Saturday, August 25, 2012

့သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့်



့
သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင
့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကြည့်မြင်တိုင် ကမ်းနားလမ်း သီရိမင်္ဂလာ ဈေးဟောင်းအနီး ရပ်ကွက် အချို့ ရေ၀င်ရောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းမှာ အေးရှားဝေါ ဆိပ်ကမ်းမှ ရန်ကုန်မြစ်ထွက် ရေမြောင်းအား ပိတ်၍ ကွန်ကရစ်လောင
်း ပိတ်ဆို့ ထားမှုကြောင့်ဖြစ်သည်ဟု ယူဆကာ ဂဠန်ရပ်ကွက်နှင့် ကရင်ခြံ ရပ်ကွက်မှ ရပ်ကွက်နေ လူအင်အား ၂၀၀ ကျော်ခန့် က ဆန္ဒထုတ်ဖော်ပြီးပိတ်ဆို့ ထားသော ရေမြောင်းအား ပြန်လည် ဖွင့်လှစ်ပေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဆန္ဒပြတောင်းဆိုမှုကြောင့် အေးရှားဝေါဆိပ်ကမ်းသို့ ကုန်တင်ပို့ သယ်ဆောင် ရန်လာသော ကုန်တင်ယာဉ်များမှ လမ်းပိတ်ဆို့  ရပ်တန့် ထားခဲ့မှုကြောင့် ကမ်းနားလမ်း တလျှောက် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့သည်။ ယနေ့ ည ၈ နာရီခန့် တွင် အေးရှားဝေါဆိပ်ကမ်းမှ ၄င်းတို့ ကွန်ကရစ်လောင်း ထားသောရေမြောင်းအား ပြန်လည်ဖယ်ရှားပေးနေပြီဖြစ်ကြောင်းသိရသည်။ သတင်း - သူရထွန်း ဓါတ်ပုံ - ကိုတင်ဝင်း ( ဒဂုံတက္ကသိုလ် )

ဘကြီးသက်
Unknown at 9:34 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.