Monday, October 15, 2012

တရုတ်နိုင်ငံရှိ iPhone5 စက်ရုံတွင် ဆန္ဒပြ မှုဖြစ်ပွား


တရုတ်နိုင်ငံရှိ အက်ပဲလ် ကုမ္ပဏီ၏ အိုင်ဖုန်းဖိုက် ဖုန်းများ ထုတ်လုပ်ရာ Foxconn စက်ရုံတွင် အလုပ်သမား ထောင်ပေါင်းများစွာ သပိတ်မှောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး စမတ်ဖုန်းများ ထုတ်လုပ်မှုကို ထိခိုက်ခဲ့ကြောင်း တရုတ် အလုပ်သမား စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။
အိုင်ဖုန်း စမတ်ဖုန်း အရေအတွက် များစွာကို ကမ္ဘာတစ်ဝန်း တစ်ကြိမ်တည်း တစ်ပြိုင်တည်း အများဆုံး စတင် ရောင်းချခဲ့ရပြီး အက်ပဲလ်အတွက် အရေးကြီးနေသော အချိန်တွင် ယခု သပိတ်မှောက်မှု သတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ အက်ပဲလ် ကုမ္ပဏီ အနေဖြင့် ယခုအချိန်မှာပင် မှာယူမှုများကို ပေးပို့နိုင်ရန် ရုန်းကန်နေရသည်။ အလုပ်သမား ၃၀၀၀၊ ၄၀၀၀ ခန့်သည် အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းမှ စတင်၍ ရှန်ဇူးဒေသရှိ Foxconn စက်ရုံတွင် စတင် ဆန္ဒပြခဲ့ကြသည်ဟု အလုပ်သမားများအား ကိုးကား၍ စောင့်ကြည့်ရေး အဖွဲ့က ပြောသည်။
အောက်တိုဘာလ ၈ ရက်တွင် စတင်မည့် “ရွှေရောင် ရက်သတ္တပတ် အားလပ်ရက်” ဟု တရုတ်နိုင်ငံတွင် ခေါ်ဆိုသော သီတင်းပတ်အား အလုပ် လုပ်ပေးရန်နှင့် တိကျလွန်းသော အရည်အသွေး ထိန်းချုပ်မှုများကို မကျေနပ်သောကြောင့် အလုပ်သမားများက ယခုကဲ့သို့ ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အက်ပဲလ် ကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆန်သလို Foxconn စက်ရုံကိုလည်း ဆက်သွယ်၍ မရပေ။
Ref: Reuters

မူရင်းသတင်း--- 7DAY NEWS
Post By : အေးချမ်းမွန်

ဘကြီးသက်
Unknown at 11:15 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.