Wednesday, August 1, 2012

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို


ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ရတနာပုံ သတင်း - BY YATANARPON

ဘကြီးသက်
Unknown at 12:04 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.