Wednesday, October 24, 2012

မြန်မာနိုင်ငံ၏ တယ်လီကွန်းကဏ္ဍကို နိုင်ငံတကာလုပ်ငန်းရှင်များ စိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားရှိ




နိုင်ငံတကာ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ တယ်လီကွန်းကဏ္ဍ (Telecom Sector) ကို စိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားရှိကြောင်း Myanmar Computer Federation မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက သုံးသပ်ပြောကြားသည်။ မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံအတော်များများရှိကြောင်း သိရသည်။ “လက်ရှိ လုပ်စရာတွေ အများကြီးပဲ။ လျှပ်စစ်ကဏ္ဍလည်း လုပ်ရမှာပဲ။ ဆက်သွယ်ရေးကဏ္ဍလည်း လုပ်ရမှာပဲ။ စိုက်ပျိုးရေးကဏ္ဍလည်း လုပ်ရမှာပဲ။ သိသိသာသာနဲ့ မြန်မြန်လုပ်ပြီး မြန်မြန်အမြတ်အစွန်း ရနိုင်တဲ့ကဏ္ဍက ဆက်သွယ်ရေးကဏ္ဍပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အကြမ်းဖျင်းအားဖြင့် ဂျပန်၊ ကိုရီးယားနှင့် ဥရောပနိုင်ငံ အတော်များများ စိတ်ဝင်စားမှုများကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံ တယ်လီကွန်းကဏ္ဍတွင် ရရှိသော အမြတ်အစွန်း ကာကွယ်ပေးရေးကို ပြည်ပလုပ်ငန်းရှင်များ အနေဖြင့် စိုးရိပ်မှုရှိကြောင်း သိရသည်။ “အင်တာနက်လိုင်း မကောင်းတာတို့၊ ဘာတို့က အကုန်ဖြေရှင်းလို့ ရတယ်။ သူတို့စိုးရိမ်တာက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒီမှာလာထားရမှာ။ ဒီပိုက်ဆံတွေ ကျိန်းသေပေါက် မြတ်ဖို့ရယ်။ အဲဒီအမြတ်ကို ကာကွယ်ပေးဖို့ရယ်က သူတို့အတွက် အစိုးရိမ်ဆုံးအချက်ပါပဲ။ Trader တို့၊ Sedona Hotel တို့ဆိုရင် အရင်တုန်းက ဥပဒေနဲ့ လုပ်ထားတာ၊ ဒီနေ့ အချိန်အထိ ပြည်သူပိုင်လည်း မသိမ်းဘူး။ အစိုးရက အဆင်ပြေတဲ့နည်းနဲ့ သူတို့ပိုက်ဆံတွေ ထုတ်လို့ရအောင် လုပ်ပေးခဲ့တာပဲ။ အခုအစိုးရက ပိုပြီးတော့တောင် ထင်သာမြင်သာတဲ့နည်းနဲ့ လုပ်ပေးဦးမှာ ဖြစ်တယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ ယှဉ်ပြိုင်ပါဝင်ကာ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အပြိုင်အဆိုင်ပေးနိုင်ရန် အကောင်အထည်ဖော်လျက် ရှိကြောင်း သိရှိရသည်။
 
 Myanmar Express
ဘကြီးသက်
Unknown at 6:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.