Sunday, September 9, 2012

မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို SME ဘဏ်အဖြစ် ပြောင်းလဲမည်



From : ခေတ်လူငယ်
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအား အရင်းအနှီးနှင့် နည်းပညာအကူအညီများပေးရန် ရည်ရွယ်၍ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME ဘဏ်) အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောကြားသည်။ နေပြည်တော်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၌ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ငွေကြေးဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအထောက်အကူပေးရေး” စာတမ်းဖတ်ကြားစဉ် ဦးသိန်းဇော်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားကောင်းရန်လိုအပ်ပြီး နိုင်ငံ၏ အဆိုပါလုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်နိုင်ရန် အထောက်အပံ့ပေးမည့် ဖွံ့ဖြိုးရေးဘဏ်များ ထူထောင်ပေးရမည်သာ ဖြစ်ကြောင်း၊ လက်ရှိတွင် ပုဂ္ဂလိဘဏ်များမှာ Commerical Bank (စီးပွားရေးဘဏ်) များသာဖြစ်သဖြင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ အာမခံတင်မှသာ ချေးငွေရရှိသောကြောင့် လုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရန်၊ တိုးချဲ့ရန် လွယ်ကူမှုမရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ထောက်ပြပြောဆိုသည်။ ကမ္ဘောဇဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အရှေ့အာရှတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ SME လုပ်ငန်းများဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုစီးပွားရေး ဖွံ့ဖြိုးနေသော ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှာ SME လုပ်ငန်းများမှတစ်ဆင့် စီးပွားရေး တိုးတက်လာခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 5:48 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.