Saturday, October 20, 2012

ဒုတိယမြောက် ABSDF လူသတ်ပွဲ(သို့) ကေအိုင်အေလည်း သူသှ်ျိုတွေဆိုပြီး အော်နေပြီ

KIA လူသစ်များအတွင်း သူလျှိုများနှင့် စစ်တပ် ထောက်လှမ်းရေး အဖွဲ့များ ပါဝင်လျက်ရှိ မြစ်ကြီးနား၊ အောက်တိုဘာလ ၁၉ ရက် KIA နဲ့ ဗမာစစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း KIA မှ အရာရှိအဆင့် ၂၆၀ ကျော်အပါအ၀င် စုစုပေါင်း ၂၀၀၀ လောက်သေဆုံးခဲ့တယ်။
 သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ အင်အား ၄၀၀၀ လောက်ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲဒီထိခိုက်ဒဏ်ရာ ရသူတွေရဲ့ တစ်ဝက်ကျော်လောက်ဟာ ကိုယ်လက် အင်္ဂါတွေဆုံးရှုံးခဲ့ပြီး ပြန်လည်တာဝန်ထမ်းဆောင်လို့ မရတော့သူတွေဖြစ်တယ်လို့ လိုင်ဇာသတင်းရပ်ကွက်အဆိုအရ သိရပါတယ်။
 KIA စစ်ဘက်ခေါင်းဆောင် တစ်ဦးကတော့ “စစ်ပညာအခြေခံနည်းလို့ဖြစ်တာပါ။ ငြိမ်းချမ်းနေတုန်းက စစ်ပညာဟုတ်တိပတ်တိ မသင်ခဲ့ဘူး။ တကယ်စစ်တပ်နဲ့တိုက်ပွဲဖြစ်တော့ ထိခိုက်ကျဆုံးမှုများတယ်။ သူတို့ စစ်တပ်နဲ့တော့ ဘယ်တူမလဲဗျာ။ တစ်ချို့ကိုလည်း အလွယ်တကူခေါ်သုံးထားရတာ။ သေနတ်ပစ်တတ်တယ် ဆိုရုံပဲရှိတယ်။ စစ်နည်းဗျူဟာပိုင်း ဆိုတာကတော့ ဝေးရော”လို့ ပြောပါတယ်။ တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ တစ်နှစ်လောက်အတွင်း KIA မှာ ဘာကြောင့်ဒီလောက် ထိခိုက် ကျဆုံးခဲ့ရသလဲလို့မေးတော့ သူကဒီလိုဆက်ပြောပါတယ် “စစ်တိုက်တယ်ဆိုတာ သေနတ်ပစ်တတ်ရုံနဲ့ မရဘူးဗျ၊ အဓိက စစ်နည်းဗျူဟာလိုတယ်။ ကျုပ်တို့အဖွဲ့တွေက ရန်သူလက်နက်ကြီး ပစ်နေပါတယ် ဆိုမှ စုပြီးထိုင်နေတယ်။ နေရာယူဆိုတော့လဲ စုပြုံပြီးနေရာယူတယ်။ အဲဒီမှာတင် ရန်သူ့လက်နက်ကြီးကျပြီး အတုံးအရုန်းသေကြတယ်။ ဒါကြောင့် အခုလူသစ်တွေကို သေနတ် ပစ်တတ်ရုံတင်မက စစ်နည်းဗျူဟာပါ သင်ဖို့လုပ်နေရတယ်။” KIA မှာ အသေအဆုံးတွေများလာတဲ့အတွက် လူသစ်စုဆောင်းရေးကို အရေးကြီးလုပ်ငန်းတစ်ခု အဖြစ် ဆောင်ရွက်နေရပါတယ်။

လူမျိုး၊ အသက်အရွယ်၊ ကျန်းမာရေး၊ ဒါတွေမစဉ်းစားတော့ဘဲ အရေအတွက်ပြန်ပြည့်ဖို့သာ ဦးစားပေးစုဆောင်းနေရပါတယ်။ အဲဒီလို စုဆောင်းတာဟာ ဒေသခံတွေရဲ့ KIA အပေါ် နာကျည်းမှုကိုဖြစ်စေပါတယ်။ ဒါဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးတွေအတွက်တော့ အကွက်ကောင်းပါပဲ၊ စစ်တပ်က ကချင်ပြည်နယ်ဒေသခံတွေရဲ့ ထောက်ခံမှုပိုရလာသလို တစ်ဘက်မှာ လည်း သူလျှိုတွေ၊ စစ်တပ်ထောက်လှမ်းရေးတွေကို KIA စုဆောင်းတဲ့ သူသစ်တွေထဲမှာ အလွယ်တကူ ထည့်လိုက်လို့ရတယ်။

 KIA တပ်မဟာ(၂)က အင်အား ၄၀ လောက်ဟာ ဝမ်းပလားရွှေမှော်၊ ဝှေပီရွှေမှော်၊ တုံမဏီရွှေမှော်၊ နမ့်ကွမ်းရွှေမှော်နဲ့ ပရင်းတောင် ရွှေမှော် တွေဘက်မှာ အောက်တိုလာလ ၈ ရက်နေ့လောက်ကစပြီး လူသစ်တွေစုခဲ့ပါတယ်။ စုစုပေါင်း လူသစ် ၁၀၀ လောက်ရတယ်လို့ အထက်ကို အစီရင်ခံခဲ့တယ်။ အဲဒီစုလို့ရတဲ့လူသစ်တွေကို တနိုင်းချောင်းအတိုင်း စက်လှေနဲ့ တပ်ရင်း(၁၄)ရှိတဲ့ ထရီဘွမ်ကိုခေါ် သွားခဲ့တယ်။ အဲဒီအဖွဲ့ထဲမှာ သူလျှိုတွေနဲ့ စစ်တပ်ထောက်လှမ်းရေးတစ်ချို့ ပါသွားတယ်လို့ ကြားရတယ်။

ဒီအဖွဲ့တွေကို လေ့ကျင့်ပြီး KIA ဗဟိုဌာနချုပ်လို နေရာမျိုးနဲ့ အရေးကြီးနေရာတွေမှာသာ တာဝန်ပေးမိရင် KIA အတွက် အလွန်အင်မတန်မှ အန္တရာယ်ကြီးကြောင်း၊ KIA အရာရှိတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံမှ သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ KIA ဗဟိုနဲ့ တပ်မဟာတွေရဲ့သတင်းတွေကို စစ်တပ်က ကြိုသိနေတာဟာ KIA အတွင်းမှာ စစ်တပ်ရဲ့ ထောက်လှမ်းရေးတွေ တော်တော်များများ ထိုးဖောက် ထားနိုင်လို့ဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်း အထိတောင် ချဉ်းကပ် ဝင်ရောက် နေပြီလို့ဆိုပါတယ်။ တရုတ် ထောက်လှမ်းရေး တွေကတော့ KIA အတွင်းမှာ စစ်တပ်သူလျှို ၂၀၀ ကနေ ၃၀၀ လောက် အထိတောင် ရှိနေပြီလို့ပြောပါတယ်။

 ဒီကိစ္စတွေရဲ့ အဓိက အကြောင်းအရင်းဟာ လူသစ်တွေကို မစိစစ်ဘဲ စုဆောင်း ခဲ့တာကြောင့်ဖြစ်ကြောင်း၊ အခု အဲဒီ လူသစ်တွေဟာ KIA ရဲ့အရေးကြီးနေရာတွေ အထိ ရောက်ရှိနေပြီ ဆိုတဲ့အကြောင်းနဲ့ ဒါဟာ KIA အတွက် ကြီးမားတဲ့ အန္တရာယ်တစ်ရပ် ဖြစ်ကြောင်း မြန်မာ-တရုတ် နယ်စပ် သတင်းတွေ အရ သိရှိရပါတယ်။
 ref:အမေ့အိမ်

ဘကြီးသက်
Unknown at 1:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.