Sunday, September 9, 2012

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်

၁၉၉၂ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှုများအား အဖွဲ့လိုက်စုပေါင်းဖော်ထုတ်တရားစွဲဆိုရန်အတွက် ရဟန်း၊ ရှင်လူပြည်သူတို့၏ ထောက်ခံဆန္ဒမဲလက်မှတ်များ တောင်းခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ(၉)ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမဘုရားကြီးတိုက်တွင် မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြုလုပ်သည့် ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင် ပါဂျောင်ဒေသမှလွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းများက ဖြစ်ပွားခဲ့သည်များကို ရှင်းလင်းပြောကြားကြသည်။

ယခုအမှုကို တစ်ဦးချင်းသွားလျှင် ရှည်လျားနေမည်စိုးသောကြောင့် အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ လွှတ်တော်နှင့် တရားရေးအဖွဲ့ထံ တင်သွင်းသွားမည်ဟု ကိုယ်တိုင်ကြုံခဲ့သူ ဦးဆမားညီညီကပြောသည်။

ထိုသို့တင်သွင်းရာတွင် မန္တလေးဝန်းကျင် ပြည်သူများထံမှ လူထုထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ယခုအမှုကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန်၊ ယင်းအဖွဲ့မှစုံစမ်းစစ်ဆေးထားသည့်ရလဒ်များအပေါ် အခြေခံပြီး တရားစီရင်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးဆမားညီညီကပြောသည်။

“နိုင်ငံတော်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး။ ခွင့်လွှတ်ဖို့ကတော့ ဘယ်တော့မှတောင်းဆိုလို့မရပါဘူး”ဟု ၄င်းကပြောသည်။

အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ယင်းရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူများ ပါဝင်မည်ကို မလိုလားကြောင်း မြောက်ပိုင်းပြန်ရဲဘော်ဟောင်းများက ပြောသည်။

ဓာတ်ပုံ- ညီညီဇော်

ဘကြီးသက်
Unknown at 6:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.