Tuesday, October 9, 2012

သတင်းထောက်များအား လက်ကိုင်ဖုန်းတပ်ဆင်ပေး




မြန်မာ့အလင်းသတင်းစာကို   အသွင်သဏ္ဍန်နှင့်အနှစ်သာရပါ  ပြောင်းလဲထုတ်ဝေလျက်ရှိရာ အောက်တိုဘာလ(၁၈)ရက်နေ့က စ၍ ရောင်စုံသတင်းစာအဖြစ်  ပြောင်းလဲထုတ်ဝေသွားမည်ဖြစ်  သည်။မြန်မာ့အလင်းသတင်းစာ   အသွင်သဏ္ဍန်ပြောင်းလဲရေးနှင့် အနှစ်သာရပိုမိုရှိစေရေးအတွက်   ပြောင်းလဲဖော်ဆောင်ချိန်တွင်  သတင်းများအချိန်နှင့်တပြေးညီ   လျင်မြန်သွက်လက်စွာ သတင်းထူး၊    သတင်းဦးရရှိပေးပို့နိုင်ရေးအတွက်   သတင်းအများဆုံးစိတ်ဝင်တစား  ပေးပို့ခဲ့ကြသော သတင်းထောက်    များအား ပထမသုတ်အဖြစ် စီစစ်  ရွေးချယ်၍ နယ်သတင်းထောက် တို့အား လက်ကိုင်ဖုန်းတပ်ဆင် အသုံးပြုရန် ပေးအပ်သည့်အခမ်း အနားကို အောက်တိုဘာလ(၆)  ရက်နေ့က နေပြည်တော်၊ခရေပင်   လမ်းခွဲရှိ မြန်မာ့အလင်းသတင်း စာတိုက် အစည်းအဝေးခန်းမတွင်  ကျင်းပသည်။

နယ်သတင်းထောက်များအား   လက်ကိုင်ဖုန်းတပ်ဆင်ပေးသည့်     အခမ်းအနားတွင် မြန်မာ့အလင်း သတင်းစာတိုက် စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက ယနေ့မြန်မာ့အလင်း  သတင်းစာကို ခေတ်စနစ်နှင့်အညီ   ပြောင်းလဲထုတ်ဝေနေရာ နယ် သတင်းထောက်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း ဖြစ်ပေါ်လျက် ရှိသော  နိုင်ငံရေး၊စီးပွားရေး၊လူမှု ရေးသတင်းများကို ကဏ္ဍစုံလင်စွာ ဖြင့် ပြည်သူဗဟိုပြုသော သတင်း  ထူး၊သတင်းဦးများကို ရောက်လေ ရာနေရာမှ အမြန်ဆုံးအင်တာနက်    စနစ်ဖြင့်  သတင်းပေးပို့နိုင်ရန်  နယ်သတင်းထောက်များအား   လက်ကိုင်ဖုန်းတပ်ဆင်ပေးအပ် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော  ကြားသည်။
ထို့နောက်တက်ရောက်လာ သော သတင်းထောက်များကို မြန်မာတစ်နိုင်ငံလုံးမည်သည့်မြို့ နယ်က သတင်းမဆိုရေးသားပေး ပို့နိုင်ရန် အထူးသတင်းထောက် အဖြစ် ခန့်အပ်ပြီး မြန်မာ့အလင်း    စာတည်းမှူးချုပ် ဦးလှိုင်ဝင်းက    နေပြည်တော်အထူးသတင်းထောက်  ဦးမင်းမင်းလတ်(မင်းမင်းလတ် မန်းတက္ကသိုလ်)၊မန္တလေးမြို့မှ အထူးသတင်းထောက် ဦးတင် မောင်(မန္တလေး)၊မိတ္ထီလာခရိုင်မှ   အထူးသတင်းထောက် ဦးတင် လှိုင်(မိတ္ထီလာ)နှင့် တောင်ငူခရိုင်   အထူးသတင်းထောက် ဦးသူရ  (တောင်ငူ)တို့အား လက်ကိုင်ဖုန်း   များပေးအပ်လိုက်သည်။မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း များမှ ပထမအကြိမ်အဖြစ် သတင်းထောက်(၂၀)ဦးအား   လက်ကိုင်ဖုန်းတပ်ဆင်ပေးခြင်းဖြစ် သည်
ဘကြီးသက်
Unknown at 10:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.