Sunday, August 5, 2012

ဥပဒေ အကြောင်း အမြဲပြောတဲ့ မီဒီယာ သမားများ ဥပဒေ မလိုက်နာတော့ ဘယ်သူတွေက ဝေဖန်ရေးသားကြမှာလဲ





မီဒီယာဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ၊ ဘာဥပဒေ၊ ညာဥပဒေ ဆိုပြီး ဝန်ထမ်းများကိုသော်လည်းကောင်း ၊ အစိုးရအဖွဲ့ကို လည်းကောင်း ဥပဒေ မလိုက်နာသူ နဲ့ ချစား သူများကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်နေတဲ့ မီဒီယာ သမားတွေဟာ ဥပဒေကို မျက်ဝါးထင်ထင် ဆန့်ကျင်မှုတွေကို အယ်ဒီတာတွေက ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။

စီတန်းလှည့်လည် ခြင်း အဆို အကြောင်းကို ဂျာနယ်မျက်နှာဖုံးမှာ ရေးတင်ခဲ့ကြတာလည်း မီဒီယာ သမားတွေ ဖြစ်သလို စီတန်းလှည့်လည်ခွင့် ဥပဒေ အတည်ပြုတဲ့ အကြောင်းကိုလည်း စာလုံးကြီးတွေနဲ့ ရေးခဲ့ကြတာ မီဒီယာ သမားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မီဒီယာ သမားတွေဟာ သူတို့ ရေးခဲ့တဲ့ စာ၊ သူတို့ မေးခဲ့တဲ့ အင်တာဗျူးတွေကို ကိုယ်ကိုယ်တိုင်တောင် ပြန်ဖတ်ပုံ မရပါဘူး။ လူစိတ်ဝင်စားအောင် မျက်နှာဖုံးမှာ တင်ပြီး စောင်ရေတက်ရင် ပိုက်ဆံပိုရမယ် ဆိုတဲ့ အတွေးပဲ ရှိခဲ့ကြပါတယ်။

၎င်း တို့ ဂျာနယ်တွေမှာပဲ ရေးခဲ့တဲ့ စီတန်းလှည့်လည်ခြင်း ဥပဒေ အကြောင်းထဲမှာ စီတန်းလည့်လည်ဖို့အတွက် ငါးရက်ကြိုပြီး ခွင့်ပြုချက် တောင်းရမယ့်အကြောင်း အပါအဝင် အခြား စည်းကမ်းတွေပါ ရေးသားထားပါတယ်။ ဥပဒေမလိုက်နာသူ များကို ဖော်ထုတ်နေတဲ့ မီဒီယာ သမားတွေကပဲ စီတန်းလှည့်လယ်ခွင့် ဥပဒေကို ချိုးဖောက်ကာ ကြိုတင် ခွင့်ပြုချက်မတောင်းပဲ လုပ်ချင်သလို လုပ်ခဲ့ကြပါတယ်။

မီဒီယာ သမားတွေက စည်းကမ်းမလိုက်နာတော့ ဘယ်သူတွေက ရေးကြမှာလဲ??? မသိရပါဘူး။ ဒါပေမယ့် လက်တလောမှာတော့ ၎င်း တို့ရဲ့ တစ်ဦးချင်း facebook စာမျက်နှာများသာမက ဂျာနယ်ပိုင်စာမျက်နှာများမှာတော့ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့ခြင်း အပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပဲ ဓာတ်ပုံတွေ တင်ပြီး မီဒီယာ သမားတွေ သွေးမနည်း ကြောင်း ကိုယ့်ဂုဏ်ကိုယ်ဖော်ကာ ရေးသားဖော်ပြထားပါတယ်။



ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲ

ကားပေါ်မှာလဲ ရှက်ရကောင်းမှန်းမသိ

မီဒီယာသမားတွေရဲ့ ဥပဒေစိုးမိုးမှု မရှိပဲ လုပ်ချင်တိုင်းလုပ်နေမှုအပေါ်မှာ ဥပဒေစိုးမိုးမှု အကြောင်း အမြဲပြောတဲ့ ပါတီတွေ၊ အဖွဲ့တွေကလည်း တစုံတရာ ဝေဖန်ပြောဆိုမှု မရှိကြောင်း သိရပါတယ်။

Myanmar Express

Ba Gyi Thet
Unknown at 9:18 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.