Wednesday, August 1, 2012

ဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်မှု ပြန်ရုပ်သိမ်းပေးရန် မြန်မာဂျာနယ်လစ် ကွန်ရက်မှ တောင်းဆို

ဇူလိုင် ၃၁၊ ၂၀၁၂ ၊ YPI
စာပေ စိစစ်ရေး မှ သတင်းဂျာနယ် ၂ စောင်ကို ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးရန် ပြည်တွင်း သတင်းမီဒီယာ အဖွဲ့အစည်း တခုဖြစ်သည့် မြန်မာဂျာနယ်လစ် ကွန်ရက် MJN မှ တောင်းဆိုသွားရန် ယနေ့ဆုံးဖြတ် လိုက်ကြောင်း သိရှိရသည်။
ယနေ့ညနေ ပြုလုပ်သည့် MJN အစည်းအဝေးမှ ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြောင်း ယင်းအစည်းအဝေးကို  တက်ရောက်ခဲ့သူ သတင်းအယ်ဒီတာ တဦးက ပြောသည်။

၎င်းက “ အခုလို အရေးယူမှုဟာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးဆီ သွားနေတယ်လို့ သမ္မတဦးသိန်းစိန်က ပြောနေတဲ့ကာလမှာ ယခုလို မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေတဲ့ အရေးယူမှုကို ပြန်သုံးသပ်ပေးဖို့ တောင်းဆိုမယ်လို့ အားလုံး သဘောတူဆုံးဖြတ်လိုက်ကြတယ်” ဟု YPI သို့ပြောသည်။
ဝန်ကြီးငါးဦး အပြောင်းအရွှေ့ သတင်းဖေါ်ပြသည့် ယခု အပတ်ထုတ် အင်ဗွိုင်းဂျာနယ် မျက်နှာဖုံး
ယင်းထုတ်ပြန်ကြေညာချက်တွင် “ ယင်းသို့အရေးယူခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို ပြင်းထန်စွာထိပါးချိုးဖောက်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ် ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည် ” ဟုဖေါ်ပြပါရှိသည်။
Living Color Media မှ ထုတ်ဝေသည့် The Voice Weekly အပတ်စဉ် ထုတ် ဂျာနယ် နှင့် စင်ရော်မောင်မောင်၊ ရွှေသံလွင် ဦးကျော်ဝင်း တို့ ထုတ်ဝေသည့် Envoy ဂျာနယ်နှစ်စောင်သည်၂၀၁၁ ခုနှစ် ဇွန်လတွင် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက် အမှတ် (၄၄) ကိုဖောက်ဖျက်သဖြင့် ထုတ်ဝေခွင့်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း စာပေစိစစ်ရေးက ယနေ့နေ့လည်တွင် သတင်းဂျာနယ် အယ်ဒီတာများအား ခေါ်ယူပြောဆိုခဲ့သည်။
မည်သည့် သတင်းဖေါ်ပြမှုကြောင့် အရေးယူရသည်ဟု စာပေစိစစ်ရေးက ထုတ်ဖေါ်ပြောဆိုခြင်း မပြုသော်လည်း ယင်းစည်းဝေး မတိုင်မီလေးတွင် စာပေစိစစ်ရေး မှ ဂျာနယ် တိုက်များထံ ဖုန်းဖြင့် ဆက်သွယ်၍ ၀န်ကြီး ၅ ဦး ဋ္ဌာန အပြောင်းအရွှေ့ သတင်းကို လုံးဝဖေါ်ပြခြင်း မပြုရန် သတိပေးခဲ့ သည့် အချက်ကြောင့် ယခု ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းသည် ယင်းသတင်းဖေါ်ပြမှု နှင့် ပတ်သက်မည်ဟု ဂျာနယ် အသိုင်းအ၀ိုင်းက ကောက်ချက် ချကြသည်။
စာပေ ကင်ပေတိုင်ဟု နာမည်ကြီးသည့် စာပေစိစစ်ရေး ဋ္ဌာန၏ စိစစ်ရေး လုပ်ငန်းစဉ်ကို ယခုနှစ်လည်တွင် ရပ်ဆိုင်းမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် သတင်းဂျာနယ်များအား စည်းကမ်းမလိုက်နာသည့် အကြောင်းပြချက်ဖြင့် အရေးယူမှု အသစ်များ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။     ။

  lu bo

ဘကြီးသက်
Unknown at 10:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.