Saturday, August 18, 2012

မင်းကြောင့်


 

by ဧရာဝတီ 

နေပြည်တော်မှာ ညှိနှိုင်းလို့ မရသေးတဲ့ ပြဿနာကြီးတခုက ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါပြီ။
ပြဿနာ ~
ပြည်သူ့လွှတ်တော် နဲ့ အခြေခံဥပဒေခုံရုံးတို့ ထိပ်တိုက်တွေ့၊ ပြဿနာ တက်နေကြတာပါ။ လွှတ်တော်ကော် မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်က ဆိုပါတယ်။ခုံရုံးကတော့ ပြည်ထောင်စုအဆင့် မဟုတ်ဘူး လို့ ဆိုနေပါတယ်။
ခုံရုံးရဲ့ အသံ ~
ခုံရုံးက အပြီးသတ်ဆုံးဖြတ်ချက်ကို မတ်လ ၂၈ ရက်နေ့က ချခဲ့ပါတယ်။ (ပဝေသဏီက ဖြစ်ခဲ့တာတွေကို ဒီ သြဂုတ်လလယ်မှာ ဖော်ထုတ်နေကြတာပါ)ဆုံးဖြတ်ချက် အစအဆုံးကို ဒီနေ့ထုတ် အစိုးရသတင်းစာများမှာ နားနားပြီး ဖတ်ပါ။ခုံရုံးက နာဂစ်အခြေခံဥပဒေကို ကိုးကားထားပါတယ်။
နာဂစ်အခြေခံဥပဒေ ဆိုတာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေတို့ နှစ်ပေါင်းများစွာ အချိန်ယူပြီး ဆွဲခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးက လူကြီးမင်းတို့ရဲ့လက်ရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ပြည်သူ့လွှတ်တော်ရဲ့ အသံ ~
"ကော်မတီ၊ ကော်မရှင် အဖွဲ့များသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ (ဇ) အရ ပြည်ထောင်စု အဆင့်‌ဖြစ်ကြောင်း" လို့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဆိုပါတယ်။
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊
ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ တို့မှာလည်း "ဒီအတိုင်းပဲ အဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်" တဲ့။ဦးနန္ဒကျော်စွာက ဆက်ပြောပါတာက ဒီဥပဒေ ၄ ခုစလုံးက ဗိုလ်သန်းရွှေ ရဲ့ လက်ရာတွေပါလို့ ဆိုပါတယ်။သူ့စကားလုံး အတိအကျက "ဥပဒေများနှင့် ညီစွာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ထုတ်ပြန် ပြဋ္ဌာန်း ခဲ့တာဖြစ်ပါတယ်" တဲ့။
ဘယ်လို အဆုံးသတ်မလဲ ~
ဆိုခဲ့သလိုပဲ လွှတ်တော် နဲ့ ခုံရုံးတို့ စကားလုံးတခုကို အငြင်းပွားနေကြပါပြီ။နှစ်ဘက်စလုံးက ဗိုလ်သန်းရွှေထုတ်ခဲ့တဲ့ဥပဒေတွေကို ၀ိုင်းပြီး ကိုးကားနေကြပါတယ်။လွှတ်တော်ဥက္ကဋ္ဌရော ခုံရုံးဥက္ကဋ္ဌပါ ဗိုလ်သန်းရွှေရဲ့ လက်ရုံးတွေချည်းပါပဲ။ပျင်းစရာကောင်းတဲ့ ပြဿနာ ဆိုပေမယ့် ဘယ်လိုအဆုံးသတ်ကြမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

ဘကြီးသက်
Unknown at 1:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.