Tuesday, July 17, 2012

ဒီပဲယင်းတွင် ဒုက္ခိတဖြစ်သွားသည်အထိ ရိုက်နှက်ခံရသူ NLD အဖွဲ့ဝင် ကိုမြတ်ကို



၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှုတွင် ရိုက်နှက်ခံရသူတဦး၏ ဓာတ်ပုံကို မုံရွာမြို့ NLD ၏ Facebook တွင် ယနေ့ ပေါ်ပေါက်လာသည်။
သူ၏အမည်မှာ ကိုမြတ်ကို ဖြစ်ပြီး မြောင်မြို့နယ် တွင်းကြီးကျေးရွာအုပ်စုတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။
သူ့ကို သွားရောက် တွေ့ဆုံသော NLD အဖွဲ့ဝင်များကိုလည်း ဓာတ်ပုံတွင် တွေ့ရသည်။

ကိုမြတ်ကိုသည် စစ်ကိုင်းတိုင်းသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးပေးသည့် NLD အဖွဲ့ဝင်များထဲတါင် ပါဝင်သည်။
၂၀၀၃ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း ဒေသ အကြမ်းဖက်မှုတွင် ထောင်နှင့်ချီသော လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်။
ထိုဖြစ်ရပ်ကို အာဏာပိုင်တို့က ပဋိပက္ခတခုအဖြစ် သတ်မှတ်ပြီး သေဆုံးသူ ၄ ဦးရှိသည်ဟု တရားဝင် ပြောဆိုခဲ့သည်။
အများအပြား ဒဏ်ရာရ ဖမ်းဆီးခံရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အဖွဲ့ဝင် တချို့မှာ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရသည်။

ယခုအခါ အစိုးရက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြောဆိုခြင်း အလျဉ်း မရှိသကဲ့သို့ NLD ကလည်း သင်ပုန်းချေလိုသည့်ပုံရှိနေသည်ကို တွေ့ရသည်။

ဘကြီးသက်
Unknown at 5:56 PM
Share

1 comment:

  1.ုko pyi chitJuly 20, 2012 at 11:56 PM

    ပြောချင်တာတွေ၊ရေးချင်တာတွေ အများကြီးဘဲ နဲနဲတော့
    ရေးမယ်။ ဒီပဲယင်းမှာ ဖြစ်ခဲ့တာ အင်မတန်မှဝမ်းနည်း
    ဖို့ ကောင်းတယ်။ သန်းရွှေ ဦးဆောင်ခဲ့တဲ့စစ်အစိုးရအဖွဲ့ 
    မှာ ရှိခဲ့ ကြတဲ့ အပေါင်းပါတွေဟာ လူတွေမှဟုတ်ရဲ့ 
    လားလို့ မေးရင်တောင် မေးလို့ ရတယ်။လူဆိုတာ ကိုယ်
    ချင်းစာစိတ်ဆိုတာ ရှိရတယ်။ ဒီကောင်တွေဟာ ကိုယ်
    ချင်းစာစိတ် မရှိဘူးလို့ ပြောရင်ပြောလို့ ရတယ်။
    မည်သူမဆို ကိုယ့်အသားကို ထိရင်နာတယ် ဒီကောင်
    တွေဟာ ကိုယ့်အသားမဟုတ်တိုင်း သူများဘာဖြစ်ဖြစ်
    သူတို့ အာဏာရူးချင်တိုင်းရူးရရင် ပြီးတာဘဲဆိုတဲ့
    ပုံစံနဲ့ လုပ်ချင်တာကို လုပ်ခဲ့တာ မြတ်ကို ဆိုတဲ့သူ
    အခုမှ ဓါတ်ပုံကို မြင်ဘူးပေမယ့် ချီးကြူးပါတယ်။
    ဒီကောင်တွေကတော့ ၈၈ အရေးအခင်းဖြစ်ခဲ့စဉ်က
    မသေမရှင် လမ်းပေါ် မှာလဲကျနေပြီး မပြေးနိုင်တဲ့
    ကျောင်းသားတွေကို ကြံတောက မီးသဂြိုလ်စက်
    ထဲ ထည့်ပြီးရှို့ ခဲ့ကြတဲ့ ကောင်တွေဆိုတော့ ငရဲ
    က သူတို့ ကို ယမမင်း စာရင်းစာအုပ်ကိုင်စောင့်
    နေတာ သိပြီးနေတော့ ဆက်မိုက်နေအုန်းမှာသေချာ
    တယ်။ မြတ်ကို ကတော့ ကျုပ်တို့ ရဲ့ ဘာသာရေး
    အရ ၀ဋ်ရှိလို့ ခံရတယ်လို့ ဘဲမှတ်ယူရမှာပေါ့။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.