Monday, October 15, 2012

အင်တာနက်အသုံးပြုခများ လျှော့ချရန်စီစဉ်နေ


GSM, WCDMA,CDMA မိုဘိုင်းလ် တယ်လီဖုန်းများမှ အင်တာနက် အသုံးပြု သူဦးရေ သုံးသိန်းကျော် အထိ ရှိလာပြီး ADSL စနစ်ဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက် မှာလည်း လက်ရှိ အချိန်တွင် ၄၆၇၁ဝ ဦး ရှိ လာပြီး ငွေကြေး ကောက်ခံမှု နှုန်းထားများကို လျှော့ချရန် စီစဉ် ဆောင်ရွက် နေကြောင်း သိရှိ ရသည်။

ADSL စနစ်ဖြင့် အင်တာနက် သုံးစွဲမှု မှာ ၂ဝ၁၂ ခုနှစ် အတွင်းတွင် မြို့ကြီး (၆၄) မြို့တွင် လိုင်းအင်အား ၄၆၇၁ အထိ တိုးချဲ့ အသုံးပြု လာနိုင်ပြီး အင်တာနက် အသုံးပြုမှု မြန်ဆန်ရေး ဆက်ကြောင်း ရရှိမှုအပေါ် မူတည်၍ လက်ရှိ ငွေကြေး ကောက်ခံမှု နှုန်းထားများ အတိုင်း အမြန်နှုန်းများအား တိုးမြှင့်ခဲ့ပြီး ဖြစ်ကာ ငွေကြေး ကောက်ခံမှု နှုန်းထားများအား လျှော့ချ နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


International Internet Backbone Link စုစုပေါင်း 20 Link ဖြင့် ဂျပန်၊ အမေရိကန်၊ Europe၊ ထိုင်း၊ စင် ကာပူ၊ ဟောင်ကောင် နိုင်ငံများသို့ Satelite, Cross border Fibre Link များဖြင့် ချိတ်ဆက်ထားကာ ၁၃ ဒသမ ၈၈ Gbps အထိ တိုးချဲ့မည် ဖြစ်သည်ဟု သိရသည်။

http://www.myawady.com.mm/index.php/92-technology/


ဘကြီးသက်
Unknown at 9:57 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.