Tuesday, January 3, 2012

ဖိုင်ဘာအင်တာနက်စနစ် ရန်ကုန်မြို့တွင် စတင်ပေးတော့မည်

ဖိုင်ဘာဆက်ကြောင်း အင်တာနက်စနစ်အား ရန်ကုန်မြို့တွင် စတင်ပေးတော့မည်ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီတချို့ထံမှ သိရသည်။ အဆိုပါ စနစ်ကို Fortune International ကုမ္ပဏီနှင့် E-Lite Tech IT Services ကုမ္ပဏီတို့က ရန်ကုန်မြို့ကို ဇုန်နှစ်ခု သတ်မှတ်ကာ ဆောင်ရွက်ကြမည်ဖြစ်သည်။ ၎င်း ကုမ္ပဏီနှစ်ခုနှင့် အခြားနည်းပညာ ကုမ္ပဏီများက ပူးပေါင်း၍ သတ်မှတ်ဇုန်အလိုက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “နေရာအနံ့မှာ ပေးနိုင်ဖို့အတွက် ပင်မစက်ကြီးတွေ ထိုင်နေပါပြီ။ Fortune အနေနဲ့ ဝါးတန်းလမ်းကနေ စပြီးပေးမှာဖြစ်ပြီး ၅ လမ်း၊ ၆ လမ်း၊ ၇ လမ်း အစရှိသဖြင့် လမ်းမတော်မြို့နယ် အတွက်ဆောင်ရွက်ပေးသွားမှာပါ။ အခုလက်ရှိ လမ်းမတော်မြို့နယ်အတွက် လျှောက်လွှာဖောင်တွေကို လက်ခံနေပါပြီ” ဟု Fortune International ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ တွင် ၎င်းဝန်ဆောင်မှုကို ယုဇန တာဝါ၊ ရွှေဟင်္သာ ကွန်ဒို၊ FMI City အစရှိသည့်နေရာတချို့တွင် အသုံးပြုလျက်ရှိကြောင်း သိရပြိး ရန်ကုန်မြို့နေရာအနှံ့တွင် ၂၀၁၂ ခုနှစ်နှစ်စပိုင်း၌ ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ လျှေက်ထားရန် သတ်မှတ်နှုန်းထားများမှာ ယခင်သတ်မှတ်ထားသော နှုန်းထားများအတိုင်းဖြစ်ကြောင်း Fortune International ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။ ကနဦးတပ်ဆင်ခမှာ ၇ သိန်းခွဲကျပ်ဖြစ်ပြီး မိမိဆောင်ရွက်လိုသည့် Service Plan အပေါ်မူတည်၍ ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်းလိုင်းတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ဖိုင်ဘာအင်တာနက်စနစ်မှာ အင်တာနက်၊ ရုပ်သံလိုင်း၊ VOIP ဖုန်းလိုင်း သုံးမျိုးပေါင်းစပ်ပါဝင်သည့် Triple Plane ဖြစ်ပြီး နောက်ပိုင်းတွင် ရုပ်သံလိုင်းများ ရရှိနိုင်ရန်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.