Thursday, July 5, 2012

ပြီးခဲ့တဲ့ ဇွန်လ အတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ဦးရေ ၂၅၂၈ ဦးကို ဒဏ်ရိုက် အရေးယူခဲ့



From : MRTV-4 ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများကို သက်ဆိုင်ရာ ကနေ အရေးယူ ဆောင်ရွက် လျက်ရှိရာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း လူဦးရေ နှစ်ထောင့် ငါးရာ
နှစ်ဆယ့် ရှစ်ဦးကို ဒဏ်ရိုက် အရေးယူ ခဲ့တယ်လို့ သက်ဆိုင်ရာ ဌာနက သိရပါတယ်။ အခုလို လမ်းဖြတ်ကူးမှု တွေကိုတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ ဇန်န၀ါရီလ အတွင်း ၁၉၂၅ ဦး၊ ဖေဖော်ဝါရီလမှာ ၃၃၉၃ ဦး၊ မတ်လမှာ ၃၂၅၆ ဦး၊ ဧပြီလမှာ ၂၁၅၉ ဦးနဲ့ မေလ အတွင်း ၃၇၁၆ ဦးကို အရေးယူ ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးမှု တွေကို ပြီးခဲ့တဲ့ ဇွန်လ အတွင်း မှာလည်း ၂၅၂၈ ဦးကို ဒဏ်ရိုက် အရေးယူ ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ၆ လ ကာလ အတွင်းမှ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ၁၆၉၇၇ ဦးကို သတ်မှတ် ထားတဲ့ အတိုင်း အရေးယူ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူတွေကို ဖမ်းဆီး အရေးယူရာမှာ ယာဉ်သွားလာမှု များပြား ရှုပ်ထွေးတဲ့ ကမ္ဘာအေး ဘုရား လမ်းမပေါ်၊ ပြည်လမ်းမပေါ်နဲ့ အခြား မြို့နယ် ၆ မြိုနယ်မှာ ဖမ်းဆီး မှုများ ပြုလုပ်လျက် ရှိနေတာ ဖြစ်ပါတယ်။ အရေးယူမှု အနေနဲ့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ တစ်ဦးကို ဒဏ်ငွေ နှစ်ထောင့် နှစ်ရာကျပ် တပ်ရိုက်ကာ အရေးယူ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Myanmar Express

ဘကြီးသက်
Unknown at 9:18 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.