Saturday, March 3, 2012

ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရမည်




ကားပါကင် အကျပ်အတည်းကြောင့် ရန်ကုန်မြို့၌ အသစ်ဆောက်လုပ်မည့် လေးထပ်နှင့်အထက် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သတင်းရရှိသည်။ ရန်ကုန်မြို့တွင်း နေရာအများစုတွင် ကားရပ်သည့် ကားပါကင် အခက်အခဲများ ရှိနေခြင်းကြောင့် ယင်းအခက်အခဲ ပြေလည်စေရန် အသစ်ဆောက်လုပ်မည့် အထပ်မြင့်အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ကားပါကင်နေရာကို ဆောက်လုပ်မည့် အဆောက်အအုံ၏ အ၀န်းအ၀ိုင်းအတွင်း မည်သည့်နေရာတွင်မဆို ထည့်သွင်းနိုင်ကြောင်း သိရှိရသည်။ ''ဒီလိုမျိုး ညွှန်ကြားတာက ရန်ကုန်မြို့ဧရိယာ အတော်များများမှာ ကားရပ်စရာ နေရာမရှိလို့၊ ကားရပ်ဖို့ နေရာအခက်အခဲတွေကြောင့် ပြေလည်စေဖို့ ဖြစ်ပါတယ်။ အသစ်ဆောက်လုပ်မဲ့ လေးထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံတွေမှာ ဒီပုံစံလုပ်ရမှာပါ။ လေးထပ်အောက် အထပ်နိမ့်တွေမှာတော့ ဒီပုံစံ မလုပ်ရပါဘူး။ ကားရပ်ဖို့နေရာက ဆောက်မယ့်အဆောက်အအုံရဲ့ မြေအောက်ထပ် (Basement) ထဲမှာပဲလုပ်လုပ်၊ အရှေ့မှာပဲ လုပ်လုပ်၊ အဆောက်အအုံ ဆောက်လုပ်မယ့်မြေနေရာ အ၀န်းအ၀ိုင်းထဲမှာ ထည့်သွင်းရင် ရပါပြီ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ရန်ကုန်မြို့၌ ကားရပ်နားရန် အခက်အခဲဖြစ်သော နေရာများနှင့် ကားကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားသော နေရာများမှာ မြို့တွင်း (Down Town) ဧရိယာများနှင့် လမ်းဆုံမီးပွိုင့်များဖြစ်သော ရွှေဂုံတိုင်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းတို့တွင်လည်း အလားတူ ဖြစ်ပွားနေသည်။ ထို့ပြင် ယခုလက်ရှိတွင် ရန်ကုန်မြို့၌ ကားအသစ်များ ရောက်ရှိလာမှုကြောင့် ကားရပ်နားရန် နေရာအခက်အခဲများနှင့် ကားကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေပြီး လက်ရှိ အသုံးပြုနေသော လမ်းများမှာလည်း အများအပြား ချဲ့ထွင်၍ မရနိုင်တော့ကြောင်း မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ ''ဒီညွှန်ကြားချက်က ကောင်းတဲ့ညွှန်ကြားချက်ပါ။ ဘာပဲပြောပြော လမ်းမကြီးတွေ၊ လမ်းသွယ်တွေထဲက အဆောက်အအုံတွေမှာ ကိုယ်ပိုင်ကား ရပ်နားဖို့ လုံလောက်တဲ့ ကားပါကင်ရှိရင် လမ်းပေါ်မှာ ကားတွေ မရပ်တော့ဘူးပေါ့။ ဒါဆိုရင် ယာဉ်ကြော ပိတ်တာတွေလည်း နည်းသွားမယ်။ ဒီညွှန်ကြားချက်က ကားရပ်နားဖို့ အခက်အခဲရှိတဲ့ နေရာတွေမှာ အဓိက လုပ်သင့်ပါတယ်။ ပြီးတော့ ရန်ကုန်မြို့က ကားကြောရှုပ်တတ်တဲ့ လမ်းဆုံဧရိယာ အနီးတစ်ဝိုက်မှာ စီးပွားရေး အဆောက်အအုံတွေကိုလည်း လုံလောက်တဲ့ ကားရပ်ဖို့ နေရာရှိမရှိ စိစစ်ပြီးမှ ခွင့်ပြုသင့်တယ်'' ဟု ရန်ကုန်မြို့နေ အင်ဂျင်နီယာ တစ်ဦးက ပြောကြားခဲ.သည်
Unknown at 9:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.