Saturday, March 3, 2012

အောင်မင်္ဂလာ အဝေးပြေးကားဝင်း တာဝန်ခံစစ်တပ်မှ ဗိုလ်ကြီးဥာဏ်ထွန်းအောင်၏ လာဘ်စား၊ အနိုင်အထက်ပြုနေခြင်းအား အသိပေး အကြောင်းကြားခြင်း (တိုင်ကြားစာ)

 အောင်မင်္ဂလာ အဝေးပြေးကားဝင်း မြင်ကွင်း (ဓာတ်ပုံ ပေါ်ပြူလာ ဂျာနယ်)
အောင်မင်္ဂလာ အဝေးပြေးကားဝင်း တာဝန်ခံစစ်တပ်မှ ဗိုလ်ကြီးဥာဏ်ထွန်းအောင်သည် ဆင်းရဲသား လက်လုပ်လက်စားများ အပေါ်တွင်လည်းကောင်း၊ ၀န်ထမ်းအချင်းချင်း ပေါ်တွင်လည်းကောင်း အနိုင်အထက်ပြုကျင့်ခြင်း၊ လာဘ်စားခြင်းများ ပြုလုပ်နေကြောင်း ပြည်သူတစ်ဦး၏ သတင်းပေး တိုင်ကြားချက်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း တာဝန်ခံစစ်တပ်မှ ဗိုလ်ကြီးဥာဏ်ထွန်းအောင်သည်
၁။ကားဝင်းအတွင်း၌ လစဉ်ငွေ (၅)သောင်းမှ (၁)သိန်းအထိ တောင်းခံပြီး တရားမ၀င်စက်မှု လုပ်ငန်း (၅၀)ခုအား အဝေးပြေး ကားဝင်းတိုက်ခန်းများ၌ ခွင့်ပြုခြင်း။

၂။အနယ်နယ် အရပ်ရပ်မှလာသော ခရီးသည်ကားများအား သတ်မှတ်နေရာတွင် မရပ်ပါက ဒဏ်ငွေ(၅)သောင်း တရားမ၀င် ဒဏ်ရိုက်ခြင်း။

၃။ကားရပ်ဝင်း(၂)ခုရှိ မီးတိုင်များ၏ မီတာခများအား (၁)လ (၁)သိန်း တရားမ၀င် ဖွဲ့ထားသော အငှားယာဉ် ဂိတ်မှူးများထံ တောင်းယူခြင်း။

၎။နေ့စဉ်အငှားယာဉ် ဂိတ်မှူးများမှ ငွေပေးရခြင်း။

၅။စာရင်းဝင် အငှားယာဉ်များသာ ပြေးဆွဲစေပြီး ပြင်ပအငှားယာဉ်များ ပြေးစွဲပါက စည်ပင်ရဲနှင့် ဖမ်းခိုင်း၍ ဒဏ်ရိုက်ခြင်း။

၆။ဝင်းအတွင်း လမ်းဘေးကွမ်းယာဆိုင်၊ ဖုန်းဆိုင်၊ လမ်းဘေးဈေးသည် (၂၀၀)ဦးတို့အား (၁)လ(၁)ကြိမ် တရားမ၀င် ဈေးရောင်းခွင့် ကဒ်ထုတ်ပေးပြီး ဈေးသည်များမှ လစဉ်ငွေ (၂)ထောင်မှ (၅)ထောင်အထိ ပေးရခြင်း။

၇။၎င်းနေထိုင်သော အောင်မင်္ဂလာဝင်း သောင်ကြီးလမ်း နေအိမ်သို့ ကားဂိတ်မှူးများမှ ဟင်းချက်စရာ ၀ယ်ပေးရခြင်း။ ၎င်းနေအိမ် ပြုပြင်ရန်အတွက် အလှူငွေကောက်ခံခြင်း။

၈။၇.၂.၁၂ နေ့တွင် ၎င်း၏ညွှန်ကြားချက်ဖြင့် လူခေါ်ပွဲစား(၅)ဦးအား ရဲများကိုဖမ်းခိုင်းပြီး ရဲက ဥပဒေ အရအရေးမယူရဘဲ ၎င်းမှ စစ်ဒုတိုင်းမှူးတံဆိပ်ဖြင့် ဘောက်ချာဖြတ်၍ (၁)ဦးလျှင် ဒဏ်ငွေ (၃)သောင်း တောင်း၍ ရဲထံဘောင်ချာ ဖြတ်ပိုင်းဖြင့် လွှတ်ခိုင်းခြင်းများ။ ပြုလုပ်နေကြောင်း အကြောင်းကြား အသိပေး တိုင်ကြားလိုက်ရပါသည်။
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပင်လုံ စိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး၏ တန်ဖိုး


သောင်းနဲ့ချီ တက်ရောက်လာတဲ့ ရှမ်းပြည်သူတွေကို မိန့်ခွန်းစကား ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်
ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရီးစဉ် မတ်လ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း
မြို့နယ်တွေဖြစ်တဲ့ အောင်ပန်း၊ ကလောနဲ့ ဟဲဟိုးမြို့တွေဆီ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့
ပြည်သူလူထုတွေက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲစွာ ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စု
စိတ်ဓာတ်တွေကို မြင့်တက်စေဖို့ ပြည်သူလူထုကို ဟောပြော ခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်မှာ ရုပ်ရှင်သရုပ်ဆောင် ကိုရဲတိုက်ကလဲ လိုက်ပါ အားပေးခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ပြည်သူတွေရဲ့အားပေး ထောက်ခံမှုကို ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂၀၁၂ ခုနှစ်
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာ အတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ်
တနိုင်ငံလုံးက မဲဆန္ဒနယ်တွေဆီ ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။

Unknown at 9:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအားလုံး( Macwill ဖုန်းများမပါ) ၏ ညပိုင်းဖုန်းခေါ်ဆိုခကို ထက်ဝက်လျှော့ချလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ယခုလ ၁၄ရက်မှ စတင်ကာ ည၁၁နာရီ မှ နံနက် ၇နာရီအတွင်း ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ကျပ် ၅၀ မှ ၂၅ ကျပ်သို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7Day
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရမည်




ကားပါကင် အကျပ်အတည်းကြောင့် ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း နေရာအများစုတွင် ကားရပ်သည့် ကားပါကင် အခက်အခဲများ ရှိနေခြင်းကြောင့် ယင်းအခက်အခဲ ပြေလည်စေရန် အသစ်ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ကားပါကင်နေရာကို ဆောက်လုပ်မည့် အဆောက်အအုံ၏ အ၀န်းအ၀ိုင်းအတွင်း မည်သည့်နေရာတွင်မဆို ထည့်သွင်းနိုင်ကြောင်း သိရှိရသည်။ ''ဒီလိုမျိုး ညွှန်ကြားတာက ရန်ကုန်မြို့ဧရိယာ အတော်များများမှာ ကားရပ်စရာ နေရာမရှိလို့၊ ကားရပ်ဖို့ နေရာအခက်အခဲတွေကြောင့် ပြေလည်စေဖို့ ဖြစ်ပါတယ်။ အသစ်ဆောက်လုပ်မဲ့ လေးထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံတွေမှာ ဒီပုံစံလုပ်ရမှာပါ။ လေးထပ်အောက် အထပ်နိမ့်တွေမှာတော့ ဒီပုံစံ မလုပ်ရပါဘူး။ ကားရပ်ဖို့နေရာက ဆောက်မယ့်အဆောက်အအုံရဲ့ မြေအောက်ထပ် (Basement) ထဲမှာပဲလုပ်လုပ်၊ အရှေ့မှာပဲ လုပ်လုပ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်မြေနေရာ အ၀န်းအ၀ိုင်းထဲမှာ ထည့်သွင်းရင် ရပါပြီ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့၌ ကားရပ်နားရန် အခက်အခဲဖြစ်သော နေရာများနှင့် ကားကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားသော နေရာများမှာ မြို့တွင်း (Down Town) ဧရိယာများနှင့် လမ်းဆုံမီးပွိုင့်များဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းတို့တွင်လည်း အလားတူ ဖြစ်ပွားနေသည်။ ထို့ပြင် ယခုလက်ရှိတွင် ရန်ကုန်မြို့၌ ကားအသစ်များ ရောက်ရှိလာမှုကြောင့် ကားရပ်နားရန် နေရာအခက်အခဲများနှင့် ကားကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေပြီး လက်ရှိ အသုံးပြုနေသော လမ်းများမှာလည်း အများအပြား ချဲ့ထွင်၍ မရနိုင်တော့ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ ''ဒီညွှန်ကြားချက်က ကောင်းတဲ့ညွှန်ကြားချက်ပါ။ ဘာပဲပြောပြော လမ်းမကြီးတွေ၊ လမ်းသွယ်တွေထဲက အဆောက်အအုံတွေမှာ ကိုယ်ပိုင်ကား ရပ်နားဖို့ လုံလောက်တဲ့ ကားပါကင်ရှိရင် လမ်းပေါ်မှာ ကားတွေ မရပ်တော့ဘူးပေါ့။ ဒါဆိုရင် ယာဉ်ကြော ပိတ်တာတွေလည်း နည်းသွားမယ်။ ဒီညွှန်ကြားချက်က ကားရပ်နားဖို့ အခက်အခဲရှိတဲ့ နေရာတွေမှာ အဓိက လုပ်သင့်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့က ကားကြောရှုပ်တတ်တဲ့ လမ်းဆုံဧရိယာ အနီးတစ်ဝိုက်မှာ စီးပွားရေး အဆောက်အအုံတွေကိုလည်း လုံလောက်တဲ့ ကားရပ်ဖို့ နေရာရှိမရှိ စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်'' ဟု ရန်ကုန်မြို့နေ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ.သည်
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးရောက်သခိုက် လူရွှင်တော် ပါပါလေးနှင့် စကားစမြည်

ဆိုင်းဆွတ်တွေ့ဆုံမေးမြန်းသည်။

YPI -    နက်ဖြန်အတွက် ဘယ်လောက်ထိတောင် ဦးပါပါလေး ရင်ခုန်နေပြီလဲ။

PPL - အတိုင်းအထက်အလွန်ပါ။ထမင်းတောင်မစားနိုင်ဘူး။ဝမ်းသာလွန်းလို့။   ပြည်သူတွေကမျှော်လင့်နေတယ်။ဘာလို့လဲဆိုတော့ဒေါ်စုကပြည်သူကိုချစ်တာလေ ပြည်သူကအမေပြည်သူကမိဘပဲ ဒါကြောင့်ပြည်သူ ကိုချစ်လို့ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတာ ပြည်သူကို သူ က မေတ္တာ စကားပြော ချင်လို့ အဲဒီစေတနာအား နဲ့အနုပညာသည် တွေက အတိုင်းအထက်အလွန်ပြောစရာမရှိလောက်အောင် ၀မ်းသာပါတယ်။

YPI - ဦးပါလေးကအန်တီစုကိုဘယ်လိုမြင်သလဲ

PPL - အနုပညာသမားတစ်ယောက်အနေနဲ့ပြောရရင် သူကတိုင်းပြည်လက်နက်ပဲ။မကောင်းတဲ့လူမှန်သမျှကိုပစ်မှာပဲ။ဘယ်သူ့ကိုမှမကြောက်ဘူး အမှန်တရားပြောရဲတယ် သူလုပ်နေတာလည်းတိုင်းပြည်အတွက်ပဲကိုး ။

YPI - အန်တီစုကိုစည်းရုံးရေးကာလမှာဘယ်လိုအားဖြည့်ကူညီမှုတွေလုပ်ပေးဖို့ရှိလဲ

PPL - ပြည်သူကိုစည်းရုံးဖို့ ဦးပါကို တာဝန်ပေးတယ် အဲဒါကိုစိတ်ချ အဲဒါတော့အစ်မကြီးဒေါ်စုကပြောဖူးတယ်။ ၈၉ တုန်းက အစ်မကြီးဒေါ်စုရဲ့စကားသံကို အခုထိနားထဲက မထွက်သေးဘူး။ ဦးပါပါလေးစည်းရုံးပေးပါနော် ကျန်းမာရေးကောင်းအောင်ဂရုစိုက်ပါ ကျွန်မတို့စည်းရုံးရင်လူလေးငါးဆယ်ယောက်ပဲရပါတယ်။ ဦးပါတို့စင်ပေါ်ကစည်းရုံးတာထောင်သောင်းမကရပါတယ်ဆိုတာလေ။ အဲဒါတော့ဦးပါကဒေါ်စုအတွက်အားလုံးနိုင်သရွှေ့တာဝန်ထမ်းပြီးစည်းရုံးမှာပါ။

YPI - ဦးဇာဂနာကအနုပညာနဲ့ရောတဲ့နိုင်ငံရေးလို့ပြောတယ် ဦးပါရဲ့နိုင်ငံရေးကရော ဘယ်လိုနိုင်ငံရေးမျိုးဖြစ်မလဲ

PPL - ဦးပါကပြည်သူ့အတွက်လုပ်တဲ့နိုင်ငံေ၇းပါ။အဲဒါမှနိုင်ငံရေးက ကိုယ်လုပ်ချင်တာကိုယ်ပြောချင်တာတွေ
ဖြစ်မှာကိုး၊ ဦးပါတို့အဲဒါမှကောင်းမှာ။ လွတ်လွတ်လပ်လပ်ပေါ့။ ပါတီဝင်ထားရင်မကောင်းဘူး။ ကိုယ့်ပါတီကမဟုတ်တာလေးတွေလမ်းချော်ခဲ့သော် ဦးပါတို့ကငဲ့နေရအုံးမယ် အခုက ဘယ်ပုဂ္ဂိုလ်ပဲ တက်တက် မကောင်းတဲ့လိုအပ်တဲ့ချို့ယွင်းတာတွေကိုတော့ပြော၇အုံးမယ်။

ဆောင်ပုဒ်လေးတောင်ရှိတယ်။“ပြည်သူ့ကိုယ်စား ပါးစပ်အငှားဖြင့် မထောက်မညှာ ရဲဝံ့စွာနဲ့ မှန်ရာကိုပြော ကိုယ့်သဘော”တဲ့။

ဦးပါကတော့ အစ်မကြီးသွားတဲ့လမ်းကိုတည့်တည့်လိုက်မယ်။ အစ်မကြီးအန္တရာယ်ကင်းပါစေ။ ကျန်းမာပါစေ။ချမ်းသာပါစေ။လိုအပ်ဆန္ဒပြည့်ပါစေ။ပြည်သူတွေရဲ့လက်ခုပ်သံက အစ်မကြီးအားဆေးပါ။ လူရွင်တော်တွေရဲ့သံချပ်ဟာအစ်မကြီးအတွက်အားဆေးပါ။

ပြီး။


နှုတ်ခမ်းမွှေးညီအစ်ကိုနှင့်ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်တွေ့တုန်းက
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

GSM ဖုန်းများ ကျပ် ၁၈၀၀၀၀ ဝန်းကျင်ဖြင့် ချထားပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ကျပ် ၂၃၀၀၀၀ ဖြင့် ချပေးမည်ဖြစ်ကြောင်း ထပ်မံသတင်းထွက်ပေါ်




ကျပ် ၁၈၀၀၀၀ ၀န်းကျင်ဖြင့် ဂျီအက်စ်အမ်ဖုန်းများကို ချထားပေးမည်ဟု သတင်းများ ထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း ကျပ် ၂၃၀၀၀၀ ဖြင့် ချထားပေးမည်ဖြစ်ကြောင်း ထပ်မံသတင်းထွက်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ဂျီအက်စ်အမ်ဖုန်းများကို တစ်လုံးလျှင် ငွေကျပ် ၁၈၀၀၀၀  နှုန်းဖြင့် ချထားပေးရန် ရှိသည်ဟု သိရှိခဲ့ရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအတွင်း ပြန်လည်ညှိနှိုင်းချက်များအရ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဂျီအက်စ်အမ်ဖုန်း တစ်လုံးလျှင် ၂၃၀၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြောင်းလဲလျာထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦး၏ ထပ်မံ ပြောကြားချက်အရ သိရှိရသည်။ “ဂျီအက်စ်အမ်ဖုန်းတွေရဲ့ တန်ဖိုးတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ အချိန်နဲ့အမျှ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ပြည်သူတွေ သုံးစွဲနိုင်မယ့် ဈေးနှုန်းကို ချိန်ဆနေပါတယ်” ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။ လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည်ဟု သတင်းထွက်ပေါ်နေသည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံပါတ်ဖြင့် ချပေးမည်ဖြစ်ပါသည်
Unknown at 9:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာကို တိုက်ရိုက်ငွေကြေးအကူအညီပြန်ပေးဖို့ ပြင်

မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ဟာ ဆယ်စုနှစ် ၂ ခုကျော်လောက် မြန်မာနိုင်ငံကို ငွေကြေးအကူအညီ မပေးဘဲ ရပ်ဆိုင်းထားရာကနေ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ တိုက်ရိုက်ငွေကြေးကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အေဒီဘီဘဏ်ရဲ့အကြီးအကဲတဦးက ဘလွန်းဘဂ် စီးပွားရေး သတင်းဌာနနဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က အေဒီဘီဌာနချုပ်ရုံးခန်းမှာ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။
အေဒီဘီ ဦးဆောင်ညွှန်ကြားရေးမှူး ရာဂျတ်နဂ်က အေဒီဘီအနေဖြင့် မြန်မာနိုင်ငံနဲ့  ပြန်လည်ဆက်ဆံဖို့ အသေအချာ တိုးမြှင့် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး လေ့လာစူးစမ်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဧရာမ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေးနဲ့ လူမှုရေးကဏ္ဍတွေမှာပါ အထောက်အပံ့တွေနဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ အတော်လေး လိုအပ်နေပါတယ်လို့ ပြောပါတယ်။
အေဒီဘီအနေနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ တရားဝင် စတင်လုပ်ဆောင်နိုင်ဖို့  ဘဏ်ရဲ့ အစုရှယ်ယာဝင်တွေဆီက ထောက်ခံမှုရဖို့ ကြိုးစားနေတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံကို ကူညီဖို့ ကုလသမဂ္ဂနဲ့  ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းတဲ့အပေါ် ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆယ်စုနှစ်တွေနဲ့ချီ ရပ်ဆိုင်းထားတဲ့ အကူအညီတွေ ပြန်ပေးဖို့  ပြင်ဆင်နေချိန်မှာ ခုလို အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ကူညီဖို့ ဖြစ်လာတာပါ။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ကလည်း မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေးနယ်ပယ်သစ် ဖြစ်လာနိုင်တယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်သွယ် ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင်တော့မယ်လို့ မကြာသေးခင်ကမှ ကြေညာထားပါတယ်။ ချေးငွေသစ်တွေ ချပေးဖို့ကိုတော့ ကြွေးဟောင်းတွေ ပြန်ဆပ်ပြီးမှ ပေးမယ်လို့ ပြောကြားထားပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်ကို ၁၉၆၆ ခုနှစ် ကတည်းက စတင်ထူထောင်ထားတာ ဖြစ်ပြီး အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးဖို့ တည်ထောင်ထားတာပါ။ အာရှနဲ့ပစိဖိတ်ဒေသက ၄၈ နိုင်ငံနဲ့ အပြင်ဘက်က ၁၉ နိုင်ငံ စုစုပေါင်း အဖွဲ့ဝင်နိုင်ငံ  ၆၇ နိုင်ငံ ရှိပါတယ်။ ဘဏ်ရဲ့ ရှယ်ယာအများစုကို အမေရိကန်နဲ့ ဂျပန်တို့က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ ၁၉၇၃ ခုနှစ်က အေဒီဘီ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး  ၁၉၈၆-၈၇ ခုနှစ်တွေတုန်းကတော့ မြန်မာကို ချေးငွေနဲ့နည်းပညာ အကူအညီတွေ ပေးခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်ခတ်နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တဲ့ ၈၈ အရေးအခင်း နောက်ပိုင်းမှာတော့ မြန်မာကို တိုက်ရိုက် ငွေကြေး ကူညီထောက်ပံ့မှုတွေ မပေးတော့ဘဲ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းမည်


မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ဟာ  အရေးပေါ်ညီလာခံတခု လာမယ့်ရက်တွေ အတွင်းမှာ ခေါ်ယူပြီးတော့၊ ဒီညီလာခံကနေ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ အဖွဲ့ခေါင်းဆောင် တဦးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ တခုတည်းသော စာပေဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး သက်ဆိုင်ရာလုပ်ငန်းတွေပေါ်ကို မူတည်ကာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်းနဲ့ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဆိုပြီး သီးခြား လွတ်လပ်တဲ့  စာပေဆိုင်ရာအဖွဲ့အစည်း ၃ ဖွဲ့ ပေါ်လာတော့မယ်လို့ မြန်မာနိုင်ငံ စာပေနဲ့စာနယ်ဇင်းက တွဲဘက် အတွင်းရေးမှုး ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်)က ပြောပါတယ်။
“မတ်လ နောက်ဆုံး အပတ်လောက်မှာ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း အရေးပေါ် ညီလာခံလုပ်မယ်။ သတင်းစာထဲမှာလည်း ခေါ်ထားတယ်။ လောလောဆယ် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဆိုပြီး အသင်း ၃ ဖွဲ့ ပြောင်းလဲတည်ထောင်ရန် ရှိပါတယ်။ သီးခြား အသင်းတွေ ဖြစ်တဲ့အတွက် အဲဒီ အသင်းတခုချင်းစီရဲ့ ဖွဲစည်းပုံစည်းမျဉ်းတွေ ရေးဆွဲနေပါတယ်။”
အသစ်ဖွဲ့ စည်းမယ့် စာနယ်ဇင်းဆိုင်ရာ အသင်း ၃ သင်းမှာ  မြန်မာနိုင်ငံစာပေနဲ့ စာနယ်ဇင်းအဖွဲ့က အမှုဆောင်တွေ ပြန်ပါလာမှာ မဟုတ်ဘဲ  ညီလာခံကနေ ရွေးချယ်ပြီး အမှုဆောင်သစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းသွားမယ်လို့ ဦးကိုကိုက ဆက်ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်ပြီး  ဌာနဆိုင်ရာတွေက အဆိုပြုထားတဲ့ ကိုယ်စားလှယ်တွေကို အမှုဆောင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားရတာပါ။
နောင် ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းကိုတော့ အစိုးရကိုယ်စားလှယ်တွေ မပါဝင်ဘဲ လွတ်လပ်တဲ့အဖွဲ့အစည်း ဖြစ်အောင် လုပ်ဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း စတုတ္ထမဏ္ဍိုင်တွေအနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်း ဆောင်ရွက်သွားနိုင်စေဖို့        အမျိုးသားစာနယ်ဇင်းကောင်စီ(အစက)ကို ထူထောင်သွားမယ်လို့ မတ်လ ၁ ရက်နေ့က အစိုးရအဖွဲ့ ၁ နှစ်ပြည့် နိုင်ငံတော်အခြေပြု မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ 
ဒီဗွီဘီ
Unknown at 9:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.