘက်တွေကတော့ တန်တြစ်ဗုဒ္ဓဘာသာရဲ့မူလနေရာလို့ ဆိုတယ်။

ကျနော်တို့ဆီက ဘုရားရှေ့ ခြင်္သေ့ထားတဲ့ သီဟဗာဟုဇာတ်တော်ရယ် ဗုဒ္ဓဆင်းတုမှာ မင်းမြောက်တန်ဆာငါးပါး တပ်ပေးတဲ့ ဇဗုပတ္တိမင်းချွတ်ခန်း ဇာတ်တော်ရယ်ဟာ မူလဒီဒေသကလာတယ်လို့ ဆိုပါတယ်။

နောက်တော့ ပင်လယ်ကနေလာတဲ့ အာရပ်ကုန်သည်တွေနဲ့ အိန္ဒိယကိုဖြတ်ပြီး ဂင်္ဂါမြစ်ကြောင်းအတိုင်းဆင်းလာတဲ့ အာဖဂန်အနွယ်တွေကြောင့် မွတ်ဆလင်တွေများလာတယ်။ နောက်တော့ ဘင်္ဂလားကို မွတ်ဆလင်တွေ လွှမ်းမိုးလာတာနဲ့အတူ စစ်တကောင်းနယ်ဟာ မွတ်ဆလင်အုပ်စိုးသူတွေလက်ထဲ ရောက်သွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၁၆ရာစု ရခိုင်ရွှေခေတ် မြောက်ဦးနိုင်ငံတော်လက်ထက်မှာ စစ်တကောင်းဟာ ရခိုင်မင်းတွေရဲ့ပိုင်နက်ပဲ။ နောက်တော့ ရခိုင်မင်းတွေရဲ့အင်အားယုတ်လျှော့ကျတာနဲ့အတူ မြောက်ဦးနဲ့ အလှမ်းဝေးတဲ့ စစ်တကောင်းမှာ ရခိုင်မင်းတွေရဲ့သြဇာ ကောင်းကောင်းမထူထောင်နိုင်တော့ပါဘူး။ ဒီတော့ စစ်တကောင်းနယ်ဟာ ပင်လယ်ဓါးပြတွေ ကျွန်ကုန်သည်တွေ စွန့်စားတဲ့ အနောက်တိုင်းသားတွေ အခြေချရာ ဒေသဖြစ်လာတယ်။

၁၇ ရာစုမှာ မဂိုတွေဟာ စစ်တကောင်းနယ်ကို ရခိုင်မင်းလက်ထဲက သိမ်းပိုက်လိုက်တယ်။ ဒါပေမဲ့ ၁၈ရာစုမှာဖြစ်တဲ့ ပရာရှီတိုက်ပွဲ အပြီးမှာ အင်္ဂလိပ်တွေက စစ်တကောင်းနယ်ကို မဂိုတွေလက်ထဲကနေ သိမ်းလိုက်နိုင်တယ်။

အဲဒီမှာ ရခိုင်တွေရဲ့မြောက်ဦးကိုသိမ်းထားတဲ့ မြန်မာတွေနဲ့ အင်္ဂလိပ်တို့ တိုက်ရိုက်ထိတွေ့ကြတာပဲ။

မြန်မာတွေ (ရခိုင်တွေ) က ရှင်မဖြူကျွန်းလို့ခေါ်တဲ့ ဒီကျွန်းဟာ နတ်မြစ်ကိုဝင်တဲ့ ပင်လယ်ဝမှာရှိတယ်။ ဘင်္ဂါလီတွေက ရှဟပူရီလို့ခေါ်တယ်၊ စစ်တွေဒေသခံ ရခိုင်တွေက အုန်းကျွန်းလို့ခေါ်တယ်။ ရှေးတုန်းက မြောက်ဦး-စစ်တကောင်း-ဂင်္ဂါမြစ်ဝကို ကုန်ကူးတဲ့ ကုန်သည်တွေ၊ အဲဒီကုန်သည်တွေကို ဓါးပြတိုက်တဲ့ ပင်လယ်ဓါးပြတွေ၊ ကုန်းပေါ်တက်ပြီး လူတွေဖမ်းတဲ့ ကျွန်ကုန်သည်တွေ၊ ပေါ်တူဂီတွေ ဒတ်ခ်ျတွေ ယာယီစခန်းချတဲ့ ကျွန်းကလေးပေါ့။ ပင်လယ်ကို သိပ်ပြီးစိတ်ဝင်စားလေ့မရှိတဲ့ မြန်မာ (ရခိုင်မင်းတွေ)တွေ သိပ်အလေးထားခဲ့ပုံမရဘူး၊ သူတို့လိုပဲ မဂိုမင်းတွေလည်း စိတ်ဝင်စားပုံမရဘူး၊ ဒါကြောင့် ဒီကျွန်းဟာ မြန်မာပိုင်လား မဂိုပိုင်လား မသိဘူး မကွဲပြားဘူး။

ဒါပေမဲ့ ရေတပ်ကိုအဓိကထားပြီး နယ်ချဲ့လေ့ရှိတဲ့ အင်္ဂလိပ်တွေကတော့ ဒီကျွန်းကနေ ရခိုင်ဒေသမြောက်ပိုင်းကို ထိန်းချုပ်လို့ ဒါမှမဟုတ် ပြဿနာပေးလို့ ရတာကို သဘောပေါက်တယ်၊ ဒီတော့ အရှေ့အိန္ဒိယကုမ္မဏီက သစ်တောဝန်ထမ်းတွေ အရေးနဲ့ပတ်သတ်ပြီး မြန်မာဘက်က နတ်မြစ်မှာ တပ်တွေတိုးချထားတဲ့အခါ ရှင်မဖြူခေါ် ရှဟပူရီခေါ် အုန်းကျွန်းကို စိန့်မာတင်လို့အမည်ပေးပြီး ရေတပ်ခွဲလေးတစ်ခွဲကို သွားချထားလိုက်တယ်။ စစ်ဗာရီတပ်ခွဲလေးပေါ့။

အဲဒီအချိန်က အင်္ဂလိပ်တွေဟာ ကုန်းဘောင်ဆက် မြန်မာ့အင်အားကို ကောင်းကောင်မတွက်ဆနိုင်သေးသလို မဏိပူရ်ကို ကောင်းကောင်းအနိုင်ယူခဲ့တဲ့ မြန်မာဘက်ကလည်း ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးနေချိန်ပေါ့။

အိန္ဒိယဘုရင်ခံချုပ် အင်းမတ်ဟာ အဲဒီအချိန်အထိ မြန်မာကိုမထိရဲသေးဘူး၊ မဏိပူးမှာ ရှမ်း(ကသည်း)မင်းတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်သွားတဲ့ မြန်မာတပ်တွေကိုသူလန့်နေပုံပဲ။

အဲဒီလို နှစ်ဖက်သူ့ခြေလှမ်းငါ့ခြေလှမ်းကြည့်နေချိန်မှာ ဘကြီးတော်မင်းရဲ့ချီးကျူးမှုကို ခံယူလိုတဲ့ စစ်တွေစားဟာ ၁၈၂၃ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရှင်မဖြူကျွန်းပေါ်မှာရှိတဲ့ စစ်ဗာရီတပ်ခွဲကို လျှပ်တပြတ်ဝင်တိုက်ပြီး အစောင့်စစ်သားအားလုံးသတ်လို့ စခန်းကိုသိမ်းလိုက်ပါတယ်။

အင်္ဂလိပ်ရေတပ်က ချက်ခြင်းပဲ တပ်ချီပြီး ကျွန်းကိုပြန်သိမ်းပါတယ်၊ ဒါပေမဲ့ ကျွန်းပေါ်မှာ ဘယ်သူမှမရှိတော့ပါဘူး။ အင်္ဂလိပ်ရေတပ်က ပိုကြီးမားတဲ့ ရေတပ်စခန်းကိုစိုက်ထူပါတယ်။

၁၈၂၄ နှစ်ဦးမှာ မဟာဗန္ဓုလဟာ တပ်ကြီးနဲ့ချီလာပြီး ကျွန်းကိုပြန်သိမ်းပါတယ်၊ မြန်မာမင်းရဲ့အလံတော်ကိုလည်း ကျွန်းမှာစိုက်ထူပါတယ်၊ အင်္ဂလိပ်ရေတပ်အရာရှိတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အိန္ဒိယဘုရင်ခံချုပ် အင်းမက်စ်က ကျွန်းကိုပြန်ပေးဖို့ မြန်မာအစိုးရကိုတောင်းပါတယ်၊ နယ်စပ်ကို သေသေချာချာ သတ်မှတ်ဖို့လည်းတောင်းဆိုပါတယ်၊ သူ့ဆီက နယ်ခြားသတ်မှတ်ရေးအဖွဲ့အဖြစ် စစ်အရာရှိ ချူးနဲ့ ရိုက်စ်ကို ဘူးသီးတောင်မောင်းတော်ဆီလွှတ်လိုက်တာကိုလည်း မြန်မာဘက်က ဖမ်းပြီး ဂုဏ်သိက္ခာမဲ့စွာ အင်းဝနေပြည်တော်ကို ခေါ်ဆောင်သွားတယ်လို့ အင်္ဂလိပ်တို့ဘက်က ဆိုပါတယ်။

နောက်တော့ သိတဲ့အတိုင်း အင်္ဂလိပ်နဲ့မြန်မာ စစ်ဖြစ်တော့တာပဲ။ မြန်မာနိုင်ငံကို သိမ်းပိုက်ထားတုန်းမှာ အင်္ဂလိပ်တို့က စိန့်မာတင်ကျွန်းပေါ်မှာ စခန်းချပြီး ကုလား တပ်တွေကို တပ်စွဲထားခဲ့ပါတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး ပေးချိန်မှာတော့ စိန့်မာတင်ကျွန်းက မြန်မာနိုင်ငံထဲမှာ မပါတော့ပါဘူး။ ၁၄ ရက်နေ့က ဆုံးရှုံးလိုက်ရတဲ့ ရေပိုင်နက်တွေ နဲ့
ဒီကနေ့ စိန့်မာတင်ကျွန်း မြန်မာတွေ ဆုံးရှုံးလိုက်ရတာ ဟာ ဗြိတိလျှ အင်္ဂလိပ်တို့ ပေးခဲ့တဲ့ အမွေဆိုးတွေပါပဲ။

ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ဘာသာ ကိုယ်သာသနာနဲ့ ဂုဏ်သိက္ခာရှိရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်တို့ ကြောင့် ဒီကနေ့ ထိ နောက်ဆက်တွဲ ပြဿနာတွေ ရှင်းလို့မကုန်နိုင်သေးပါဘူး။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အင်္ဂလိပ် လူမျိုးကို ယူထားပါတယ်။

Myanmar Express
Unknown at 8:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေမြန်မာ သမီးငယ်တို့ ..စကတ်ဆို မတိုချင်စမ်းပါဘိ..




စကပ်တိုနဲ့ ..မြန်မာသမီးပျို

ပျိုပျို..အိုအို..သြော်..တော်တော်တို

ပိုနေလို့ ..တိုတာလား

ပျိုနေဖို့ ..တိုတာလား

ဖိုမြင်ဖို့ ..တိုတာလား


ရင်ဖိုသနော်..ကာလသားမျက်စိ

မောင်နဲ့ နှမ..သားနဲ့ အမိ

မကြည့်လို..မမြင်လို

မတင့်တယ်ပါဘိ


စကပ်ဆို..မတိုချင်စမ်းပါဘိ

မဟေသီ ရွှေမြန်မာ သမီးငယ်တို့ 

ဆင်ခြင်ကြပါ..အသိ


လွမ်းဂီတ
Unknown at 8:38 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထု


ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်နေသည့် လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထုအား ယခုတွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို

ရန်တိုင်းအောင် ကွင်းတွင် တွေ့ရသော လားရိုးမြို့က လူထုများ ..ဓာတ်ပုံ ဆိုင်းဆွတ်
ဒေါ်အောင်ဆန်းစုကြည်သည် ညနေသုံးနာရီတွင် လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားကြီး ကွင်းသို့ ၀င်ရောက်လာပြီး လူထုအား စတင်ဟောပြောနေပြီဖြစ်သည်။ လားရှိုးတက္ကသိုလ်ရှေ့မှ ကွင်းအထိ သူမနောက်သို့ လိုက်ပါလာကြသော လူထုမှာ သုံးသောင်းခန့်ရှိပြီး ကွင်းအတွင်းစောင့်ဆိုင်းနေကြသည့်လူထုမှာ ငါးသောင်းခန့်ရှိသည်။
““ဟောပြောပွဲတွေ သွားခဲ့တဲ့တစ်လျှောက် ဒီလောက်လှတဲ့မြင်ကွင်းမျိုးတစ်ခါမှ မကြုံဖူး သေးဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို စတင်မိတ်ဆက်လိုက်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို

သစ်ထူးလွင်
Unknown at 8:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်မြောက်ပိုင်းအောင်နိုင်ရေးခရီးစဉ်

လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီဘုရားဝင်းအတွင်း စကားပြောစင်မြင့် ပြင်ဆင်နေကြတဲ့ ဒေသခံများကိုတွေ့ရစဉ်။ ဓါတ်ပုံ-ဆိုင်းဆွတ်
၁၇ မတ် - လားရှိုးမြို့သို့ လေယာဉ်ဖြင့်၁၂နာရီ၁၅မိနစ်ခန့်တွင်ဆိုက်ရောက်လာမည်ဖြစ်ပြီး၊ 
လားရှိုးတက္ကသိုလ်ရှေ့ရှိဦးသန်းဋ္ဌေး၏နေအိမ်တွင် ခေတ္တနားခိုကာ၊ 
ရန်တိုင်းအောင်တောင်းပြည့်မြို့ဦးစေတီဘုရားဝင်းအတွင်းလူထုတွေ့ဆုံပွဲကို 
ညနေ ၃နာရီမှ၅နာရီအတွင်းပြုလုပ်မည်ဖြစ်ပါသည်။

၁၈ မတ် - သိန္နီမြို့ရှိဘုန်းတော်ကြီးကျောင်းအချို့သို့သွားရောက်ဂါရ၀ပြုတွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် 
ရန်ကုန်မြို့သို့လေယာဉ်ဖြင့်ပြန်လည်ထွက်ခွါမည်ဖြစ်သည်။
 (ဦးစိုင်းမြင့်မောင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လားရှိုး)
YPI
Unknown at 8:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်ဥက္ကလာ (၄) ရပ်ကွက် သုတ (၁)လမ်းတွင် ယနေ့ ညနေ၆နာရီခွဲ ခန့် က မီးလောင်မှုဖြစ်ပွားခဲ့


တောင်ဥက္ကလာ (၄) ရပ်ကွက် သုတ (၁)လမ်းတွင် ယနေ့ ညနေ၆နာရီခွဲ ခန့် က 
မီးလောင်မှုဖြစ်ပွားခဲ့သည်။
 ယနေ့(၁၆.၃.၂၀၁၂)ညနေ ၆နာရီ ခွဲခန့်တွင်အဆိုပါလမ်းရှိ
အိမ်အမှတ် ၄၉၃ ၊ဦးအုန်းမြင့်၏နေအိမ်မှမီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီးညနေ
 ၆ နာရီ ၅၀မိနစ်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။
မီးလောင်မှုကြောင့် အိမ်ခြေ ၁၀ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိသည်။
မက်စင်ဂျာဂျာနယ် (ဖေ့စ်ဘုတ်)
သစ်ထူးလွင်
Unknown at 8:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.