Friday, January 13, 2012

ဘာမှခံစားမှုမရှိဘူးဆိုတဲ့ ရှမ်းခေါင်းဆောင်ဦးခွန်ထွန်းဦး နှင့် ဆက်သွယ်မေးမြန်းချက်.........................

ဦးခွန်ထွန်းဦး (ဓါတ်ပုံ-မက်ဆင်ဂျာ ဂျာနယ်)
NR U Khu tun Oo by dvbradio
ပဲခူးတိုင်းတောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦး နှင့် ဆက်သွယ်မေးမြန်းချက်---
အင်တာဗျူး - ဒီဗွီဘီ
Unknown at 6:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြင်းခြံထောင်မှလွတ်မြောက်လာတဲ့ မသက်သက်အောင် နှင့် ဆက်သွယ်မေးမြန်းချက်...............

လွတ်မြောက်လာလို့ ပျော်ပေမယ့် ကျန်သူတွေကိုလည်းလွတ်ပေးပါလို့ မြင်းခြံထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်က ပြောပါတယ်။
88 Ma Thet Thet Aung by dvbradio
Unknown at 6:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရှင်ဂ မ္ဘီရနဲ့ ဆက်သွယ်မေးမြန်ချက်....................

>မြောင်းမြထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာခေါင်းဆောင်
အရှင်ဂ မ္ဘီရနဲ့ ဆက်သွယ်မေးမြန်ချက်(DVB)

Saffron U Gambia Interview by dvbradio
Unknown at 6:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂီတမှုး ကိုဝင်းမော် နဲ့ ဆက်သွယ်မေးမြန်းချက်............................


ကျောက်ဖြူထောင်ကနေ ဒီကနေ့ မနက်မှာ လွတ်လာတဲ့ ဂီတမှုးနဲ့ ဗီဒီယိုသတင်းထောက် ကိုဝင်းမော်က သူရဲ့ အဓိက ဂီတ လုပ်ငန်းကို ပြန်လည်လုပ်ကိုင်သွားမည်။
စောစောလေးသာလွတ်ရင်ပိုပြီး အရသာ ရှိတာပေါ့ by Burma VJ Media
Unknown at 6:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကော့သောင်းထောင်က လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကိုပြုံးချိုနဲ့ ဆက်သွယ်မေးမြန်းချက်.........

ကော့သောင်းထောင်က လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကိုပြုံးချိုနဲ့ ဆက်သွယ်မေးမြန်းချက် 88 Ko Pyone Cho Interview by dvbradio ဒီဗွီဘီ
Unknown at 5:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အထူးသတင်းကြေငြာချက် ပြည်ထောင်စုဝန်ကြီး ၅ ဦးနေရာပြောင်းလဲသွားကြောင်း

ဦးသိန်းစိန် အစိုးရအဖွဲ့ အတွင်းမှာ ပြည်ထောင်စုဝန်ကြီး ၅ ဦးနေရာပြောင်းလဲသွားကြောင်း နေပြည်တော်မှ သတင်းရရှိသည်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေတဲ့အချိန်နဲ့ ဝန်ကြီးအပြောင်းအလဲများ တိုက်ဆိုင်နေသည်။

Unknown at 5:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာလူထု အပျော်ဆုံးနေ့

မင်္ဂလာဆောင်သောနေ့၊ ရှင်လိင်ပြန်သောနေ့နှင့် ထောင်ကလွတ်သောနေ့ ဟူ၍ အပျော်ဆုံး ၃ နေ့ရှိသော်လည်း အများစု ကြုံတွေ့ဖူးသည်မှာ မင်္ဂလာဆောင်သောနေ့ ဖြစ်လိမ့်မည်။ရှင်လိင်ပြန်သောနေ့ကို ကြုံတွေ့ဖူးသူများမှာ ဗုဒ္ဓဘာသာဝင် အမျိုးသားများသာ ဖြစ်မည်။ ထောင်က လွတ်သောနေ့ကို ကြုံဖူးသူ အလွန်နည်းပါးပါလိမ့်မည်။
ယနေ့တွင်မူ ကိုယ်တိုင် ထောင်မကျဘူးပါဘဲနှင့် မြန်မာနိုင်ငံသားအားလုံး ထောင်ကလွတ်လာသူများနှင့် ထပ်တူထပ်မျှ ခံစား ပျော်ရွှင်နေလိမ့်မည်ဟု ယူဆမိပါသည်။
နိုင်ငံရေးအကျဉ်းသားများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ဟူ၍ မည်သို့ပင် အမည်တပ်စေကာမူ သူတို့ လွတ်မြောက် လာကြပြီ။ သူတို့ လွတ်မြောက်ခြင်းသည် မြန်မာနိုင်ငံသားများအားလုံး လွတ်မြောက်ခြင်းဟု ဆိုချင်သည်။
ယမန်နေ့ညနေက ကြေညာခဲ့သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေး တဘက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး ကို ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု ပါရှိသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း တနှစ်နီးပါး ကာလအတွင်း အပြောင်းအလဲများထဲတွင် ယခုအကြိမ်က အနှစ်သာရ အရှိဆုံး အပြောင်းအလဲ တခုဟုရှုမြင်ပါသည်။ နိုင်ငံတော် တည်ဆောက်ရေး အတွက် တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေမည့် အကျဉ်းသား၊ အကျဉ်းသူများဟု လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်တွင် ပါရှိသည့်နည်းတူ ယခု လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၏ နိုင်ငံတော်တည်ဆောက်ရေး အတွက် ပါဝင်လိုမှု၊ စေတနာထားမှုများကို အစိုးရက အသိအမှတ် ပြုသည်ဟုလည်း ယူဆသည်။
အစိုးရက အသိအမှတ်ပြုသည့်နည်းတူ လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့၍ လွတ်မြောက်လာခဲ့သူ အားလုံး၏ စိတ်ထဲတွင်လည်း နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ တတပ်တအား ပါဝင်ကြမည်ဟူသည့် မျှော်လင့်ချက်များ အသီးသီး ရှိနေလိမ့်မည်ဟု ထင်မြင်မိပါသည်။
မည်သို့ဆိုစေ ဤနေ့ကို မြန်မာပြည်သူပြည်သားများ အားလုံး မျှော်လင့်နေခဲ့ကြခြင်းဖြစ်သည်။ မြန်မာပြည်သားများ၏ မျှော်လင့်ချက်များ ယနေ့ ပြည့်ပြီဟု ဆိုချင်ပါသည်။ တနိုင်ငံလုံး၏ ပျော်ရွှင်မှုအတွက် ဖြည့်ဆည်းပေးလိုက်သော သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များအားလည်း ဧရာဝတီက ကျေးဇူးတင်ရှိကြောင်း ပြောလိုပါသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးလမ်းစပေါ်သို့ ရောက်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေးကို အပြည့်အဝ ဖော်ဆောင်ရေးအတွက် သမ္မတဦးသိန်းစိန် အစိုးရက စိတ်ရင်းစေတနာ အမှန်ဖြင့် ရှေ့ဆက် လုပ်ဆောင် ပါရန်လည်း ဧရာဝတီက တိုက်တွန်းလိုပါသည်။
ယနေ့ မြန်မာပြည်သူ ပြည်သားအားလုံး ပျော်ကြရသည်၊ ထိုအပျော်များ ဆက်လက် တည်မြဲကာ ပို၍ ပို၍ ပျော်ရွှင်ရသော နေ့များကို မြင်တွေ့ ရတော့မည်၊ အားလုံးပါဝင်သည့် မြန်မာ့ ဒီမိုကရေစီခရီးကို ဆက်နိုင်ကြတော့မည်ဟု ယုံကြည်မိပါသည်။

ဧရာဝတီ...
Unknown at 12:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား

ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းလည်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။
Unknown at 12:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟင်္သာတထောင်မှပြန်လွတ်လာတဲ့ ကိုစည်သူဇေယျ နဲ့ ဆက်သွယ်မေးမြန်းချက်



ကိုစည်သူဇေယျ
SI THU ZAY YA INTERVIEWS by dvbradio

ဟင်္သာတထောင်မှ ပြန်လည်လွတ်မြောက်လာသူ ဒီမိုကရက်တစ် သတင်းထောက်ကတော့ အခုပြန်လွတ်လာတာဟာ လည်ပင်းကိုကြိုးချီပြီး လွှတ်လိုက်တာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ ကြိုက်တဲ့အချိန်ပြန်ဖမ်းဖို့လဲ ဝန်ခံဂတိတွေ ပေးရသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒီဗွီဘီ
Unknown at 12:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်

သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်း
NilarThein by dvbradio သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်---
ဒီဗွီဘီ
Unknown at 11:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှမ်းအမျိုးသားခေါင်းဆောင်ဦးခွန်ထွန်းဦး လွတ်မြောက်လာပုံ (ဓါတ်ပုံ)





Unknown at 11:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုမင်းကိုနိုင် သရက်မြို့ခံ ပြည်သူလူထုအား နှုတ်ဆက်စကား ပြောကြား

ကိုမင်းကိုနိုင်
MIN KO NAING IN THEAT SPEECH by dvbradio
သရက်အကျဉ်းထောင်မှ ဒီကနေ့ မနက် ၁၀ နာရီအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် သရက်မြို့ခံ ပြည်သူလူထုအား နှုတ်ဆက်စကားပြောကြား ။
ဒီဗွီဘီ
Unknown at 11:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် ပြန်လည်လွတ်မြောက်...

အသက် ၄၉ နစ် အရွယ် ရှိ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် သည် သရက် ထောင်
မှ လွတ် မြောက် လာပြီ ဖြစ် ကြောင်း သရက် ထောင် ထောင် ဆရာဝန် မှ FNG သို့  အတည်ပြု
ပြောကြားသည်။



တတိယ အကြိမ်မြောက် လွတ် ငြိမ်း ချမ်းသာ ခွင့် တွင် တွင် မြန်မာ စစ်ထောက် လှမ်း ရေး အကြီး
အကဲ ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန် နှင့် ဇနီး ဖြစ်သူ ဒေါက်တာ ဒေါ် ခင်ဝင်း ရွှေ တို့ လည်း ပါဝင်
သည် ဟု သတင်း ရရှိ သည်။
သရက် ထောင် မှာ ကို မင်းကို နိုင် အပါ အ၀င် နိုင်ငံရေး အကျဉ်းသား ၂၇ ဦး လွတ်မြောက် သည်
ဟု သတင်း ရရှိ ပြီး ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ခေါင်းဆောင် ဦးခွန် ထွန်း ဦး နှင့် မြောင်း
မြ ထောင် မှ အသျှင် ဂမ္ဘီ ရတို့  လွတ် မြောက် လာ သည် ဟု သတင်း ရရှိ သည်။
ဘူးသီးတောင် ထောင် မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် လည်း ပြန်လည်
လွတ်မြောက် လာကာ ၊ ၂၀၁၀ ခုနှစ် သင်္ကြန် ကာလ ဗုံးပေါက် ကွဲ မှု တွင် ဓာတ် ပုံ မှတ်တမ်း ရိုက်
ယူ ခဲ့ သည့် စာရေး ဆရာ  လင်းယုန် မောင် မောင် ၏ သား ဖြစ်သူ သတင်း စည်သူ ဇေယျ လည်း
လွတ်မြောက် လာသည် ဟု သတင်း ရရှိ သည်။
သာယာ ၀တီ အကျဉ်း ထောင် မှ နိုင်ငံရေး အကျဉ်းသား အများ စု လွတ်မြောက် လာပြီး ထို အထဲ
တွင် ကျောင်းသား ခေါင်း ဆောင် ကို ကျော်မင်းယု ၏ ဇနီး ဖြစ်သူ မနီလာ သိန်း လဲ လွတ်မြောက်
လာသည်။
၂၀၀၇ ရွှေဝါ ရောင် သံဃာ့ လှုပ်ရှား မှု တွင် ဦးဆောင်  ပါဝင်မှု ကြောင့် အဖမ်းခံ ရသူ  အများစု မှာ
ယနေ့  တတိယ အကြိမ် မြောက် လွတ် ငြိမ်း ချမ်းသာ ခွင့် တွင် ပါဝင် ကြသည်။
မြန်မာ နိုင်ငံ တွင် ထောင်ဒဏ် နှစ် အများ ဆုံး ကျခံ နေရသည့် အထက် ဗမာ ပြည် ကျောင်း သား
ခေါင်း ကို ဘိုမင်းယုကို နှင့် ဗကသ မှ စည်သူ မောင် နှင့် ဒီငြိမ်းလင်း  တို့  မပါ ၀င်သေး ဟု သိရသည်။
၁၉၉၈ ခု နှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ပြည်သူ့  လွှတ်တော် ခေါ်ယူရေး ကြိုးပမ်း မှု တွင်
ထောက်ခံဆန္ဒပြ ခဲ့ သည့် ကျောင်း သား ခေါင်းဆောင် တစ်ဦး ဖြစ်သော ကိုမျိုး မင်း ဇော်
ပူတာအို အကျဉ်းထောင် မှ ပြန် လည် လွတ်မြောက်လာ သည်။
ကိုမင်းကို နိုင် သရက် မြို့  ခံ များ ၊ လာရောက် ကြိုဆို သူများ နှင့် ထောင်ရှေ့ တွင်
တွေ့ ဆုံ နှုတ် တက် နေသည် ဟု သတင်း ရရှိသည်။
Update:
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ပဏ္ဍိတ် ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ ဘွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂ ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
၇၂ ဒေါက်တာ တင်မင်းထွဋ်
၇၃ ရဲမြတ်ဟိန်း
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၆ အောင်ကျော်ဦး
၇၇ ကိုဝေလင်း
၇၈ ကိုမြင့်စိုး
၇၉ ကိုရဲမြင့်
၈၀ မျိးမင်းဇော်
၈၁ ကိုသီဟ
၈၂ ကိုညွှန့်အောင်
၈၃ ဦးအုန်းသန်း
၈၄ ကိုကျော်ဇင်လင်း
၈၅ ဒေါ် ၀င်းမြမြ
၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်
၈၈ ဒေါက်တာဝင်းသူ
၈၉ ဆရာဇော်
၉၀ အောင်အောင်ရှဲ
၉၁ ဂျက်နက်ခိုင်
၉၂ကို ထွန်းထွန်းဦး
၉၃ ကိုထွန်းထွန်းနိုင်
၉၄ ကိုမြတ်ကို (GW)
ဆက်လျက်ဖော်ပြပေးပါမည်……


Unknown at 11:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခြေခံပညာ အထက်တန်းအဆင့် စာသင်နှစ်တစ်နှစ် တိုးမြှင့်မှု ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်


၁၂ တန်းပညာရေးအဖြစ် အခြေခံပညာအထက်တန်း အဆင့်တိုးရန် ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့တွင်ပြောသည်။ ရန်ကုန်တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာထွန်းခင်က “ ၁၂ တန်းရှိမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အင်္ဂလန်တို့၊ ဂျာမနီတို့မှာတောင် ၁၂ တန်း၊ ၁၃ တန်းဆိုပြီး ထားနေသေးတာပဲ။ လုပ်နိုင်ရင် အကောင်းဆုံးပဲ” ဟု မှတ်ချက်ပြုသည်။ မူလက မူလတန်းအဆင့်ကို တိုးမြှင့်ရန် အစီအစဉ်ရှိခဲ့သော်လည်း မူလတန်းစာသင်ဆောင်များအား ထပ်မံတိုးချဲ့ရမည်ဆိုပါက ဘဏ္ဍာငွေ အမြောက်အမြား ကုန်ကျမည်ဖြစ်သည့်အတွက် ထိုအစီအစဉ် အထမမြောက်ခဲ့ကြောင်း၊ သို့အတွက်ကြောင့် အထက်တန်းအဆင့်တိုး၍ ပြောင်းလဲအဖြေရှာခဲ့ရကြောင်း ဝန်ကြီးဌာနမှ အရာရှိက ဆက်လက်ပြောသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ တက္ကသိုလ်များနှင့် ကောလိပ်များအပါအဝင် ပညာရေးအဖွဲ့အစည်းများလေးစားရသည့် NARAC ဝက်ဘ်ဆိုက်တွင် မြန်မာတက္ကသိုလ်ဝင်တန်းအဆင့်အား အင်္ဂလန် GCE ‘O’ Level အဆင့်နှင့် တူညီသည်ဟု သတ်မှတ်ထား၍ နောက်ထပ်အဆင့်တိုးခြင်းမှာ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို လုပ်ခြင်းဖြစ်ကြောင်း မြန်မာ့ပညာရေး စောင့်ကြည့်လေ့လာနေသူ အချို့က ထောက်ခံပြောကြားသည်။ “ အခု ပြည်ပကို သွားတက်မယ်ဆိုပါတော့၊ တိုက်ရိုက်တက်လို့ မရဘူး။ မြန်မာက အဆင့်တစ်ဆင့်နိမ့်နေတယ်။ ဒါကိုမြှင့်လိုက်ရင် ထောက်ခံတယ်။ ကျွန်တော့်အမြင်ကိုပြောရရင် အခြေခံပညာ အဆင့်ကို တိုးတာကောင်းတယ်။ ဒါပေမဲ့ တက္ကသိုလ်အဆင့်ကို တိုးတာတော့ သိပ်မကြိုက်ချင်ဘူး” ဟု နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က သူ့အမြင်ကိုပြောသည်။ လက်ရှိတွင် မြန်မာ့ အခြေခံပညာမူလတန်းအဆင့်၌ အတန်းငါးတန်း၊ အလယ်တန်းအဆင့်၌ အတန်းလေးတန်းနှင့် အထက်တန်းအဆင့်၌ အတန်းနှစ်တန်းဟူ၍ ၁၁ တန်းပညာရေးသာရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်းကိုနိုင် နှင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ

မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)

ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်

ဗန်းမော် ထောင်မှ အကုန်လွှတ်

ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်

သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်

ဖားအံ့ထောင်မှ အားလုံးလွှတ်

(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)

နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။

လွှတ်မြောက်သူများ အမည် စာရင်း

၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆ ဦးဘမြင့် ဒေါ်မာမာဦး
၃၇ ကိုကျော်စွာဋ္ဌေး
၃၈ ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁ ဦးစိုင်းလှအောင်
၄၂  ကိုကျော်ဝင်း
၄၃ ကိုသီဟသက်ဇင်
ဆက်လျက်ဖော်ပြပေးပါမည်
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပြီ

ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊နိုင်ငံရေးအကျဉ်းသားများ၊ ဗိုလ်ချုပ်ခင်ညွှန့် အမှုတွဲ ထောက်လှမ်းရေး အချို့ ၊ နစက(နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာန)အမှုတွဲများ အားလုံးကို နိုင်ငံတ၀ှန်းရှိ အကျဉ်းထောင်များမှ ယနေ့ ဒီဇင်ဘာလ ၁၃ ရက် မနက် ၁၀ နာရီမှ စတင်လွှတ်ပေးမည်။

လွတ်မြောက်လာမည့်သူစာရင်းကို ရရှိသလောက် အချိန်နှင့် တပြေးညီ ဖော်ပြပေးသွားပါမည်။


သာယာဝတီထောင်မှ လွတ်မြောက်လာမည့် ဆယ်ဦးစာရင်းမှာ

၁- မနီလာသိန်း
၂- မကြည်ကြည်ဝါ
၃-ဘိုဘို
၎-ဦးရဲမြင့်
၅-လွင်မိုးမြင့်
၆-အောင်သန်း(ခေါ်)အောင်မိုး
၇-ခင်လှိုင်(ခ)ဖိုးဆောင်း
၈-ကျော်အောင်
၉-၀င်းထိုက်(ခ)ဦးရာဇဓမ္မ
၁၀-ဆရာရဲ


ဗန်းမော်၊ လားရှိုးနှင့် ဘူးသီးတောင်ထောင်တို့ မှ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မည်။

ဘားမားဗီဂျေ



Unknown at 9:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစောဆုံးလွတ်မြောက်လာမည့်နိုင်ငံရေးအကျဉ်းသားများ

ဇန်န၀ါရီ ၁၃ ရက် နံနက် သိရှိရသမျှ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု စာရင်း ကျောက်ဖြူထောင်မှ နိုင်ငံရေး အကျဉ်းသား ၉ ဦးနှင့် စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်တို့ လွတ်မြောက်သည်ဟု အကျဉ်းဦးစီးမှ အတည်ပြုပြောဆိုသည်။ မြင်းခြံထောင်မှ နိုင်ငံရေး အကျဉ်းသား ကျား၁၁၊ မ ၂ဦး တို့လွတ်မြောက်သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၆၅ နှစ်ခွဲချမှတ်ခံထားရသူ မသက်သက်အောင် လည်းယင်းတို့အနက်ပါဝင်သည်ဟု အကျဉ်းဦးစီးဋ္ဌာနကိုလှမ်းမေးမြန်းသည့် မသက်သက်အောင် ခင်ပွန်း ကိုချစ်ကိုလင်းက အတည်ပြုပြောဆိုသည်။ လွတ်မြောက်သည့် စာရင်းထဲ မပါဝင်သူအချို့စာရင်းလည်း ရရှိထားရာ ရှမ်းတိုင်းရင်းသား ၆ ဦး ကရင် ၂ ဦး ၊ သရက်ထောင်မှ ကိုသန်းဇော် တွင်ပါဝင်သည်။ 
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှု စာရင်း နံနက် ၇နာရီ ၃၀ မိနစ်
News Update: More political prisoners name were confirmed

တောင်ကြီးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများအနက် ဦးရွှေထူး မှလွဲ၍ အားလုံးလွတ်မြောက်မည်၊ သာယာဝတီမှ ၁၀ ဦးလွတ်မြောက်မည်။ ဘူးသီးတောင် အကျဉ်းထောင်တွင် မလွတ်မြောက်ပဲ ကျန်ရှိသူမှာ ကိုအေးမင်းစိုးဖြစ်သည်ဟုလည်း သိရှိရသည်။ ကျန်ရှိသူများမှာ ဖောက်ခွဲမှုများဖြင့် စွဲဆို ပြစ်ဒဏ်ချမှတ်ခံရသူများဖြစ်သည် ဟုသိရှိရသည်။
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KNU ဘက်မှ တောင်းဆိုချက်(၁၁)ချက်

KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွင် …

၁-ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး
၂-ပဒိုဒေးဗစ်ထော
၃-ပဒိုအားတိုး
၎-ဗိုလ်မှူးချုပ်ဂျော်နီ
၅-ဒု-ဗိုလ်မှူးကြီးရောဂျာခင်
၆-ဗိုလ်မှူးအိသာ
၇-ဗိုလ်မှူးရှီးရှို
၈-ပဒိုကွယ်ထူးဝင်း
၉-ပဒိုအောင်မော်အေး
၁၀-ပဒိုရွှေမောင်း
၁၁-ပဒိုလေးလော်ဆော
၁၂-ပဒိုအယ်ဝါး
၁၃-ပဒိုသောသီဘွဲ
၁၄-ပဒိုလှထွန်း
၁၅-ပဒိုအောင်ဝင်းရွှေ
၁၆-ဆရာစောတာမူးလာ။
၁၇-ဆရာဂျီးဂျီ
၁၈-ဗိုလ်ကြီးဆာ့ဆေး
၁၉-ဗိုလ်ကြီးစဂျွန် တို့ပါဝင်သည်။

  ဆွေးနွေးပွဲမှာKNU ဘက်မှ အချက် ၁၁ ချက် တောင်းဆိုသွားမည်ဟု သိရသည်။

၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။

၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။

၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။

၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။

၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။

၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။

၇။ အကျဉ်းသားများအား လွှတ်ပေးရန်၊ ပြည်သူပြည်သားများဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာများကိစ္စကို ဖြေရှင်းပေးရန်။

၈။ နှစ်ဘက်စလုံးမှ ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်ရေးနည်းလမ်းများအား အကျိုး ဆောင်ပံ့ပိုးကြရန်။

၉။ စေ့စပ်ညှိနှိုင်းမှုစားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှုပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။

၁၀။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။

၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံသည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်၊ ဘက်တာက်အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျှောသည့်၊ လိုသလို အနက်အဓိပ္ပာယ်ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ်ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စ၍ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်ခဲ့သည်မှာ ၆၃ နှစ်ရှိပြီဖြစ်သည်။ ။
Unknown at 9:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.