Tuesday, September 25, 2012

ဂျိမ်း(စ)ဘွန်း မင်းသား ရော်ဂျာမိုး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံရန် မြန်မာပြည်လာမည်

roger-moore-the-spy-who-loved-me-james-bond.png
      ၊တတိယ မြောက် ဂျိမ်းဘွန်း သရုပ်ဆောင် ဖြစ်သူ အသက် ၈၄ နှစ် အရွယ် ရှိ မင်းသား ကြီး ဆာ
ရော်ဂျာ မိုးသည် သူ၏ အပန်း ဖြေ အားလပ် ရက် ခရီးစဉ် အတွက် မြန်မာ နိုင်ငံ ကို ရွေးချယ် ထား
ပြီး သူ လေးစား အားကျ သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း
တွေ့ ဆုံ မည် ဟု တယ်လီဂရဖ် သတင်း စာကို ယနေ့   ပြောကြားလိုက်သည်။
ဆာဘွဲ့ရ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းကြီးရော်ဂျာမိုးသည် မကြာမှီကာလအတွင်းက ကမ္ဘာလှည့်ခရီးသွား
လာရောက်လည်ပါရန်တံခါးဖွင့်ခဲ့သော မြန်မာပြည်ကို သွားရန်စီမံကိန်းရှိကြောင်းကို Nick McGrath
ရဲ့ တယ်လီဂရပ်သတင်းဌာနရဲ့ ခရီးသွားဏ္ဍ တွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားခဲ့ ခြင်း ဖြစ်သည်။
ရော်ဂျာမိုးသည် အသက် ၄၅ နှစ် မှ အသက် ၅၈ နှစ် အထိ ၁၂ နှစ် တိုင် အီယန် ဖလဲမင်း ၏ ၀တ္ထု ဖြစ်
သည့် ဂျိမ်း(စ)ဘွန်း ဇာတ်ကား များ တွင် သရုပ်ဆောင်ခဲ့ သည်။
Nick McGrath က မင်းသားကြီးအား အားလပ်ရက်မှာ ဘယ်နိုင်ငံကို သွားလည်ဖို့ဆန္ဒရှိပါသလည်း
ဟုမေးမြန်းခဲ့ရာ……………ဆာဘွဲ့ရမင်းသားကြီးက…………… ကျနော်ပြီးခဲ့တဲ့ ဇွန်လ က
အင်္ဂလန်နိုင်ငံကို ရက်တိုခရီးတခုသွားခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာဘဲ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကိုရောက်ရှိ
လာတဲ့ မြန်မာဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အားသွားရောက်တွေ့ဆုံခဲ့ရတာဟာလွန်စွာဝမ်းသာ
အားရဂုဏ်ယူမိပြီး မြန်မာနိုင်ငံကိုလည်းသွားရောက်လည်ပါစူးစမ်းဖို့ ရည်ရွယ်ထားပါတယ် ဟုဖြေကြားခဲ့သည်။
ရော်ဂျာမိုးသည် ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ နှင့် အခြား လူသား အကျိုး ပြု လုပ်ငန်း များ တွင် လည်း
ပါဝင်ဆောင်ရွက် ခဲ့ သည်။
Live and Let Die, The Man With Golden Gun,The Spy Who loved Me, For Your Eyes Only,
Octopussy, A View to A Kill ဇာတ်ကား များ တွင် ရော်ဂျာ မိုး သရုပ်ဆောင်ခဲ့ သည်။
This Story is written by Aung Pan additional contributed and edited by FNG

ဘကြီးသက်
Unknown at 1:29 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.