Monday, November 12, 2012

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသပိတ်ကျင်းမြို့မှ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီးထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များ ဖြစ်ကြသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးဘုန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကြူ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးအောင်သန်းဦးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဟန်စိန် တို့နှင့်အတူယနေ့ မွန်းလွဲ (၃) နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ မန္တလေးမြို့သို့ (၄) နာရီမိနစ် (၂၀) တွင် ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်း
ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ အဖွဲ့ဝင်များနှင့် အတူရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာသပိတ်ကျင်းမြို့သို့ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် (၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမြောက်ဘက် (၈၂) မိုင်ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာတို့ကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၆ ဒဿမ ၈) နှင့် (၅ ဒဿမ ၀) အဆင့်ရှိ (၃) ကြိမ် လှုပ်ခတ်ခဲ့သောငလျင်
ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များအား
လည်းကောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိကြသည့် ဒေသခံ ပြည်သူများအားဆေးဝါးကုသပေးနေမှု အခြေအနေများကိုလည်းကောင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီးဆေးဝါးများ၊ စားသောက်
ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးအားပေးစကားပြောကြားသည်။

ဒုတိယသမ္မတသည် ငလျင်ဒဏ်သင့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးစိုးရိမ် ပူပန်မှု မရှိကြရန်နှင့် နိုင်ငံတော်မှ တတ်နိုင်သမျှ ပံ့ပိုးကူညီစောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်းပြော
ကြားပြီးတာဝန်ရှိသူများကိုလည်းမြေငလျင်နှင့် ပတ်သက်သောအသိပညာများ ချပြရှင်းလင်း
ကြရန် မှာကြားသည်။

သပိတ်ကျင်းမြို့ပေါ်တွင် အိမ်ခြေ (၈၄၃) အိမ်၊ အိမ်ထောင်စု (၉၂၁) စု၊ လူဦးရေ (၄၁၉၅) ရှိသည့်အနက် သာသနိကအဆောက်အအုံ (၂၁) လုံး၊ ဌာနဆိုင်ရာအဆောက်အအုံ (၄၈) လုံး၊ စာသင်ကျောင်း (၄) ကျောင်းနှင့် နေအိမ် (၁၀၂) လုံးထိခိုက် ပျက်စီးခဲ့ပြီးဒေသခံ ပြည်သူ (၃) ဦးသေဆုံး၊ (၃၅) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)၊ စေတနာရှင် (၄) ဦးကကျပ် သိန်း (၅၀) စီဖြင့် သိန်း (၂၀၀)၊ စုစုပေါင်းငွေကျပ် သိန်း (၃၀၀) ပေးအပ်မှုနှင့်အတူတာဝန်ရှိသူများကကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းငလျင် လှုပ်ခတ်ပြီးနောက် အဆိုပါ ဒေသများတွင် ကာလအတန်ကြာ
သည်အထိမကြာခဏငလျင် ထပ်မံလှုပ်ခတ်လေ့ ရှိသဖြင့် ဒေသခံ ပြည်သူများမှာတိုက်အိမ်နှင့် အုတ်ညှပ်နေအိမ်များအတွင်း မနေထိုင်သင့် သေးကြောင်းသတင်းရရှိသည်။

http://www.president-office.gov.mm/zg/briefing-room/news/2012/11/11/id-1701
— ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ငလျင်ဒဏ်သင့် ဒေသခံများနှင့် တွေ့ဆုံ (6 photos)

ဘကြီးသက်
Unknown at 9:43 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.