Sunday, August 5, 2012

စာမဖတ် ဗဟုသုတနည်း တဲ့ မီဒီယာ သမားများ ဒါလေး ပြန်ဖတ်ကြပါ





ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဥပဒေပါ ပြဋ္ဌာန်းချက် များ အကောင်အထည်ဖော်ရန် ပြည်ထဲ ရေးဝန်ကြီးဌာနမှလိုအပ်သော နည်း ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် ကြောင်း ဖော်ပြထားသည့်အတွက် ယခု အခါ နည်းဥပဒေများထွက် ပေါ်လာခြင်း ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၏ အမိန့်ဖြင့်ထုတ်ပြန်သော အဆိုပါနည်း ဥပဒေတွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြ ချက်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ခွင့်ပြု မိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ အယူခံ ၀င်ခြင်းနှင့် အထွေထွေဟူ၍ အခန်း လေးခန်း ပါဝင်သည်။
ငြိမ်းချမ်းစွာစုဝေးခွင့်ကိုဖြစ်စေ၊ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဖြစ်စေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ကိုဖြစ်စေ၊ ရရှိလို သူသည် မိမိဆောင်ရွက်လိုသည့်ကိစ္စ ရပ်အတွက် သက်ဆိုင်ရာ ပုံစံ(၁)၊ (၂)၊ သို့မဟုတ် (၃)ပါအတိုင်း အချက်အလက် များကိုဖော်ပြ၍ မိမိဆောင်ရွက်လိုသည့် နေ့ရက်မတိုင်မီ အနည်းဆုံးငါးရက်ကြို တင်၍သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး ထံလျှောက်ထားရမည်ဖြစ်သည်ဟု ဖော် ပြထားသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့် တောင်းခံသည့်လျှောက်လွှာကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ မြို့ နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ခွင့်ပြု မိန့်တောင်းခံသည့် လျှောက်လွှာကို အတည်မပြုသင့်ကြောင်းဆုံးဖြတ်ပါက အကြောင်းပြချက်ဖော်ပြ၍ သက်ဆိုင် ရာမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ပြန်ကြားရမည် ဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးသည် ခွင့်ပြုမိန့် တွင် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(င)ပါ ဒေသ ဆိုင်ရာလိုအပ်ချက်အရ သတ်မှတ်ထား သော စည်းကမ်းများကို ကြိုတင်ရေးဆွဲ ထားနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်ညှိနှိုင်းကာ ခရိုင်ရဲတပ်ဖွဲ့မှူးမှ တစ်ဆင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြရမည်။
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ များနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ပေး ရန် ငြင်းဆန်ခြင်းမပြုရဟု ဖော်ပြထား သော်လည်း အကြောင်း ကြားစာလက် ခံရရှိသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံဝင်နိုင် သည်ဟု ဖော်ပြထားသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းများကို ခွင့်ပြုမိန့် အရ ဆောင်ရွက်နေသူများအား ဥပဒေ ပုဒ်မ ၁၃ အရ ဒုတိယရဲအုပ်အဆင့် အောက် မနိမ့်သော ရဲအရာရှိတစ်ဦးဦး က ကာကွယ်စောင့်ရှောက်မှုပေးသည့် အခါ နယ်မြေအခြေအနေနှင့် စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းပြုရာတွင် ပါဝင် သည့် လူဦးရေအပေါ်မူတည်၍ ရဲတပ်ဖွဲ့ အင်အားကို အသုံးပြုရမည်ဟု ဖော်ပြ ထားသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းကိုဖြစ်စေ၊ ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခြင်းကိုဖြစ် စေ၊ ဆောင်ရွက်ရာတွင် ဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(က)အရ သတိပေးသည်ကို လိုက်နာရန် ပျက်ကွက်လျှင် မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့်ပါ ဦးဆောင် သည့်ပုဂ္ဂိုလ်အား ဥပဒေပုဒ်မ ၁၅ အရ ခွင့်ပြုမိန့်ရုပ်သိမ်းကြောင်း နှုတ်ဖြင့် ကြေညာပြီးနောက် စာဖြင့်အကြောင်း ကြားရမည်ဖြစ်သည်။
မြို့နယ်တစ်မြို့နယ်ထက်ကျော်လွန်၍ ဆောင်ရွက်ရန်ရှိပါက သက်ဆိုင်ရာ မြို့နယ်အားလုံးတွင် ခွင့်ပြုချက်ရရှိရန် လျှောက်ထားရမည် ဖြစ်သည်။



မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မှီသည်
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖရှောင်သွေတယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။


အချုပ်တန်း ဆရာဖေ ၏ (အမျိုးပါ ဆဲချင်တော့လေး) မှ...

Myanmar Express
ဘကြီးသက်

Unknown at 1:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.