Sunday, September 16, 2012

မိတ္ထီလာမြို့နယ် ရပ်ကွက်(၁၂)ခု စလုံးမှ နေအိမ်နှင့်ဆိုင်ခန်းများအားလုံး ပြောင်းရွှေ့ရမည်

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရပ်ကွက်(၁၂)ခုမှ နေအိမ်နှင့်ဆိုင်ခန်းများအား လမ်းနယ်နိမိတ်၊ ရေနုတ်မြောင်းရှိရာလမ်းဖြင့် မလွတ်ခြင်းကြောင့် ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရ မည်ဖြစ်သော်လည်း ပြောင်းရွှေ့ရန် အခက်အခဲများကြောင့် စည်ပင်မှ အရေးယူမည်ကို စိုးရိမ်ပူပန်လျှက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
'' (၁၅)ရက်နေ့အပြီးပြောင်းခိုင်းတယ်။  ပြောင်းခိုင်းတဲ့နေ့မှ မပြောင်းရင် (၃)ကြိမ် သတိပေးမယ်တဲ့ သုံးကြိမ်သတိပေးလို့မှ မပြောင်းရင်  တရားစွဲမယ်လို့ပြောတယ်  ဒါပေမဲ့ ကျွန်မတို့ ဘယ်ကိုပြောင်းရမှာလဲ ပြောင်းစရာအိမ်မရှိဘူး။ အဲ့ဒါကြောင့် မဖျက်သေးဘဲ ခဏနေတာပါ။ သူတို့အရေးယူမယ်ဆိုတော့လဲ ဘယ်တတ်နိုင်မလဲ'' ဟု မိတ္ထီလာမြို့နယ် ဝန်ဆင်းရပ်ကွက်နေ မခိုင်က ပြောသည်။
အဆိုပါပြောင်းရွှေ့ခိုင်းမှုအား စည်ပင်မှ စက်တင်ဘာ(၇)ရက်နေ့တွင် ကြေငြာခြဲ့ပီး စက်တင်ဘာ (၁၅)ရက်နေ့တွင် အပြီးပြောင်းရွှေ့ ရမည်ဟု  ပြောဆိုခဲ့ကြောင်းဒေသခံများထံက သိရှိရသည်။
စက်တင်ဘာလ (၁၅)ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရမည့်ရပ်ကွက်အချို့မှာ ဝန်ဆင်းရပ်ကွက် ၊ မြို့သစ်ရပ်ကွက် ၊ ပေါက်ချောင်းရပ်ကွက် ၊ ရန်မျိုးအောင်ရပ်ကွက်နှင့် မြင်းခြံရပ်ကွက်အပါအဝင် ရပ်ကွက်ပေါင်း(၁၂)ခုကို ပြောင်းရွေ့ခိုင်းပြီး  နေအိမ်အစားပြန်ပေးခြင်း  မရှိကြောင်းကိုလည်းသိရှိရသည်။
နေအိမ်များနှင့် ဈေးဆိုင်ခန်းအချို့ကို ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ရပ်ကွက်တွင်းနေထိုင်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲ များ  ဖြစ်လာနိုင်ခြင်းသာမက နေအိမ်မှ ကျောင်းနေအရွယ်ကလေးများ ကျောင်းဖျက်ရမည့်အခြေအနေသို့ ရောက်လာနိုင်ကြောင်း   ဒေသခံ များက ဆိုသည်။
''ကျွန်မအိမ်မှာ မိသားစုက(၇)ယောက်  ဒီမိသားစုအတွက် အကြော်ကြော်ရောင်းနေရတာ ကလေးတွေကျောင်းနေတဲ့ အရွယ်တွေလည်း ရှိသေးတယ် သူတို့အတွက်ပါ ပူပန်ရတယ်။ မရှိ ရှိတဲ့ကြားက ရှာကြံပြီးကျွေးမွေးနေရတာ ဒါပေမဲ့ ကျွန်မတို့မှာ ပြောင်းစရာ နေရာမရှိတော့ အချိန်ဆွဲလို့ ရသလောက်တော့ ဆွဲထားအုံးမယ် '' ဟုဝန်ဆင်းရပ်ကွက်တွင် အကြော်ရောင်းသူ မသန်းသန်းမြင့် က ပြောသည်။
မိတ္ထီလာမြို့နယ်မှ  ရပ်ကွက်အချို့ရှိ ဒေသခံများသည် စည်ပင်သာယာရေးကော်မတီထံသို့ လွန်ခဲ့သော လေးလခန့်တွင် မြေခွန်အား တစ်လလျှင်(၃၅ဝဝ)ကျပ်နှုန်းဖြင့် အခွန်ပေးဆောင်ခဲ့ပြီးကာ ယမန်နှစ်မှစပြီး မြေခွန်ခအားတစ်ရက်လျှင်(၁ဝဝ)ကျပ်နှုန်း ၊ သန့်ရှင်းရေး အခွန်ခ တစ်ရက်လျှင်(၅ဝ)ကျပ်နှုန်းဖြင့် လစဉ်ပေးဆောင်လျက်ရှိကြောင်း သိရှိရသည်။
'' ကျွန်တော်တို့အနေနဲ့က မြေခွန်လဲပေးတယ် သန့်ရှင်းရေးခလည်းပေးပြီး နေတာပါ။ အခုလိုဗြုန်းစားကြီး ကျွန်တော်တို့ကို ချက်ချင်း ဖယ်ခိုင်းတာတော့ လွန်တာပေါ့။ ပြီးတော့ ကျွန်တော်တို့က မရှိဆင်းရဲသားတွေပါ ပြောင်းချင်တိုင်း  အချိန်မရွေး ပြောင်းဖို့ အဆင်မပြေဘူး'' ဟု မြင်းခြံရပ်ကွက်တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားသော ကိုဟန်ထင်ပေါ်က ပြောသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အဆိုပါ နေအိမ်များနှင့် ဆိုင်ခန်းများကို ဖျက်ခိုင်းရခြင်းမှာ ရေမြောင်းများ ၊ ပိုက်များ ၊ ကားလမ်းမကြီးနှင့် မလွတ်ကင်းသောကြောင့် နေအိမ်နှင့် ဆိုင်ခန်းများ ဖျက်ခိုင်းရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးသည် စက်တင်ဘာလ(၇)ရက်နေ့တွင် ရေမြောင်းများ ၊ ကားလမ်းမကြီးနှင့် မလွတ်သော ရပ်ကွက်(၁၂)ခုမှ နေအိမ်များနှင့် ဆိုင်ခန်းများကို စက်တင်ဘာလ(၁၅) ရက်နေ့တွင် အပြီးဖျက်ပေးရန်ကြေညာခဲ့ပြီး အဆိုပါ သတ်မှတ်ရက်တွင် မပြောင်းရွှေ့ပါက သတိပေးချက်(၃)ကြိမ်ထုတ်ပြန်မည်ဖြစ်ပြီး နောက်ဆုံးအကြိမ်တွင် တရားစွဲဆိုမည် ဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။

ဘကြီးသက်
Unknown at 11:37 AM
Share

1 comment:

  1.ုko pyi chitSeptember 18, 2012 at 9:42 AM

    ဒီနေ့ အချိန်အထိ အစိုးရအဖွဲ့ အစည်းတွေမှာ ဆင်ခြင်တုံတ
    ရား မရှိသေးတာ အခက်ခဲဆုံးပြသ၁နာလို့ ထင်တယ်။
    လူတွေကို ပြောင်းရွေှ့ပေးဘို့ လိုတယ်ဆိုရင် ဒီလူတွေကို
    ဘယ်လို နေရာချထားပေးမယ်ဆိုတာ အရင်စဉ်းစားပေးဘို့ 
    ဘာလို့ မသိတတ်သေးတာလဲ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.