Friday, July 20, 2012

အခြေခံ လုပ်ခလစာ တွက်ချက်ရန် အတွက် UMFCCI ထံမှ သဘောထား မှတ်ချက်ရယူ

ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ တွေမှာ လုပ်ကိုင် နေကြတဲ့ လုပ်သားတွေ အတွက် ထိုက်သင့်တဲ့ အခြေခံ လုပ်ခလစာ ညှိနှိုင်းပေးနိုင်ဖို့ တွက်ချက်မှုနဲ့ ပတ်သက်ပြီး UMFCCI ထံမှ သဘောထား မှတ်ချက် ရယူ ထားတယ်လို့ အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရပါတယ်။ အခုလို အခြေခံ လုပ်အားခကို သတ်မှတ် ပေးဖို့ အတွက် လုပ်ငန်း အမျိုးအစား အလိုက် နေရာ ဒေသအလိုက် နှုန်းထားတွေ မတူညီဘဲ ကွာခြား နိုင်တာ ဖြစ်ပါတယ်။ UMFCCI မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ လက်ရှိမှာ အခြေခံ လုပ်ခလစာ တိုးမြှင့်မှုဟာ ခေတ္တ ဖြေရှင်းမှုသာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ ပါတယ်။

အဆိုပါ ပြောကြားချက် အရ လုပ်ခလစာ တိုးမြှင့်ရာမှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး နှစ်ဖက် အစဉ်ပြေ စေဖို့ အတွက် အရည်အချင်း ရှိတဲ့ လုပ်သား တွေဖြစ်ဖို့ လိုအပ်သလို လုပ်ငန်းရှင် တွေဘက် ကလည်း တိုးမြှင့် ပေးလိုက်တဲ့ လစာ နဲ့အညီ ထုတ်ကုန် ကောင်းမွန်ဖို့၊ ထုတ်ကုန် ၀ယ်လိုအား ကောင်းမွန်ဖို့ တွေလည်း လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်သားတွေ ရေရှည် အဆင်ပြေစေဖို့ လုပ်ခလစာ တိုးမြှင့်မှု သာမက ကျန်ရှိတဲ့ ကုန်ကျ အသုံးစရိတ် တွေပါ ကျဆင်း လာဖို့ လိုအပ် တယ်လို့ သုံးသပ် ထားပါတယ်။

လက်ရှိ မှာတော့ အလုပ်သမား ၀န်ကြီး ဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ၊ လုပ်သားတွေ ညှိနှိုင်းပြီး အထည်ချုပ် လုပ်သားတွေ အတွက် တစ်နေ့ကို လုပ်ခကျပ် တစ်ထောင် အခြေခံ အဖြစ် အဆိုပြု ပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေ စုပေါင်းပြီး စက်ရုံ၊ အလုပ်ရုံရှိ အလုပ်သမား ကိစ္စရပ်တွေရဲ့ စုပေါင်း တောင်းဆိုမှု တွေကို လိုက်လံ ဖြေရှင်းပေး ရာမှ ရွှေပြည်သာ စက်မှုဇုန်ရှိ စက်ရုံ တစ်ရုံသာ ကျန်ရှိတော့ တယ်လို့ သိရပါတယ်။ ဒီလိုဖြေရှင်း ပေးမှုတွေကို ပြုလုပ်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်ရုံ အလုပ်ရုံပေါင်း ၇၀ ကျော် မှာလည်း လုပ်သား တွေရဲ့ စုပေါင်း တောင်းဆိုမှုတွေ ဖြေရှင်းပေးပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ဘကြီးသက်
Unknown at 8:38 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.