Saturday, August 4, 2012

မိုနာလီဇာ ပန်းချီကားလို ဓါတ်ပုံ



O’ Rearလို့ အမည်တွင်သည့် National Geographicsမှာ တာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းတစ်ဦးဟာ ထိုအချိန်က အခြား လုပ်ငန်းဆောင်တာများနှင့် ကာလီးဖိုးနီးယားပြည်နယ် Napaဆိုတဲ့ ရွာလေးမှာ ရောက်ရှိနေစဉ် ဓါတ်ပုံတစ်ပုံကို နားနေချိန်လေးအတွင်း၌မှတ်တမ်းတင် ရိုက်ကူးခဲ့ပါသည်။ 2002 ခုနှစ်မှာတော့ Microsoftက ထိုဓါတ်ပုံလေးကို သူတို့၏ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်ကျော်ကြားတော့မည့် Window XP ဆိုတဲ့ Operating systemရဲ့ Luna Themeမှာ Default Desktop Wallpaperအဖြစ် အသုံးပြုခဲ့ပါသည်။
ယခုအခါမှာတော့ blogလေးတစ်ခုဖြစ်သည့် http://blog.mortenlindholm.com/မှ ဤဓါတ်ပုံလေးကို လာရောက်ကြည့်ရှုသူပေါင်း 1 ဘီလီယံ ရှိသွားင်္ပြီးဟု ကြေညာခဲ့ရမှာ စပြီး Google+လို Social networking ဆိုဒ်တွေမှာ Postတွေနဲ့ ရွှမ်းရွှမ်းဝေနေပါတော့သည်။ O’ Rearမှာတော့ 1 သန်းဆိုတာတော့ မှန်းဆပြီးတော့ ပြောတာ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်မေးဖူးသမျှ လူအားလုံးကတော့ ဒီဓါတ်ပုံလေးကို အမှတ်မိ အလွယ်ဆုံး ဓါတ်ပုံလေးဟု ပြောကြောင်း သတင်းဌာနများသို့ ဖြေကြားသွားပါသည်။
ထပ်မံပြီး ၄င်းက ဤဓါတ်ပုံလေးကိုယူပြီး တရုတ်ပြည် မြို့ငယ်လေးတွေမှာ သွားပြမည်ဆိုရင်လည်း ရွာသားတွေက တွေ့ဖူးတယ်လို့ ပြောဖို့ အလားအလာများမယ်၊ အာကာသ ပေါ်ရောက်နေတဲ့ အာကာသယာဉ်မှူးတွေကို မေးမည်ဆိုရင်လည်း ဒီဓါတ်ပုံကို သိမယ်ဆိုတာ လောင်းရဲပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီဓါတ်ပုံကို အမေရိကန်နိုင်ငံရဲ့ White Houseက situation room နှင့် ရုရှားနိုင်ငံက the kremlin အစရှိသည်တို့မှာ တွေ့ဖူးတယ်လို့ ပြောကြားသွားပါသည်။
O’ Rearကို သတင်းဌာနများက ထိုဓါတ်ပုံကို Microsoftက အသုံးပြုခွင့်ရဖို့အတွက် ဘယ်လောက်နှင့် ၀ယ်ယူခဲ့သလဲ၊ ဘယ်လောက် ပေးနေသလဲဟု မေးမြန်းရာတွင်တော့ O’ Rearက သူ့မှာ အဲဒီအတွက် ပြောခွင့် မရှိကြောင်း၊ သို့ပေမယ့် ကြီးမားတဲ့ ပမာဏတစ်ခုတော့ ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုသွားပါသည်။ ပျော်ရွင်စရာလေးတွေက အခုမှ စတာပါဟုလည်း ပြောကြားသွားကြောင်း သတင်းများအရ သိရသည်။
Myanmar ICT Journal (Volume 1 , No.24) July 22-29, 2012 
အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် .. သူရ http://www.tramyanmar.net/2012/07/blog-post_24.html
ဘကြီးသက်
Unknown at 11:46 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.