ဆီးဂိမ်း အတွက် တရုတ် ထိပ်တန်းနာမည်ကြီးကုမ္မဏီ HUAWEI မှ ဆက်သွယ်ရေးပစ္စည်းများလူဒါန်း

သမ္မတကြီး ကို လေးစားသောအားဖြင့်
တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ထိတ်တန်းကုမ္မဏီ တစ်ခုဖြစ်သော HUAWEI မှ
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဆီးဂိမ်း အတွက်
လိုအပ်လျှက်ရှိသော ဆက်သွယ်ရေးပစ္စည်းများကို လှုဒါန်းလိုက်ပါသည်။
သမ္မတကြီးမှလည်း လိုအပ်နေသော ဆက်သွယ်ရေး ပစ္စည်းများအတွက် စိတ်ပူနေရာ ယခုလို
လှုဒါန်း သည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားလိုက်ပါသည်။
ဖခင်ကောင်း တစ်ယောက်ဟာ အလုပ်လုပ်တာ ဥစ္စာပစ္စည်း ရှာတယ်ဆိုတာ သားသမီးတွေ
အတွက်ပဲ။
အဖ နှင့် တူသော သမ္မတကြီး ကမ္ဘာအနှံ့ ရောက်လေရာ နိုင်ငံတိုင်းမှာ
သားသမီးနဲ့တူတဲ့ နိုင်ငံသားတွေ အတွက် ပစ္စည်းဥစ္စာ ရှာခဲ့တယ်။
-ဂျပန်ကို သွားတယ်။ အပြန်မှာ ချေးငွေတွေလျော့ပေးပြီး ဆက်သွယ်ရေးဂြိုလ်တု
လွှင့်တင်ပေးမယ့် လက်ဆောင်ကို တို့အတွက် ယူလာတယ်။
-အိန္ဒိယကို သွားတယ်။ အပြန်မှာ ချေးငွေ သန်း ၅၀၀ လက်ဆောင်ယူလာတယ်။
ရေအားလျှပ်စစ် စက်ရုံတည်ပေးမယ့် ကတိပြုချက် လက်ဆောင် ယူလာတယ်။
-ထိုင်းကို သွားတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံလုပ်သားတွေနဲ့
တန်းတူလစာ အခွင့်အရေး ရအောင်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ( ၆၅ နှစ်အတွင်း ဆက်ဆံရေး အကောင်းဆုံး အခြေအနေ)
-တရုတ်ကို သွားတယ်။ ဆီးဂိမ်းမှာ လိုအပ်လို့ စိတ်ပူနေရတဲ့ ဆက်သွယ်ရေး
ပစ္စည်းကို အပြန်လက်ဆောင် အဖြစ် ယူခဲ့တယ်။
ဖခင်ကောင်းဆိုတာ အပြင်က ပြန်လာရင် သားသမီးတွေ အတွက် အိမ်ပြန်လက်ဆောင်
ဝယ်ခဲ့တယ်။
ဆုပေးတဲ့ အခမ်းအနားမှာတောင် သားသမီးတွေနဲ့ မျှဝေခံစားချင်တယ် လို့
မချိတရိစကားနဲ့ အပြည့်အ၀ မပျော်ပါဘူး ဆိုတဲ့ ဖခင်နဲ့ တူသောသမ္မတကြီးကို
အစဉ်လေးစားချစ်ခင် ပါတယ်။ ကျွန်တော်တို့ရဲ့ ဖခင်ကြီး သမ္မတကြီး
ဦးသိန်းစိန်ဟာ ကျွန်တော်တို့ အတွက် ဘယ်အရာနဲ့မှ မလဲနိုင်အောင်
တန်ဖိုးရှိသော ဖခင်ကြီးဖြစ်ပါတယ်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge