Monday, October 15, 2012

ဂျပန်ပြည်တွင်းရှိ ကားကုမ္ပဏီပေါင်း ၂၀၀ ဖြင့်ဖွဲ့စည်းထားသည့် JUMVEAအဖွဲ့အစည်းမှကားနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းမည်





ဂျပန်ပြည်တွင်းရှိ ကားကုမ္မဏီပေါင်း ၂၀၀ဖြင့် ဖွဲ့စည်းထား သည့် အဖွဲ့အစည်းမှ ကားနှင့် ဆပ်စပ်ပစ္စည်းများကို တင်သွင်း သွားမည်ဖြစ်ကြောင်း အောက်တို ဘာလ (၁၀)ရက်နေ့က ယုဇန ဟိုတယ်တွင် ပြုလုပ်သော ဂျပန် နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကားလုပ် ငန်းရှင်များ စိတ်ဝင်စားသူများ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးပွဲ တွင် JUMVEA အဖွဲ့မှ မန်းနေ ဂျင်းဒါရိုက်တာMr.SATO  က ပြောသည်။

အဆိုပါအဖွဲ့မှာ ဂျပန်အစိုး ရ အသိအမှတ်ပြု used car များတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ““မြန်မာက ဂျပန်မှာ နံပါတ် ၁နဲ့ ၂လူကြိုက်အများဆုံး နိုင်ငံဖြစ်နေပါတယ်””ဟု Mr.SATO က ပြောသည်။

ယခုကဲ့သို့ကားများတင်သွင်း မည်ဆိုပါက ကားဈေးနှုန်းများ ကျဆင်းလာနိုင်ပြီး အာဆီယံမှ ကားများတင်သွင်းမည်ဖြစ်ကြောင်း လည်းလက်ရှိတွင် ကားဈေးနှုန်း များ အနည်းငယ်ကျဆင်းလာ ကြောင်း ဟံသာဝတီကားပွဲစား တန်းမှ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

တစ်ပတ်ရစ်ကားတွေဆိုပေမဲ့ ကျွန်တော်တို့ နိုင်ငံအနေအထား နဲ့ဆို အသစ်နီးပါးပါပဲ။ ဒါပေမဲ့ ကားတွေများလာသလို လမ်းတွေ လည်း ကောင်းလာမယ်။ ယာဉ် ကြောပိတ်ဆို့နေတာတွေကို အစိုး ရအနေနဲ့ ဖြေရှင်းပေးနိုင်မယ်ဆို ရင် ပိုကောင်းတာပေါ့ဗျာ ဟု အဆိုပါပွဲသို့ တက်ရောက်လာသူ ကားကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။
ဘကြီးသက်
Unknown at 8:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.