Tuesday, October 9, 2012

ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်ဆိုသည်မှာ မဖြစ် နိုင်ဟုပြော

 
အင်တာနက် အွန်လိုင်းများပေါ် တွင်ယခုရက်ပိုင်း အတွင်း ပျံ့ နှံ့ နေ သော “ကိုလာ ၊ပက်ပစီ အချိုရည် များ နှင့် မြန်မာဆေး မတည့်” ဟူသည် မှာ မဖြစ် နိုင်ကြောင်း မြန်မာ နိုင်ငံ စာ သုံးသူများ ကာကွယ်ရေး အတွင်းရေးမှူး (၃) ဦးအောင်နိုင်က ပြောကြားသည်။

“ဒီ ကိုလာတွေ၊ ပက်ပစီ တွေ ဆိုတာ တစ် ကမ္ဘာ လုံး ဖြန့် ချိနေ တာ၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အရင်ထဲက ရှိနေ တာ ဒီလို လူတောင် သေစေနိုင်တဲ့ ဓာတုဆေးဝါးတွေ မသုံးထားပါဘူး။ မြန်မာ ဆေး နဲ့ မတည့်ဘူး ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ကျွန်တော့ အတွေ့အကြုံ အရတော့ ။ တကယ် ဖြစ်တယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က အရေးယူသွားမှာပါ။”ဟု ၄င်းက ပြောကြားသည်။

ယခုကိစ္စနှင့် ပတ်သတ်၍ လူသေသွားသည် ဆိုသည် မှာ သေဆုံးသူ အနေဖြင့် အခြား အစားအစာ တစ်ခုခု သုံးဆောင် ထားမိ ၍ အစာ အဆိပ်သင့် ၍ တိုက်ဆိုင်သွား သည်လည်းဖြစ်နိုင်သကဲ့သို့ ဝမ်းတွင် တွင် အစာမရှိ ဘဲ အဆိုပါ အချိုရည် များသောက် သုံးမိ ပါ က လေချဉ် တတ် ခြင်း ၊ နှလုံးရောဂါ ရှိသူများ အစာမရှိ ပဲ သောက်သုံးမိပါ က အော့အန်တတ်ခြင်း စသဖြင့် သမားရိုးကျ ဖြစ် စဉ်များသာ ဖြစ်နိုင်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“ ဗမာ ဆေးနဲ့မတည့်ဘူး ဆိုတာတော့ မဖြစ် နိုင်ဘူး။တစ် ချို့ အင်္ဂလိပ်ဆေး တွေနဲ့ မတည့်တာတော့ ရှိမယ် ။ သူတို့က အဆီအနှစ် တွေကို တိုက်ရိုက် ယူသုံးထားတာ ဖြစ်တဲ့ အတွက် ဒီ လို ဖြစ်တတ်ပါတယ် ။ဒါ ပေမယ့် ဗမာဆေးတွေ ဖော်စပ်တဲ့ အခါမှာကြတော့ သစ်ဥ၊ သစ်ဖုတွေကို အဆီထုတ် အမှုန့်ကြိတ်ပြီး ပဉ္စငါးပါး နဲ့ ဖော်စပ်ကြတာ ဖြစ်တဲ့အတွက် အန္တာရာယ်က မဖြစ် သလောက်ပဲ။” ဟု တိုင်းရင်းဆေးဆရာဝန် ဦးစောနိုင်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် အလားတူပင် လွန်ခဲ့သော ရက်များတွင် ပန်းသီးနှင့် သနပ်ခါးမတည့်ကြောင်း သတင်းများလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့ ခဲ့ပြီး၊ ၄င်းသတင်းမှာလည်း မှန်ကန်မှု အလျှဉ်း မရှိကြောင်း တိုင်းရင်းဆေး ဆရာဝန်ကြီးများ၏ အတည်ပြုချက် အရ သိရသည်။

ဘကြီးသက်
Unknown at 10:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.