Tuesday, September 25, 2012

အမေရိကန်GE ကုမ္မဏီထုတ် ခေတ်မှီဂျက်လေယာဉ်(၂)စီး မြန်မာနိုင်ငံသို့ရောက်မည်

101jet
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့အရေးယူဒါဏ်ခတ်
မှုလျော့ပေါ့ပေးလိုက်ပြီးနောက် အမေရိကန်ကုမ္မဏီကြီးတခုဖြစ်သည့် GE ကုမ္မဏီမှမြန်မာနိုင်ငံ
သို့ စတင် ရင်နှီးမြုပ် နှံ ရန်ဆောင်ရွက်ခဲ့သည်။
GE ကုမ္မဏီ၏ ယူနစ်တခုဖြစ်သော မြို့ ပြ ဆိုင်ရာလေကြောင်းထုတ်လုပ်မှုလီမိတက် (GECAS)
မှ မြန်မာလေကြောင်းလိုင်းအတွက် ခေတ်မှီဂျက်လေယာဉ် Embraer E190 (၂)စီးကို ငှားရမ်း
ခဲ့သည်။
အဆိုပါလေယာဉ်( ၂)စီးကို လာမည့် နိုဝင်ဘာလနှင့် ဒီဇင်္ဘာလတွင် ရန်ကုန်မြို့သို့ ပိုဆောင်
မည်ဖြစ်ကြောင်း GECAS ဥက္ကဌ Norman C.T. Liu ကကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း( ၄၉)ကြာစစ်အာဏာရှင်လက်အောက်တွင် အမေရိကန်ကုမ္မဏီကြီးတခု၏
အရပ်ဖက်ဆိုင်ရာ လေယာဉ် ငှားရမ်း မှုမှာပထမဆုံးဖြစ်သည်။
GE ကုမ္မဏီသည် ပြီးခဲ့သည့်ဂျူလိုင်လအတွင်းက မြန်မာ့အရောင်းကိုယ်စားလှယ်တဦးမှတဆင့်
ပုဂ္ဂလိက ဆေးရုံ(၂)ရုံသို့ ခေတ်မှီဓါတ်ရိုက်ကရိယာများနှင့်အခြားစက်ပစ္စည်းများရောင်းချဖို့ သ
တောတူညီချက်ရရှိပြီးဖြစ်သည်။
GE ကုမ္မဏီအနေဖြင့် အရပ်ဖက်သုံး စက်မှုပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံအတွင်း ရောင်းချခွင့်ရှိသော်လည်း
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် စစ်ဖက်ဆိုင်ရာအသုံးပြု ပစ္စည်းများကို အမေရိကန်
ဥပဒေအရပိတ်ပင်ထားဆဲဖြစ်သည်။
Embraer E190 ခေတ်မှီဂျက်လေယာဉ်ကို မတ်လ၁၂ရက်၊၂၀၀၄ခုနှစ်တွင်ပထမဆုံးပျံသန်းခဲ့ပြီး
နိုင်ငံတော်တော်များတွင်အသုံးပြုနေကြပြီဖြစ်သည်။ လေယာဉ်အင်ဂျင်ကို GE အင်ဂျင် (၂)လုံးတပ်
ဆင်ထားပြီး တောက်လျောက် (၄၄၄၈) ကီလိုမီတာပျံသန်းနိုင်သည်။ လေယာဉ်တွင် စီးပွားရေး
ပထမတန်းထိုင်ခုံ(၉)ခုံနှင့် ရိုးရိုးတန်းထိုင်ခုံ (၈၈)ခုံပါရှိသည်။
 F N G
ဘကြီးသက်
Unknown at 9:01 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.