Saturday, August 25, 2012

ရန်ကုန်နေအိမ်များတွင် လျှပ်စစ်မီး ပြတ်တောက်မည်မဟုတ်



From : ခေတ်လူငယ်

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးရှိ နေရာဒေသအချို့မှာ သည်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ နံနက် ၆း၀၀ နာရီမှ ည ၉း၀၀ နာရီအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ လေးရက်တာ ဓာတ်အားပြတ်မှုက အများပြည်သူ နေအိမ်တွေကို ပြတ်တောက်မှာ မဟုတ်ဘဲ စက်မှုဇုန်တွေကိုသာ နှစ်ဆိုင်းခွဲပြီး ဓာတ်အား ဖြတ်တောက်မှာလို့ ရန်ကုန်မြို့တော် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရတယ်။ အဲသည်တာဝန်ရှိသူက ‘အဲဒီနေ့တွေ ရန်ကုန်မှာတော့ ၁၆၀ မဂ္ဂါဝပ် အဝင်လျော့မယ်၊ ပြည်သူတွေရဲ့ ဓာတ်အားသုံးစွဲမှုကို မဖြတ်တောက်ပါဘူး၊ စက်မှုဇုန်တွေကိုပဲ အရင်လို နှစ်ဆိုင်းခွဲ ဖြတ်တောက်မယ်၊ မနက် ၅း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအထိ တစ်ချိန်၊ နေ့လယ် ၁၂း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ တစ်ချိန်ဆိုပြီး ခွဲလိုက်မယ်၊ တကယ်လို့ အဲဒီလိုပေးနေရင်းနဲ့ ဓာတ်အားပိုလာရင်လဲ ဓာတ်အားပိတ်ထားတဲ့ စက်မှုဇုန်တွေကို ထပ်ပြီး ခွဲဝေပေးမှာပါ’ လို့ ပြောပါတယ်။ မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းက တည်ဆောက်နေတဲ့ ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံကို လက်ရှိ ဓာတ်အားပို့လွှတ်နေတဲ့ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ရမှာဖြစ်လို့ ချိတ်ဆက်တဲ့လုပ်ငန်းကို ဘေကင်းကင်းဆောင်ရွက်ဖို့ အခုလို ဓာတ်အားပိတ်ရတာ ဖြစ်တယ်လို့ဆိုတယ်။ ယခုလို မဟာဓာတ်အားလိုင်းနဲ့ ပင်မဓာတ်အားခွဲရုံ ချိတ်ဆက်ရတာကလည်း ပဲခူးတိုင်းဒေသကြီးအတွင်း ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးဖို့နဲ့ သုံးစွဲတဲ့ဗို့အား ကောင်းမွန်လာဖို့ ဖြစ်တယ်လို့ သိရတယ်။ ချိတ်ဆက်တဲ့လုပ်ငန်း ဆောင်ရွက်နေချိန်အတွင်း ဘီးလင်း၊ ပုသိမ်၊ သထုံ-မော်လမြိုင်၊ တောင်ငူ၊ ပဲခူးမြို့တွေမှာ ဓာတ်အားလျော့နည်းမှုရှိမှာ ဖြစ်ပြီး ဆောင်ရွက်ပြီးချိန်မှာတော့ ယခင်အတိုင်း ပုံမှန်ဓာတ်အား ပေးနိုင်မယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

ဘကြီးသက်
Unknown at 8:49 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.