Tuesday, January 3, 2012

ဟုတ်ပါ့မလား မောင်ကာလု ဖုန်းတစ်လုံး ကျပ်ငါးထောင်ကျပ်တဲ့....

ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ ”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။ ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်   ပြောသည်။ ၄င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း ၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင်   အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ အဆိုပါ ဖုန်းများအား နိုင်ငံ တော် အစိုးရမှ ၄ဝ ရာခိုင်နှုန်း၊ ရွှေပြည်တံခွန် ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်း နှင့် သုံးစွဲသူများမှ ဝင်ရောက် ရှယ် ယာဝင်မည်ဆိုပါက ၃ဝ ရာခိုင်နှုန်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း၊ ဖုန်း လိုင်း သန်း ၃ဝ အတွက် ဒေါ်လာ သန်း ၇၇ဝ ကုန်ကျမည်ဖြစ်ပြီး ရှယ် ယာဝင်မည်ဆိုပါက ပထမနှစ် ဖုန်းလိုင်း ၁သန်းအတွက် ငွေကျပ် အနည်းဆုံး ၂ သိန်းခန့် သတ်မှတ်သွားမည် ဖြစ်ပြီး ရှယ်ယာဝင်ခွင့်များအား စီမံကိန်းစတင်ပြီး ၃ လနှင့် ၆ လအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများအတွက် ကြို တင်ငွေဖြည့်ကတ်များမှာ ကျပ် ငါးထောင်တန်ကတ်၊ ကျပ်တစ်သောင်းကတ်နှင့် ကျပ်ငါးသောင်း ကတ်များ ဟူ၍ သုံးမျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
 အောင်ဇော် (ပေါ်ပျူလာ ဂျာနယ်)
Unknown at 8:45 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ ၄နာရီ ခွဲအချိန်ထိ လွတ်မြောက်လာသူများ စာရင်း

ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ထိ မြစ်မခမီဒီယာမှ ပြုစုထားသော လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်း

အင်းစိန်ထောင်
၁။ ဦးကြည်သန်း(၈၈-မျိုးဆက်)
၂။ ကိုသန်းနိုင်ဦး(မန္တလေး- NLD လူငယ်တာဝန်ခံ)
၃။ ဦးစောဆေးဂလယ်(KNU)

မန္တလေး(အိုးဘိုထောင်)
၁။ ကိုကျော်လွင်                    (ကယန်းပြည်သူ့ပါတီ)
၂။ကိုစောဝင်း(ခ) ကိုဌေးအောင်            ။
၃။ ကိုအောင်မင်း                                      ။
၎။ ကိုမြင့်လွင်                                ။               
၅။ ကိုအီဆာကို                              ။
၆။ကိုစောအယ်ကလယ်ထူး                 ။
၇။ ဦးဘိုဖျင်း                                  ။      
၈။ ခွန်ပေါလု(ခ) မောင်ထွေး                ။      
၉။ ဇွဲပိုင်စိုး                                    ။      
၁၀။ခွန်ပေါလု                                 ။
၁၁။ ဦးရဲအောင်(ကွယ်လွန်-၂၀၀၈)        ။
၁၂။ကိုမြတ်ဆွေ

တောင်ငူထောင်
၁။ ကိုအောင်ဌေး
၂။ စောသာမနာစီး
၃။ စောအယ်လီးယား
၎။ ကိုတူး
၅။ ကိုတင်ဝင်း
၆။ ခင်မောင်ညွှန့်(ခ) အကြီးကောင်
ပြည်ထောင်
၁။ ကိုအောင်ကျော်(NLD-သဃန်းကျွန်း)

ပုသိမ်ထောင်
၁။ ကိုအောင်ထွန်း
၂။ ဇော်မျိုးထိုက်

စစ်တွေထောင်
 ၁။ နေမိုးအောင်

မြိတ်ထောင်
၁။ ဦးရဲညွှန့်

ပူတာအိုထောင်
၁။ ဦးရဲမြင့်(ခ) ဆရာရဲ

တောင်ကြီးထောင်
၁။ မောင်ဘိ(ပအိုဝ်း)
၂။ မောင်လှ(ရှမ်း)
၃။ ဦးဝိစိန်ဂျာ

ကသာထောင်
၁။ ဇော်မင်းဦး(ခ) ကျော်ကွန့်

(ဖြည့်စွက်ချက်များရှိပါက ထပ်မံဖော်ပြပေးပါမည်။)

မြစ်မခ မီဒီယာ


လွတ်မြောက်လာသူ အချို့ နှင့်လာရောက်ကြိုဆိုကြသူများ

မန္တလေး အိုးဘိုထောင်ရှေ့ မြင်ကွင်း

အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ၈၈ မျိုးဆက် ဦးကြည်သန်း

မန္တလေးအိုးဘိုထောင်ရှေ့ တွင် လာရောက်ဆိုကြိုနေကြသူများ

အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ
Unknown at 8:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝေဖန်ကြပါ ၊ အကြံ ပြုကြပါ ၊စဉ်းစားပေးကြပါ...မှားသည်မှန်သည် ကိုယ်တိုင်ဆုံးဖြတ်

ဒီ movie လေးကိုကြည့် မိတာတော့ 2.1.2012 ရက်မှာပါ
ဘယ်သူတွေလဲ ဘာလုပ်နေကြတာလဲ စသည်ဖြင့် facebook မှာရော youtube မှာပါ တော်တော် တွေ့နေရတယ်။ဆိုဒ်တော်တော်များများမှာပါတင်ထားတာကိုတွေ့ရပါတယ်။
ဘယ်သူတွေကမှားတယ် မှန်တယ်ဆိုတာတော့ မပြောတတ်ပါဘူး။
Movie ကို ဒီမှာ ကြည့်လို့ရတယ်။ ကြည့်ပြီးရင် အောက်က စာလေးကိုလည်းဖတ်စေချင်ပါတယ်...
အမှားအမှန် ကိုယ်တိုင်ဆုံးဖြတ် တော်မှုကြပါကုန်....(ဘကြီးသက်)



ဒီဆောင်းပါးလေးကို ရေးဖို့ စဉ်းစားမိနေတာ တော်တော်ကြာနေပါပြီ။ ဒါပေမယ့် ရေးသင့်မသင့် စဉ်းစားမိတာလည်း အခါခါပါပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ ရေးဖို့လိုလာပြီလို့ ထင်မိတဲ့အတွက် ရေးလိုက်ပါတယ်။
    ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊သားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အမိမြေကို စွန့်ခွာပြီး တိုင်းတပါး အိမ်နီးချင်းနိုင်ငံတွေမှာ လာရောက်နေထိုင် ရှာဖွေစားသောက်ရပါတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်ရာမှာ ထိုင်းနိုင်ငံကို သွားရောက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ဒုတိယအများဆုံး မလေးရှား နဲ့ တတိယ စင်္ကာပူလို့ ယေဘူယျ သိရပါတယ်။ မြန်မာလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အနှိပ်စက်အညှင်းပန်းခံရတယ်တဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေ အတော်များများ ထွက်ပေါ်ခဲ့ပါတယ်။ ဒေသခံ ထိုင်းလူမျိုးတွေရဲ့ နှိပ်စက် အနိုင်ကျင့်မှုတွေက ဒုနဲ့ဒေးပါပဲ။
    ဒုတိယအများဆုံးဖြစ်တဲ့ မလေးရှားရဲ့ အခြေအနေနဲ့ ဇာတ်လမ်းကတော့ တမျိုးပါ၊ မလေးရှားက အလုပ်ရှင်တွေ အေးဂျင့်တွေ၊ ဒေသခံတချို့တွေရဲ့ ဆိုးယုတ်မှု တချို့က လွဲလို့ တော်တော်များများက အိုကေပါတယ်။ အထောက်အထားဘာ တခုမှ မရှိဘဲနဲ့ နိုင်ငံအနှံ လျှောက်သွားနိုင်တာ၊ အလုပ်ဝင်လုပ်နိုင်တာ ယူအန်လျှောက်နိုင်တာ၊ ယူအန်ကိုင်ထားပြီး အလုပ်လုပ်နိုင်တာ စသဖြင့် အမြောက်အများပါပဲ။
    အဲဒီတော့ဗျာ ... အရင်က ...မလေးရှားမှာ မြန်မာယောကျာ်း တော်တော်များပေမယ့် မြန်မာမဆိုရင် လက်ချိုးရေလို့ရတယ်။ အဲဒီမိန်းကလေးကို တခြားမြို့တွေကတောင် လာလာကြည့်ကြရတယ်။ အဲဒီလောက်ထိ မြန်မာမ ကို ငတ်မွတ်ကြတာ၊ ( တဏှာစိတ်ဖြင့် ငတ်မွတ်မှုမျိုး မဟုတ် )။ ထိုအချိန်က မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကြသည့် နိုင်ငံခြားသားများထဲတွင် အင်ဒိုနီးရှားက အများဆုံး၊ ဒုတိယ ဘင်္ဂလား၊ တတိယ မြန်မာ ၊ စတုတ္ထ နီပေါ နောက်ပိုင်း ဗီယက်နမ် နှင့် တခြားအိမ်နီးချင်းတွေ ဖြစ်ပါတယ်။ အင်ဒိုတွေကို မြန်မာတွေက "အ" လို့ ခေါ်လေ့ရှိကြတယ်။  အလုပ်လာလုပ်တဲ့ အင်ဒို တွေထဲမှာ အင်ဒိုမ တွေလည်း အတော်များများပါပါတယ်။ မလေးရှားနဲ့ ဘာသာစကား နီးစပ်မှု ကိုးကွယ်မှု တူညီမှုတွေကြောင့် အင်ဒိုတွေလည်း ဒီမှာ တော်တော် အနေချောင်ပါတယ်။ အင်ဒိုတွေရဲ့ အလေ့အထက မိန်းမတွေကို  တစ်ယောက်ပြီး တစ်ယောက်ယူတက်တာ၊ အခန့်မသင့်ရင်ရိုက်နှက်တက်တာ၊ အလုပ်မလုပ်ဘဲ မိန်းမ လုပ်စာထိုင်စားတက်တာ၊ မူးယစ်ဆေး သုံးတာ အဲဒီလို ပုံစံမျိုးတွေ ၇ှိပါတယ် ( အင်ဒိုအားလုံးကို မဆိုလိုပါ)။ အင်ဒိုမတွေကလည်း တော်တော်ကို သည်းခံကြပါတယ်။ အလုပ်လုပ်မကျွေးလည်း သူတို့ကြို့က်ပြီဆို ရှာကျွေးတယ် ၊ မီးဖိုချောင် အချက်အပြုတ်ကိစ္စ၊ အလျှော်အဖွတ် ကိစ္စ အစစ အရာရာ တာဝန်ယူတယ်၊ ကြင်နာတက်ကြတယ်။ သူတို့ ယဉ်ကျေးမှုကလည်း ၁၃ နှစ်ဆို ယောက်ကျာ်းယူပြီးပြီ၊ တချို့ဆို သုံးယောက် နှစ်ယောက်၊ အဲဒါက အင်ဒိုမှာ ကျန်ခဲ့တာ ဒီမှာလည်း ထပ်ယူကြတယ်။ အဲဒီလို ဇ လေးတွေလည်း ၇ှိပါတယ်။ အဲဒီမှာ  ဇာတ်လမ်းက
စတော့တာပါပဲ ကြင်နာတတ်တဲ့ မြန်မာယောက်ျားတွေနဲ့ အချစ်ငတ်နေတဲ့ အင်ဒိုမလေးတွေရဲ့ .... နိုင်ငံခြားရောက် တခန်းရပ် ပြဇာတ်လို့ပဲ ပြောရမလား၊ နှစ်နိုင်ငံ ချစ်ကြည်ရေးလမ်းစလို့ပဲ ပြောရမလား၊
ဒါမှမဟုတ် နိုင်ငံခြားမှာ အလုပ်လာလုပ်နေတဲ့ ဘ၀တူအချင်းချင်း ရိုင်းပင်းကြတာလိုလို ... စသဖြင့်ပေါ့ဗျာ။ မြန်မာ တော်တော်များများ အ မတွေကို ယူကြတယ်။ တချို့ကလည်း အပျော်၊ တချို့ ကလည်း အတည်၊ တချို့ကလည်း ပျော်ရာကနေ တည်သွားကြတာ၊ ကလေးတွေ ယူလို့ အင်ဒိုမတွေကလည်း မြန်မာလိုတွေ ပြောလို့ .... သာယာလိုက်တာဗျာ၊ မလေးရှားမှာ အင်ဒို မြန်မာ ချစ်ကြည်ရေးပေါ့၊ အင်ဒိုဖက်က ဘယ်လို ပြောလည်း တော့ မသိဘူး၊ မြန်မာဖက်မှာတော့ ဆိုရိုးစကားပုံလေး တခု ထွက်လာတယ်၊ နေနဲ့လ ရွှေနဲ့အ တဲ့ သိပ်ကို လိုက်ဖက်တယ်ဗျာ၊ နေနဲ့လ ရွှေနဲ့မြ လိုပေါ့ ...

ဒါပေမယ့်ဗျာ .. ထုံးစံအတိုင်းပေါ့ ကောင်းခန်းဆိုရင် သိပ်မကြာပါဘူး၊ မလေးရှားကို ရွှေအင်းဝ ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို စက်ရုံက ထုတ်ကုန်လို အုံလိုက်ကျင်းလိုက်ကို ပို့ပေးလိုက်တာ၊ မြန်မာလူမျိုးတွေက
ပထမ အများဆုံး ဖြစ်သွားလေတယ်ဗျာ၊ အဲဒီမှာ မြန်မာယောက်ကျာ်းတွေတင် မက မြန်မာ မလေးတွေပါ အုံလိုက်ကျင်းလိုက် ပါလာပါတော့တယ်။ အေးဂျင့်မကောင်းလို့ ၊ သူဋ္ဌေးမကောင်းလို့ စသဖြင့် အိုလိုက်ကြတာတဲ့(အိုဗာစတေး) မြန်မာတွေကလည်း အများအပြားပါပဲ။ အိုတော့ အလုပ်မရှိ ရတဲ့ ဈေးနဲ့ ၀င်လုပ်၊ သူဋ္ဌေးတွေကလည်း အဲဒီမှာ မြန်မာတွေ ဈေးပေါမှန်း သိလာတော့ လုပ်ခတွေကို နှိမ်လာတယ်၊ တစ်ယောက်သွားရင် နှစ်ယောက်လာမယ် ဆိုတာလည်း သိတယ်။ အဲဒီလိုနဲ့ မလေးရှားမှာ မြန်မာ အလုပ်သမားဈေးကွက် ပျက်တော့တာပါပဲ။ မြန်မာတွေ မတရားခံရတဲ့ သတင်းတွေ အတော်များများကြားလာရတယ်၊ မြင်လာရတယ်၊
အဲဒီလိုနဲ့ မလေးရှားမှာ မြန်မာလူမျိုးတွေက အနှိမ်ခံလိုလို ဘာလိုလို ဖြစ်လာတယ်။ မြန်မာတွေ မတရားခံရတဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ အဖွဲ့အစည်းတွေလည်း ပေါ်လာတယ်။ တချို့က မှန်ကန်တယ်၊ တချို့ မမှန်ကန်ဘူး။ မလေးရှားရောက် မြန်မာလူမျိုးတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာ သံရုံးက မအားလပ်ပါဘူး။ သူတို့ကိုလည်း အပြစ်မပြောလိုပါဘူး၊ လူအင်အားနည်းတယ်လေ။ ရှိတဲ့ လူလေးနဲ့ အခွန်ကောက်ဖို့အတွက် လုပ်ရတယ်၊ ဟိုပွဲ ဒီပွဲ တက်ရနဲ့ မအားပါဘူးလေ၊ အဲဒီလို အခြေအနေတွေကြောင့် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ရတယ်။

မြန်မာလူမျိုးတွေ နိုင်ငံခြားမှာ  အလုပ်လုပ်ရတော့ အချင်းချင်း ရိုင်းပင်းကြပါတယ်၊ အရင်ရောက်နေတဲ့ လူတွေက နောက်မှ ရောက်လာတဲ့ လူတွေကို စောင့်ရှောက်ပါတယ်။ အဲဒီလိုပဲ စောင့်ရှောက်တဲ့ သူတွေ ရှိသလို
အချင်းချင်း အမြတ်ထုတ်တဲ့ သူတွေလည်း ရှိပါတယ်။ မြန်မာမလေးတွေ နိုင်ငံခြားကို မလယ်မ၀ယ်နဲ့ ရောက်လာတယ်။ အလုပ်မကောင်းတော့ အိုဗာစတေး ဖြစ်ရတယ်။ ပိုက်ဆံမရှိ၊ စားစရာ မရှိတဲ့အပြင်  ရဲကိုပါ ကြောက်နေရသေးတယ်။ သူတို့ရဲ့ ဘ၀က လုံခြုံမှု လုံးဝမရှိဘူး ။ဘေးနားမှာ ဆွဲစားမဲ့ ကောင်တွေက ၀ိုင်းနေတယ်။ နိုင်ငံခြားသားတွေရော၊ ကိုယ့်မြန်မာအချင်းချင်းထဲကပါ စိတ်မချရဘူး။ အဲဒီလို အခြေအနေမျိုးမှာ
အားကိုးရာကို ရှာကြပါတယ်။ လူကောင်းသူကောင်းတွေနဲ့ တွေ့ပြီး အဲဒီမိန်းကလေးတွေရဲ့ ဘ၀လေးတွေ လုံခြုံသွားသလို။ နှမချင်းမစာနာတဲ့ ကောင်တွေကြောင့် ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်း မရေနိုင်ပါဘူး။

တချို့သော မိန်းကလေးတွေကျတော့ ငါ မလေးရှားရောက်နေပြီ။ င့ါပိုက်ဆံ ငါ ရှာစားတာ၊ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး ဆိုတဲ့ စကားကို လက်ဝယ်ထားပြီး နေချင်သလို နေကြတယ်။ ပိုက်ဆံ ၃၀၀ တန် ဖုန်းတစ်လုံး
လောက်နဲ့ လိုက်အိပ်ကြတာတွေလည်း အများကြီးပဲ။ ဘဲတွေ တစ်ယောက်ပြီးတစ်ယောက်တွဲမယ်၊ ပိုက်ဆံချူမယ်။ နောက်ဆုံး အပျက်တပိုင်းဖြစ်မယ်။ မြန်မာတွေ မသုံးတော့ဘူး ဆိုရင် ဘေးနားက ဘင်္ဂလားဒေ့ရှ်တွေ၊ နီပေါတွေနဲ့ လိုက်အိပ်မယ်။ ပိုက်ဆံချူမယ်။ ပထမ မသိမသာတွဲတယ် နောက်ပိုင်း ပေါ်တင်တွဲတယ်။ ဘေးနားက မြန်မာတွေက အဲဒီလို အခြေအနေကို လက်မခံနိုင်တော့ ၀ိုင်းပြောကြတယ်။ သူတို့က စောနကပြောသလို
နင့်အပူပါလား။ ငါ့ထမင်းငါ ရှာစားတာ . .. ပြီးတော့ အယုတ္တအနတ္တတွေ ပြောလွတ်လိုက်မယ်။ မြန်မာတွေက ပြောမရတော့ သူတို့ကောင် ဘင်္ဂလားတွေ၊ နီပေါတွေကို သွားရိုက်။ ဟိုဖက်က လူတွေကလည်း လူပြန်စုပြီး
မြန်မာတွေကို ပြန်ရိုက်။ အဲဒါနဲ့ပဲ သံသရာတွေ လည်နေတာ။ သူတို့ကတော့ အေးဆေးပဲ၊ နောက်တစ်ယောက်တောင် ပြောင်းရင် ပြောင်းသွားအုန်းမယ်။ အဲလိုဆိုတော့ ဘယ်လို လုပ်မလဲ ၊ ပြီးတော့ ဘင်္ဂလားတို့၊ နီပေါတို့ ရဲ့ ဇ ကလည်း မသေးဘူး။ ပလာတာ တစ်ချပ် စားပြီး တစ်နေ့လုံး အလုပ်လုပ်နိုင်တယ်၊ ထမင်းစားလည်း ငရုတ်သီးတစ်တောင့်နဲ့ဆို ဖြစ်တယ်။ ဒါပေမယ့် မိန်းမ မရှိလို့မရဘူး။ ဒီမှာရှိတဲ့ (ဇိမ်ခန်း) တွေမှာ သူတို့ချည်းပဲ
ပြည့်နေတာ၊ တနင်္ဂနွေတိုင်း အားပေးကြတယ်။ မိန်းမအတွက်ဆို လစာအကုန်သုံးတယ်။ ကြိုက်သလောက်တောင်း ကြိုက်သလောက်ပေးတယ်။ မိန်းမဆိုပြီးရော အကုန်ရတယ်။ သူတို့အစွမ်းကလည်း မသေးဘူးနော်၊
မလေးရှားအစိုးရကတောင် ဘင်္ဂလားဒေ့ရှ်ကို ထပ်ဝင်ခွင့်မပေးဘဲ ပါမစ်ပိတ်ရတယ်။ သူတို့ မလေးမတွေ ဘင်္ဂလားစာ မိသွားတာ မနည်းဘူးနော်။ အစိုးရကတောင် ကြောက်ရတယ်။ ဒီမှာရောက်နေတဲ့ မြန်မာမိန်းကလေးတချို့ တွေကလည်း ကိုယ့်ထက် ပညာပိုတတ်လို့ ချမ်းသာလို့သာ မခံချင်စိတ်မရှိဘဲ နေရင်နေမယ်။ ကိုယ့်ထက် ပိုချောရင်.. ပိုပြီး ဘဲကြည်ရင်.. အလှပြင်ပစ္စည်းတွေ ပိုသုံးနိုင်ရင် မခံချင်စိတ်က  ဖြစ်ရော။ အဲဒီကိစ္စတွေမှာတော့ အစွမ်းကုန် ပညာကုန် ထုတ်သုံးပြီး ပြိုင်ကြတော့တာပဲ၊ သူက ဘင်္ဂလားဆိုရင် ငါက နီပေါနဲ့ပါ တွဲပြလိုက်မယ်။ မလေးနဲ့ အိန္ဒိယနဲ့ တရုတ်နဲ့ အစုံပေါ့၊

အဲဒီလို မိန်းကလေး တချို့ကြောင့် ဘေးနားက သန့်ရှင်းတဲ့ မိန်းကလေးတွေ ဘယ်လိုဖြစ်ကုန်လဲ။ ဒီမှာက လူမျိုးပေါင်းစုံနေတာ၊ မြန်မာမိန်းကလေး တစ်ယောက်ကို ရရင်။ ကျန်တဲ့ မြန်မာမလေးတွေကိုပါ သွေးတိုးစမ်းကြတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်တဲ့ အဖြစ်လိုပဲ။ အဲဒီလို အခြေအနေမျိုး ခင်ဗျားတို့ ဘေးနားမှာ ဖြစ်နေရင် ခင်ဗျားတို့ လက်ပိုက်ကြည့်နေမှာလား၊ သူတို့ဖာသာသူတို့ ကမြင်းကြော
ထတာ ထလို့ရတယ်။ ဒါပေမယ့် ဘေးနားကလူတွေပါ ထိခိုက်ကုန်ပြီ။ အဲဒီလို အခြေအနေမျိုးမှာ သွားပြီး တရားဟောလို့ မရဘူး၊ သူတို့ကတော့ အေးဆေးပဲ။ အခု FB မှာ ပျံနှံနေတဲ့ VIDEO CLIP ကို ကြည့်ပြီး
ခင်ဗျားတို့က ရိုက်တဲ့လူတွေ လွန်တယ်လို့ ထင်ကောင်းထင်မယ်။ ကျွန်တော်တို့ ဒီမှာနေနေတဲ့ လူတွေကတော့ ဒီလူတွေ မလွန်ဘူးဆိုတာ သိတယ်၊ ထိုင်းမှာ မကောင်းတာ လုပ်စားကြတဲ့ မြန်မာနိုင်ငံသူတွေ
တော်တော်များများရှိတယ်။ အဲဒီထဲမှာ ရခိုင်မတွေလည်း ပါတယ်။ အဲဒီလို ရခိုင်မလို့ သေချာ သိရချိန်မှာ .. ရခိုင်တွေက စုံစမ်းတယ်၊ အဲဒီရခိုင်မကို ခေါ်လာတယ်၊ ပြီးတော့ ရှိသမျှ ရခိုင်တွေ အားလုံး ပိုက်ဆံ
စုပေးပြီး မြန်မာနိုင်ငံကို ပြန်လွတ်ပေးလိုက်ကြတယ်။ ပိုက်ဆံတွေ ပေးလိုက်လို့ ဆိုပြီး လက်ဖျားနဲ့တောင် မတို့ဘူးနော်။ စေတနာ သန့်သန့်နဲ့ သူတို့ ပို့ပေးကြတယ်။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ အဲဒီ ရခိုင်မ က
ပြန်သွားတယ် ပေးလိုက်တဲ့ ပိုက်ဆံတွေကို ရင်းနှီးမစားဘဲ ထိုင်းကို ထပ်လာတယ်။ အဲဒီလိုပဲ တခါ ပြန်လုပ်တယ်။ ရခိုင်တွေက တခါနှစ်ခါတော့ သည်းခံတယ်။ နောက်ပိုင်း မရတော့ သူတို့ ကိုယ်တိုင် သတ်လိုက်
ကြတယ်။ အဲဒီကိစ္စကိုရော ခင်ဗျားတို့ ဘယ်လို ပြောမလဲ ၊၊ စင်္ကာပူမှာ ည ၁ နာရီ လောက် ၂ နာရီလောက် မိန်းကလေး တစ်ယောက်တည်း လျှောက်သွားလည်း ဘာမှ မဖြစ်ဘူး၊ အဲဒီလိုပဲ တခြား အဆင့်မြင့်တဲ့
နိုင်ငံတွေမှာ လုံခြုံရေး အပြည့်အ၀ပေးနိုင်တယ်။ ဒီမှာတော့ ည ၁၂ နာရီလောက်ဆို မြန်မာမပြောနဲ့ ဒီနိုင်ငံသူတောင် သိပ်မထွက်ရဲတော့ဘူး ။ အဲဒီလို အခြေအနေတွေက ကွာတယ်။ အဲဒီတော့ အခြေအနေ
တစ်ခုတည်းကို ကြည့်ပြီး မသုံးသပ်ပါနဲ။့ အားလုံးကို ခြုံငုံကြည့်ပါ။ ကျွန်တော်တို့က ဘာမှ မပြောဘဲ မြန်မာမတွေ နိုင်ငံခြားသားတွေနဲ့ အိပ်နေတာကို ဒီအတိုင်းကြည့်နေရမှာလား၊  

ဒီကိစ္စတွေမှာ မိန်းကလေးတွေ ဒီလိုဖြစ်ကုန်တာ မြန်မာယောကျာ်းတွေ ရှိရဲ့သားနဲ့ကွာလို့ ပြောလို့ရတယ်။ ဟုတ်တယ် .. တချို့သော မြန်မာတွေလည်း အကျင့်မကောင်းဘူး၊ ယောက်ျားတန်မဲ့ တာဝန်မယူချင်ကြဘူး၊
သူတို့တွေကြောင့် ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်း မနည်းဘူး။ အဲဒီတော့ဗျာ .... ကိစ္စတစ်ခုဖြစ်လာရင် အားလုံးမှာ တာဝန်ရှိပါတယ်။ ဘယ်သူမှားတယ် မှန်တယ် မပြောသင့်ပါဘူး။ မိန်းကလေးတွေက
လှချင်ပချင်လို့ ငွေနောက်လိုက်ပြီး ပျက်စီးကြတာမျိုး မဖြစ်အောင် ထိမ်းသိမ်းဖို့ လိုသလို၊ မြန်မာယောက်ျားတွေကလည်း တာဝန်ရှိစွာနဲ့ ဖေးမဖို့ လိုပါတယ်။ ပြီးတော့ မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့
နိုင်ငံရပ်ခြားမှာ မိမိတို့ သိက္ခာကို ပိုပြီး ထိမ်းသိမ်းသင့်ပါတယ်။ တခြား နိုင်ငံခြားသားတွေက မြန်မာမိန်းကလေးတွေ လွယ်ပါတယ်ကွာ၊ သူတို့ကြိုက်ရင် လိုက်အိပ်တာပဲ ဆိုတဲ့ ပုံစံမျိုး အပြောမခံရအောင် နေထိုင်သင့်ပါတယ်။ မိမိရဲ့ လုပ်ရပ်တစ်ခုကြောင့် တခြားမြန်မာမိန်းကလေးတွေပါ အထင်အမြင်သေးခံရမယ့် ကိစ္စမျိုးတွေ မလုပ်သင့်ပါဘူး။ မြန်မာအမျိုးသားတွေကလည်း မိန်းကလေး တစ်ယောက် ဒုက္ခရောက်လာရင် အိမ်ခေါ်လာ အလုပ်ရှာပေးပြီး ... LIVING TOGETHER နေလိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။ ဒါမျိုးက အရင်က မြန်မာတွေ အင်ဒိုမတွေကို လုပ်ခဲ့ ပုံစံတွေပါ။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုတော့ ကံကံ၏ အကျိုးကို ယုံကြည်တယ်။ အကျိုးပေးတွေက မြန်လှချည်လားဗျာ။ အရင်တုန်းက တော့ နေနဲ့လ ရွှေနဲ့အ ၊
အခုတော့ နေနဲ့လ ရွှေနဲ့ဘ ... ရွှေနဲ့န .. နောက်ပိုင်း ရွှေ နဲ့ ................................
ကိုထိုက် (မြန်မာ့စတိုင်)

Unknown at 4:43 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

koobits - Download, Manage And Sync Your eBooks

ကျွန်တော်အရင်ကတစ်ခုတင်ပေးခဲ့ဘူးတယ်ဗျ။ အရင်တုန်းကတော့ Goo reader လေးပါ။ ဒီတစ်ခါကတော့ koobits လေးဖြစ်ပါတယ်။ ကျွန်တော်တို့ စာအုပ်ရှာရတာလည်း လွယ်သလို Free ပေးတဲ့စာအုပ်လေးတွေ နဲ့ တခြား ရောင်းတဲ့စာအုပ်လေးတွေဆိုပြီး ရှာထုတ်ပေးပါလိမ့်မယ်။ ပြီးရင်တော့ ကျွန်တော်တို့ Free  E-book  ထဲကိုလည်းယူထားပြီး Click ပေးရုံနဲ့ Download လုပ်ပေးပါလိမ့်မယ်။ သုံးရတာတော်တော်လေးလဲ အဆင်ပြေသလို တော်တော်လေးလဲ ကောင်းပါတယ်။ ကျွန်တော့်မိတ်ဆွေတွေအတွက်လည်း အဆင်ပြေအောင် တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ကတော့ 13.6 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ အဆင်ပြေအောင် သုံးနေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့် လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။

koobits

Downloading from ifile.it

Downloading from mediafire

Downloading from ziddu

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Unknown at 4:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Download the whole Website



 အခု ကတော့ website တွေကို download ချပြီးတော့ အင်တာနက်မရှိတဲ့ နေရာတွေ မှာ ကြည့်ချင်တဲ့အခါ သုံးဖို့အတွက်ပါ ... ဥပမာ ကိုယ် အမြဲ ဖတ်နေကျ blog တစ်ခု ရှိတယ်ဆိုပါတော့ ... အဲဒီ့အထဲက Posts တွေကို ကိုယ်က ကြိုက်တယ် သိမ်းလည်း သိမ်းထားချင်တယ် .. ပြီးတော့ ပြန်ကြည့်ချင်တယ် ... ဒါပေမယ့် ကွန်ပျူတာ ပဲ ရှိပြီးတော့ အင်တာနက်က မရှိဘူး .. အဲဒီ့လိုမျိုးကျရင် အခု website downloader ကလေးက အသုံးဝင်ပါတယ် ....ပြန်ကြည့်တဲ့ အခါလည်း html page ကလေးကို ဖွင့်ရုံနဲ့ သူ့ရဲ့ မူရင်း website ကိုသွားဖတ်ရသလိုမျိုးပါ .. menu တွေ link တွေ ကို နှိပ်တဲ့ အခါမှာလည်း မူရင်း website လိုပါ .. တော်တော် အဆင်ပြေပါတယ် .... ကျွန်တော်တော့ အဆောင်မပြောင်းခင်မှာ ကြိုက်တဲ့ ဆိုဒ်ကလေးတွေ ကို ဒေါင်းပြီးတော့ offline မှာ ဖတ်ဖြစ်ပါတယ် ... ဒါပေမယ့် ဒေါင်းတဲ့ အခါမှာ အင်တာနက် speed ကောင်းရင်တော့ ပိုကောင်းပါတယ် ... အချိန်ကတော့ website ရဲ့ size ရဲ့ အနေအထားရယ် .. အင်တာနက် speed ရယ် အပေါ်မူတည်ပြီးတော့ ကြာနိုင်ပါတယ် ... software ကိုတော့ အောက်က နေရာကလေးမှာ သွားယူနိုင်ပါတယ် ... ကျွန်တော် software ကိုတော့ တင်မပေးတော့ပါဘူး .. site ရှိတဲ့နေရာကလေးကိုပဲ ညွှန်းလိုက်ပါတယ် .. ကျွန်တော် အရင် က microsoft office တင်ထားတဲ့ ပိုစ့် ကေးလကို reset လုပ်သွားပါတယ် .. အဲဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော် software တွေ မျှတဲ့အခါမှာ သူရဲ့မူရင်း ဆိုဒ်ကိုပဲ link ပဲ ပြန်ညွှန်းချင်ပါတယ် ... တကယ်လို့မှ အဲဒါကလေးကိုလိုချင်တယ် ကျွန်တော် ညွှန်းတဲ့နေရာမှာ အဆင်မပြေခဲ့ဘူးဆိုရင် commet ဖြစ်ဖြစ်ပေးခဲ့ပါ... ကျွန်တော် အဆင်ပြေအောင်ပြန်လုပ်ပေးပါ့မယ် ... အခု website downloader ကိုတော့ အောက်မှာ သွားယူနိုင်ပါတယ် .. သူက free ပါ .. တချို့ ဟာတွေ ကျတော့ trial version တွေ ရှိလို့ ဒါကလေးကပဲ အဆင်ပြေလို့ ဒီတစ်ခုကိုပဲ ညွှန်းလိုက်ပါတယ်ခင်ဗျာ ....

www.httrack.com

အဲဒီ့မှာ download ဆိုတာကလေးကိုနှိပ်လိုက်ပါ .. နှိပ်လိုက်ရင် အောက်မှာ ချလို့ရမယ့် သူ့ software ကလေးတွေ ရှိပါတယ် ... ကိုယ်နဲ့ကိုက်ညီမယ့် ဟာလေးကို ရွေးပြီးတော့ ဒေါင်း . ပြီးရင် run ပြီးရင် ကိုယ်ကြိုက်တဲ့ site တွေကို ဒေါင်းပေတော့ဗျိုး .. စိတ်ချလက်ချ ... :P

Unknown at 12:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်းစိန်အကျဉ်းထောင်မှ ပထမဆုံးလွတ်မြောက်လာ သူတစ်ဦး

အင်းစိန်အကျဉ်းထောင်မှ ပထမဆုံးလွတ်မြောက်လာ သူတစ်ဦး
ယနေ့နံနက်၉ နာရီခွဲတွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၅၀ ဦးနှင့် အကျဉ်းသူ ၅၀ ဦး အပြင် သီးသန့် အကျဉ်းသား ၃ ဦး ကို စတင်လွှတ်ပေးနေကြောင်းသိရသည်။
ပထမဆုံးအသုတ်အနေဖြင့် လွတ်ပေးခဲ့သော သကျဉ်းသားများထဲတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ သုံးဦပါဝင်။(၁) စောဆေးကလယ် ပုဒ်မ ၁၇/၁ ၊ ဂျေသန့် ပုဒ်မ ၅/ည ၊ သန်းနိုင်ဦး (ခ) အစစ် ပုဒ်မ ၁၇/၁ တို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၈၀၄ ဦး နှင့် မ ၁၃၀ ဦး ပါဝင်ဟု အကျဉ်းဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးမှ The Messenger သို့ပြောသည်။အင်းစိန်အကျဉ်းထောင်ရှေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာရောက်စောင့်ဆိုင်းသူအ ယောက်(၂၀၀)ခန့်ရှိပြီဖြစ်သည်။
မက်ဆင်ဂျာ ဂျာနယ်
Unknown at 11:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၈၀၄ ဦး နှင့် မ ၁၃၀ ဦး ပါဝင်

ယနေ့နံနက် ၁၀ နာရီခွဲ အင်းစိန်ထောင်ရှေ့ 
ယနေ့နံနက် ပိုင်းတွင်အင်းစိန်ထောင်ရှေ
့တွင်လာရောက်စောင့်ဆိုင်းနေသူများ
ယနေ့နံနက်၉ နာရီခွဲတွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၅၀ ဦးနှင့် အကျဉ်းသူ ၅၀ ဦး အပြင် သီးသန့် အကျဉ်းသား ၃ ဦး ကို စတင်လွှတ်ပေးနေကြောင်းသိရသည်။
ပထမဆုံးအသုတ်အနေဖြင့် လွတ်ပေးခဲ့သော သကျဉ်းသားများထဲတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ သုံးဦပါဝင်။(၁) စောဆေးကလယ် ပုဒ်မ ၁၇/၁ ၊ ဂျေသန့် ပုဒ်မ ၅/ည ၊ သန်းနိုင်ဦး (ခ) အစစ် ပုဒ်မ ၁၇/၁ တို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၈၀၄ ဦး နှင့် မ ၁၃၀ ဦး ပါဝင်ဟု အကျဉ်းဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးမှ The Messenger သို့ပြောသည်။အင်းစိန်အကျဉ်းထောင်ရှေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာရောက်စောင့်ဆိုင်းသူအ ယောက်(၂၀၀)ခန့်ရှိပြီဖြစ်သည်။
မက်ဆင်ဂျာ ဂျာနယ်
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့ တဲ့ မြောက်ဥက္ကလာ လူသတ်မှု

ဓါတ်ပုံ(ပေါ်ပျူလာ)
မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ် ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် အဓိကတရားခံတစ်ဦးအပြင် စုစုပေါင်း ၂၀ ဦးကိုဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ ၆ လမ်းအနီးအနားတွင် အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်သူများအပါအ၀င် လူအုပ်စုတစ်စုက ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့အထိဖြစ်စဉ်မှ ပါဝင်ကျူးလွန်ခဲ့သူ ၁၄ ဦးကိုဖမ်းဆီးထားနိုင်ခဲ့ကြောင်း အဓိကပါဝင်ခဲ့သူတစ်ဦးကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အ ထိ တရားခံများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။ ပါဝင်ကျူးလွန်ခဲ့သူများထဲမှ အဓိကကျူးလွန်ခဲ့သူကို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဒုစရိုက်နှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက " ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ပြီး တော့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ အဓိကပါဝင်ကျူးလွန်သူတစ်ဦးဖြစ်တဲ့ မြှားလေး(ခ)ကောင်းမြတ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီတရားခံက အဓိကတရားခံဖြစ်ပါတယ်။ သူ့ကိုပိုက်ဆံပေးပြီးတော့ ဦးစီး ပြီးသတ်ခိုင်းတာပါ။ ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့တာပါ။ တရားခံက စရံ ၂၅ သိန်းရထားတယ်။ သတ်ပြီးတဲ့နေ့ မှာ ကျပ်သိန်း ၂၀ ထပ်ရပါတယ်။ ကျပ် ၄၅ သိန်းကိုတော့မရသေးပါဘူး။ သူ့ကိုငှားပြီးတော့ သတ်ခိုင်းတဲ့သူတွေ ကို အကုန်လုံးကို ဖမ်းဆီးထားပြီးသွားပါပြီ။ အဓိကတရားခံကို စစ်ဆေးမေးမြန်းဆဲကနေ ပြီးတော့ အခြားတရား ခံငါးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ပြေးနေတဲ့ ၁၆ ဦးကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်" ဖမ်းဆီးရမိခြင်း နှင့် ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်။

၎င်းဖြစ်စဉ်ကို မြောက်ဥက္ကလာပရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ – ထိုင်း နှစ်နိုင်ငံ ပူပေါင်း၍ လှည်းတန်း ဗုံးခွဲမှု တရားခံများ ဖမ်းမိ

ပြီးခဲ့သော ဒီဇင်ဘာ ၂၁ ရက် တွင် ရန်ကုန်မြို့ လှည်းတန်း သန့်စင်ခန်း တွင်ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှု၏ အဓိက ကွင်းဆက် တရားခံများဖြစ်သော VBSW (စွမ်းအားမြှင့် မြန်မာကျောင်း သား စစ်သည်တော်အဖွဲ့) လေးဦး ကို ဒီဇင်ဘာ ၂၂ ရက်၌ မြ၀တီရဲတပ်ဖွဲ့က ဖမ်းဆီး ဖော်ထုတ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဖောက်ခွဲမှုဖြစ်စဉ် အတွက် ဒီဇင်ဘာ ၂၂ ရက်၌ မြ၀တီခရိုင် ရဲတပ် ဖွဲ့မှူး၏ အနီးကပ် ညွှန်ကြားမှုဖြင့် ရဲအုပ် စိုးနိုင်ဝင်း (မြ၀တီ ခရိုင်ရဲတပ်ဖွဲ့)၊ ရဲအုပ် သိန်းလွင် (မြ၀တီမူးယစ် အထူးတပ်ဖွဲ့) တို့နှင့် အတူ ထိုင်းနိုင်ငံတပ်မတော် ထောက် လှမ်းရေး တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးရဲ တပ်ဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့ သော ကွင်းဆက်တရား ခံ ကတုံး(ခ)ဇော်သက်အောင် (၂၂ နှစ်)၊ အောင်ကိုမင်း (၂၇နှစ်)၊ အောင်ဇော် (၂၃နှစ်)၊ နေမျိုး သူရအောင်(ခ) အောင် ကိုမင်း (၂၄နှစ်)၊ လေးဦးအား ဖမ်းဆီးရမိ ခဲ့ပြီး ထိုင်းဖုန်း နံပါတ်ပါ သုံးလုံး၊ ဘားအံ မြို့ပွဲတော် ကျင်းပမည့် နေရာနှင့် မြို့အကွက် ချမြေပုံ နှစ်ပုံ၊ VBSW သင်တန်း သင်ခန်း စာမှတ်စု စာအုပ်သုံးအုပ်၊ စီဒီငါးချပ်၊ ဆန့် ကျင်ဘက် အဖွဲ့အစည်းများ၏ အချက် အလက် များနှင့် ၀ါဒဖြန့် စာရွက်စာ တမ်း များ၊ SAW စာသင်ကျောင်းမှ ကျောင်း သား ကတ်နှစ်ကတ်တို့ကို ပူးတွဲသိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ အတွင်း အဓိက ဖောက်ခွဲ မှုလုပ်ခဲ့သော ကတုံး (ခ) ဇော်သက် အောင် အပါအ၀င် လေးဦးကို ကမာရွတ် ရဲစခန်း(ပ)၃၁၁ / ၁၁ ပေါက်ကွဲ-၃၊ ကမာရွတ်ရဲစခန်း(ပ) ၄၀၁ / ၁၁ ပြစ် မှုပုဒ်မ ၃၀၂ / ၃၀၇ /  ၃၂၆ တို့ဖြင့် ရီမန် ယူစစ် ဆေးမည်ဖြစ်ပြီး လတ်တလော အနေဖြင့် မြ၀တီခရိုင် အထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေး အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရှိသည်။
ရဲဒွေး (မြ၀တီ)
မြန်မာပို့ စ်
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှုကြောင့် ဒေါပုံရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့

အခင်းဖြစ်ပွားရာနေရာ
ဒေါပုံမြို့နယ် ဇေယျာသီရိ ရပ်ကွက် ၃ လမ်းရှိ အိမ်တစ်အိမ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်မှ စ၍ ထူးဆန်းစွာ မြေကြီးအတွင်းမှ အပူလွန်ကဲမှု ဖြစ်ပွားခဲ့သည့် အတွက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ချို့ ပြောင်းရွေ့သွားကြကြောင်း တာဝန်ကျ လုံခြုံရေးနှင့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတို့က The Woice Weekly သို့ ပြောကြားသည်။
ယင်းဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့် အချိန်၌ ဒေါပုံမြို့နယ်၊ ဇေယျာသီရိ ရပ်ကွက် ၃လမ်းနေ ဦးညီညီလွင် + ဒေါ်ခင်ပြည့်စုံ တို့၏ အိမ်အရှေ့ဘက် မျက်နှာစာရှိ ဒုတိယအိမ်တိုင် အောက်ခြေ သံမံတလင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

" ဖိနပ်မစီးဘဲ ရေသောက်သွားတာ ကနေ အရမ်းပူတာကြောင့် သတိထားမိ တာပါ။ ဝါယာရှော့ ဖြစ်တယ် ထင်ပြီး လျှပ်စစ်မီး မိန်းကို ချလိုက်တယ်။ လျှပ်စစ်ကလည်း ဖုန်းဆက်လိုက်တော့ ရပ်ကွက်ကို မီးဖြတ် လိုက်ပါတယ် " ဟု ယင်းအိမ်ရှင် ဒေါ်ခင်ပြည့်စုံက The Voice Weekly သို့ ပြောကြားသည်။

ယင်းနောက် မီးသတ်ဦးစီးဌာနနှင့် ဘူမိဗေဒ(အင်ဂျင်နီယာ) တို့က လာရောက် စစ်ဆေးမှုများ ပြုလုပ်ကာ ပေါက်ကွဲမှု ဖြစ်ပွားနိုင်သည့် အခြေနေ မရှိဟု မှတ်ချက်ပေးသွားကြောင်း လုံခြုံရေး တာဝန်ယူထားသော မီသတ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

" အရမ်းပူတော့ သံမံတလင်းကို ဖောက်ပြီး ရေလောင်းထည့်ထား ရတယ်။ မနက်ကတော့ ၂ ခါ ရေလောင်းထဲထားတယ်။ လူအရမ်း များလာလို့ အိမ်ကို ပိတ်ထားတယ် " ဟု ဒေါ်ခင်ပြည့်စုံက ဆိုသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ မြေကြီးအတွင်းမှ ထူးဆန်းစွာ အပူလွန်ကဲမှု ဖြစ်ပွားခဲ့ပြီး မီးသတ် ဦးစီးဌာနနှင့် ဘူမိဗေဒ ပညာရှင်တို့မှ ပေါက်ကွဲမှု မဖြစ်နိုင်ဟု မှတ်ချက်ပေးထား သော်လည်း ယင်းနေအိမ်နှင့် အနီးတစ်ဝိုက်မှ နေအိမ်တစ်ချို့ ရှုခင်းသာ အိမ်ရာသို့ ပြောင်းရွေ့သွား ကြကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ချို့နှင့် တာဝန်ကျ မီးသတ် တပ်ဖွဲ့ဝင်တို့က ပြောကြားသည်။

by The Voice Weekly on Monday,
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖိုင်ဘာအင်တာနက်စနစ် ရန်ကုန်မြို့တွင် စတင်ပေးတော့မည်

ဖိုင်ဘာဆက်ကြောင်း အင်တာနက်စနစ်အား ရန်ကုန်မြို့တွင် စတင်ပေးတော့မည်ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီတချို့ထံမှ သိရသည်။ အဆိုပါ စနစ်ကို Fortune International ကုမ္ပဏီနှင့် E-Lite Tech IT Services ကုမ္ပဏီတို့က ရန်ကုန်မြို့ကို ဇုန်နှစ်ခု သတ်မှတ်ကာ ဆောင်ရွက်ကြမည်ဖြစ်သည်။ ၎င်း ကုမ္ပဏီနှစ်ခုနှင့် အခြားနည်းပညာ ကုမ္ပဏီများက ပူးပေါင်း၍ သတ်မှတ်ဇုန်အလိုက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “နေရာအနံ့မှာ ပေးနိုင်ဖို့အတွက် ပင်မစက်ကြီးတွေ ထိုင်နေပါပြီ။ Fortune အနေနဲ့ ဝါးတန်းလမ်းကနေ စပြီးပေးမှာဖြစ်ပြီး ၅ လမ်း၊ ၆ လမ်း၊ ၇ လမ်း အစရှိသဖြင့် လမ်းမတော်မြို့နယ် အတွက်ဆောင်ရွက်ပေးသွားမှာပါ။ အခုလက်ရှိ လမ်းမတော်မြို့နယ်အတွက် လျှောက်လွှာဖောင်တွေကို လက်ခံနေပါပြီ” ဟု Fortune International ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ တွင် ၎င်းဝန်ဆောင်မှုကို ယုဇန တာဝါ၊ ရွှေဟင်္သာ ကွန်ဒို၊ FMI City အစရှိသည့်နေရာတချို့တွင် အသုံးပြုလျက်ရှိကြောင်း သိရပြိး ရန်ကုန်မြို့နေရာအနှံ့တွင် ၂၀၁၂ ခုနှစ်နှစ်စပိုင်း၌ ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ လျှေက်ထားရန် သတ်မှတ်နှုန်းထားများမှာ ယခင်သတ်မှတ်ထားသော နှုန်းထားများအတိုင်းဖြစ်ကြောင်း Fortune International ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။ ကနဦးတပ်ဆင်ခမှာ ၇ သိန်းခွဲကျပ်ဖြစ်ပြီး မိမိဆောင်ရွက်လိုသည့် Service Plan အပေါ်မူတည်၍ ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်းလိုင်းတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ဖိုင်ဘာအင်တာနက်စနစ်မှာ အင်တာနက်၊ ရုပ်သံလိုင်း၊ VOIP ဖုန်းလိုင်း သုံးမျိုးပေါင်းစပ်ပါဝင်သည့် Triple Plane ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်သံလိုင်းများ ရရှိနိုင်ရန်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.