Monday, August 27, 2012

မှတ်ပုံတင် အတုဖြင့် ကျပ်သိန်း ငါးထောင် ချေးငှားသည့်အမှု ၅ နှစ်ကြာပြီးနောက် ဖေါ်ထုတ်



မော်လမြိုင်မြို့ တနေရာ (ဓာတ်ပုံ-မိုးမခ)
အမည်ရင်း၊ မွေးသက္ကရာဇ် နှင့် အဖအမည်တို့ကို ပြင်ဆင်ထားသည့် မှတ်ပုံတင် အတု ကိုင်ဆောင်သူ ဦးမျိုးနိုင်(ခ) ဦးမင်းကျော်ဇော ဆိုသူက ၂၀၀၇ ခုနှစ်တွင် ငွေကျပ် သိန်း ၅,၀၀၀ ချေးငှားခဲ့သည့် အမှုကို ယခုလ ၁၅ ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်း မော်လမြိုင်မြို့ မြို့ခံများက ပြောသည်။
အမည်ရင်း ဦးမျိုးနိုင်သည် ၁၉၉၃ ခုနှစ်ကတည်းက ကျိုက်ထိုမြို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် နိုင်ငံသား စိစစ်ရေးကဒ်ပါ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်နှင့် လူမျိုး တို့ကို တရားမ၀င်သည့် နည်းလမ်းဖြင့် ပြောင်းလဲကာ ကိုင်ဆောင်ခဲ့ကြောင်း၊ ၎င်းနောက် ၂၀၀၇ ခုနှစ်တွင် မော်လမြိုင်မြို့ အင်းဝဘဏ်ခွဲ၌ မြိုင်သာယာ ရပ်ကွက်ရှိ မော်လမြိုင် ဟိုတယ်ကို အပေါင်ထားကာ ချေးငှားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အမည်မှန် ၊ နိုင်ငံသားစိစစ်ရေး ကဒ်ပြားအစစ် မဟုတ်သည့် အချက်အလက်များဖြင့် ငွေ ပမာဏ အများအပြား ချေးငှားခဲ့ခြင်းအား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုများဖြင့် ယခုလ ၁၅ ရက်နေ့ ည ၁၀နာရီတွင် မော်လမြိုင်မြို့ မုပွန်ရဲစခန်းမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
တပြိုင်နက်ထဲတွင်ပင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းတို့တွင် အချက်အလက် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပေးခဲ့သည်ဟု ယူဆရသူ လူဝင်မှုကြီးကြပ်ရေး ဋ္ဌာနမှ စာရေး ဦးကျော်စိုးသူ ကိုပါ ဖမ်းဆီးလိုက်ကြောင်း မြိုင်သာယာ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။
ဦးမျိုးနိုင်ကို ယခုလက်ရှိတွင် လိမ်လည်မှု (ပုဒ်မ ၄၂၀) နှင့် စာရွက်စာတမ်း အတုပြုလုပ်မှု (ပုဒ်မ ၄၆၈) တို့ဖြင့် စွဲဆိုဖမ်းဆီးထားကြောင်းလည်း သိရှိရသည်။ ၎င်းအား အခြားသော လိမ်လည်မှုများဖြင့် တိုင်တန်းချက်များလည်း ရှိကာ ပုဒ်မ ၅ (၁) ခြေချုပ်ပုဒ်မ စ/ဆ တို့ ဖြင့် အရေးယူခြင်း ခံထားရသည့် အဖြစ်အပျက်များလည်း ရှိသည်ဟု အမည်မဖေါ်လိုသူ တရားရုံး ၀န်ထမ်းတဦးက ပြောသည်။
တရားခံဘက်မှ ရှေ့နေအဖြစ် ဦးနီနီယုက လိုက်ပါဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရှိရသည်။
 Moe Ma Kha
ဘကြီးသက်
Unknown at 11:03 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.