Tuesday, January 10, 2012

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား စောင့်ကြည့်ရမည့် အကြောင်းအရာ ခြောက်ခုတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်



ကမ္ဘာတစ်လွှားတွင် ၂၀၁၂ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ထင်ရှားသော အကြောင်းအရာ ခြောက်ခုကို The Sunday Tribune Spectrum က မြန်မာနိုင်ငံမှ NLD ပါတီ ဒုတိယ ခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်လည်း ပါဝင်လာကြောင်း ၄-၁-၂၀၁၂ ရက်က သိရသည်။ အဆိုပါ သတင်းဌာန၏ www.tribuneindia.com တွင် ဖော်ပြချက်အရ ဒေါ်အောင်ဆန်းဆုကြည်သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့်အတူ နာမည်ကျော်ပုဂ္ဂိုလ်အဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၂ တွင် မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြန်ဝင်လာခဲ့ခြင်းကို စောင့်ကြည့်ရမည့် အကြောင်းအရာ တစ်ခုအဖြစ် ဖော်ပြခြင်း ခံခဲ့ရကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ကိစ္စကို နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခြင်း ဟူသော ပုံစံဖြင့် ရွေးချယ်ဖော်ပြခဲ့ကြခြင်း ဖြစ်ကာ သူကဲ့သို့ပင် ပါကစ္စတန်မှ Imran Khan က နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာခြင်းကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

World Watch ၂၀၁၂ သတင်းဌာန၏ ၂၀၁၂ အတွင်း အလေးထား စောင့်ကြည့်ရမည့် ကိစ္စများတွင် ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲ ဝေဖန်ခံနေရမှုကိစ္စ၊ ဥရောပ၏ စီးပွားရေးနှင့် ငွေကြေးအကျပ်အတည်း ကိစ္စကို ၂၀၁၂ တွင် မည်သို့ ကိုင်တွယ် ဖြေရှင်းနိုင်မည်နည်း ဆိုသည့်ကိစ္စ၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ၂၀၁၂ ရွေးကောက်ပွဲနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြည့်နေမှု ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်မည့်ကိစ္စ၊ အိန္ဒိယနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လေကြောင်းပြင်ဆင်မှုကိစ္စနှင့် ပါကစ္စတန်မှ Imran Khan ၏ နိုင်ငံရေးပြောင်းလဲရမည့် အနေအထားတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်း အကြောင်းအရာများ အားလုံးသည် ၂၀၁၂ ခုနှစ်အတွင်း အထူးစောင့်ကြည့်ရမည့် ပြောင်းလဲသွားနိုင်ဖွယ်ရာ ရှိသော ကိစ္စများ ဖြစ်နေသည်ဟု ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၂ နိုင်ငံရေး အလားအလာမှာ ပို၍ စိတ်ဝင်စားဖွယ်ရာ ကောင်းနေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲသည် ဧပြီလ ၁ ရက်တွင် ကျင်းပမည်ဟု မြန်မာနိုင်ငံက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
By Pyi Myanmar
Unknown at 4:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လောင်ပြန်ပြီတဲ့ ဟေ့..မီး...မီး.....မီး..............


ရန်ကုန်-အင်းစိန် အဝေးပြေးလမ်းမကြီး ပေါ်တွင် ရှိသော သံလမ်း မှတ်တိုင်အနီး.....
သံလမ်း(2)လမ်းမှာ ယခု ညနေ 3 နာရီ 45 မိနစ်ချိန်တွင် မီးလောင် ကျွမ်းမှု ဖြစ်ပွားနေသည်ဟု သတင်းရရှိပါသည်။
မီးသတ်ကားများနှင့် သက်ဆိုင်ရာ အဖွဲ့စည်းများ လာရောက်ပြီး မီးငြိမ်းသတ်နေသည်ဟု သတင်းရရှိပါသည်.

ဘကြီးသက်..........
Unknown at 3:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်

ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက်။ ။ အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။

တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
Unknown at 12:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

G-Mail အကောင့် ဖွင့်နည်း အသစ်

.. ပုံစံလေးတော့ နည်းနည်း ပြောင်းသွားပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


အရင်ဆုံး အကောင့်တစ်ခု အချက်အလက်တွေ ဖြည့်ဖို့အတွက် ကျွန်တော် အောက်မှာ ပေးထားတဲ့ လင့်လေးကနေ သွားလိုက်ပါ ..
https://accounts.google.com/SignUp
အပေါ်က လင့်အတွင်း သွားပြီးပြီး ဆိုရင်တော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားသလို အဆင့်ဆင့် သွားပြီး အလွယ်တကူ လုပ်ယုံပါပဲ ..
ကျွန်တော် အောက်မှာ နမူနာ ပုံစံ ဖြည့်ပြထားပါတယ် .. ဖြည့်ပြီး သွားပြီဆိုရင်တော့ Next Step ပေးလိုက်ပါ  ..
အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Get started ကိုဆက်ပြီး နှိပ်လိုက်ပါ ..
အောက်ကပုံအတိုင်း G00gle Home Page ကိုရောက်သွားပြီ ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း G-Mail ကို Click ပေးလိုက်ပါ ..
အောက် ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်  Continue tore new look ကို ဆက်ပြီး Click ပေးလိုက်ပါ ..
ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့် တစ်ခုကို လွယ်လွယ် ကူကူနဲ့ ဖောက်လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Unknown at 12:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

DDOS attack လုပ်ခြင်ရင်သတိထား



DDOS attack လုပ်တာက အခုခေတ်စားသလို လုပ်ရတာလဲ လွယ်ကူပြီး ချက်ချင်းကို လက်တွေ့မြင်ရ
တဲ့အတွက်ကြောင့် လိုက်လုပ်ခြင်တဲ့လူတွေများလာကြမှာပေါ့.. ဒါနဲ့ ကျွန်တော်လဲ တခါစမ်းပါသေးတယ်.
လုပ်တွေ့ကိုဘဲ မြင်ရတယ်။ ဘာမှခက်ခက်ခဲခဲလုပ်စရာ မလိုဘူး Software တခုကို Download လုပ်ပြီး
attack နှိပ်လိုက်ပြီးတာနဲ့ ထိုင်ပြီး စောင့်နေလိုက် ခဏနေတာနဲ့ ကိုယ် attack လုပ်တဲ့ website ကို
ပြန်ဖွင့်ကြည့်လိုက်ပါ ချက်ချင်းကို ဒီ website down သွားတာကို တွေ့ရမှာပါ။ လုပ်ရင်တော့ လုပ်ခြင်စရာ
ကြီးပါ ဒါပေမဲ့ ကျွန်တော် တခုပြောခြင်ပါသေးတယ် ဒီ DDOS attack က ဥပဒေနဲ့ မကင်းဘူးဆိုတာကို
လဲ သတိထားမိစေခြင်ပါတယ် အထူးသဖြင့် US မှာနေတဲ့ မိတ်ဆွေတွေ Connection ကောင်းတယ်ဆိုပြီး
DDOS နဲ့ လိုက်ပြီး website တွေကို တိုက်လို့ Trace လုပ်မိပြီး အဖမ်းခံရလို့ကတော့  US ရဲ့ ဥပဒေအရ
ထောင် ၁၀ နှစ်အများဆုံး ချလို့ရပါတယ် ပြီးတော့ US နိုင်ငံတခုထဲ မဟုတ်ဘဲ အခြားနိုင်ငံတွေမှာလဲ ထိုနည်းတူ ဥပဒေတွေ ရှိပါတယ်

ကိုယ်ကတော့ ပညာရခြင်လို့ လိုက်ကလိတယ် ဘာမှတော့ ရည်ရွယ်ချက်မရှိဘူး ဒါပေမဲ့လဲ ဒီ လုပ်လိုက်ခြင်း
က ကိုယ့်ကိုပြန် အန္တရာယ် ပေးနိုင်တာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားမှာက ကိုယ်ပိုင် internet
connection ယူတဲ့အခါမှာ ပိုပြီးအန္တရာယ်ရှိပါတယ် ကိုယ့်ရဲ့ လုပ်ဆောင်ချက် အားလုံးကို ISP ကနေ
ထိန်းချုပ်ထားလို့ပါဘဲ။
ဒါကြောင့် လေ့လာတဲ့ နေရာမှလဲ သတိထားပြီး ကောင်းတာလေးတွေကို လေ့လာရင် ပိုကောင်းပါတယ်
လို့ အကြံဥာဏ်ပေးခြင်ပါတယ်။

http://en.wikipedia.org/wiki/Denial-of-service_attack
Unknown at 11:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အီလက်ထရွန်းနစ် ဥပဒေ (ebook)


Anonymous said...
မြန်မာပြည်ရဲ့ အီလက်ထရွန်းနစ် ဥပဒေကိုသိချင်ပါတယ်ဗျာ..

ဆိုလိုတင်ပေးလိုက်ပါတယ် သိထားတော့ ကြိုတင်ပြင်ဆင်လို့ရတာပေါ့. အခုတော့ သိပ်မဆိုးတော့
လောက်ပါဘူး။..တောင်းလာတဲ့ လူရှိတော့ တင်ပေးလိုက်ပါတယ်


DOWNLOAD
MEDIAFIRE
OR
Fileape
OR
ifile
Unknown at 11:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အချောအလှ မော်ဒယ်လေးများ....

ဒါလေးက Video ရှယ်လေးတွေ
ပျော်ရွှင်ကြည်နူးနိုင်ပါစေ
                      ဘကြီးသက်

Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၁ တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ဆာမဲ့အခွေများဖမ်းဆီးရရှိမှု နှစ်ဆမြင့်လာ



၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က မြန်မာ့ရုပ်ရှင် လုပ်ငန်းဝင်းထဲတွင် ဖျက်ဆီးခဲ့တဲ့ဆင်ဆာမဲ့အခွေများ။
ဓာတ်ပုံ - သက်ထူး
မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၁
ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းရရှိခဲ့သည့် ဆင်ဆာမဲ့အခွေများ အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော် မြင့်တက်လာသည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဗီဒီယို ဆင်ဆာအဖွဲ့မှ အတွင်းရေးမှူး ဦးရဲဝင်း က ပြောသည်။
၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများမှ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် သိမ်းဆည်းခဲ့သည့် မြန်မာကာရာအိုကေ၊ နိုင်ငံခြား ဗီစီဒီ၊ ညစ်ညမ်း ဗီစီဒီနှင့် ဒီဗီဒီအခွေပေါင်း ၇၉,၀၄၇ ခွေရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်း ဆင်ဆာမဲ့အခွေ ပေါင်း ၁၆၇,၄၅၉ ခွေရှိခဲ့သည့်အတွက် ဖမ်းဆီးရရှိသည့်အရေအတွက် နှစ်ဆ ကျော် မြင့်တက်ခဲ့သည်။
"ပြီးခဲ့တဲ့လအတွင်းက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေနဲ့ ရုပ်ရှင်ဂီတ နယ်ပယ်က လူတွေ၊ ရဲဌာနတွေကလူတွေ တွေ့ဆုံခဲ့တဲ့အစည်းအဝေးမှာ ၀န်ကြီး ချုပ်က ရန်ကုန်တိုင်းအတွင်းမှာ ဆင်ဆာ မဲ့တွေ၊ ခိုးကူးခွေတွေ လုံးဝမမြင်ချင်ဘူး၊ ဖမ်းရမယ်လို့ ညွှန်ကြားပြီးနောက်ပိုင်း မှာ တော်တော်လေး ဖမ်းတယ်။ အရင် တုန်းက တစ်လကို ထောင်ဂဏန်း လောက်ပဲ ဖမ်းဆီးရရှိတဲ့ အခြေအနေက နေ တစ်လကို သုံးသောင်းကျော်လောက် ဖမ်းဆီးရရှိတဲ့ အနေအထား ဖြစ်လာတယ်" ဟု ဦးရဲဝင်းက ပြောသည်။
၂၀၁၁ ခုနှစ်ဒီဇင်ဘာလတွင် ပျမ်းမျှထက် ပိုမိုကာ ချပ်ရေသုံးသောင်းကျော် ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါအခွေများကို ဒီဇင်ဘာလ ၃၁ ရက်နေ့က မြန်မာ့ရုပ်ရှင် လုပ်ငန်းဝင်းအတွင်း ထုရိုက်ဖျက်ဆီးခဲ့သည်။
"ဦးတို့ ဗီဒီယိုဆင်ဆာအဖွဲ့ကတော့ အချပ်ရေ တစ်သောင်းပြည့်တိုင်း တစ်ခါ ဖျက်ဆီးပါတယ်။ ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အပြီးမှာ ဖမ်းဆီးရရှိတာ ဒီတစ်ကြိမ် အများဆုံးပါပဲ" ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖမ်းဆီး ရရှိလာသည့် ဆင်ဆာမဲ့အခွေများမှာ ဆင်ဆာမဲ့ညစ်ညမ်းဗီစီဒီ၊ ဒီဗီဒီများ၊ မြန်မာကာရာအိုကေ၊ မြန်မာဇာတ်လမ်း၊ လက်ဝှေ့၊ တရားပွဲ၊ စာပေဟောပြောပွဲ နှင့် နိုင်ငံခြားဇာတ်ကား ဗီစီဒီ၊ ဒီဗီဒီချပ် များဖြစ်ပြီး စုစုပေါင်းချပ်ရေ ၃၁,၁၀၃ ချပ် ဖြစ်သည်။
အဆိုပါ ဆင်ဆာမဲ့အခွေများကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ စခန်း ၂၂ ခုမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှ ချပ်ရေ ၃,၁၀၀ ဖြင့် အများအဆုံး ဖမ်းဆီးရရှိခဲ့ပြီး အနည်းဆုံးအနေဖြင့် မြောက်ဥက္ကလာပ မြို့နယ်တွင် ၁၅ ချပ်ဖမ်းဆီးရရှိခဲ့သည်။
ဆင်ဆာမဲ့ခွေဖမ်းဆီးမှုများကို ရန်ကုန် တိုင်းဒေသကြီးတွင်သာမက အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် ဆောင်ရွက်နေသည်ဟု လည်း ဦးရဲဝင်းက ပြောသည်။
"ဆက်ပြီးလည်း ဖမ်းနေပါတယ်။ ရန်ကုန်တိုင်းတစ်ခုတည်းမှ မဟုတ်ပါဘူး။ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ခိုးကူးခွေတွေ ဖမ်းဆီးမယ် ဆိုရင်တော့ အခြေအနေ ပိုကောင်းမွန်သွားမှာပါ။ လုံးဝ ပပျောက်တယ်လို့တော့ မရှိနိုင်ဘူးပေါ့" ဟု ၎င်းက ပြောသည်။
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Financial Time သတင်းစာကြီးက Burma အစား Myanmar ဟုပြောင်းလဲသုံးစွဲတော့မည်

ကမ္ဘာကျော် Financial Time သတင်းစာကြီးက ဇန်န၀ါရီလ ၆ ရက်နေ့ကစပြီး သူ့သတင်းစာမှာ မြန်မာနိုင်ငံအကြောင်းဖေါ်ပြရင် Burma အစား Myanmar လို့ စတင်သုံးစွဲတော့မှာဖြစ်ကြောင်းသိရပါတယ် ။ အမေရိကန်အပါအ၀င် အနောက်ဥရောပနိုင်ငံ များနှင့်မြန်မာနိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုတွေ လျော့ပါးလာပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲများကိုလဲ ဆက်တိုက်ဆိုသလို တွေ့မြင်လာနေရတာလည်း ဖြစ်ပါတယ် ။


http://doctorsatephwar.blogspot.com/2012/01/financial-time-burma-myanmar.html မှ ကူးယူဖော်ပြပါကြောင်း
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါလားဟေ့ living together



အစ်ကိုမောင်မောင်ရေ အစ်မသန်းထွေးကြူကတွေ့ ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့ သန်းထွေးကြူ ရဲ့ မောင်ဖြစ်သူ ကျော်ကျော် ကကျောင်းသွားရင်းကျွန်တော့်ကိုဝင်ပြောသွားသည်။
သန်းထွေးကြူ နိုင်ငံခြားမှာအလုပ်သွားလုပ်တာ ၃ နှစ်နီးပါးကြာပြီးနောက် နေမကေင်းသဖြင့်ပြန်လာသည်ကိုတော့ကြားသည်။
တခေါက်မှမရောက်ဖြစ်သေး ။ ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို့  ညနေဖက်အိမ်မှထွက်ခဲ့သည်။ အိမ်ရှေ့ တွင်သန်းထွေးကြူရဲ့ ညီမငယ်လေး စုစု ကစားနေသည်။
ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။သန်းထွေးကြူကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့် ။
အကိုမောင်မောင် ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလို့  သတင်းတောင်လာမေးဖေါ်မရဘူး။ ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။
မဟုတ်ပါဘူးသန်းထွေးကြူရယ် အကိုလည်း ဒီရက်မှာ အလုပ်နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။ သန်းထွေးကြူ ပန်ရောက်တာအကိုကြားပါတယ်။
သန်းထွေးကြူကိုကြည့်ရတာ အသားအရေ ဖြုဖတ်ဖြုရော် နှင့်တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးကသန်းထွေးကြူ နှင့်လုံးဝမတူတော့။
သန်းထွေးကြူ နှင့်ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို့ မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။
တခုတော့ရှိသည် သန်းထွေးကြူ ကဘယ်တော့မှကျွန်တော့်ကို အကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။
သူ့ ကိုယ်သူတော့ သန်းထွေးကြူ ကညီိမလေးက ဟုပြောတတ်သည်။
တနေ့ တွင် သန်းထွေးကြူ က ကျွန်တော့်အား။
အကိုမောင်မောင် ပြောစရာရှိလို့ 
ပြောလေညီမလေး ဘာပြောမလို့ လဲ
အစ်မ၀မ်းကွဲ မမသက်ကိုသိတယ်မဟုတ်လား
အင်းသိတယ်လေ သူကနိုင်ငံခြားမှာမဟုတ်လား
ဟုတ်တယ် သူခေါ်လို သန်းထွေးကြူ အဲဒီကို လိုက်သွားပြီး အလုပ်သွားလုပ်မလို့ 
ဖြစ်ပါ့မလားသန်းထွေးကြူ ရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှမလုပ်ဘူးတဲ့သူက နိုင်ငံခြားမှာတောင်အလုပ်သွား
လုပ်မယ်ဆိုတော့ ။
ဖြစ်ပါတယ် အကိုမောင်မောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော်များများသွားလုပ်နေကြတာ အထူးအဆန်းမှမဟုတ်တာ။
သန်းထွေးကြူ ပြောတာဟုတ်ပါတယ်ဒါပေမဲ့ ။
ဘာမှဒါပေမဲ့မနေနဲ့ အကိုမောင်မောင် အဖေကစက်ရုံလုပ်သား အမေကဈေးထဲမှာဈေးရာင်းပြီး သန်းထွေးကြူ တို့ မောင်နှမ ၃ ယောက်ကိုလုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ဒီတစ်ခါ သန်းထွေးကြူ အလှည့် အောက်မှကလဲ မောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်
သန်းထွေးကြူ ဟိုမှာ ၃ နှစ် လောက်ကျိုးစားပြီးအလုပ်လုပ်မယ် ပိုက်ဆံစုမယ်။ပြီးရင် ဒီကိုပြန်လာပြီးစီးပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။
သန်းထွေးကြူ ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့။
အင်းလေ ညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့ ။ ဒါနဲ့ ကုန်ကျစရိတ်ကရော။
အဲဒါဘာမှပူစရာမလိုဘူး မမ သက်ကသူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အ လုပ်လုပ်ပြီးပြန်ဆပ်ရမှာ။
သန်းထွေးကြူ သွားသည့်နေ့  မင်္ဂလာဒုံလေဆိပ်တွင်။
သန်းထွေးကြူ ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။
တစ်ခုမပြောနဲ့ ဆယ်ခုပြော ။သန်းထွေးကြူ ကမျက်စောင်းထိုးယင်းပြောသည်။
တကယ်ပြောမလို့ မနောက်နဲ့ ။
ကဲပါ အကိုမောင်မောင်ပြောတာ သန်းထွေးကြူ နားထောင်မယ်။ပြီးတော့ လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ညီမလေးဟိုရောက်ရင် အလုပ်ကိုကျိုးကျိုးစားစားလုပ်။ပိုက်ဆံကိုသေသေချာချာစု။
သူငယ်ချင်းပေါင်းရင်လဲသတိထားပြီးပေါင်း။အားရင်စာဖတ် ။ပြီိးတော့ဘုရားလဲရှိခိုး။
မိဘတွေကိုလည်း ညတိုင်းကန်တော့ပြီးမှအိပ်နော်။
ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ သန်းထွေးကြူ ကငေါ့ပြီးမေးသည်
ကျမ္မာရေးလဲဂရုစိုက်နော် ဒါပဲ
သန်းထွေးကြူ အမေကလဲဝင်ပြောသည်။
သမီးအကိုပြောတာတွေကိုသေသေချာချာမှတ်ထားနော်။ကဲသမီးသွားတော့ ဟိုမှာသူများတွေတောင်ဝင်နေပြီ။
သန်းထွေးကြူ က သူ့ အဖေ နှင့်အမေအားထိုင်ကန်တော့ပြီး ကျွန်တော့်အား။
အကိုမောင်မောင် အဖေနဲ့ အမေကိုဂရုစိုက်ပေးနော်။မောင်လေးနဲ့ ညီမလေးကိုရောပဲ။
အေးပါညီမလေးရယ်ဒါတွေဘာမှပူမနေနဲ့ ။အကို့ တာဝန်ထား ။အကိုအားလုံးကူညီမယ်။ကဲညီမလေးသွားတော့။
ီဒီလိုနဲ့ သန်းထွေးကြူ နိုင်ငံခြားသို့ ထွက်သွားတော့သည်။။။

အကိုမောင်မောင် ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက်ရှိနေပြီ။
သန်းထွေးကြူ စကားသံကြားမှ ကျွန်တော်လည်းသတိပြန်လည်လည်လာပြီး။
သြော် ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။
ကျွန်တော်က ပိန်သွယ်နေသော သန်းထွေးကြူ လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။
ညီမလေးကဘာရောဂါဖြစ်တာလဲ လိုအပ်ရင်ဆေရုံတက်လိုက်ပါလား။
သန်းထွေးကြူ ကခေါင်းကိုခါရမ်းယင်း ။
အကိုမောင်မောင် သန်းထွေးကြူ အဖေနဲ့ အမေကိုပြန်မပြောပါဘူးလို့ ဂတိပေးပါလား။
ဘာတွေပြောမှာမို့ လို့ လဲညီမလေးရယ်။
မရဘူးအကိုမောင်မောင် ဂတိအရင်ပေးပြီးမှညီမလေးပြောမှာ။
ကဲပါညီမလေးရယ်ဂတိပေးပါတယ် ဘယ်သူ့ ကိုမှမပြောပါဘူး ကဲ ပြောတော့
ဒီလိုအကိုမောင်မောင်ရဲ့  သန်းထွေးကြူ အဲဒီကိုရောက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ရတယ်။
အားလုံးမိန်းကလေး ၆ ယောက်ရှိတယ်။အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာတရုပ်မလဲရှိတယ်။
သန်းထွေးကြူ ကရောက်ခါစဆိုတော့သူတို့ ဆီမှာပြောတဲ့စကားမတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။
ဒီလိုနဲ့  ၆ လလောက်ကြာလာတော့ စကားလဲတတ်လာပြီ ။လုပ်ငန်းလဲကျွမ်းကျင်လာပြီ။
ပြီးတော့ ဆိုင်ကိုအမြဲလာစားနေကျဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။ သန်းထွေးကြူ ကအလုပ်ကိုမခိုမကပ်လုပ်တော့
သူဌေးကလည်းသဘောကျတယ်။လာစားတဲ့ဖေါက်သယ်တွေကလဲခင်ကြတယ်။သူဌေးက သန်းထွေးကြူ ကိုတဖြည်းဖြည်းန့ဲ လစာတိုးပေးတယ်
ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ မိုက်ကယ် လို့ ခေါ်တဲ့ အဖြူ တယောက်နဲ့ ခင်မိတယ်။ဆိုင်ကိုလာရင်လဲ တခြားစားပွဲထိုးတွေကိုမခေါ်ပဲ
သန်းထွေးကြူ ကိုပဲခေါ်တယ် ။အဲ ဒီမိုက်ကယ် နဲ့ သူငယ်ချင်းတွေလာစားရင် စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီး ခိုင်းတတ်တယ်။
စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို့ ပိုတဲ့ပိုက်ဆံဆိုရင် သန်းထွေးကြူ ကိုအမြဲပေးတယ်။ဒီလိုနဲ့ တနေ့  တော့သန်းထွေးကြူ နဲ့ အတုတူလုပ်တဲ့အစ်မ မငယ် က
သန်းထွေးကြူ နင့်ကို မိုက်ကယ် ကကြိုက်နေတယ် ငါ့ကိုပြောပေးပါလို့ ပြောတယ် နင်ဘယ်လိုသဘောရသလဲ။
ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ သန်းထွေးကြူ တို့ က ပိုက်ဆံလာရှာတာ အချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။
အေးလေစဉ်းစားပါဦးဟာ အချိန်တွေရှိသေးတာပဲ။
မငယ် ကလဲ အားတိုင်း သန်းထွေးကြူ ကို အဲဒီအကြောင်းပဲပြောတယ်။ တနေ့ သန်းထွေးကြူ တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံး
မိုက်ကယ် ကားနဲ့ ရောက်လာပြီး။
မငယ် တို့ ပါလား ဘယ်သွားမလို့ လဲ။
ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။
သန်းထွေးကြူ လဲပါတာကိုး လာကျွန်တော်လဲမြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ သန်းထွေးကြူ ငြင်းလိုက်တယ် ။
မိုက်ကယ် က မငယ် ကိုကြည့်လိုက်ပြီး ။
လာပါဘာမှအားနာနေစရာမလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ။
အေးလေ သန်းထွေးကြူ ကလဲ မိုက်ကယ် ကိုအားနာစရာကြီး လာပါဟာ။
မငယ် လဲ သူ့ ဘက်ပါသွားပြီမို့  သန်းထွေးကြူ လဲအားနာနာ နဲ့ ပဲ မိုက်ကယ် ကားနဲ့ မြို့ ထဲကိုလိုက်ခဲ့ပါတော့တယ်။
မြို့ ထဲရောက်တော့မိုက်ကယ် ကတစ်ခုခု ကျွေးပါရစေဆိုတာနဲ့  ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။
ပြီးတော့မှ မိုက်ကယ် လည်း နှုတ်ဆက်ပြီးထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း သန်းထွေးကြူ တို့ အပြင်ထွက်တိုင်း မိုက်ကယ် ရောက်ရောက်လာတာတွေ့ ရတယ်။
ကြည့်ရတာမငယ် နဲ့ မိုက်ကယ် အဆက်အသွယ်ရှိပုံရပါတယ်။
ဒီလိုနဲ့ နှစ်သစ်ကူးမှာ သန်းထွေးကြူ တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ မိုက်ကယ် ကသန်းထွေးကြူ နဲ့ မငယ် ကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။
သန်းထွေးကြူ ကအတန်တန် ငြင်းပေမဲ့ မငယ် ကနှစ်သစ်ကူးလက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ ယူလိုက်ရပါတယ်
ဟန်းဖုန်းလဲရရော ညဖက်ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  မိုက်ကယ် ကသန်းထွေးကြူ ဆီအကြောင်းမရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။
မငယ် ကလည်း ပြောတယ်။
သန်းထွေးကြူ ကလဲ အဖြူ သူဌေး သားကကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မငယ် ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ
့ကျွန်မပဲစိတ်ဆင်းရဲရမှာ။
သန်းထွေးကြူ ကလဲအဲဒီအတွက်မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။
အဲဒီအချိန်ကစပြီး သန်းထွေးကြူ လူပေါင်းမှားပြီဆိုတာ သတိမထားမိခဲ့ပါဘူး။
ဒီလိုနဲ့ သန်းထွေးကြူ နဲ့ မိုက်ကယ် ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။
မိုက်ကယ် ကားလေးနဲ့ သန်းထွေးကြူ တို့ သွားလေရာ မငယ် လဲပါတယ် ။သန်းထွေးကြူ ကိုဘာပဲဝယ်ပေးပေး မိုက်ကယ် က မငယ် ကိုလည်းဝယ်ပေးတယ်။
မငယ် လဲပျော်နေတာပေါ့။ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအကိုမောင်မောင် ။နောက်ပိုင်းချစ်သူတို သဘာဝ လွတ် ၂ လပ် ၂တွေ့ ကြတော့
သန်းထွေးကြူ အရမ်းကြောက်တယ် ။အဲဒီမှာပဲ ဆရာမကြီး မငယ် ကဆေးခန်းတစ်ခုကိုခေါ်သွားပြီးလိုအပ်တဲ့အကာအကွယ်တွေအားလုံး
လုပ်ပေးတယ် ။ လတိုင်း လဲ မိုက်ကယ် က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေဝယ်ပေးတော့ သန်းထွေးကြူ လဲ မိုက်ကယ် နဲ့ 
နေရတာပျော်လာတယ် အကိုမောင်မောင်။
အိမ်ကိုလဲ လတိုင်းပိုက်ဆံများများပို့ နိုင်တော့အမေတို့ လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ သန်းထွေးကြူ မိုက်ကယ် နဲ့ တွဲနေတာ တစ်နှစ်လောက်ကြာတော့ ကျမ္မရေး နဲနဲ ချူချာလာတယ်။အစကတော့ အလုပ်ပင်ပမ်းလို့ 
ဖြစ်တယ်လို့ ပဲထင်ထားတာ ။တစ်ခါတစ်ခါဆိုရင် ချည့်နဲ့ ပြီးအားကုန်သွားသလိုပဲ မလှုပ်ချင်တော့ဘူး။
သန်းထွေးကြူ အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ်လုပ်တာ ၃ နှစ်ထဲကိုဝင်လာတဲ့အချိန်ပဲ ။ အဲဒီလို သန်းထွေးကြူ နေမကောင်းဖြစ်စမှာပဲ
မငယ် လဲ မြန်မာပြည်ကိုပြန်သွားတယ်။ မိုက်ကယ် လဲ သန်းထွေးကြူ နေမကောင်းဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ် ဂရုလဲစိုက်တယ်။
ဒီလိုနဲ့ သန်းထွေးကြူ နေမကောင်းတာကြာလာတော့ မိုက်ကယ် မလာတော့ဘူး။
ဖုန်းခေါ်ရင်လဲ မကိုင်ဘူး နောက်ဆို ဖုန်းကိုပိတ်ထားတော့တယ် ။ နောက်ပိုင်းသန်းထွေးကြူ ချောင်းအရမ်းဆိုးလာတာနဲ့ 
တီဘီရောဂါ ဖြစ်မှာစိုးလို့ ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာဆရာဝန်က သန်းထွေးကြူ ကိုဆေးစစ် တယ်။
အဲဒီလို စစ်လိုက်တဲ့အချိန်မှာပဲ သန်းထွေးကြူ ဘ၀ဆုံးသွားပြီဆိုတာ သိလိုက်ရတယ်အကိုမောင်မောင်။
ဆရာဝန် ကအမျိုးသမီးဆရာဝန်ဆိုတော့ကောင်းပါတယ်။ သန်းထွေးကြူ ကိုမေးတယ်။
ညီမလေးဘာအလုပ်လုပ်တာလဲ ။
စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။
ယောင်္ကျားရှိသလား ။
လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ် ။
အတူတူ နေကြတာလား ။
ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့တွေ့ ဖြစ်ကြပါတယ် ။
အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။
တစ်နှစ်ခွဲ လောက်ရှိပါပြီ ။
သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား ။
အဲ့ဒီလိုမေးတော့သန်းထွေးကြူ မျက်ရည်စို့ လာပြီး
ခေါ်လို့ မရတော့ဘူး ဒေါက်တာ ကျွန်မဆီလဲမလာတော့ဘူး ။ဖုန်းခေါ်ရင်လဲ ပိတ်ထားတယ်။
အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ဒီရောဂါ အဲ ဒီလူဆီကကူးတာပဲ ဖြစ်မယ်။
ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ ။ကျွန်မ လိုအပ်တာအားလုံးလုပ်ပါ့မယ်။
စိတ်ခိုင်ခိုင်ထားနော် ညီမလေး အရမ်းလဲအားမငယ်နဲ့  ညီမလေးရောဂါက AIDS
ရှင် သန်းထွေးကြူ မေ့လဲမတတ်ဖြစ်သွားတယ် ။
ဒါဆိုကျွန်မသေတော့မှာပေါ့နော် ။ အငမ်းမရမေးလိုက်တယ် ။
ချက်ချင်းတော့မသေနိုင်သေးပါဘူး ညီမရယ်။
အဲဒီလိုသိလိုက်ရတော့သန်းထွေးကြူ လေ ဒေါက်တာရှေ့ မှာငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်ကသန်းထွေးကြူ ကို
နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါညီမရယ်
အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွားသတိယမိလိုက်တော့တယ်။
ငါးမျှားချိတ်မှာချိတ်မိတဲ့ငါးဟာပြန်လွတ်ရိုးထုံးစံမရှိသလို သန်းထွေးကြူ ဘ၀လဲ အသက်ပေးရတော့မယ်ဆိုတာ သိလိုက်ပါပြီ။
သန်းထွေးကြူ ကပြေလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။
သန်းထွေးကြူ ပြောခဲ့ချင်တာက သန်းထွေးကြူ ကိုငွေမက်ပြီးချူစားချင်လာအောင်မက်လုံးပေးပြီး ကူညီသလိုနဲ့ စည်း၇ုံးသိမ်းသွင်းဖျက်ဆီးတတ်ကြတဲ့
မငယ် သတိထားစေချင်လို့ ပါ။
ဘာပဲဖြစ်ဖြစ်အကိုမောင်မောင် စကားကိုနားမထောင်ပဲ နားယောင်ခဲ့မိတဲ့သန်းထွေးကြူ ကိုယ်တိုင်ရဲ့ အမှားလဲပါ ပါတယ်။
တော်ပါတော့ညီမလေးရယ်ရော့ရေသောက်လိုက်ဦး။
ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်။
သန်းထွေးကြူ လဲရေသောက်ပြီးမောသွားတာကြောင့် ဘာမှမပြောတော့ပဲ ကျွန်တော့်ကိုသာစိုက်ကြည့်နေပါတော့တယ်။
နောက် ၄ လလောက် ကြာတော့
သန်းထွေးကြူ လဲအဲဒီရောဂါနဲ့ ပဲ လူ့ လောက ကနေအြ့ပီးအပိုင်ထွက်ခွါသွားပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင်လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး သန်းထွေးကြူ လို ဘ၀ ဆုံးသွားသောမိန်းကလေးများ
ဘယ်လောက်ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။
ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်


Unknown at 9:25 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.