Saturday, August 4, 2012

Facebook မှတစ်ဆင့် ဟန်းဆက်များ ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူနိုင်

နောက်ဆုံးပေါ် ဟန်းဆက်များကို Facebook စာမျက်နှာမှတစ်ဆင့် ဝယ်ယူနိုင်မည့် အစီအစဉ်ကို 7Day Shopping Guide Journal နှင့် Today's Mobile ဖုန်းအရောင်းဆိုင်တို့ ပူးပေါင်းတင်ဆက်ထားကြောင်း သိရသည်။



ယခုတစ်ပတ်အတွက် သြဂုတ်လ ၄ ရက် (စနေနေ့) နံနက် ၁၀း၀၀ နာရီမှ မွန်းလွဲ ၂း၀၀ နာရီအတွင်း အထက်ပါပုံတွင် ဖော်ပြထားသော စမတ်ဖုန်း အမျိုးအစား သုံးမျိုးကို 7Day Shopping Guide ဂျာနယ်၏ Facebook စာမျက်နှာတွင် ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

ရောင်းချမည့် အစီအစဉ်မှာ ဖုန်းအမျိုးအစား တစ်ခုချင်းစီအလိုက် မိမိတို့ စိတ်ကြိုက်ဈေးကို Comment ပေး၍ သတ်မှတ်နိုင်ပြီး သတ်မှတ်ချိန်အတွင်း ဈေးအများဆုံး ပေးနိုင်သူတစ်ဦးကို 7Day Shopping Guide ဂျာနယ်က ဆက်သွယ်ရောင်းချပေးသွားမည် ဖြစ်သည်။

7Day Shopping Guide ဂျာနယ်၏ Facebook စာမျက်နှာမှာ www.facebook.com/7dayshoppingguide ဖြစ်သည်။


planet
ဘကြီးသက်
Unknown at 12:10 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.