Monday, November 5, 2012

ဗြိတိန်တွင် Samsung က Apple ကို ထပ်မံ တရားစွဲ

ပထမအကြိမ် တရားစွဲပြီး နောက်ထပ်တစ်ကြိမ် တရားစွဲရတဲ့ ဖြစ်ရပ်မျိုး ပြန် လည် ကြုံတွေ့ရပြန်ပြီ ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလိုဖြစ်ပါတယ်။

ပထမအကြိမ်တုန်းက လန်ဒန်တရားရုံးရဲ့  ဆုံးဖြတ်ချက်အရ Samsung ဟာ Apple ဆီမှ နည်းပညာ ခိုးမချထားဘူးလို့ ဆုံးဖြတ်ခဲ့ပြီး Apple မှ Samsung ကို တရားဝင် တောင်းပန်းရမယ်လို့ တရားစီရင်ချက်ချခဲ့ပါတယ်။ တောင်း ပန်မှုကတော့ UK အခြေဆိုက် Apple ဝဘ်ဆိုဒ်မှာ Samsung ကို တရားဝင် တောင်းပန်ကြေညာပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း Apple က တကယ် တောင်းပန်ပေးပါတယ်။ သို့ပေမယ့် လက်တစ်လုံးကြား ကွက်ကျော် ရိုက်သွားပါတယ်။

တောင်းပန်းစာကို မောက်စ်နဲ့ Scroll Down လုပ်မှ တွေံ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။ iPad mini ကို ဓာတ်ပုံ ကြီးကြီးနဲ့ ကြော်ငြာပါတယ်။ သာမန် ဝင်ကြည့်သူ တစ်ယောက်အနေနဲ့ iPad mini အပေါ်သာ အာရုံရောက်ပြီး အောက်မှာ စာကျန်သေးတယ်ဆိုတာ သတိထားမိကြမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Apple ရဲ့  Developer များက လက်စွမ်းပြလိုက်တာ ဖြစ်ပါတယ်။ JavaScript "resize" code ကို အသုံးပြု လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံကိုသာ အသားပေးပြီး တောင်းပန်စာ က အောက်ကို ကျသွားရတယ်လို့ ဆိုပါတယ်။

ဒါကို UK အခြေဆိုက် Samsung ကျေနပ်မှုလုံးဝ မရှိပဲ လန်ဒန် တရားရုံးကို ထပ်မံ တိုင်ကြားပါတယ်။ ယင်းသို့ ထပ်မံတိုင်ကြားမှုကြောင့် Apple အနေနဲ့ တောင်းပန်စာ ပေါ်အောင် တရားဝင်ပြန်လည် ဖော်ပြပေးရမယ့် အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
--
Ref:zdnet
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/samsung-apple.html

ဘကြီးသက်
Unknown at 9:57 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.